Sunday, October 20, 2013

"Learning the negotiated settlement"


Mandalay-university-family-2006

sharing from akbar tin win.
Extracts from ASSK speech.

"Learning the negotiated settlement"
“Flexibility is not a weakness and rigidity is not a strength”
"Let us never negotiate out of fear".
"But let us never fear to negotiate". John F. Kennedy.
“To agree to disagree” (သဘောမတူမှုကို သဘောတူခြင်း)
Zero sum theory လို့ ခေါ်တဲ့ “သုံညကြွင်း နိယာမ” မိမိ(သို့)မိမိအဖွဲ့အစည်းရဲ့ အကျိုးစီးပွားဟာ မိမိ(သို့)မိမိနှင့် ဆန့်ကျင်ဘက် အဖွဲ့အစည်းရဲ့ အကျိုးစီးပွားနှင့် အခါခပ်သိမ်း ဆန့်ကျင်နေတယ်”ဆိုတဲ့ အမြင်ကျဉ်းစဉ်စားနည်းထဲက ထွက်နိုင်ဖို့ပြီး “မိမိ(သို့) မိမိအဖွဲ့အစည်းရဲ့ အကျိုးစီးပွားဟာ မိမိ(သို့)မိမိနှင့်ဆန့်ကျင်ဘက်အဖွဲ့အစည်းရဲ့ အကျိုးစီးပွားနှင့် အခါခပ်သိမ်း ဆန့်ကျင် မနေပါဘူး”
Non-Zero sum theory ဆိုတာကို ကောင်းကောင်းနားလည်ဖို့ က သော့ချက် အကျဆုံးပဲလို့ ပြောနေကြပါတယ်။

“တွေ့ဆုံဆွေးနွေး အဖြေရှာမှုကို လေ့လာခြင်း”
by Tin Win Akbar on Sunday, October 2, 2011 at 9:01pm •
“တွေ့ဆုံဆွေးနွေး အဖြေရှာမှုကို လေ့လာခြင်း”
အပိုင်း(၁)
"Learning the negotiated settlement"
Part (1)
“တွေ့ဆုံဆွေးနွေးပြီး အဖြေရှာတာဟာ စစ်အစိုးရအနိုင်ရဖို့လည်းမဟုတ်လို၊ ကျွန်မတို့ အနိုင်ရဖို့လည်း မဟုတ်ပါဘူး။ ပြည်သူတွေ အနိုင်ရဖို့သာဖြစ်ပါတယ်” (မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်- ၁၉၉၄ခုနှစ်က အမေရိကန် ကွန်ဂရက်အမတ် Bill Richardson တွေ့ဆုံအပြီး ပြောဆိုချက်)။
"Let us never negotiate out of fear". "But let us never fear to negotiate". John F. Kennedy.
“ကြောက်နေလို့(အကြောက်တရားကြောင့်)တော့ ဘယ်တော့မှ တွေ့ဆုံဆွေးနွေးခြင်း အမှုကိုမပြုလေနှင့်။ တွေ့ဆုံ ဆွေးနွေး ရမှာကိုသာ ဘယ်တော့မှ မကြောက်ကြနှင့်” အမေရိကန် သမ္မတ ဟောင်း ဂျွန်အဲ(ဖ်)ကနေဒီ။
“တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း”ကို နားလည်ခံယူနိုင်ဖို့ဆိုရင် ဒီမိုကရေစီစိတ်ဓါတ်၊ ဒီမိုကရေစီအတွေးအခေါ် အလေ့အကျင့်ရှိဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။ အာဏာရှင်ဝါဒ၊ အစွန်းရောက်ဝါဒ၊ အပြောင်းအလဲကို မလိုလားတဲ့၊ အတွေးအခ်ါသစ်ကို နေရာမပေးတဲ့ တရားသေ၀ါဒ တွေရဲ့ အငွေ့အသက်တွေဖြစ်တဲ့ အစွဲအလန်းဟောင်း အယူအဆဟောင်း တွေကို တော်လှန်ပြောင်းလဲ ပစ်ပြီး၊ မှားယွင်းနေတဲ့၊ ခေတ်မမှီတော့တဲ့ အတွေးအခေါ်ဟောင်းတွေကို စွန့်လွှတ်ပစ်နိုင်ရမှ သဘောပေါက်၊ ပိုက်ထွေးနိုင်မယ်လို့ ဆိုနေကြပါတယ်။ မိရိုးဖလာ ဘောင်ကန့် စဉ်းစားနည်းကို ကျော်လွန်ပြီး “Critical thinking” (အကန့်အသတ်၊ ဘောင်ကျော် စဉ်းစားနည်း)၊ “Creative thinking”(အစွဲအလန်းကင်းပြီး ဓမ္မဓိဌာန်ကျကျ စဉ်းစားနည်း)တွေကို အခြေခံပြီး စဉ်းစားဆင်ခြင်နိုင်ခြင်းမရှိပဲ၊ “To agree to disagree” (သဘောမတူမှုကို သဘောတူခြင်း) ဆိုတဲ့ လစ်ဘရယ်လ် သဘောထားကို မမွေးယူနိုင်ပဲနှင့်တော့ နားလည်လက်ခံဖို့ မလွယ်ဘူးလို့ သတိပေးကြပါတယ်။ Zero sum theory လို့ ခေါ်တဲ့ “သုံညကြွင်း နိယာမ” မိမိ(သို့)မိမိအဖွဲ့အစည်းရဲ့ အကျိုးစီးပွားဟာ မိမိ(သို့)မိမိနှင့် ဆန့်ကျင်ဘက် အဖွဲ့အစည်းရဲ့ အကျိုးစီးပွားနှင့် အခါခပ်သိမ်း ဆန့်ကျင်နေတယ်”ဆိုတဲ့ အမြင်ကျဉ်းစဉ်စားနည်းထဲက ထွက်နိုင်ဖို့ပြီး “မိမိ(သို့) မိမိအဖွဲ့အစည်းရဲ့ အကျိုးစီးပွားဟာ မိမိ(သို့)မိမိနှင့်ဆန့်ကျင်ဘက်အဖွဲ့အစည်းရဲ့ အကျိုးစီးပွားနှင့် အခါခပ်သိမ်း ဆန့်ကျင် မနေပါဘူး” Non-Zero sum theory ဆိုတာကို ကောင်းကောင်းနားလည်ဖို့ က သော့ချက် အကျဆုံးပဲလို့ ပြောနေကြပါတယ်။ ဒါတွေနှင့် တချိန်တည်းမှာ “မူ”အပေါ်မှာရပ်ပြီး။ “မူ”အရ ဆုံးဖြတ်လုပ်ကိုင်တတ်ဖို့ကလည်း မလွဲမသွေ လိုအပ်ကြောင်း ဖြည့်စွက်ပြောဆိုကြပါတယ်။
ဒါကြောင့်လည်း ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအရေးရဲ့ သော့ချက်ဟာ စိတ်ဓါတ်တော်လှန်ရေးဖြစ်တယ်၊ စိတ်ဓါတ်နှင့်စဉ်းစားနည်းပြောင်းဖို့လိုတယ်လို့ ဟိုးအစောကြီး ၁၉၈၈ခုနှစ် ကတည်းက စိုက်လိုက်မတ်တတ် ပြောဆိုသတိပေးလာတာ ဒီကနေ့အထိပါပဲ။
ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့တဲ့ ၂၀၁၁၊ စက်တင်ဘာလ(၁၅)ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ အခုလိုပြောခဲ့တာကို ပြန်ပြီးတင်ပြပါရစေ။
“ကျမတို့ရဲ့ ဒီမိုကရေစီတော်လှန်ရေးဆိုတာ တကယ်တော့ စိတ်ဓာတ်တော်လှန်ရေးပဲ ဖြစ်တယ်။ ဒီမိုကရေစီ ခိုင်မာအောင် လုပ်ဖို့ဆိုလို့ရှိရင် ကိုယ့်စိတ်တွေက တကယ့်ကို ဒီမိုကရေစီနဲ့ ဆီလျော်တဲ့စိတ်တွေ ဖြစ်ရမယ်။ ဒီမိုကရေစီနဲ့ဆီလျော်တဲ့ စိတ်ဓာတ်တွေကို ကျမတို့မွေးမြူရမယ်။ ကျမတို့ပါးစပ်ကနေပြီးတော့ ဘယ်လိုပဲပြောနေပြောနေ စိတ်ကနေ ပြီးတော့ မပါလို့ ရှိရင် ကျမတို့ အောင်မြင်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ကျမတို့ စိတ်ဓာတ်တော်လှန်ရေးဆိုတာ စိတ်ကိုပြောင်းလဲ ခြင်းပဲ။ တော်လှန်ရေးဆိုတာဟာ အခြေအနေတခုကို သိသိသာသာ တခါတည်း ပြောင်းလဲပစ်လိုက်တာ ပဲ။ ထင်သာမြင်သာဖြစ်အောင်လို့ အပြောင်းအလဲ အကြီးကြီး ဖြစ်အောင်လို့ လုပ်လိုက်တာပဲ။”
“ကျမတို့ ဒီမိုကရေစီ ရချင်တယ်ဆိုရင်၊ ဒီမိုကရေစီ ခိုင်မြဲချင်တယ်ဆိုရင် ကျမတို့ရဲ့စိတ်တွေကို ဒီမိုကရေစီနဲ့ထိုက်တန်အောင်လို့ လုပ်ရမယ်။ ဒီမိုကရေစီနဲ့ မသင့်လျော်တဲ့ စိတ်တွေ၊ ဒီမိုကရေစီနဲ့ မသင့်လျော်တဲ့ အမြင့်တွေကို ကျမတို့ ကပြောင်းကပြန်ကို ဖြစ်အောင်လုပ်ပြီးတော့ ပြန်လှန်ပြီးတော့ တော်လှန်ပစ်လိုက်ရမယ်။ တော်လှန်ပြီးတော့မှ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ စိတ်ဓာတ်တွေကို ကျမတို့ မွေးမြူရမယ်။”
“မူ”အပေါ်မားမားမတ်မတ်ရပ်ဖို၊့ အပြောင်းအလဲကို လက်ခံပြီး ပျော့ပြောင်းမှုရှိဖို့ အရေးကြီးပုံနှင့် တရာသေ ဆုပ်ကိုင်ထားမှုမှားယွင်းကြောင်းကိုလည်း အဖွဲ့ချုပ် ထူထောင်ခြင်း ၂၃ နှစ်ပြည့်အထိမ်းအမှတ်နေ့က အခုလို ပြောပါသေးတယ်။
“အချိန်ကာလတွေအတွက် အကြောင်းတရားအားဖြစ် အတိတ်ရယ်၊ ပစ္စုပ္ပန်ရယ်၊ နောင်လာမယ့် အနာဂတ်ရယ် ဆိုပြီးရှိတယ်။ အဲတော့ ကျမတို့ အခု ပစ္စုပ္ပန်မှာ ရောက်နေတဲ့အခါမှာ အတိတ်ကို မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့နဲ့ ပြန်ပြီးကြည့်နိုင်ရမယ်။ အတိတ်ရဲ့ အဖြစ်အပျက်တွေကို သင်ခန်းစာယူရမယ်။ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် အကျိုးရှိအောင်၊ တချိန်တည်းမှာပဲ ကျမတို့က အတိတ်ရဲ့ ချုပ်နှောင်မှုကို မခံရအောင် နေနိုင်ရမယ်။ ဒါမှလည်း ကျမတို့ဟာ ပစ္စုပ္ပန်မှာ မှန်မှန်ကန်ကန်နဲ့ ဆက်ပြီးသွားနိုင်မှာ ဖြစ်ပါတယ်။
……………….အနာဂတ်ကို ရင်ဆိုင်ရဲတဲ့သတ္တိဆိုတာ ပစ္စုပ္ပန်နဲ့ အတိတ်ကို ရဲရဲဝံ့ဝံ့ ညှိနှိုင်းမှ ဖြစ်ပေါ်လာမှာပါ။ အတိတ်နဲ့ ပစ္စုပ္ပန်ကို ရဲရဲဝံ့ဝံ့ မညှိနှိုင်းတဲ့လူတွေက အနာဂတ်ကို သတ္တိနဲ့ ရင်ဆိုင်နိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ ကျမတို့ဟာ တလျှောက်လုံး သတ္တိကို လိုအပ်ခဲ့တဲ့သူတွေဖြစ်ပါတယ်။
……… အဖွဲ့ချုပ်က ကနဦးကတည်းက တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာမယ်။ အကြမ်းမဖက်တဲ့ လမ်းစဉ်ကို သွားမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ဒါတွေက မူတွေပါပဲ။ မူပေါ်မှာ ကျမတို့က မားမားမတ်မတ် ရပ်တည်မယ်။ ဒီမူပေါ်မှာ ရပ်တည်ပြီး ကျမတို့က ပြောင်းသာပြင်သာ ရှိတဲ့အနေအထားမှာ အမြဲကျမတို့ နေသွားမှာဖြစ်ပါတယ်။ ဒီလိုဒီအတိုင်း ဘယ်တော့မှ မပြောင်းမလဲ လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ကျမတို့မထားပါဘူး။ ကမ္ဘာကြီးက ပြောင်းလဲနေတယ်။ အချိန်ကာလက ပြောင်းလဲနေတယ်။ တရားအရ ပြောရမယ်ဆိုရင် အနိစ္စတရားဆိုတာ အမြဲရှိနေတယ်။ ဒီလိုပြောင်းလဲနေတဲ့ လောကကြီးမှာ ကျမတို့ မပြောင်းမလဲ သွားမယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း ကျမတို့က မူတော့ရှိရမယ်။ မူတွေပေါ်မှာ ရပ်တည်ပြီးတော့ တရားမှာလည်း တရားဆိုတာရှိတာပဲ ဒီတရားပေါ်မှာ ရပ်တည်ပြီးတော့ အနိစ္စကို လက်ခံရသလို ကျမတို့က ကျမတို့ရဲ့ မူတွေပေါ်မှာ ဒီမိုကရေစီ ရရှိရေးအတွက် ကျမတို့ ကိုင်ဆုပ်ထားတဲ့မူတွေပေါ်မှာ ရပ်နေပြီးတော့ ပျော့ပျော့ပျောင်းပျောင်းနဲ့ ဆက်လုပ်သွားမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၈၈ခုနှစ်နှောင်းပိုင်းက ပြောဆိုခဲ့တဲ့ အောက်ပါ စကားလုံးတွေဟာလည်း မှတ်သား စရာကောင်းလှပါတယ်။
“Flexibility is not a weakness and rigidity is not a strength” (အပေးအယူ အလျှော့ အတင်း လုပ်ခြင်းဟာ အားနည်းပျော့ညံ့မှု မဟုတ်သလို အပေးအယူအလျှော့အတင်းမလုပ်ပဲ ခေါင်းမာ၊ သဘောထား တင်းခြင်း ဟာလည်း အားကြီးမှု၊ သတ္တိကောင်းမှု မဟုတ်ပါဘူး။ (တကယ်တော့ ခေါင်းမာ၊ သဘောထားတင်းသူ ဟာ ကြောက်ရွံ့မှုအောက်ကျရောက်နေလို့ပဲတဲ့)

No comments: