Wednesday, September 18, 2013

ခရစ္စတီးကျွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် အပြစ်မဲ့အရပ်သူအရပ်သားများကို စုပြုံသတ်ခဲ့မှု / စာရေးသူ ။ ဗိုလ်မှူးအောင်လင်းထွဋ်


https://www.facebook.com/photo.php?fbid=545485295519917&set=a.113611365373981.12303.100001753555387&type=1&relevant_count=1

Mandalay-university-family-2006 shared ခွန် ဒီးယမ်'s photo.

ရာဇ၀တ်ဘေး ပြေးမလွတ်
DEFINITELY to ICC, HAGUE.
Loyalists invited.
Von voyage.

Ko Zaw Maymyo shared ခွန် ဒီးယမ်'s photo....See More
ခရစ္စတီးကျွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် အပြစ်မဲ့အရပ်သူအရပ်သားများကို စုပြုံသတ်ခဲ့မှု
===========================================
စာရေးသူ ။ ဗိုလ်မှူးအောင်လင်းထွဋ်ခရစ္စတီးကျွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် အပြစ်မဲ့အရပ်သူအရပ်သားများကို စုပြုံသတ်ခဲ့မှု
===========================================
စာရေးသူ ။ ဗိုလ်မှူးအောင်လင်းထွဋ်


၁၉၉၈ ခုနှစ် မေ လအတွင်း ခရစ္စတီးကျွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် အပြစ်မဲ့အရပ်သူအရပ်သား များကို သတ်မိန့်ပေးခဲ့မှုကို ဘာအတွက်ကြောင့်အသတ်ခံခဲ့ရသည်ကိုမသိရှိဘဲ သေသွားခဲ့ရသော မွေးကင်းစ ခလေးငယ်လေးအပါဝင်ခလေး(၃)ဦး နှင့် အမျိုးသမီးများအပါအ၀င် လူစုစုပေါင်း (၈၁)ဦး ၏ ကိုယ်စား ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရမှုအဖြစ်မှန်ကိုတင်ပြလိုပါသည်။
၁၉၉၈ ခုနှစ် ဧပြီလ ဒုတိယအပတ်တွင် အိန္ဒိယ တပ်မတော်၏ သတင်းပေးချက်အရ မြန်မာရေပိုင်နက် ကော့သောင်မြို့၏အနောက်ဘက် ဇာဒတ်ကြီးရေတပ်စခန်း၏ တောင်ဘက် (အထက်ပါပုံ) ထိုင်း မြန်မာ ရေပြင် နယ်နမိတ် အနီး ခရစ္စတီးကျွန်း ဧရိယာ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှ ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေး တစ်ခုကို မေ လအကုန်ထိ ပြုလုပ်ခဲ့ပါသည်။

အိန္ဒိယ တပ်မတော်မှပေးသည့် သတင်းမှာ တိုင်းရင်းသားလက်နက်ကိုင် ရခိုင်တပ်မတော်၊ ကေအင်ယူ အဖွဲ့များသည်အိန္ဒိယအစိုးရအားဆန့်ကျင်နေသော သူပုန်များကိုရောင်းချရန် လက်နက်မှောင်ခိုများထံမှ ၀ယ်ယူခဲ့သော လက်နက်ကြီးငယ် အများအပြားကို ခရစ္စတီးကျွန်း ဧရိယာတွင် ၀ှက်ထားကြောင်း သတင်းပေးခဲ့ပါသည်။ အဆိုပါ သတင်းအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မှ အောက်ပါ စစ်ဆင်ရေးအဖွဲ့များ ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။

စစ်ဆင်ရေးဗဟိုကွပ်ကဲရေးအဖွဲ့

စစ်ဆင်ရေးဗဟိုကွပ်ကဲမှုအဖွဲ့ သည် ဇာဒတ်ကြီးကျွန်း ရေတပ်စခန်းတွင် အခြေပြု ပြီးစစ်ဆင်ရေးကို ကွပ်ကဲခဲ့ပါသည်။
၁။ ဗိုလ်မှုးချုပ်(ယာယီ) ကြည်မင်း (ရေ) (အဖွဲ့ခေါင်းဆောင်) စစ်ဦးစီးအရာရှိချုပ်(ရေ)
(နောင် ဒုတိယဗိုလ်ချုပ်ကြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) ၊ လက်ရှိ ထားဝယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
၂။ ဗိုလ်မှုးချုပ်(ယာယီ) မြင့်ဆွေ (လေ) (အဖွဲ့ဝင်) စစ်ဦးစီးအရာရှိချုပ်(လေ)
(နောင်ဗိုလ်ချုပ်ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ဥိးနေ၀င်း၏မြေးများအာဏာသိမ်းအမှုနှင့်ပတ်သက်၍အဖြုတ်ခံရ)
၃။ ဗိုလ်မှုးချုပ်(ယာယီ) မြင့်အောင် (ကြည်း) (အဖွဲ့ဝင်) အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှူး (ဘုတ်ပြင်း)
(နောင် တပ်မ(၂၂)တပ်မမှူး၊ အရှေ့တောင်တိုင်း တိုင်းမှူး၊ အနောက်တောင်တိုင်း တိုင်းမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး စစ်ရေးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှနုတ်ဖြင့် လျာထားခံရပြီးမှ ကာကွယ်ရေးဝန်ကြီးတာဝန်ပေးသည်ကို မကျေနပ်ပြီးအာခံခဲ့သောကြောင့် အဖြုတ်ခံရသူ)

ရှေ့တန်းစစ်ဆင်ရေးကွပ်ကဲရေးအဖွဲ့

ရှေ့တန်းစစ်ဆင်ရေးတာဝန် အဖြစ် ခရစ္စတီးကျွန်း တွင် အောက်ပါ အရာရှိများတာဝန်ထမ်းဆောင်ခဲ့ပါသည်။
၁။ ဗိုလ်မှူးကြီးဇော်မင်း (ကြည်း) (တာဝန်ခံ) စစ်ဗျူဟာမှူး၊ ကော့သောင်အခြေချစစ်ဗျူဟာအဖွဲ့
(နောင် မကွေးတိုင်း နအဖ ဥက္ကဌ ၊ သမ၀ါယမ ၀န်ကြီး နှင့် ပြည်ခိုင်ဖြိုးအသင်းတွဲဘက်အတွင်းရေးမှူး ၊ လျှပ်စစ်(၁) ၀န်ကြီး)
၂။ ဒုတိယဗိုလ်မှူးကြီးစိုးတင် တပ်ရင်းမှူး အမှတ်(၂၆၂) ခြေလျင်တပ်ရင်း ကော့သောင်မြို့။ (နောင် စက်မှု(၁) ညွှန်ကြားရေးမှူး)
၃။ ဒုတိယဗိုလ်မှူးကြီးဝင်းဆွေ တပ်ရင်းမှူး အမှတ်(၄၀၃ သို့မဟုတ် ၄၀၄ ) ခြေလျင်တပ်ရင်း ။ (နောင် ဗိုလ်မှူးကြီး နည်းဗျူဟာမှူး)
၎။ တပ်မတော် (ရေ) စစ်ရေယာဉ်မှူးများ
၅။ ဗိုလ်မှူးမြင့်ဦး တပ်မှူး အမှတ် (၁၉) ထောက်လှမ်းရေးတပ် မြိတ်မြို့။ (နောင် ထောက်လှမ်းရေး(၁)တပ်မှူး မန္တလေး နှင့် လက်ရှိ အကျဉ်းကျခံနေရဆဲ ဟုယူဆရ)
ဦးစီးအရာရှိအဖွဲ့များ
ဗဟိုအဖွဲ့နှင့်အတူဇာဒတ်ကြီးကျွန်းတွင် အခြေပြုခဲ့ပါသည်။အောက်ပါအရာရှိများအနီးကပ်တာဝန်ထမ်းဆောင်ခဲ့ ပါသည်။
၁။ ဗိုလ်မှူးတင့်ဆန်း ၊ စစ်ဦးစီးမှူး(ဒုတိယတန်း) ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်ဆင်ရေးဌာနခွဲ (နောင် ဗိုလ်မှူးကြီး နှင့် လက်ရှိ ပြည်သူ့လွှတ်တော် တပ်မတော်ကိုယ်စားလှယ်)
၂။ ဗိုလ်မှူးမောင်မောင်လတ်(ရေ) ၊ စစ်ဦးစီးမှူး(ဒုတိယတန်း) ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) စစ်ဆင်ရေးဌာနခွဲ
၃။ဗိုလ်မှူးမောင်မောင်သန်း(လေ) ၊ စစ်ဦးစီးမှူး(ဒုတိယတန်း) ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) စစ်ဆင်ရေးဌာနခွဲ (လက်ရှိ ဦးတေဇ ၏ ရဟတ်ယာဉ် ကိုမောင်းစဉ်ပျက်ကျပြီး ခြေထောက်ပြတ်သွားခဲ့)
၎။ ဗိုလ်မှူးဝင်းမော် သို့မဟုတ် ထွန်းဦး ၊ စစ်ဦးစီးမှူး(ဒုတိယတန်း) အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ ၊ ဘုတ်ပြင်းမြို့
၅။ ဗိုလ်မှူးအောင်လင်းထွဋ် ၊ စစ်ဦးစီးမှူး(ဒုတိယတန်း) တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရုံး (စာရေးသူ)
၆။ ဒုဗိုလ်မှူးကြီးမောင်မောင်သစ် (ရေ) ဇာဒတ်ကြီးရေတပ်စခန်းမှူး
ရ။ တပ်မတော်(လေ) ရဟတ်ယာဉ်မှူးများ

စစ်ဆင်ရေးစတင်၍၀င်ရောက်ချိန်တွင်တပ်မတော်ကြည်းစစ်သည်များသည်ခရစ္စတီးကျွန်းနှင့် ပတ်ဝန်းကျင်ကျွန်း များကိုဖြန့်ခွဲရှင်းခဲ့ရာ လက်နက်ကိုင် (၄) ဦးနှင့်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ၀ှက်ထားသောလက်နက်(၄၀)ကျော် ကို အလောင်းများနှင့်အတူ သိမ်းဆီးရမိခဲ့ပါသည်။ တစ်ပြိုင်တည်းမှာပင် ကော့သောင်အနီး ရွာများမှ ထင်းခုတ်ပြီး အသက်မွေးဝမ်းကြောင်းရှာစားနေသော မိသားစုများကို မသင်္ကာမှုဖြင့် ခရစ္စတီးကျွန်း ဗိုလ်မှူးကြီးဇော်မင်း (ကြည်း) ကွပ်ကဲမှုရုံးသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပါသည်။ ဖမ်းဆီးခေါ်ဆောင်လာ သူမိသားစုများတွင် မွေးကင်းစခလေးငယ်နှင့်မိခင်၊ အသက် ၃/၄ နှစ်အရွယ်ခလေး ၂ ဦး နှင့် အမျိုးသမီး များအပါဝင် အရပ်သား(၅၉)ဥိးဖြစ်ပါသည် ။ ၄င်းတို့အားစစ်ဆေးမေးမြန်းချက်အရ လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်မှု မရှိဘဲ နှစ်ပေါင်းကာလများစွာကတည်းက ထင်းခုတ်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြု နေထိုင်စားသောက်ရသော ဆင်းရဲသားများ ဖြစ်ကြောင်းသိရှိခဲ့ရပါသည်။ ထို့ကြောင့် စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ အနေဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း မပြုဘဲ ခရစ္စတီးကျွန်းတွင်ဆက်လက်နေထိုင်ခွင့်ပြုပြီး ခွင့်ပြုချက်မရဘဲ ကျွန်းမှထွက်မသွားရန်သာဗိုလ်မှူးကြီးဇော်မင်း(ကြည်း)(တာဝန်ခံ)စစ်ဗျူဟာမှူး၊ ကော့သောင်အခြေချစစ်ဗျူဟာ အဖွဲ့အား ညွှန်ကြားခဲ့ပါသည်။

စာရေးသူသည် ဗဟိုကွပ်ကဲရေးအဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းခရစ္စတီးကျွန်းကို (၂)ကြိမ် သွားရောက် စစ်ဆေးစဉ်အချိန်တွင်လဲ အဆိုပါခလေးငယ်များ နှင့် အရပ်သားများကိုတွေ့မြင်ခဲ့ဘူးပြီး ပါသွားသော မုန့်များကိုပင် ခလေးများသို့ပေးခဲ့ကြပါ သည်။ ဗဟိုကွပ်ကဲရေးအဖွဲ့ အနေဖြင့် စစ်ဆင်ရေးအခြေအနေများ ဖမ်းဆီးခေါ်ဆောင်လာ သူမိသားစုများတွင် မွေးကင်းစခလေးငယ်နှင့်မိခင်၊ အသက် ၃/၄ နှစ်အရွယ်ခလေး ၂ ဦး နှင့် အမျိုးသမီး များအပါဝင် (၅၉)ဥိးကိစ္စ ကို ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရုံးမှ စစ်ဦးစီး(ဗိုလ်မှူးချုပ်) ဗိုလ်မှူးချုပ်မြင့်ဆွေ( နောင် အရှေ့တောင်တိုင်း တိုင်းမှူး၊ ရန်ကုန်တိုင်း တိုင်းမှူး၊ ကာကွယ်ရေးစစ်ဆင်ရေး အထူးအဖွဲ့မှူး(ရန်ကုန်တိုင်း) ၊ လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ်) မှတစ်ဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံအစီရင်ခံတင်ပြခဲ့ကြပါသည်။
ဗဟိုကွပ်ကဲရေးအဖွဲ့ ကြည်း၊ရေ၊လေ ခေါင်းဆောင်များအနေဖြင့်လည်း အဆိုပါအပြစ်မဲ့အရပ်သူအရပ်သားများ ကို ၄င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးရလိမ့်ဟုထင်မြင်ခဲ့ကြပါသည်။ သို့သော်(၁)လ ကျော်ကြာ မှ မေလ ၏ ညတစ်ည (၉)နာရီ ခန့်တွင် ကက(ကြည်း)မှ ညွှန်ကြားချက်အမိန့် ကြေးနန်း တစ်စောင် စစ်ဆင်ရေးဗဟိုကွပ်ကဲရေးအဖွဲ့သို့ ပေးပို့ခဲ့ပါသည်။ အဆိုပါ ကြေးနန်း ရရခြင်း အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်(ယာယီ) ကြည်မင်း (ရေ)သည် ဇာဒတ်ကြီးရေတပ်စခန်းရုံးခမ်းမတွင် အဖွဲ့ဝင်များနှင့်ဦးစီးအရာရှိများ ကိုခေါ်၍ ကြေးနန်းအကြောင်းအရာကိုရှင်းပြခဲ့ပါသည်။ စာပါအကြောင်းအရာမှာ ထိန်းသိမ်းထားသော အရပ်သားအားလုံးကို ရထားပုလဲ(ရှင်းပစ်) (သတ်ပစ်) ရန်ဖြစ်ပါသည်။ ဗိုလ်မှုးချုပ်(ယာယီ) မြင့်အောင် (ကြည်း) မှအပ ကျန် ရေနှင့်လေ ဗိုလ်ချုပ်များအတော်တုံလှုပ်သွားကြပါသည်။ အထူးသဖြင့် ဗိုလ်မှုးချုပ်(ယာယီ) မြင့်ဆွေ (လေ) (အဖွဲ့ဝင်) စစ်ဦးစီးအရာရှိချုပ်(လေ) သည် စိတ်ပုတီးကိုင်လျက်သားနှင့် အပစ်မဲ့ခလေးငယ်များနှင့်အရပ်သားများကို ထပ်ဆင့်သတ်မိန့်ပေးရမည့် အခြေအနေမျိုးဖြစ်၍နေပါသည်။

ထိုကြောင့် ကြေးနန်းပါအမိန့်နှင့်ပတ်သက်၍ ဗိုလ်မှုးချုပ်(ယာယီ) မြင့်အောင် မှအမိန့်အတိုင်းလုပ်ရန်ပြောသော လည်းကျန် ဗိုလ်ချုပ်များမှ ညအချိန် ဗိုလ်ချုပ်ကြီးမောင်အေး အရက်မူးမူးနှင့်အမိန့်ပေးတာဖြစ်နိုင်သောကြောင့် နောက်တစ်နေ့နံနက်တွင် ကြေးနန်းပါအမိန့်နှင့်ပတ်သက်၍ အတည်ပြုနိုင်ရန် အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်(ယာယီ) ကြည်မင်း (ရေ) မှ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရုံးမှ စစ်ဦးစီး(ဗိုလ်မှူးချုပ်) ဗိုလ်မှူးချုပ်မြင့်ဆွေ ကို စက်နှင့်စကားပြောပြီး မေးမြန်းရန် ဆုံးဖြတ်ခဲ့ကြပါသည်။

နောက်တစ်နေ့နံနက် (၉)နာရီ ခန့်တွင် အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်(ယာယီ) ကြည်မင်း (ရေ) နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရုံးမှ စစ်ဦးစီး(ဗိုလ်မှူးချုပ်) ဗိုလ်မှူးချုပ်မြင့်ဆွေ ကို စက်နှင့်စကားပြောပြီးနောက် `အဘကြီးထံကလာသောအမိန့်´ ဖြစ်သည် ဗိုလ်ချုပ်ကြီးမောင်အေး အရက်မူးမူးနှင့်အမိန့်ပေးတာမဟုတ် ဆက်လက်ဆောင်ရွက်ရန်သာ ညွှန်ကြားခဲ့သည်ဟုသိရပါသည်။ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို အဘကြီး ဟုခေါ်ပါသည်။ နေ့တွင်းချင်းမှာပင် အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်(ယာယီ) ကြည်မင်း (ရေ) သည် ခရစ္စတီးကျွန်းရှိ ရှေ့တန်းစစ်ဆင်ရေးတာဝန်ခံ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်း (ကြည်း) ကို မွေးကင်းစခလေးငယ်နှင့်မိခင်၊ အသက် ၃/၄ နှစ်အရွယ်ခလေး ၂ ဦး နှင့် အမျိုးသမီး များအပါဝင် အရပ်သား (၅၉) ဦးကို ရှင်းပစ်ရန်ထပ်ဆင့်အမိန့်ပေးခဲ့ပါသည်။

ဗိုလ်မှူးကြီးဇော်မင်း သည် အမိန့်ရလျှင်ရချင်း ရှေ့တန်းကွပ်ကဲရေးအဖွဲ့ဝင်များကိုခေါ်၍ အားလုံးကိုသတ်ပစ်ရန် ခြေလျင်တပ်ရင်းမှူး ၂ ဦးအားဆက်လက်အမိန့်ပေးခဲ့ပါသည်။ နောက်တနေ့တွင် တပ်ရင်းမှူး ၂ ဦးမှတာဝန် ပေးထားသော အရာရှိ စစ်သည်များ သည် ခလေး၊မိန်းမပါမကျန် အပစ်မဲ့အရပ်သား ၅၉ ဦးစလုံးကို ပင်လယ် သောင်ပြင်စပ်သို့ လှည့်ဖျားခေါ်လာပြီး တန်းစီထိုင်ခိုင်ပြီး ရုတ်တရက် သေနတ်များဖြင့်အတွဲလိုက် မသေမချင်း ပစ်သတ်ခဲ့ပြီးနောက် သောင်ပြင်တွင် အလောင်းများကိုမြုပ်နှံခဲ့ကြပါသည်။ (စာရေးသူ သတင်းရသည်ကတော့ အဆိုပါအလောင်းအရိုးစုများကို ၂၀၀၈ ခုနှစ် စာရေးသူ VOA နှင့် Interview ပြုလုပ်ပြီးနောက် ချက်ချင်းဆိုသလို ဖျောက်ဖျက်ပစ်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မှ အမိန့်ပေးခဲ့သည်ဟုသိရပါသည်။ စစ်သည်များကိုအရပ်ဝတ်ဖြင့် ခရစ္စတီးကျွန်းသို့စေလွှတ်ပြီး အလောင်းများကိုဖျောက်ဖျက်ပစ်ခဲ့ကြောင်း ခိုင်လုံသော သတင်းရရှိခဲ့ပါသည်။)
ကျွန်းပေါ်ရှိအရပ်သားများကိုသတ်ပြီး မကြာခင် ၄/၅ ရက်ခန့်တွင် ဗိုလ်မှူးကြီးဇော်မင်း ၏ကွပ်ကဲမှုအောက်ရှိ ရှေ့တန်း စစ်ရေယာဉ် ၄၄၃ - ၄၄၅ (တရုတ်နိုင်ငံလုပ်ကမ်းခြေစောင့်သင်္ဘော) မှ ရခိုင်ဘက်မှလာသော တရားဝင် မှတ်ပုံတင်ထာသော ငါးဖမ်းစက်လှေတစ်စီး ကို စစ်ဆင်ရေး နယ်မြေအတွင်းဝင်ရောက်လာ၍ ထိုင်း၊မြန်မာလှေသား (၂၂) ဦးနှင့်အတူ ဖမ်းဆီး ခဲ့ပါသည်။ စစ်ဆေးမေးမြန်းချက်အရ တရားဝင် မှတ်ပုံတင်ထာသော ထိုင်း ငါးဖမ်းစက်လှေ သည်ဖမ်းမိလာ သော ငါးများကို ထိုင်းနိုင်ငံ ရနောင်းမြို့ပို့ရန် ယခင်သွားနေကြ လမ်းကြောင်းအတိုင်းသွားခြင်းဖြစ်ကြောင်း စစ်ဆင်ရေး လုပ်နေမှန်းလည်း၎င်းတို့မသိကြောင်း သိရပါသည်။ စစ်ဆေးမေးမြန်းချက်အစီရင်ခံစာကို ကကကြည်း သို့ဆက်လက်တင်ပြရာတွင် ယခင် အရပ်သား များအတိုင်းရှင်းပစ်ရန် အမိန့်ပေးခဲ့ပါသည်။

စစ်ဆင်ရေးဗဟိုကွပ်ကဲမှု မှ ဗိုလ်မှူးကြီးဇော်မင်း ကို ဆက်လက်ညွှန်ကြားခဲ့ပြီး ဗိုလ်မှူးကြီးဇော်မင်း မှ ၄င်းစက်လှေ နှင့် လှေသားများကို လက်စဖျောက်ပစ်ရန် စစ်ရေယာဉ်မှူး အားအမိန့်ပေးခဲ့ပါသည်။ စစ်ရေယာဉ်မှူး သည် ရေတပ်စစ်သည်များကို လှေသားများအား သေနတ်နှင့်ပစ်သတ်ခိုင်းပြီး လှေကိုမီးရှို့ပြီး ပင်လယ်တွင်းမြုပ် ပစ်ရန် အမိန့်ပေးခဲ့ပါသည်။ စက်လှေသည်မီးလောင်ပြီး တစ်ပတ်ခန့်ကြာမှ ပင်လယ်တွင်မြုပ်သွားခဲ့ပါသည်။

စာရေးသူအနေဖြင့် ထိုစဉ်ကဖြစ်ပျက်ခဲ့သောဖြစ်စဉ်များကို မတားဆီးနိုင်ခဲ့၍လည်း ကိုယ်ကိုကိုယ်အပစ်တင်နေ မိခဲ့သည်။ သတ်ချင်ဖြတ်ချင်သရဲစီးနေသော ဗိုလ်မှုးချုပ်(ယာယီ) မြင့်အောင် (ကြည်း) ၊ ဗိုလ်မှူးကြီးဇော်မင်း တို့လို လက်မရွံ့လူသတ်သမားများကို မလှန်နိုင်၍ ရေ၊လေ ဗိုလ်ချုပ်များပင်ငြိမ်နေကြ၍ စာရေးသူလိုအရေးမပါ သူတစ်ဦးအနေဖြင့် မလှန်နိုင်ခဲ့ပါ။ သို့သော်စာရေးသူအနေဖြင့်လည်း ဒီအဖွဲ့ထဲပါနေ၍အပစ်မကင်းပါ။ ဘာမျှမတတ်နိုင်ခဲ့ပါ။ စစ်ရုံးချုပ်ပြန်ရောက်တော့ ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူးမြင့်ဦး လျှို့ဝှက် ရိုက်ထားသည့် အရပ်သားတွေကိုသတ်သည့်ဓါတ်ပုံတွေကိုင်ပြီး နေ့စဉ်ထောက်လှမ်းရေးညှိနှိုင်းအစည်းအဝေး မှာ ခရစ္စတီးကျွန်းလူသတ်ပွဲကို ဗိုလ်ချုပ်ကြီးခင်ညွန့် ကို တင်ပြခဲ့သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့် က ဘာမှတ်ချက်မှ မပေးဘူးဘေးနားက ဌာနမှူးကြီးက လက်ကုတ်လို့ပြောချင်တာတွေ ကုန်အောင် မတင်ပြလိုက်ရပါ။ စာရေးသူ၏စိတ်ထဲတွင် ငါတစ်နေ့နေ့လုပ်ပေးနိုင်ရင် ခရစ္စတီးကျွန်းတွင် အပစ်မဲ့သေသွားကြရသော ခလေးလူကြီးများအတွက် အရိုးကပြန်တွန်အောင်တာဝန်ရှိသူတွေကို ပြန်အရေးယူနိုင်အောင်လုပ်ရမည် ဟုသံဓိတ်ဌါနချထားပါသည စာရေးသူအနေဖြင့်စစ်ရုံးချုပ်တွင် တာဝန် ထမ်းစဉ် အလားတူဖြစ်စဉ်များ ကို ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း၊ တင်္နသာရီတိုင်း တို့တွင်ထောက်လှမ်းရေးသတင်းများ ရရှိခဲ့သော်လည်း တပ်မတော် သည်ဒီလောက်မဆိုးလောက်ဘူပါဘူး ချဲ့ကားပြောနေသည်ဟုထင်မြင်မိခဲ့ပါသည်။ ကိုယ်တွေ့ကြုံရသောအခါမှပင် ဒီထက်တောင်ပိုဆိုးနေ သေးသည်ဟုမှတ်ချက်ပြုမိပါသည်။ စစ်ရုံးတွင် ထိုအချိန်က အချို့တိုင်းမှူးများပါးစပ်မှထွက်လာသော အရပ်သားတွေ ပြောတာခိုင်းတာမလုပ်ရင် `အစိပ်သားတောင်မချန်နဲ့´ စကားကိုတစ်ကယ်ဘဲ တပ်မတော်သည်ထိုစဉ်က အမှန်တကယ်ကျင့်သုံးနေမှန်းသိရတော့သည်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ခရစ္စတီးကျွန်းစစ်ဆင်ရေးကပြန်လာပြီးနောက်စစ်တပ် ထဲနေချင်စိတ်မရှိတော့ဘူး။
လက်ရှိ မြန်မာ့တပ်မတော် အနေဖြင့်အတိတ်မှအမွေဆိုးများကို ပစ္စုပ္ပန် ကိုမယူလာဘို့လိုပါသည်။ တိုင်းရင်းသား ပြည်သူတွေ ရဲ့ အားကိုးယုံကြည်ရသည့် စစ်တပ်ဖြစ်ဘို့လိုပါသည်။ `တပ်မတော်သာအမိတပ်မတော်သာအဖ´ မဟုတ်ပါ `ပြည်သူသာလျှင်အမိပြည်သူသာလျှင်အဖ´ ဆိုတာမမေ့ဘို့လိုပါသည်။

၂၀၁၃ စက်တင်ဘာလ (၁၃) ရက်
ဝါရှင်တန်ဒီစီ မြို့
_____________________________________________________
Ref: http://aunglynnhtut.blogspot.co.uk/

Friday, September 13, 2013

Ethical & criminal records of Burmese Generals. စစ်အုပ်စုအတွက် မှာတမ်း



https://docs.google.com/document/d/1olvDFevuMZ7lrr3KUv4tL2mzzeHdCjLlKQT3x_Dy1tE/edit

Ethical & criminal records of Burmese Generals.
စစ်အုပ်စုအတွက် မှာတမ်း


they will never regret.
they have no conscience.
reconciliation requirements.
12 sep. 2013
khin mgoo +
Lesson from Chile.

Reconciliation can not be built
without truth & confession of guilt.
Unless reconciliation is built on the foundation of truth, it is like building on sand rather than on rock.
Ethical & criminal records of Burmese Generals.


Khin Mgoo
Aung Oo

Wednesday, September 11, 2013

လမ်း ဘေး အ စည်း အ ဝေးများ လု ပ် ပြီး လွှတ် တော် အ တွ င်း ပြ င် လို့ မ ရ သော ဥပ ဒေ များ ကို လူ ထု က တောင်း ဆို ရ န် " ပြ ည် သူ များ ယုံ ကြ ည် ကြ သော ဝါ ရင့် နို င် ငံ ရေး သမား ကြီး ဦး ဝ င်း တ င် က တို က် တွန်း ထား သ ည်။


Pa Pa Sein
Pa Pa Sein
Timeline
Recent


13.9.2013 လူ ထု ပုံ ရိ ပ် သ တင်း ဂျာ နယ်

( ၁ ) "၂၀၁၃ အ ခြေ ခံ ဥပ ဒေ အ သစ် သုံး လအ တွင်း ရေး ဆွဲ မည်'' ဆို တဲ့ ဆော င်း ပါး မှာ
၂၀၀၈ အ ခြေ ခံ ဥ ပ ဒေ မှာ ပြ င် ဆင် ရန် ခက် ခဲ လှ၍ အ သစ် ရေး ဆွဲ ရန် ဆုံး ဖြတ် ကြောင်း
၂၀၁၄ တွင် တို င်း ရင်း သား များ ဘက် မှ
လွှတ် တော် ပြ င် ပ ညီ လာ ခံ ခေါ် ပြီး
၎င်း တို့ ရေး ဆွဲ ထား သော ဖွဲ့ စ ည်း ပုံ အ သစ် တင် ပြ မ ည် ဖြ စ် ကြော င်း

"သက် ဆိုင် သူ များ ပြောင်း ရန် ဆန္ဒ ရှိ က
ရက် ၃၀ တောင် မ လို" ဟု
ဒေါ် အော င် ဆန်း စု ကြ ည် က ပြော ကြား ခဲ့ ကြောင်း

(၂ ) "ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ပြ င် ဆင် ရေး
လူ ထု လ မ်း ပေါ် ထွက် ရန်
လမ်း ဘေး အ စည်း အ ဝေးများ လု ပ် ပြီး
လွှတ် တော် အ တွ င်း ပြ င် လို့ မ ရ သော
ဥပ ဒေ များ ကို လူ ထု က တောင်း ဆို ရ န် "

ပြ ည် သူ များ ယုံ ကြ ည် ကြ သော
ဝါ ရင့် နို င် ငံ ရေး သမား ကြီး ဦး ဝ င်း တ င် က
တို က် တွန်း ထား သ ည်။

Sunday, September 8, 2013

အလုပ် မရှိ ကြောင်ရေ ချိုး မယောင်ရာဆီ လူး applying medicine where there is no injury.



အလုပ် မရှိ ကြောင်ရေ ချိုး
မယောင်ရာဆီ လူး applying medicine where there is no injury.


နိင်ငံခြားသားဖြစ်လို့ လက်မခံဘူးဆိုရင် ပြူ လူမျိုး ရုပ်ကြွ င်းတွေ ပြန်ဖေါ် ပြီး အသက်သွင်းပြီးမှတ်ပုံတင် ကဒ် ထုပ်ပေးကြ
ဘိန်း ဘုရင် ဘုရား ဒကာ ဦး လောစစ်ဟန် အလောင်းပြန်ဖေါ် ပြီး အသက်သွင်းပြီးမှတ်ပုံတင် ကဒ် ထုပ်ပေးကြ



အလုပ် မရှိ ကုလားနဲ.ရန်တိုက်
အလုပ် မရှိ တရုတ်နဲ.ရန်တိုက်
အလုပ် မရှိ တိုင်းရင်းသားတွေစစ်လိုက်တိုက် ရွာတွေမီးရှို .ပေါ်တာဆွဲ ဆက်ကြေးလိုက်ကောက် တိုင်းရင်းသူတွေမဒိန်းကျင်. မိုင်းထောင် အပြစ်အခတ်ရက်စဲရေးလုပ် ပြန်တိုက်
မိုင်းထောင် အပြစ်အခတ်ရက်စဲရေးလုပ် ပြန်တိုက်
မိုင်းထောင် အပြစ်အခတ်ရက်စဲရေးလုပ် ပြန်တိုက်
စစ်တိုက်စရာမရှိရင်ကိုယ်ကမတတ်ဘဲနှဲ.လူတကာကိုဆရာလိုက်လုပ်
လယ်သမားတွေလယ်ကိုလုယူ
ဥပဒေတွေရှုပ်ရှုပ်တွေနဲ.လယ်သမားတွေကိုဖမ်း
တောင်ပြောမြောက်ပြော ပြော
" နိင်ငံခြားသားဖြစ်လို့ လက်မခံဘူးဆိုရင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ကပ္ပိလ၀တ် ပြန်ပို့ဖို့ပဲရှိတော့တယ် " (... http://fb.me/1RkaB1rfk)

o
နိင်ငံခြားသားဖြစ်လို့ လက်မခံဘူးဆိုရင် ပြူ လူမျိုး ရုပ်ကြွ င်းတွေ ပြန်ဖေါ် ပြီး အသက်သွင်းပြီးမှတ်ပုံတင် ကဒ် ထုပ်ပေးကြ
ဘိန်း ဘုရင် ဘုရား ဒကာ ဦး လောစစ်ဟန် အလောင်းပြန်ဖေါ် ပြီး အသက်သွင်းပြီးမှတ်ပုံတင် ကဒ် ထုပ်ပေးကြ
မယောင်ရာဆီ လူး applying medicine where there is no injury.
အလုပ် မရှိ ကြောင်ရေ ချိုး
အလုပ် မရှိ ကုလားနဲ.ရန်တိုက်
အလုပ် မရှိ တရုတ်နဲ.ရန်တိုက်
အလုပ် မရှိ တိုင်းရင်းသားတွေစစ်လိုက်တိုက် ရွာတွေမီးရှို .ပေါ်တာဆွဲ ဆက်ကြေးလိုက်ကောက် တိုင်းရင်းသူတွေမဒိန်းကျင်. မိုင်းထောင် အပြစ်အခတ်ရက်စဲရေးလုပ် ပြန်တိုက်
မိုင်းထောင် အပြစ်အခတ်ရက်စဲရေးလုပ် ပြန်တိုက်
မိုင်းထောင် အပြစ်အခတ်ရက်စဲရေးလုပ် ပြန်တိုက်
စစ်တိုက်စရာမရှိရင်ကိုယ်ကမတတ်ဘဲနှဲ.လူတကာကိုဆရာလိုက်လုပ်
လယ်သမားတွေလယ်ကိုလုယူ
ဥပဒေတွေရှုပ်ရှုပ်တွေနဲ.လယ်
သမားတွေကိုဖမ်း
တောင်ပြောမြောက်ပြော ပြော

Friday, September 6, 2013

STRANGE BED-fellows or rather bad-fellows in 2015.



https://www.facebook.com/MandalayUniversityFamily2006?fref=ts


Mandalay-university-family-2006 shared Hla Myint's status.

https://sphotos-b.xx.fbcdn.net/hphotos-prn1/p480x480/1187040_643466902345310_1508175787_n.jpg

https://www.facebook.com/photo.php?fbid=643466902345310&set=a.231559816869356.62704.100000460177237&type=1&relevant_count=1



STRANGE BED-fellows or rather bad-fellows in 2015.

မောင်ဒေါနနဲ့ ကွမ်းတောင်ကိုင်
မြင်းလှဲလေးနဲ့ တူပျော်ပျော်
ဘော်ကြိုဖုရားပွဲကိုသွားကြမယ်
မောင်ဒေါန နဲ့ ကွမ်းတေါင်ကိုင်
ဒီမိုး ကုန်ရင်ကွယ်
လူ ကြီးတွေလဲ ဖိတ်ကြား မယ်
တရွာ လုံး ကိုလဲ ဖိတ် ကြားမယ်
( သူတိုးသား/ရင်ပတ်တခုလုံးညွတ်ကျမတတ် မတိုက်ဘူးသောစစ်ပွဲများအတွက် ရထားသော ဆုတံဆိပ်များ တတ်ဆင်ထားသော စစ်တိုက်တာကလွဲလို့  အကုန်ကျွှမ်း ကျင်သော စစ် ဗိုလ်ချုပ် )

( သူတို့သမီး/ မိမိ နိုင် ငံ ပြည်တွင်းစစ်ကိုရပ်ဖို့  ကြိုးစားနေသော..ငြိမ်းချမ်ရေးနိုဘယ်ဆုရ )

Strange bed-fellows(or rather bad-fellows)
Lady nobel & patriotic Generals
After 2014
( most probably 2015 or never)

The bridegroom has chestful of medals(but never been to battle fields, knows all except soldiering).
The bride has skyful of medals,degrees,honors(International standard).

Invited guests
US, EU, JAPAN,
Big brother China,
Veto umbrella provider Russia
Let us celibrate
Full-fledge democratic Burma.

Thursday, September 5, 2013

အမျိုးဂုဏ် ဇာတိဂုဏ် မန္တ လေး နေပြည်တော်ဂုဏ် တက်နေပြီ



အမျိုးဂုဏ် ဇာတိဂုဏ် မန္တ လေး နေပြည်တော်ဂုဏ် တက်နေပြီ

hlamyint ‏@hlamyint1940

https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-prn2/1235170_207158582785676_1927505031_n.jpg … mandalay downtown coffee shop. warning of cycle helment & telephone thieves.
Collapse

4:46 PM - 5 Sep 13 · Details
hlamyint
Tweet text
Reply to @hlamyint1940

Image will appear as a link
hlamyint ‏@hlamyint1940 now

@hlamyint1940 အမျိုးဂုဏ် ဇာတိဂုဏ် မန္တ လေး နေပြည်တော်ဂုဏ် တက်နေပြီ
This signboard demonstrates bleak economic situations.
အမျိုးဂုဏ် ဇာတိဂုဏ် မန္တ လေး နေပြည်တော်ဂုဏ် တက်နေပြီ
This signboard demonstrates bleak economic situations.

mandalay downtown coffee shop.
warning of cycle helment & telephone thieves.

https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-prn2/1235170_207158582785676_1927505031_n.jpg …
mandalay downtown coffee shop.
warning of cycle helment & telephone thieves
Even motorcycle helmets are not secure after 51 years of military rule by patriotic Generals.
ဆိုင်ကယ် ဦးတုတ် တောင် ခိုးကြတယ်

Unrestrained thoughts.



Unrestrained thoughts.

think think think
စဉ်းစားကြပါ


လူတွေအထင်လွဲနေကြတယ်
အစိုးရကတိုင်းပြည်ကောင်းအောင်လုပ်နေတယ်ထင်တာလေ

တကယ်ကတိုင်းပြည်ပျက်အောင်လုပ်နေတာခင်ဗျ
ရီစရာပြောတာ မဟုတ်ဘူး
အတည်ပြောတာ
သေသေချာချာစဉ်းစားကြ

လူတွေရန်တိုက်ပေးတယ်
မီးဖျက်တယ်
ရေဖြတ်တယ်
်အင်တာနက်ဖျက်တယ်
ဂိတ်တွေဖွင့်လိုက်ပိတ်လုပ်တယ်
သေသေချာချာစဥ်းစားကြ့်ည့်ကြနော်

်@@@@@@@@@@@@@@

Poor honest Burmese soldiers.
Poor Poor Poor.
လူလိမ်များ လူသတ်သမားများချယ်လှယ်နေသောဗမာစစ်တပ်ြကီး

A disgraceful institution(Burmese Army) commanded by fistful of extremely selfish butchers-liars-BloodSuckingVampires-ShamelessLandLooters.

Poor honest Burmese soldiers.
Poor Poor Poor.

Poor honest Burmese workers
Poor Poor Poor.

Poor honest Burmese farmers.
Poor Poor Poor.

Poor honest Burmese peasants.
Poor Poor Poor.

Poor honest Burmese soldiers.
Poor Poor Poor.

@@@@@@@@@@@@@@

ကြတ်ပြေးနေပြည်တော်တယ်
မင်းတြား ကြီး

mad king the builder of kyat pyay nay pyi daw city.

this man is very dangerous.
unbearable burden & a very dangerous threat to people & the regime.

@@@@@@@@@@@@@@