Saturday, March 8, 2014

May Nandar. "ကံ့ကော်လွမ်းချင်း ..."


May Nandar.
"ကံ့ကော်လွမ်းချင်း ..."

နောက်ကျမှ ပွင့်ပေမယ့်
ရနံ့သင်းသင်း ... အဆင်းလှလှ
သူတို့ ပွင့်ရှာကြလေတယ်။

ကံ့ကော်ပင်အိုဟာ
တနှစ်တခါ
တာဝန်ကျေစွာနဲ့
ကံ့ကော်ရွာကလေး ဖန်တီးပေးခဲ့တယ်။

ကံ့ကော်ကို ရူးသွပ်လျက်
ခူးဆွတ်ဖို့ မဝံ့ရဲသူမှာ
ကံ့ကော်ပင်ခြေရင်း
ကံ့ကော်လွမ်းချင်းကို သီ ...
နာရီတွေကို မေ့နေခဲ့တယ်။
***
MND
8 March 2014

Hla Myint A real creation, i like it.
A poet is born in Rangoon.
Shakespeare is threatened?

1 comment:

  1. A real creation, i like it.
    A poet is born in Rangoon.
    Shakespeare is threatened?

    ReplyDelete