32 mins ·
ဆယ်တန်းကျောင်းသားတွေ စာမေးပွဲဖြေချိန်ဆိုတော့ ကံချွန်ရဲ့"ခေတ်ကျောင်းသား"ဆိုတဲ့ လုံးချင်းဝတ္ထုတပုဒ်ကို သတိရမိတယ်။ ဆယ်တန်းကို တဘုံးဘုံးကျပြီး ကျူရှင်တက်ရင်း အပြင်ကနေ ဖြေဆိုနေကြတဲ့ ကျောင်းသားတွေ ဘဝကို ရေးဖွဲ့ထားတာ။ ကျူရှင်ဆရာတွေရဲ့ သဘာဝ၊ ကျောင်းသားတွေရဲ့ဓလေ့စရိုက် ပီပြင်တယ်။
ဇာတ်ဝင်ခန်းတခုမှာ ဇာတ်ကောင်ဆယ်တန်းကျောင်းသားက လက်ဖက်ရည်ဆိုင်သွားဖို့ သူ့သူငယ်ချင်းအိမ်ဆီ ထွက်လာတယ်။ အိမ်နားနီးလာတော့ အိမ်အပေါ်ထပ်မှာ ဟိုကောင် ရေနံမြေသပိတ်အကြောင်း အော်ကျက်နေသံ ကြားရတယ်။ အော်ကျက်ရင်း တနေရာရောက်တော့ "သခင်... သခင်... သခင်... သခင်..." ဆိုပြီး ထစ်နေတယ်။ အဲ့ဒီမှာ အိမ်အောက်ထပ်မှာ စက်ဘီးပြင်နေတဲ့ သူ့အဖေ ဦးတိုးက "ဘိုးလှကြီး" ဆိုပြီး ကြုံးအော်လိုက်သတဲ့။
ပြီးတော့ပြောသေးသတဲ့။ "မင်းသူငယ်ချင်း အဲ့ဒီရေနံမြေသပိတ်ကို ကျက်လာတာ လေးနှစ်လောက် ရှိပြီ။ အခုထိအလွတ်မရသေးဘူး။ ဘေးပတ်လည်အိမ်တွေက ကလေးတွေတောင် သူ့စာကျက်သံနားထောင်ပြီး ဆယ်တန်းကို တယောက်ပြီးတယောက် အောင်ကုန်ကြပြီ" တဲ့။
ကံချွန်ဝတ္ထုကို ကျနော်မှတ်မိသလောက် ပြန်ရေးပြတာပါ။ ကျနော် ဆယ်တန်းတုန်းက အင်းစိန်၊ မင်းကြီးလမ်းက ဆရာဦးတင့်စိန်ဖူးကျူရှင်နဲ့ ဆရာဦးစံသိန်းကျူရှင်တွေ တက်ခဲ့တာ ပြန်ပြောင်းသတိရမိပါတယ်။ ဆရာတွေ တော်ကြပါတယ်။ အထူးသဖြင့် ဆရာဦးတင့်စိန်ဖူးဟာ အသင်အပြလည်းကောင်း၊ စေတနာလည်းကောင်း၊ ရယ်စရာလည်းပြောတတ်တဲ့ ဆရာတယောက်ပါ။ အဲ့သည်တုန်းက ညဦးပိုင်းကျူရှင်ချိန်တွေဟာ ပျော်စရာကာလများပါ။
9You, Nyan Gyi, Soe Nilar Aung and 6 others
Like
Comment
Share
Aung Naing Moe
2 hrs ·
ရွှေချထားသင့်သော
===========
- အမွေစုဟာ အဘတွေ ချမှတ်ခဲ့တဲ့ လမ်းပြမြေပုံ ၇ ချက်ကို ပြီးမြောက်အောင် အိမ်ဝင်ဖြည့်ပေးခဲ့တယ်။
- အမွေစုဟာ အဘတွေ ရေးဆွဲအတည်ပြုခဲ့တဲ့ ၂၀၀၈ ခြေဥကို ကာကွယ်စောင့်ရှောက်ပါမည်လို့လည်း ကျမ်းသစ္စာကျိန်ဆိုခဲ့တယ်။
- အမွေစုဟာ အဘတွေနဲ့ ရင်ကြားစေ့ဖို့ကိုလည်း အချိန်ရှိသမျှ လူသိရှင်ကြား တွင်တွင်ပြောကြားတယ်။
- အမွေစုဟာ အဘတွေကို သူမရဲ့အစိုးရအဖွဲ့ထဲမှာ နေရာတွေပေးတယ်။
- အမွေစုဟာ အဘတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံပြီး ဘာပြောခဲ့ကြသလဲဆိုတာကို မြုံထားတယ်။
- အမွေစုဟာ အဘတွေနဲ့ခရိုနီတွေအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တယ်။
အဲ့သလို လုပ်ရပ်တွေအတွက် အမွေစုကို ဝေဖန်တဲ့အခါ အမွေစုထောက်ခံသူတွေက ဝေဖန်သူကို အဘဘောမလို့ တံဆိပ်ကပ်ကြတယ်။ အနှီ အမွေစုထောက်ခံသူတွေဟာ ရွှေချထားရမယ့် ဦးနှောက်ပိုင်ရှင်တွေဖြစ်တယ်။
No comments:
Post a Comment