Sunday, March 5, 2017

6 march 2017. အာရီယန် ၊ သာကီဝင်နဲ့ ပျူတို့ကို သက်သေ တစ်ခု အရင်း ပြုကြပါစို့ / ko ko Oo..

6 march 2017.
အာရီယန် ၊ သာကီဝင်နဲ့ ပျူတို့ကို သက်သေ တစ်ခု အရင်း
ပြုကြပါစို့ / ko ko Oo.
5 march 2017.
=======

ကမ္ဘာကျော်အာရီယန်မျိုးနွယ်စုဆိုတာ
သမိုင်းတင်ခဲ့ပြီးမှာ ပျောက်ခြင်းမလှပျောက်ဆုံးသွားတာ
အင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်၊ ရင်နာစရာလည်းကောင်းပါတယ်၊

ဟစ်တလာကလည်း သူတို့ဂျာမန်တွေဟာအာရီယန်ဖြစ်တယ်လို့
ကမ္ဘာသိအောင်ကြေငြာပြီးစိတ်ကြီးဝင်ခဲ့ဘူးတယ်၊
အီရန်ကလည်းသူတို့ကသာအာရီယန်ဖြစ်တယ်လို့ဆိုပြန်တယ်၊

အာရီယန်ဒဏ္ဍာရီကတော့ယမလက္ခဏာဇတ်တော်ဖြင့် မြန်မာတို့ရဲ့
ရင်ထဲမှာစွဲထင်ကျန်ခဲ့ဘူးတယ်မဟုတ်ပါလား၊

အခုတလော သမတထရန့်တက်လာတော့ ကျနော်တို့
အမေရိကားမှာလည်း ကေသုံးလုံးအစွန်းရောက်ဂိုဏ်းသားတွေ
ခေါင်းထောင်လာတယ်၊

သူတို့ဘလော့တွေတစ်ခုပြီးတစ်ခုပေါ်လာတယ်၊
လာမဲ့မေလ(6)ရက်နေ့ နေ့ခင်း(၁)နာရီ Asheboro မြို့မှာ
သူတို့အင်အားပြချီတက်မဲ့အစီအစဉ်ရှိတယ်၊

သူတို့ကိုသူတို့လည်း ငါတို့လူဖြူအာရီယန်မျိုးနွယ်တွေ
လာပြီးစုစည်းကြလို့ အာရီယန်လိုလိုစိတ်ကြီးဝင်ပြီး
လူဖြူတွေချည်းပဲလာရောက်ဖို့ သီးသန့်ဖိတ်ခေါ်ထားတယ်၊
ကျန်တဲ့သူတွေယောင်ပြီးမှအနားကိုသွားမကပ်လေနဲ့
အန္တာရယ်ရှိတယ်၊ ပြသနာရှိတယ်၊

ဘာဖြစ်လို့ အာရီယန်နဲ့လူတွေကအမျိုးတော်ချင်ကြတာလဲ၊
တကယ်တော့ ဒါဟာမူမမှန်တဲ့စိတ်ကြီးဝင်ရောဂါတစ်မျိုးပါပဲ၊
ကျနော်တို့ဗမာတွေကလည်းမညံ့ခဲ့ကြပါဘူး၊
သာကီဝင်မင်းမျိုးလို့ဆိုသူကဆိုကြတယ်၊
ပျူတွေကမြန်မာဖြစ်တယ်လို့ဆိုသူတွေကဆိုကြတယ်၊
ခပ်ကြောင်ကြောင်ဘလော့တစ်ခုမှာ
http://lutawlupyaw.blogspot.com/2015/05/blog-post_525.html
ဗမာဆိုတာ ဒြာဗီဒီယန်လူမျိုးရယ် အာရီယန်လူမျိုးရယ်
တိဗက်ဘားမန်း အနွယ်သုံးမျိုးပေါင်းပြီးဖြစ်လာသတဲ့၊
ဖတ်ပြီးရယ်လိုက်ရတာဗျာ၊ ထားပါတော့၊
ဒီလိုစိတ်ကြီးဝင်တဲ့ရောဂါဆိုတာအတော်ကိုကုရခက်တယ်၊

ဒါမျိုးစိတ်ဓါတ်တွေလူတွေရင်ထဲရောက်နေကြတာ
ဘာကြောင့်လဲ ပြန်စဉ်းစားကြည့်တယ်၊
ဦးကုလားရာဇ၀င်ကအစ ဒီနေ့ခေတ်သစ်သမိုင်းအထိ
အမျိုးသားအစွန်းရောက်စိတ်ဓါတ်တွေကိုသွတ်သွင်းလာတဲ့
ရှေးအစဉ်အဆက်ဘုရင်တွေ၊ ခေါင်းဆောင်တွေကြောင့်ပဲဖြစ်တယ်၊
သူတို့ကသာ အာဏာအတွက် အဖေကိုသားသတ်၊
အစ်ကိုကိုညီသတ်နဲ့လုပ်ခဲ့ပြီး ပြည်သူတွေကိုကျတော့
အစွန်းရောက်မျိုးချစ်စိတ်တွေကိုရိုက်သွင်းထားခဲ့တယ်၊
အမှန်တော့ ဒါဟာ သူတို့အုပ်ချုပ်သူတွေရဲ့အကျိုးအတွက်သာဖြစ်တယ်၊

ဒီနေ့ကမ္ဘာ့နေရာအနှံ့မှာအစွန်းရောက်တွေ
ခေါင်းထောင်လာတာ ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး၊
ဘာသာရေးအစွန်းရောက်၊ လူမျိုးရေးအစွန်းရောက်ဝါဒ
ဘာဝါဒမှလူသားကိုအကျိုးမပြုဘူး၊ ဒါလက်တွေ့ပဲ၊
အပြစ်မဲ့လူတွေသေတယ်၊ သူတို့ကတော့စင်ပေါ်ကပဲ၊

လူမျိုးကြီးငယ်အားလုံးအပြန်အလှန်လေးစားမှုမရှိရင်
တစ်နေ့ကျရင်ပျက်သုန်းကြရစမြဲပဲဆိုတာလက်တွေ့၊
အာရီယန်ပျောက်ဆုံးခဲ့ပြီးပြီ၊
သာကီဝင်မင်းမျိုးလည်းပျောက်ခဲ့ရပြီးပြီ၊
ပျူလူမျိုးလည်းပျောက်ခဲ့ရပြီ၊

အာရီယန်ဟာ အင်မတန်ကြီးကျယ်ခန်းနားတဲ့
လူမျိုးတစ်မျိုးဖြစ်ပေမဲ့ လူနည်းစုမျိုးနွယ်မျှသာဖြစ်တယ်၊
သာကီဝင်လည်းလူနည်းစုမျိုးနွယ်စုပဲဖြစ်တယ်၊
သူတို့လူမျိုးကိုရေရှည်တည့်တန့်အောင်ထိန်းသိမ်းလိုခဲ့
ကြပေမဲ့ လူများစုလူမျိုးတွေ့ရဲ့တစ်စတစ်စ၀ါးမျိုးခ့ရပြီး
နောက်ဆုံးပျောက်ခြင်းမလှပျောက်ခဲ့ရပြီပဲ၊

ဒါကြောင့်တိုးတက်တဲ့နိုင်ငံတွေမှာလူနည်းစုတွေကို
minority rights လူနည်းစုအခွင့်အရေးတွေကို
အထူးအခွင့်အရေးပေးပြီး တိုင်းပြည်ရဲ့အမွေအနှစ်
heritage တွေအဖြစ်ထိန်းသိမ်းနေကြပြီ၊

ကျနော်တို့မြန်မာပြည်လည်းပဲ ငြိမ်းချမ်းရေးကို
အမှန်တကယ်ဆောင်ကျဉ်းလိုလျှင်
တိုင်းပြည်ရဲ့အမွေအနှစ်အဖြစ်လူမျိုးစုတွေရဲ့
ဘာသာ။ စာပေ၊ ယဉ်ကျေးမှုတွေကိုဆက်လက်ထိမ်းသိမ်း
ခွင့်ပေးဖို့အထူးစဉ်းစားကြရမှာဖြစ်တယ်၊
တိုင်းရင်းသားတွေဟာ မြန်မာအများစုကြားမှာ
နှစ်ရှည်လများနေလာခဲ့တော့ population တွေလည်း
တဖြေးဖြေးလျှော့ပါးလာတယ်၊ ဘသာသာစကား
စာပေယဉ်ကျေားမှုတွေလည်းပျောက်ကွယ်လုဖြစ်နေကြပါပြီ၊
ဒီအတိုင်းနောက်ထပ်ရာဏုနှစ်တစ်ခုလောက်ဆက်သွားရင်
အားလုံးကွယ်ပျောက်ကုန်မယ်ထင်ပါတယ်၊

ဘာဖြစ်ဖြစ် တနိုင်ငံလုံးမြန်မာဖြစ်သွားရင်လည်း
ကောင်းတာပဲဆိုတဲ့ အပြုသဘောမဆောင်တဲ့စိတ်ဓါတ်
ရှိတဲ့သူတွေကိုဖယ်ရှားပြစ်ရမယ်၊ အထူးသဖြင့်
တပ်မတော်အထဲမှာဒီလိုစိတ်ဓါတ်လေးတွေကိုရိုက်သွင်းခံထားရတယ်၊
ဒါကြောင့် စစ်တပ်ကလူတွေဟာ သူပုန်တွေကိုအရမ်းမုန်းကြတယ်၊
မေမြို့စစ်တက္ကသိုလ်မှာ ငြိမ်းချမ်းရေးဘာသာရပ်ဆိုတာ
မရှိခဲ့ဘူး၊ စစ်ဘုရင်စိတ်ဓါတ်တွေကိုပဲသင်ပေးကြတယ်၊
အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားရုပ်ထုတွေဟာ
သက်သေအဖြစ်မြင်နေရတယ်၊
ဒီလိုစစ်ဘုရင်စိတ်ဓါတ်၊ အမျိုးသားအစွန်းရောက်စိတ်ဓါတ်
တွေကိုပပျောက်သွားအောင် နောင်လာမဲ့အစိုးရအဆက်ဆက်
ကဆက်လက်တာဝန်ယူသွားဖို့လိုအပ်တယ်၊

သေချာပြန်စဉ်းစားကြည့်နော်၊
တနိုင်ငံလုံးမြန်မာကြီးစိုးသွားရေးဆိုတဲ့ဝါဒဆိုတာ
ဘယ်လိုမှမအောင်မြင်နိုင်သလို ငြိမ်းချမ်းရေးကိုလည်း
ဘယ်လိုမှသယ်ဆောင်သွားဖို့မဖြစ်နိုင်ဘူး၊

ဒါကြောင့်..အရပ်သားစကားနဲ့ရိုးရိုးလေးပြောချင်တာက
စိတ်လျှော့ကြပါတော့ဆိုတာပါပဲ၊ အဖက်ဖက်ကစိတ်လျှော့ပြီး
သာတူညီမျှပြည်ထောင်စုစိတ်ဓါတ်ကိုဖေါ်ဆောင်နိုင်ဖို့၊
အာရီယန်၊ သာကီဝင်၊ ပျူတို့ကိုသက်သေထားပြီး
သံဝေဂတရားရကြပါစေသော်၊

Ko Ko Oo

Thursday, March 2, 2017

3 MARCH 2017 Basics of Bessel function. https://en.m.wikipedia.org/wiki/Bessel_function.

3 MARCH 2017 Basics of Bessel function.
https://en.m.wikipedia.org/wiki/Bessel_function

Bessel function

Bessel functions are the radial part of the modes of vibration of a circular drum.
Bessel functions, first defined by the mathematician Daniel Bernoulli and then generalized by Friedrich Bessel, are the canonical solutions y(x) of the differential equation
x^{2}{\frac {d^{2}y}{dx^{2}}}+x{\frac {dy}{dx}}+(x^{2}-\alpha ^{2})y=0
(known as Bessel's differential equation) for an arbitrary complex number α, the order of the Bessel function. Although α and −α produce the same differential equation for real α, it is conventional to define different Bessel functions for these two values in such a way that the Bessel functions are mostly smooth functions of α.
The most important cases are for α an integer or half-integer. Bessel functions for integer α are also known as cylinder functions or the cylindrical harmonics because they appear in the solution to Laplace's equation in cylindrical coordinates. Spherical Bessel functions with half-integer α are obtained when the Helmholtz equation is solved in spherical coordinates.

Contents

Applications of Bessel functions




3 mar. 2017. news from wikipedia.

3 mar. 2017. news from wikipedia.
Scientists announce the discovery of microfossils within rocks dated between 3.77 and 4.28 billion years old from Northern Quebec, Canada, making them the oldest fossils of life on Earth.

Torc - Wikipedia

https://en.wikipedia.org/wiki/Torc
A torc, also spelled torq or torque, is a large rigid or stiff neck ring in metal, made either as a single piece or from strands twisted together. The great majority are ...

The Leekfrith torcs
The Leekfrith torcs

2 march 2017. Very far- sighted Wisdom of Burmese Generals.

2 march 2017.
Very far- sighted

Wisdom of Burmese Generals.
Sao Shwe Thaik, the first president of Burma. (Photo: Public Domain)Burma's first president SAO SHWE THAIK./ Shan ethnic.
Image result for ne win photo  Image result for sein lwin president
File:SawMaung.jpg

ကျောင်းဆက်မတက်နိုင်ရင် စစ်ထဲဝင်လေ

ဗိုလ်ချုပ်စောမောင်က electrician ဓါတ်တွေအခြေ ခံ တတ်တယ်
ဓါတ်မလိုက်အောင် ဝါယာ
ကြိုးတွေဆက် တတ်တယ် တဲ့
ဦးစိန်လွင်ကတော့  ၆ တန်း ကြီး တောင် အောင်တယ်လို့  ကျောင်းသားလေးတွေ အော်နေတာကြား ဘူးတယ်
စိန်လွင် ၆တန်း တဇောက်ကန်းဆိုလားဘဲ
ဟုတ်မယ်မထင်ပါဘူး ဗျာ
သက်သက်ပြောကြတာပါ
စစ်သားဘဲဗျာ
စစ်နိုင်အောင်တိုက်တတ်ဖို့  လိုတာပါ
အတန်းတွေ အောင် ဘို့ မလိုပါဘူး
၁၉၆၂ ဂျူလိုင် ၇ ရက်နေ့ ကဆို ရင်
တပ်မတော် က အကျအဆုံးမရှိ ဘဲ
တက္ကသိုလ် အဓိပတိ လမ်းမကြီး
သွေးပင်လယ် ဖြစ်အောင်တိုက်
နိုင်ခဲ့တယ်
(ရန်သူ တောင်ကုန်းနံပတ် )
sorry
ရန်သူ အဆောက်အဦးနံပါတ် (၁ )
ယူနီ ယံ အဆောက်အဦး ကို recoiless gun နဲ့ တစဆီဖြစ်အောင် ဖြိုခွဲ နိုင်ခဲ့ တယ်
ခေသူ မဟုတ် စိန်လွင် ဗိုလ်စိန်လွင်
တိုင်း ရင်းသား စီးရုံး ရေးမှာလဲ
ကရင်ခေါင်းဆောင်ကြီင်္း စောဘဦး ကြီး ခေါင်းဖြတ်နိုင် ခဲ့ တယ်
(To be confirmed by independent source).
ကရင်တိုင်းရင်းသားတွေက ဗိုလ်စိန်လွင် ကို
ဖိန့် ဖိန့် တုန်နေ အောင် ကြောက်အောင်စည်း ရုံး နိုင်ခဲ့တယ်
စိန်လွင် ၆ တန်း (ကလေးတွေ အော်တာ)
စောမောင် ၁၀ တန်း (ထားပါတော့)
အတန်းသိတ်မအောင်ပါဘူး ဗျာ
မျိုး ချစ်စိတ် ပြင်းထန်ဘို့ 
(မဘသ တွေလိုပေါ့)
အမိန့် နာခံ တတ်ဘို့ 
(စစ်တိုက်တတ်ဘို့  ရန်သူကလက်နက်မပါလဲ မိုးပေါ်ထောင်မပြစ်ဘဲ
တဲ့ တဲ့ ပြစ်တတ်ဘို့ )
တွေ ဘဲ လိုတာပါ ဗျာ
ပညာတတ်တွေ သိတ်မလိုပါဘူး
အခုဆို ရင် တပ် က ရုရှားလွှတ်ပြီး
ပညာသင်ထားတာ ပညာတတ်တွေ အများကြီး ဗျ
နယူကလီယာတွေ အနုမြူ တွေ
ရေငုတ်သဘောင်္ တွေ
အနု မြူထိတ်ဖူးတတ် တာလပ်ပြစ်
တာဝေးပြစ် ဒုံးကြည်တွေ ဒရုန်းတွေ ဆောက်တတ်တယ်ဗျ
ပိုက်ဆံ မရှိ သေးလို့  ဗျ
တပ်မတော် အင်အားမရှိသေးလို့  ဗျ
ယိုဒယား အာသန် မဏိ ပူရီ ကန်ဘောဒီယား လာအို တို့  ဝင်သိမ်းရင် ရပြီ ဗျ
ကလေးစစ်သားစုလိုက် အုန်းမယ်
၅ သန်းလောက်ဆိုရင် ok ပါတယ်
အလောင်းမင်းတြားကြီးလက်ထက်က
ဆိုရင် ဝါးရင်း ဒုတ် နဲ့  အာယုဒ္ဓယ တောင်သိမ်း ခဲ့တာဗျ
အခုခေတ်ဆိုရင်တော့
မြောက်ကိုရီးယား တို့ ရု ရှားတို့ ကပေးထားတဲ့ နယူ ကလိယာ တွေ
drone တွေနဲ့
ယိုး ဒယားမပြောနဲ့ "တောင်တရုတ်ပင်လယ်" ဝင်တိုက် နိုင်ပီ ဗျ
မချ ချင်သေးလို့ ဗျ

(ဝန်ကြီးဟောင်းဦးအောင်မင်းတော့မသိစေ နဲ့ သူကတရုတ်ကြောက်တယ်လို့  ဝန်ခံပြီး ပြီ ဗျ
သူက သာကီနွယ် ဗမာမစစ်ဘူးဗျ
တရုတ်သွေးစပ်တယ်တဲ့
ဒါကြောင့် နဲ နဲ ကြောက်တတ်တယ်)

ကာတွန်းဆရာ ရာ
တပ်မတော် ကို
လူ အထင်သေးအောင်မဆွဲ ပါနဲ့ ဗျာ
"ဘယ်သူခွဲ ခွဲ ဒို့  မကွဲ" ပါဗျာ

သတိတော့ထား
ဦးနေဝင်း သားမြေးမြစ်
သားမက် ချွေး မတွေ နဲ့ တည်ထောင်ထားတာဗျ
တိုင်းပြေ အတွက်ဆို ရင်
တဲ့ တဲ့ ပြစ်မှာ
မိုးပေါ်ထောင်မပြစ်ဘူး
သေအောင်ပြစ်မှာဗျ

2 march 2017 ဇော်ဝင်း ၈၈ ဗကသ ကျောင်းသားဟောင်း ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး မဘသ ဘုန်းတော်ကြီးတချို့ရဲ့ မှတ်ချက်စကားတွေ ထွက်ပေါ်လာပါတယ်။

2 march 2017
ဇော်ဝင်း ၈၈ ဗကသ ကျောင်းသားဟောင်းဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး မဘသ ဘုန်းတော်ကြီးတချို့ရဲ့ မှတ်ချက်စကားတွေ ထွက်ပေါ်လာပါတယ်။


မဘသရဲ့မေတ္တာ ဘယ်ပန်းချီရေးလို့မှမမှီပါလေ

ဦးဝီရသူပြောတာက “အရပ်ထဲမှာ သောင်းကျန်းနေတဲ့ ခွေးရူးကို သေစေချင်နေပေမယ့် မသတ်ဝံ့ဘူး ။ သတ်ဝံ့သူ ပေါ်လာလို့ သတ်ပေးလိုက်တော့ အားလုံးက ကျေးဇူးတင်သလို ကျေးဇူးတင်တယ်” လို့ဆိုသွားပါတယ်။ ဦးကိုနီကို ခွေးရူးလို့ နှိုင်းပြောပါတယ်။ ဘုန်းတော်ကြီး တပါးမဆိုထားနဲ့။ လူဆိုးလူမိုက် နှုတ်ဖျားကထွက်ရင်တောင် နားမခံနိုင်လောက်အောင် ရင့်သီးရိုင်းစိုင်းတဲ့ စကားဖြစ်ပါတယ်။ ဒါ့အပြင် “ခွေးရူးကိုသေစေချင်နေပေမယ့် မသတ်ဝံ့ဘူး” လို့လည်း ဆိုထားပြန်လေတော့ သူက ဦးကိုနီကို သေစေချင် နေတယ်ဆိုတဲ့သဘောပေါ့။ ပါဏာတိပါတကံကို မနောကံမြောက် ဝစီကံမြောက် ကျူးလွန်တဲ့စကားပါပဲ။ လူသတ်သမားကြည်လင်းကိုလည်း ကျေးဇူးတင်လိုက်သေးပြန်ပါသတဲ့။
----------------------------------------------------

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး မဘသ ဘုန်းတော်ကြီးတချို့ရဲ့ မှတ်ချက်စကားတွေ ထွက်ပေါ်လာပါတယ်။

ဦးဝီရသူပြောတာက “အရပ်ထဲမှာ သောင်းကျန်းနေတဲ့ ခွေးရူးကို သေစေချင်နေပေမယ့် မသတ်ဝံ့ဘူး ။ သတ်ဝံ့သူ ပေါ်လာလို့ သတ်ပေးလိုက်တော့ အားလုံးက ကျေးဇူးတင်သလို ကျေးဇူးတင်တယ်” လို့ဆိုသွားပါတယ်။  ဦးကိုနီကို ခွေးရူးလို့ နှိုင်းပြောပါတယ်။ ဘုန်းတော်ကြီး တပါးမဆိုထားနဲ့။ လူဆိုးလူမိုက် နှုတ်ဖျားကထွက်ရင်တောင် နားမခံနိုင်လောက်အောင် ရင့်သီးရိုင်းစိုင်းတဲ့ စကားဖြစ်ပါတယ်။ ဒါ့အပြင် “ခွေးရူးကိုသေစေချင်နေပေမယ့် မသတ်ဝံ့ဘူး” လို့လည်း ဆိုထားပြန်လေတော့ သူက ဦးကိုနီကို သေစေချင် နေတယ်ဆိုတဲ့သဘောပေါ့။ ပါဏာတိပါတကံကို မနောကံမြောက် ဝစီကံမြောက် ကျူးလွန်တဲ့စကားပါပဲ။ လူသတ်သမားကြည်လင်းကိုလည်း ကျေးဇူးတင်လိုက်သေးပြန်ပါသတဲ့။

နောက်ထပ်ဘုန်းတော်ကြီးတပါးကတော့ မဘသဗဟိုအဖွဲ့ အတွင်းရေးမှူး မြစေတီ ဆရာတော် ဦးဝိမလဗုဒ္ဓိဖြစ်ပါတယ်။ သူပြောတာက

''ကိုနီ ကိုချည်းပဲ မဟုတ်ဘူး၊ လုပ်နေတဲ့ လုပ်ငန်းက တိုင်းပြည် ချောက်ကျအောင် လုပ်နေတယ်လို့ မြင်တဲ့ ပုဂ္ဂိုလ်အားလုံးက အဲဒီလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို သတ်ချင်နေတာနော်၊ အဲဒါ သတိပေးလိုက်။''
လို့ပြောပါတယ်။  နောက်လူတွေကိုတောင် “သတ်ချင်နေတာနော်၊ သတိပေးလိုက်” လို့ပြောသွားပါသေး တယ်။
“ဦးကိုနီလိုမျိုး အခြေခံဥပဒေပြင်လိုသူတွေကို မုန်းတီးသူ၊ သတ်ချင်သူတွေ အများအပြား ရှိတယ်” လို့ လည်း ပြောသွားပါသေးတယ်။ နိုင်ငံရေးပိုဆန်လာပါတယ်။ အခြေခံဥပဒေပြင်ချင်ရင် အသတ်ခံရမယ်လို့ ပြောသွားတာဟာ တနိုင်ငံလုံးက ပြည်သူတွေရဲ့ သဘောထားကိုလည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။

ဦးကိုနီကွယ်လွန်ကာစက မဘသ ဘုန်းတော်ကြီးတွေ ဒီလိုစကားမျိုး မပြောကြပါဘူး။ တကယ်ဆို အဲဒီတုန်းက ပူပူနွေးနွေး အချိန်ကာလ။ စိတ်လိုက်မာန်ပါ ပြောမှားဆိုမှား ဖြစ်မယ်ဆိုရင် အဲသလိုပူပူနွေးနွေးအချိန်မှာ ဖြစ်ခဲ့ဖို့ ကောင်းတယ်။ အဲဒီတုန်းက ပူပူနွေးနွေးမှာ အောက်ခြေမျိုးချစ်တွေက ဆဲကြဆိုကြတာတောင် မဘသ ထိပ်သီး ဘုန်းတော်ကြီးတွေက အသာလေးငြိမ်နေခဲ့ကြပါတယ်။ ဘာလို့ငြိမ်နေသလဲဆိုတော့ သူတို့ကိုယ်တိုင် အဖြူအမည်း မသဲကွဲသေးသလို အထက်အမိန့်လည်း မရသေးလို့ပါ။ လူတယောက်အသတ်ခံရတာကို ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်မကောင်းကြောင်း၊ ဒီကိစ္စဟာ မသသနဲ့ မသက်ဆိုင်ကြောင်းတောင် ပြောလိုက်ပါသေးတယ်။ မဘသ ဘုန်းတော်ကြီးတွေ ဟာ အဲဒီတုန်းက အသာလေးငြိမ်နေခဲ့ပြီး အခုလူသတ်တရားခံတွေဟာ စစ်အာဏာရှင်တွေနဲ့ သိပ်နီးကပ်နေတာကို ထင်ထင်ရှားရှားတွေ့မြင်ရတဲ့ အချိန်ကျမှ ဒီလိုစကားမျိုး ထွက်ပြောလာတာဟာ သိပ်ထူးခြားပါတယ်။ အခုအချိန်ဟာ စစ်အာဏာရှင်တွေအတွက်မျက်နှာသိပ်ပျက်နေရတဲ့ အချိန်ပါ။ တရားခံ အောင်ဝင်းခိုင်ရဲ့ ယောက်ဖဟာ ဒေါ်ကြိုင်ကြိုင်ရဲ့ တူဖြစ်နေပြီး အောင်ဝင်းခိုင်ရဲ့အနီးကပ်မိတ်ဆွေ၊ တပတ်စဉ် တည်းဆင်း၊ လက်ဖက်ရည်သောက်ဖက်လင်းဇော်ထွန်းဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကိုယ်ရေး အရာရှိဟောင်းဖြစ်နေပါတယ်။ အောင်ဝင်းခိုင်ဟာ လင်းဇော်ထွန်းမဲအောင်နိုင်ရေး ကူညီဆောင်ရွက် ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင်အောင်ဝင်းခိုင်ဟာ သူ့အစ်ကို အဖမ်းခံရပြီး သူ့အတွက် အန္တရာယ်သိပ်နီးနေချိန်မှာ နေပြည်တော်ကိုသွားရောက်ရှောင်တိမ်းခဲ့ပါတယ်။ အဲဒီမှာပဲ ခြေရာပျောက် သွားပါတယ်။ ဒီလိုအခြေ အနေမျိုးတွေဟာ ဘာကိုညွှန်ပြနေသလဲဆိုတာကို ပြည်သူလူထု တရပ်လုံးက နားလည် သဘောပေါက်နေကြပါတယ်။ အထုပ်အထည်ဟာ စစ်အာဏာရှင်တွေရဲ့ ခေါင်းပေါ်ရောက်နေပါပြီ။ ဒီလိုအချိန်မျိုးမှာ မဘသ ဘုန်းတော်ကြီးတွေက “ဦးကိုနီအသတ်ခံရတာ ဝမ်းသာတယ်။ နည်းတောင် နည်းသေးတယ်။ ဦးကိုနီက ခွေးရူးနဲ့တူတယ်။ ဦးကိုနီလို အခြေခံဥပဒေကိုပြင်ဖို့ကြိုးစားရင် ထပ်ပြီးတောင် သတ်လိုက်ဦးမယ်” ဆိုတဲ့ စကားမျိုးတွေ ပြောလိုက်တာဟာ စစ်အာဏာရှင်တွေ အတွက် နည်းနည်းလေးဖြစ်စေ အသက်ရှူချောင်သွားစေပါတယ်။ စစ်အာဏာရှင်အပေါ်မှာ လုံးလုံးကျရောက်နေတဲ့ စွဲချက်ဟာ မဘသနဲ့ ဘာသာရေး အစွန်းရောက်တွေဆီကို ဦးလှည့်ရမလိုဖြစ်နေပါတယ်။ ဒါဟာ စစ်အာဏာရှင်တွေရဲ့ အလိုကျကွက်တိပါပဲ။ သတင်းစာရှင်းလင်းပွဲနေ့တုန်းက ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆွေနဲ့ ရဲချုပ်ဇော်ဝင်းတို့ ပြောသွားတာကို အားလုံးမှတ်မိကြဦးမှာပါ။ “လူငယ်လေးတွေရဲ့ အစွန်းရောက်မျိုးချစ်စိတ်ကြောင့်” လုပ်ကြံကြတာပါတဲ့။ လူသတ်ရခြင်း ရည်ရွယ်ချက် (Motive) ကို နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် ဒီချုပ်ပါတီဒုက္ခရောက်အောင်ဆိုတဲ့ လမ်းကြောင်းဖက် မရောက်ဘဲ မဘသဘက်ရောက်အောင် တွန်းပို့ချင်တဲ့ ဆန္ဒဟာ ပေါ်လွင်ထင်ရှားနေပါတယ်။ မျိုးချစ်စိတ်ကြောင့်လို့ပဲ သူတို့က ထင်စေချင်တယ်။ နိုင်ငံရေးရည်ရွယ်ချက်ကြောင့်လို့ ထင်မှာစိုးနေကြပါတယ်။

တကယ်တော့ အောက်ခြေက မဘသတွေဟာ နိုင်ငံရေးပယောဂမပါတဲ့ ရိုးရိုးဘာသာရေး အစွန်းရောက်တွေပါ။ အထက်ပိုင်းက မဘသတွေကတော့ ရိုးရိုး မဟုတ်ဘူး။ နိုင်ငံရေးပယောဂ ပူးကပ်ကြီးစိုးခြင်းခံရသူတွေပါ။ ဗိုလ်အောင်သောင်း၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ရဲ့ အပူဇော်ခံ၊ အလှူဒါန်းခံပုဂ္ဂိုလ်တွေပါ။ ဒါ့ကြောင့်လည်း စစ်ဗိုလ်ချုပ်ကြီးတွေက ပြောခိုင်းလို့သာ အခုလိုအချိန်မျိုးမှာကျမှ ထပြောလာတယ်လို့ ယူဆစရာ ဖြစ်ပါတယ်။ ပြောတဲ့အချိန် (Timing) ကိုကြည့်ရင် အဲသလို ယူဆစရာဖြစ်နေပါတယ်။ ဒီဘုန်းတော်ကြီးတွေ ပြောတဲ့စကားတွေကိုကြည့်ရင် ဦးကိုနီကိုသတ်သူတရားခံဟာ မဘသတယောက်ယောက်ပဲလို့ သံသယဝင်လာလောက်အောင်ပြောတဲ့ စကားတွေ ဖြစ်ပါတယ်။ ဒါကို ဒီဘုန်းတော်ကြီးတွေ မသိလို့မှားပြောတာ မဟုတ်ပါဘူး။ သိသိနဲ့ပြောတာပါ။ သိလျက်နဲ့ အခုလို ထုတ်ဖော်ပြောဆို တာဟာ စစ်အာဏာရှင်တွေ အနေအစားချောင်အောင် အငှားဗိုက်နဲ့ ဝင်ပြီး ဓားထိုးခံတာပါ။ ဒကာတော် သခင်ကြီးများ အတွက် နည်းနည်းမှသက်သာသက်သာ ဆိုတဲ့ သဘောနဲ့ ဝင်ပြောပေးတာပါ။ စစ်အာဏာရှင်တွေက ပြောခိုင်းလို့ ပြောတာပါ။ ဒီဘုန်းတော်ကြီးတွေဟာ ထောက်လှမ်းရေး ဘုန်းကြီးတွေတောင် ဖြစ်နိုင်ခြေရှိပါတယ်။ ထောက်လှမ်းရေးစစ်စစ် မဟုတ်ရင်လည်း ထောက်လှမ်းရေးကြိုးဆွဲခံတွေ ဖြစ်မှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒီဘုန်းတော်ကြီးတွေဟာ သူတို့ကိုယ်တိုင်ရဲ့ မဘသ အဖွဲ့ကိုတောင် နာမည်အပျက်ခံပြီး စစ်အာဏာရှင်တွေကို ဝင်ရောက်ကယ်တင်ပေးနေလို့ပါ။

တကယ်တော့ ရိုးရိုးမဘသဟာ လူတယောက်ကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံလောက်အောင် ဇ မရှိပါဘူး။ ဗုဒ္ဓဘာသာ အစွန်းရောက်သူတွေဖြစ်တဲ့ အတွက် လူသတ်ဖို့လည်း ဝန်လေးကြပါတယ်။ အကြမ်းဖက် လုပ်ကြံတဲ့ အစဉ်အလာ ရာဇဝင်လည်း မရှိပါဘူး။ လူသတ်လက်နက်နဲ့လည်း မရင်းနှီးမယဉ်ပါးပါဘူး။ လူသတ်မှုရဲ့ နောက်ကွယ်က အကောင်ကြီးဟာ ဘယ်လိုနည်းနဲ့မှ သာမန်မဘသတယောက် မဖြစ်နိုင်ပါဘူး။ လူသတ်ရခြင်းရဲ့ အကြောင်းရင်း (Motive) ဟာလည်း ဘာသာရေးနဲ့မျိုးချစ်စိတ်ကြောင့် မဖြစ်နိုင်ဘူး။ ဒါဟာ နိုင်ငံရေးလုပ်ကြံမှုကြီးပါ။ နိုင်ငံရေးအရ ဒီချုပ်အစိုးရနဲ့ အတိုက်အခံဒီမိုကရေစီသမားတွေကို ဦးတည်ရည်ရွယ်လုပ်ကြံတဲ့ နိုင်ငံရေးလုပ်ကြံမှုပါ။ ဦးကိုနီကိုမုန်းရုံသက်သက်နဲ့ လုပ်ကြံတာလည်း မဟုတ်ပါဘူး။ အလွန်ကြီးမားတဲ့ နိုင်ငံ ရေးရည်ရွယ်ချက်အတွက် ဦးကိုနီကို စတေးလိုက်တာပါ။

မဘသဘုန်းတော်ကြီးတွေ ဝင်ပြီးဗိုက်အငှားနဲ့ ဓားထိုးခံတာကတော့ အချိန်ကာလကို (Timing) ကိုကြည့်ပြီး သုံးသပ်ရရင် အထက်အမိန့်ရောက်လာလို့ပဲ ဖြစ်မှာပါ။

ဆရာသိန်းသန်းထွန်းဝတ္ထုကို ရုပ်ရှင်ရိုက်ကူးထားတဲ့ ဘယ်ပန်းချီရေးလို့မှမမှီ ရုပ်ရှင်ကိုတောင်မှ သတိရမိပါသေး တယ်။

နန်းနုမှာ ငန်းဥပေါ်တာဟာ ဖခင်ဖြစ်သူ ကျောင်းစိတ္တ လက်ချက်မှန်းသိတော့ သူ့သား အယ်ရိုးက ဝင်ပြီး ဓားစာခံလုပ်တယ်လေ။ သူ့အဖေ့ကျေးဇူးကို ဆပ်ချင်လို့အဖေ့ကိုယ်စားဓားစာခံဝင်လုပ်တာ နောက်ဆုံး တော့ အသက်တောင်ဆုံးပါရော့လား။ ဖြစ်မှဖြစ်ရလေ အယ်ရိုးရယ်.... ဖအေ့ကိုယ်စားလှည်းကျိုးဝင်ထမ်းရတယ်လို့။ မင်းခေါင်းထဲကို ညောင်မိစ္ဆာကများ ကွမ်းသွေးထွေးထည့်သွားလေသလား အယ်ရိုးရာ။

ဇော်ဝင်း
၈၈ ဗကသကျောင်းသားဟောင်း