Friday, November 20, 2020
မဲရွေးပွဲ ညစ်နည်း ၁ ၁၉၆၂ အာဏာသိမ်းပြီး၁၂နှစ်ဝှေ့လည် ခြောင်ပါတ်လုပ်ပြီး ၁၉၇၄ ဖွဲ့စည်းပုံ ပြည်သူ့ဆန္ဒ ခံယူပွဲ
Kyaw Thein Mcc
NuomnvtnlniimaSmempbeohnnsfor 1n2 at g2r:2fi3ei dlPgreM ·
မဲရွေးပွဲ ညစ်နည်း ၁
၁၉၆၂ အာဏာသိမ်းပြီး၁၂နှစ်ဝှေ့လည်
ခြောင်ပါတ်လုပ်ပြီး
၁၉၇၄ ဖွဲ့စည်းပုံ ပြည်သူ့ဆန္ဒ ခံယူပွဲ
မဲပေးကြတဲ့နေရာမှာ မိမိဆန္ဒအစစ်အမှန်ဖေါ်ထုတ်ခွင့်ရကြဖို့လိုပါတယ်
သေနတ်ခါးချိတ်ထားမှတော့ ဘယ်သူမကြောက်နေမှာလဲ
ကြောက်ခဲ့ပါတယ်
ကြောက်ပါတယ်
နောင်လဲေကြာက်နေမှာပါ
မကြောက်မရွံ့မဲပေးမှအမှန်အတိုင်းရမှာပေါ့
ဖဆပလခေတ်က အနဲဆုံးရပ်ကွက်၄ခု၅ခုမှာမဲရုံတရုံပါ
အခုတော့အိမ်ထောင်၁၀ခုမှာမဲတပုံး
ကျွန်တော်တို့မန္တလေးပြောပြောရရင်တပြထဲမှာမဲရုံ၂ရုံပါ
ထောက်ခံရင်အဖြူပုံး
ကန့်ကွက်ရင်အမဲပုံး
မဲပြားကကဒ်ပြား
ညစ်နည်း၁ကလို့ခေါ်ခြင်ခေါ်ပါ
ညစ်နည်း၁ခ ကမဲထည့်ရတဲ့အခန်းအလယ်မှာအဖြူပုံးအမဲပုံးကအဝေးဆုံးမှာ
အပြင်ကနေခြေသံနားထောင်ပါတယ်
ညစ်နည်း၁ဂ အမဲပုံးထဲကိုမဲပြားထည့်ရင်မဝင်နိုင်အောင်ဆို့ထားပါတယ်
ဘာလို့သိတာလဲဆိုတော့အမဲပုံးထဲကိုကိုယ်တိုင်ထည့်ခဲ့လို့သိတာပါ
ဇွတိထိုးထည့်မှဝင်သွားပါတယ်
ညစ်နည်း၁ဃ အမဲပုန်းထဲမှမဲပြားများကိုမဲရုံပိတ်သည့်အခါအဖြူပုံးထဲ
ကိုလက်ပါးစေများကပြောင်းထည့်ပါတယ်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတခုသာရှိသဖြင့်အတိုက်အခံပြောရဲသူမရှိပါ
Security and administrative council SAC ဖွဲ့အုပ်ချုပ်ခဲ့တဲ့စနစ်မှာ
ရလက ရပ်ကွက်လုံခြုံရေးနဲ့အုပ်ချုပ်မှုကော်မတီရုံးမှာခိုကပ်စားကြတဲ့လက်ကိုင်ဒုတ်များလက်ပါးစေများကသာမဲရုံကိုဦးစီးတာပါ
ဆရာကြီးဒေါက်တာသန်းထွန်းမိန့်ခဲ့သလိုသမိုင်းဆိုတာမအ အောင်သင်တာ
ဆိုတဲ့အတိုင်းသမိုင်းကိုတင်ပြတာပါ
အဲဒီခေတ်က DSA ကဗိုလ်လောင်းများအမဲပုံးထဲထည့်ခဲ့ကြပါတယ်
လေးစားပါတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment