Saturday, February 25, 2017

25 feb. 2017.Big brother is watching you. Glimpse @ George Orwell's 1984. Big brother is giving a seat after land slide victory ? Hla Myint‎ to Aung Aung Myint.

25 feb. 2017.Big brother is watching you.
Glimpse @ George Orwell's 1984.
Big brother is giving a seat after land slide victory ?
Hla Myint to Aung Aung Myint

MAW: 6 feb. 2017 The US play follows a successful West ... https://t.co/h8rGphl8ka
Big brother is watching you.
Glimpse George Orwell's 1984.
Big brother is giving a seat after land slide victory ?
Comments
Hla Myint
Hla Myint Our lady got a very small seat after landslide victory 2016 nov. election.
Hla Myint
Hla Myint 1984,
Goorge Orwell 's novel resurrects as a play.
1984 & Animal farm are George Orwell's masterpieeces.
Associate prof. aung aung myint's "master thesis " is on Orwell's works.

25 feb. 2017.Fact Check: Trump Blasts ‘Fake News’ and Repeats Inaccurate Claims at CPAC

25 feb. 2017.Fact Check: Trump Blasts ‘Fake News’ and Repeats Inaccurate Claims at CPAC

25 feb. 2017The 45th President Mr. Trump demanded an investigation of the F.B.I. over leaks.

Friday, February 24, 2017

25 feb. 2017. blogger shwe zin Oo's literary talent is rooted in her reading of 'burma star, shwe thawe & many cartoons !

25 feb. 2017.
blogger shwe zin Oo's literary talent is rooted in her reading of 'burma star, shwe thawe & many cartoons !

News Feed

ဖေဖေ နဲ့ ရွှေစင်ဦး ငယ်ဘဝများ အပိုင်း (၃)
ဖေဖေ နဲ့ ပတ်သက်လို့ နောက်ထပ်အမှတ်တရ တခုကတော့ ဖေဖေ နဲ့ အတူ ကြည့်ခဲ့တဲ့ ရုပ်ရှင်ကား များပါဘဲ .... မောင်နှမ များကတော့ အံသြမှာဘဲ ... ဖေဖေ နဲ့ အတူများ ရုပ်ရှင် ကြည့်ခဲ့တယ် ဆိုပြီးတော့ ...
တကယ်လည်း ကျနော့် ဖေဖေ ဟာ ပြောစမှတ် ပြုလောက်အောင် ရုပ်ရှင် မကြည့် ... ဝတ္ထု .. မဂ္ဂဇင်း မဖတ် ပါဘူး ... ဗွီဒီယိုခေတ်ကြမှ ... မြစ်ကြီးနား ကို ရထား နဲ့ သွားတော့ ရထားပေါ်မှာ ကျော်ဟိန်း လူပျိုကြီး လုပ်တဲ့ ဟာသ ကားကြည့်ပြီး တဟားဟား နဲ့ သဘောကျ သွားပြီး ကျော်ဟိန်း ကို စတွေ့ဘူးတာပါ ...
ကျနော် တို့ . အိမ်မှာ Times တို့ Newsweek တို့ Reader's digest တို့ ယူပါတယ် ... ဖတ် ပါတယ် (ဖေဖေ ပါ) .. (ကျနော် တို့ မောင်နှမ တွေ အတွက်တော့ အလယ် စာမျက်နှာ ဟာ ကြော်ငြာ ဆိုရင် စာအုပ်ဖုံးခွင့် ရှိပါတယ် ) ... ဒါကြောင့့်  အဲဒီ မဂ္ဂဇင်း တွေ ထဲမှာ ပါတဲ့ .. ကမ္ဘာကျော် စာရေးဆရာများ ရဲ့ စာအုပ်ကောင်းများ နဲ့ စာ တွေ အကြောင်းတော့ retold တွေ ဖတ်ပြီး ဖေဖေ သိ ပါတယ် .. စာအုပ် နာမည်များ နဲ့ တော့ ရင်းနှီး ပါတယ် ...
စာအုပ်နာမည် ဆိုလို့ တခုသတိ ရသွားတဲ့ အတွက် ကြော်ငြာ ၀င်ပါမယ် .. ကိုကိုးအိမ် Ko Koe Eain ထုတ်ဝေသူ လုပ်တဲ့ စာရေးဆရာ များနဲ့ စာရေးဆရာ မဟုတ်တဲ့ ကျနော် အပါအဝင် သုံးဆယ်တယောက် ရဲ့ စာများကို စုပေါင်းပြီး စကားဝါပွင့် တို့ ရဲ့ ဒိုင်ယာရီ ဆိုပြီး ဟိုတလောက စာအုပ်တအုပ် ထုတ်ပါတယ် ..
အဲဒီစာအုပ် ကို အစောပိုင်း က ကိုကိုးအိမ် က ပန်းစုံသီတဲ့ကြိုး ဆိုပြီး နံမည်ပေးပါတယ် ... ကျနော့် ကို တိုင်ပင်ပါတယ် .. ပန်းသီတဲ့ကြိုး ဆိုတာ ဆရာဝင်းဖေ ရဲ့ တကယ့် နံမည်ကြီး Classic ရုပ်ရုင်ကားကြီး နာမည် .. မတော်ဘူး ထင်တယ် ဆိုတော့ ...
ကျနော် တို့က ပန်းစုံ (ကလောင်စုံ) ပေါ့တဲ့ ... အင်း ဒီကလေးတော့ ကွာ .. ဆိုပြီး ဆရာသော်တာဆွေ ရဲ့ ဘွန္တောကြက်သူခိုး ဆိုတဲ့ စာအုပ် ဖတ်ဖူးလား.. ဆိုတော့ မဖတ်ဖူးဘူးတဲ့ ... အဲဒီထဲမှာ မကောင်းတဲ့ မိန်းမလေး နံမည်က ပန်းစုံ လေ ဆိုတော့ လည်း ဘာဖြစ်လည်း ဆရာမ ကလည်းတဲ့ ..
အင်း ဒီနာမည် နဲ့ ဆိုရင် စဉ်းစားရအုန်းမယ် လို့ ပြောလိုက်တယ် .. အဲဒီတုန်းက ညီမ အိန်ဂျယ်လှိုင် လည်း ရှိတယ် ထင်တယ် ... သူကလည်း နံမည်ပြောင်းဖို့ ကူ နားချ ပါတယ် .. ဒါနဲ့ နံမည်ပြောင်း ဖြစ်သွားပါတယ် .. စကားဝါပွင့် တို့ ရဲ့ ဒိုင်ယာရီ တဲ့ ... အဲဒီ နာမည်ပြောင်းတော့ ကျနော့် ကို ပြောသွားတယ်ဗျ ..
ဆရာမ ဒီနံမည်မျိုးရော ဆင်တူရှိလား တဲ့ .. ဆရာမ က ခေါင်းစဉ် တွေ သိလို့တဲ့ .. အင်း ဒုက္ခ ... ငါ ဖေဖေ ကို စ ခဲ့သမျှ ၀ဋ် လည်ပါပြီ ဆိုပြီးတော့ပေါ့ ... ပြောချင်တာက အဲဒီထဲ မှာ ကျနော့် ရဲ့ စာတပုဒ် ပါ ပါတယ် အီးမေးလ် မှား .. အဆုံး အပုဒ်မပါ .. တချို့ စာအုပ်မှာ စာမျက်နှာလိုက် ကျန်ခဲ့ပါတယ် .. မန္တလေး အတွက် စာအုပ်တွေကို တော့ တအုပ်ခြင်း စစ်ပြီးတော့ လိုတာ အကုန်ပြင်ပေးလိုက်ပါတယ် ..
ရန်ကုန်ဖြန့်တဲ့စာအုပ် တွေကတော့ ဒီတိုင်း အကုန်ပါသွားတော့မှာဖြစ်တဲ့ အတွက် .. ကျနော်လည်း စိတ်ပျက် လက်ပျက် ဖြစ်ပြီး ကြော်ငြာ မဝင်ခဲ့မိပါဘူး ... ပြောချင်တဲ့ အဓိက အကြောင်း ကတော့ အဲဒီစာအုပ် တအုပ်လုံး မှာ အကြိုက်ဆုံး တပုဒ် ပါ ပါတယ် .
မဟာမိုင်း Kogyimind Mind ရဲ့ ဇရာ ဆိုတဲ့ စာလေးပါ ... ဖတ်ကြည့်ကြပါ ... တော်တော် ကောင်း ပါတယ် ... ဘဝ ဆိုတာ နောက်ဆုံး တော့လည်း ဘာဆို ဘာမှ မဟုတ်တော့ ပါလား .. လူ့တန်ဖိုးဆိုတာ ဘာလည်း ဆိုတာ ကို ပို သဘောပေါက် သွား သလို ... မအို မနာ မသေ ခင်မှာ ဘာတွေ လုပ်သင့်သလည်း ဆိုတာ စဉ်းစား သွားစေ ပါ တယ်.. ကြုံရင်ဖတ်ကြည့် ကြပါ ... မနေည က တီချမ်း Addy Chen နဲ့ တွေ့လို့ စာအုပ် ဝယ်လိုက်တယ် လို့ ပြောတာနဲ့ ... သတိရသွားလို့ ပြောပြတာပါ ...
အစပြန်ကောက်ရရင် ..ကျနော် ငယ်ငယ် က ဖေဖေ ဟာ အင်္ဂလိပ် ရုပ်ရှင်ကားများ ကို တော်တော် ကြည့် ပါတယ် ... အဲဒီအချိန် က မန္တလေး မှာ အင်္ဂလိပ် ကားပြတာ မစိုးရိမ် နဲ့ ၀င်းလိုက် ပါဘဲ ... ကျနော် တို့ သားအဖ က မစိုးရိမ် မှာ ကြည့်တာ များ ပါတယ် .. ရုပ်ရှင် မကြည့်ခင် အိမ်က ကြိုထွက်ပါတယ်... ကျနော် က ဖေဖေ ရဲ့ ယောက်ကျားစီး ရလေးဘီးကြီး ရဲ့ ရှေ့ဘားတန်းလေး မှာထိုင်ပြီး လိုက်သွားနေကြပါ
အိမ်ကနေ ခုနှစ်ဆယ့်သုံးလမ်း တလျှောက် သွားရင်း .. စားချင်တာ တွေ့ရင် ၀ယ်ကျွေး ခိုင်း ပါတယ် ... ကျနော့် ဖေဖေ က အစား အသောက် နဲ့ ပတ်သက်ရင် သားသမီး ကို မကျွေးဖူး ဆိုတာ ဘယ်တော့မှ မရှိပါဘူး .. ချက်ခြင်း စက်ဘီးရပ်ပြီး ၀ယ်ကျွေးပါတယ် ... ဒါပေမဲ့ စက်ဘီး မထွက်ပါဘူး ... စားတဲ့ မုန့် ကုန်မှ ဆက်သွားပါတယ် ... လမ်းဘေး ပလက်ဖောင်း မှာ ပြောင်းဖူးပြုတ် ကြီး တဖူး ကုန်အောင် မနည်းတွယ် နေတဲ့ ကလေး တယောက် .. ရေခဲမုန့် ကတော့ ကြီး ... တခါတလေ အရေစက်လက် ကျနေတဲ့ ရေခဲချောင်းကြီး ကိုင်ပြီး ဟိုငေးဒီငေး လုပ်နေတဲ့ ကလေး တယောက် နဲ့ စက်ဘီး ဒေါက်ထောက်ပြီး စားသောက်ပြီး တာကို စိတ်ရှည် လက်ရှည် စောင့်နေတဲ့ အဖေ တယောက် ကို အခုတောင် လှမ်းမြင် လာသလို ပါဘဲ ...
လမ်း ရှစ်ဆယ် တလျှောက်မှာ မစိုးရိမ် ရုပ်ရှင်ရုံ ကို ကျော်သွားတော့ အရှေ့ဖက် ပလက်ဖောင်း မှာ စားပွဲ တွေ ခင်းပြီး ရောင်းနေ တဲ့ ကြေးအိုးဆိုင် ရှိပါတယ် ... ကြေးအိုး တပွဲ မှာ ပါတယ် ... လောဘ ကြီးသော ရွှေစင်ဦး က တပွဲ မှာတာ မကျေနပ် ပါဘူး .... ဖေဖေ နှစ်ပွဲ မှာပါ ဆိုတော့ သမီး တပွဲ ဘဲ အရင် ကုန်အောင် စားပါအုန်း ဆိုပြီးပြော ပါတယ် ...
တကယ်တော့ ကျနော် စားရတာ မဝ လို့ မဟုတ်ပါဘူး .. ဖေဖေ မစား ဘဲ နေတာကို ကြည့်ပြီးတော့ ပြောတာပါ ... နောက်တော့လည်း ဘယ်လောက်ဘဲ ကြိုက်ကြိုက် အဲလောက် ပုဂံ အကြီးကြီး နဲ့ အငွေ့ တထောင်းထောင်း ထနေတဲ့ ကြေးအိုး ပွဲကြီး ကို ကလေး လေး တယောက် က ဘယ်လောက် ထိ စားနိုင်မှာလည်း ... ကျနော် မစားနိုင်မှ ဖေဖေ ဘက်ကို ပို့လိုက်မှ ပိုတာ ကိုမှ ဖေဖေ က စား တာပါ ... သားအဖ နှစ်ယောက် အဲဒီလို စားသောက်ရင်း လည်း ရုပ်ရှင်ကား တွေ အများကြီး ကြည့်ဖူး ခဲ့ကြပါတယ် .. .. (ဆက်လက်ဖော်ပြပါမယ်)
လေးစားစွာဖြင့်
ရွှေစင်ဦး
.
Shwe Zin ငယ်ဘဝ တမ်းချင်းပေါ့ ချစ်ဖေဖေ အကြောင်းနဲ့ တွဲရက် Ko Koe Eain ရေ .. စာအုပ် ကြော်ငြာ လည်း ထဲ့ပေးထားတယ်နော် .. :)
Ko Koe Mhan Thar
Shwe Zin
Shwe Zin ချစ်ညီမ Seesein Shin ရေ လူ ဆိုတာ ကြီးလာလေ လောဘကြီးလေတဲ့ .. တရားမရှိ သူတွေ အတွက်ပါ .. အမကြီး က တော့ တရာရှိ .. အဲလေ တရားရှိပါတယ်ကွယ် ... :v
Seesein Shin
Seesein Shin ငြိမ်းချမ်းရေးနဲ့ ကြာဇံဟင်း လဲ ပြီးကထဲက မှတ်ထားတာ ....:P
Shwe Zin
Shwe Zin ဟုတ်ပ ကိ ရယ် .. အခု အချိန်ဆိုရင်တော့ ဘယ်ရတော့ မလည်း ...
Shwe Zin
Shwe Zin ချစ်ညီမ Seesein Shin ရေ .. ငြိမ်းချမ်းရေး နဲ့ ပေါ်ပေါ်ကြီးတွေ လဲ သွားတဲ့ သူတွေ နဲ့ မနှိုင်း နဲ့ကွယ် နာတယ် နာတယ် .. ကိုယ့်ရှိတဲ့ ကြာဇံဟင်း လေး နဲ့ လဲမိတာကို လူသိရှင်ကြား.. ဟင်း ဟင်း
Han Kyi
Han Kyi အငွေ့တထောင်းထောင်းထနေတဲ့ ကြေးအိုးပွဲကြီးပဲ မြင်ယောင်နေတယ်ဗျာ...စကားမစပ် လမ်း ၃၀ ပေါ်က ကြေးအိုးဆိုင် ရှိသေးလားမသိဘူး...အရင်ကတော့ ထန်းရိပ်ညိုက ကြေးအိုး အတော်စားလို့ကောင်းတာပဲဗျ...
Shwe Zin
Shwe Zin အခုမန်းလေး မှာ အကောင်းဆုံးကြေးအိုးဆိုင် တွေ့ထားတယ် ဆရHan Kyi ရေ နွေလာရင် လိုက်ကျွေးမယ် စိတ်ချ .. :)
Han Kyi
Han Kyi အာ ရပါတယ်ဗျ...ကျွန်တော် ဒကာခံပါ့မယ်...လောလောဆယ်တော့ လိပ်စာလေး လမ်းညွှန်ဗျာ...စိတ်ကူးနဲ့ သွားစားထားမလို့...း)
Hla Myint
Hla Myint blogger szOo is a math graduate from Mandalay University.
Shwe Zin
Shwe Zin ချစ်ချစ်ကြီး မေးလိုက်အုန်းမယ် ဟဲဟဲ .. ၆၂လမ်းဘက်ကနေသွားရတာဘဲ ... Queen တဲ့ ဗျ .. အဲဆိုင် ဘဲ လောလောဆယ်ဆယ် တော့မိုက်တယ် .. စိတ်ကူးနဲ့ သွားစားမယ် ဆိုလို့ ပြောရအုန်းမယ် .. ဝက်တကောင်လုံး စုံအောင် ထဲ့ တယ်ဗျ .. အခုနောက်ပိုင်း တွေမှာ ကြေးအိုးဆိုင်တွေ အဲလို မစုံတော့ဘူး ...
Han Kyi
Han Kyi အာ ကြေးအိုးကို လူချင်းတူအောင် မစားရတာ ဆယ်စုနှစ် တစ်နှစ်ကျော်ပြီဗျို့...သည်ကြားထဲမှာ သည်ဒေသကဆိုင်မှာ တစ်ခါလားပဲ စားကြည့်ဖူးတယ်...ညံ့ချက်ဗျာ...ငတ်နေတာကြာပြီဆိုတော့လည်း ဘာစားစား မြိန်မှာကတော့ သေချာတယ် မရွှေစင်ရေ့...အဲ ဒေါ် စည်းစိမ်ရဲ့ အချဉ်ပဒေသာကလွဲရင်ပေါ့ဗျာ...း)
David Swe Lwin
David Swe Lwin Gooood old daddy,bless him.
Shwe Zin
Shwe Zin ဆရာ Han Kyi ရေ မျှော်နေမယ်ဗျာ .. ပျော်ပျော်စားသောက်ကြတာပေါ့ :) စစ ရဲ့ အချဉ်တွေ ကတော့ ခေါက်ထားလိုက်ပါအုန်း :v
Han Kyi
Han Kyi အိုခေဗျာ... :D
Kyitha Lwin
Shwe Zin
Shwe Zin ဦး Nomoremf Dslေ၇ ကျေးဇူးပါ .. ဒါနဲ့ ဦးလွင် ပြတိုက်သတင်း ကို ပြောလိုက်ပါမယ်တဲ့ .. နဲနဲမျှော်လင့်ချက် ရှိလာသလိုဘဲ .. ကြေးရုပ်ကြီး တွေ အတွက်လေ :)
တုံးဖလား သူကြီးမင်း
တုံးဖလား သူကြီးမင်း အဖေချစ်တဲ့သမီးဆိုတော့လဲ အဖေ့မေတ္တာဘွဲ့တွေပေါ့လေ။ သူ့သမီးကို ချစ်လိုက်တာများ တော်တော်အလိုလိုက်သား။ အလိုလိုက်တယ်ဆိုပေမဲ့ အလိုက်တော့ မလိုပါဘူး။ အမရွှေစင်ကို လူတွေကို လိုက်မီအောင် စာပေပညာတွေ အများကြီး ပေးထားခဲ့တာဘဲ။ သူကြီးမင်းအဖေကတော့ သူကြီးမင်း ၇ နှစ်သားလော...See More
Black Roze
Black Roze အမ အပိုင်း4 စောင့်နေတယ်..
Shwe Zin
Shwe Zin ဟုတ်ကဲ့ သကြီးမင်း အမိန့်တော်အတိုင်းပါ Koko Maung ... :v
Shwe Zin
Shwe Zin ညီမ Black Roze ရေ .. ဆက်ရေးမယ်နော် ..
Shwe Zin
Shwe Zin Maung Maung ရေ ... ချစ်ချစ်ကြီး ဇာတ်လိုက်လုပ်ရေးတာတွေ ကို အများကြီး .. သူ က ကမ္ဘာကျော် ချစ်ချစ်ကြီး လေ .. အကုန်သိ ..
တုံးဖလား သူကြီးမင်း
တုံးဖလား သူကြီးမင်း ဒါနဲ့.. ဟို ရဲဘော်သုံးကျိပ် တစ်ယောက်ကော ပီဒီအက်ဖ်ဖိုင် မရှိဘူးလား။ ဟာ ဟ အချောင်ရမလားလို့။း)
Shwe Zin
Shwe Zin ဘယ် ရဲဘော်သုံးကျိပ်လည်း သကြီး သိဘူးဗျ
တုံးဖလား သူကြီးမင်း
တုံးဖလား သူကြီးမင်း ပန်းစုံသီတဲ့ကြိုးဆိုလား စကားဝါများရဲ့ ဒိုင်ယာရီဆိုလားဘဲ။ သုံးကျိပ်တစ်ယောက် ပေါင်းထားတာလားလို့။း)
Shwe Zin
Shwe Zin ဟားဟားးးးးးးးးးးးးးး မရှိဘူးဗျ .. အထူကြီး ကျနော် အလကားတင်ရင် ဟို ထုတ်ဝေသူ Ko Koe Eain က လာပြောလိမ့်မယ်ဗျ .. တင်ရဲဘူး
တုံးဖလား သူကြီးမင်း
တုံးဖလား သူကြီးမင်း တိဒယ် တိဒယ် အမရွှေစင် သက်သက်မဲ့ စဒါ... သူများစီးပွါးပျက်ကိန်းကြီးလေ။း)
Shwe Zin
Shwe Zin မန်းလေး လာလည်ရင် လက်ဆောင်ပေးပါမယ် ... ၀ယ်ပြီးတော့ သကြီးမင်း ကြွခဲပါ ... သကြီးမင်း ရဲ့ တက္ကသီလာ ကြီးက ပညာ မကုန်သေးဘူးလား ...
တုံးဖလား သူကြီးမင်း
တုံးဖလား သူကြီးမင်း သိန္နေ သိပ္ပံ သိန္နေ ဓနံ၊ သိန္နေ ပဗ္ဗတံ... ဆိုတဲ့ လောကနီတိအတိုင်း တောင်တက်ရင်လဲ ဖြေးဖြေးတက်၊ ဥစ္စာရှာရင်လဲ ဖြေးဖြေးရှာ၊ ပညာဆည်းပူးရင်လဲ ဖြည်းဖြည်းဆည်းပူး.. လို့ ဆိုတာလေးကို လိုက်နာနေတာ အမ။း)
Shwe Zin
Shwe Zin အမလေးဗျာ ကြာထာ .... ဆည်းပူးပါ .. ဆည်းပူးပါ .. မတတ်လို့ သင်တာဖြေးဖြေးပေါ့ .. :)
တုံးဖလား သူကြီးမင်း
တုံးဖလား သူကြီးမင်း ကျေးဇူးအမ။ ဘလော့ဂါတွေရဲ့ စာအုပ်တွေကိုတော့ ရန်ကုန်ရောက်မှ လိုက်စုမလား စဉ်းစားနေတယ်။ အခု စကားဝါ အပါအ၀င်ပေါ့....။
တုံးဖလား သူကြီးမင်း
တုံးဖလား သူကြီးမင်း ကြာဆို... ပျင်းကြောဆွဲနေတာ အမ။ တကယ်လုပ်ရင် တစ်ဝက်လောက်တော့ အသာလေး ပြီးနေပြီ။း)
Shwe Zin
Shwe Zin ဟုတ် သကြီးမင်း ပညာပြည့်စုံစွာနဲ့ အမြန်ဆုံး ပြန်လာနိုင်စေဖို့ ဆုတောင်းပေးနေပါတယ် ..
တုံးဖလား သူကြီးမင်း
တုံးဖလား သူကြီးမင်း ပေးတဲ့ဆုနဲ့ အမြန်ပြည့်ရပါလို၏။
Han Kyi
Han Kyi သူကြီးမင်းက ပညာစုံနေတာမှ ဟိုဘက်တောင်လွန်နေပါရောလား...ကြင်ယာစုံအောင်စောင့်ဦးမယ်လို့ အံကြီးကြိတ်ကြိတ်ပြီး ငှက်ပျောတုံးကြီး မျက်စောင်းချီနေရတာနဲ့ မောင်ကြီးမပြန်နိုင် ဖြစ်နေတာဗျို့...
Shwe Zin
Shwe Zin သွားမလုပ် နဲ့ ဆရာ Han Kyi ရေ ပြန်လာလို့ မျိုးစောင့်ဥပဒေ နဲ့ တိုးလို့ သမတဂျီး မလုပ် ရတဲ့ အပြင် ဂျေးအောင်း နေရလိမ့်မယ် .. ခစ်ခစ်
Ko Koe Mhan Thar
Ko Koe Mhan Thar မျိုးစောင့်ဥပဒေက ယောက်ျားလေးပါဘူးလေ..။ နောက်တစ်ခုက မျိုးစောင့်ဥပဒေက သမ္မတဖြစ်ခွင့်မပြုတာမဟုတ်ဘူး ဖွဲ့စည်းပုံပုဒ်မ (59) နဲ့ငြိမှ သမ္မတဖြစ်ခွင့်မရတာလေ ဆရာမ.. ခစ်ခစ်
Shwe Zin
Shwe Zin သကြီး က ပြောရတာမဟုတ်ဘူး .. အင်္ဂလန် က အဖြူမလေး ကို လက်စားခြေ တဲ့ အနေနဲ့ ဆွဲလာချင်လာမှာလေ ဟား ဟားးးးးးးးးးးးး ကြည့်ရတာတော့ သကြီး အပြင် ပိုဖြစ်ချင်ပုံ မရပါဘူး Ko Koe Eain
Ko Koe Mhan Thar
Khaing Thet Aye
Khaing Thet Aye အစ်မရေးတာဖတ်တော့ဆရာကြီးပုံကိုမျက်စိထဲမြင်လာပါတယ်ဆရာ့ကိုအမြဲလေးစားလျှက်ပါ
Tun Shwe
Tun Shwe good writing..like a professional writer..
Ko Ko Maung
Ko Ko Maung စိမ်ပြေနပြေ ရေးဗျာ..ဖတ်လို့ကောင်းတယ်..
Shwe Zin
Shwe Zin ညီမ Khaing Thet Aye ရေ ကျေးဇူးပါနော် :)
Shwe Zin
Shwe Zin ဆရာ Tun Shwe ရေ .. အများကြီး အများကြီး ကျေးဇူးတင်ပါတယ် .. ကိုယ် ပိုင်တယ်လို့ ထင်ရတဲ့ ကိုယ်ပိုင် ဘလောဂ်လေး ဖဘ ဟုမ်းလေး ထဲမှာ အယ်ဒီတာ မလိုဘဲ .. မိတ်ဆွေ တွေ အားပေးသံနဲ့ အားရှိပြီး ရေးနေတာပါ .. ဟား ဟားးးးးးးးး :)
Shwe Zin
Shwe Zin ကိုမိုင်း Kogyimind Mind ရေ ကျေးဇူးပါ .. ရေးစရာတွေ ကျန်ပါသေးတယ် .. ရေးပါမယ် :)
Ma Kyar Nyo
Ma Kyar Nyo တို ချစိညီမကြိးရဲ့ ကလောင်သွားကတော့..ထက်ပါပေ့။သွက်ပါပေ့ ။(စိန်စက် မြစက် နဲ့ မလဲနိုင်ပေါင်။)လရောင်ရဲ့ အရိပ်အောက်မှာ...အတိတ်ဒန်းယာဉ်ကြိးစိးလိုက်ရသလို....နိးရာ ဝေးရာ နိမ့် ရာ မြင့် ရာ..ဟုတ်ခနဲု မြင့်တက်.မိုက်ခနဲ စိုကိကျ...။လှုတ်နေတဲ့ စိတ်ကို..င်ြမ်နေတဲ့ကိုယ်ခန္တာပေါ် မ တင်ပြပြိး...(အဖေ့ ရဲ့ ချစ်မေတ္တာ) အာကာကိုလွှာပုံပြု မေယုကိုတဲ့စုတ်တံချီ.....ဘယ်ပန်ချီရေးလို့  မမှီတာကြိးကို...ချစ်ညီမကြိးမ Shwe Zin တို့ ကတော့  (မြေလျှိုး မိုးပျံ )ပြနေသလိုပါဘဲနော်။
Saw Ohnmar Han
Saw Ohnmar Han miss my childhood life with my dad! ama, plz write more. Whatever you write i love to read!
Shwe Zin
Shwe Zin လွမ်းထာ စာရေးခဲ့ တာလေးတွေ
8 mins · Unlike · 2
Addy Chen
Addy Chen မွေးစား ဖေဖေ့ ကိုတောင် သတိရသွားတယ် မဆီ မဆိုင် မန်းလေးက မုန့်တွေ ကိုလဲ သတိရတယ် ဒေါ်တော လဲ သတိရတယ်
Hla Myint
Hla Myint blogger shwe zin Oo's literary talent is rooted in her reading of 'burma star, shwe thawe & many cartoons !