Showing posts with label်food for thought.. Show all posts
Showing posts with label်food for thought.. Show all posts

Monday, July 25, 2011

i love this poet very much /အနန္တသူရိယ အမတ်၏ မျက်ဖြေလင်္ကာ

Hla Myint

dear ko hton phane,
အနန္တသူရိယ အမတ်၏ မျက်ဖြေလင်္ကာ အရက် မူး ပြီ့း ရေ တာလား ?
i love this poet very much although he sounded "feudalistic outlook";
is he a member of ur group "alcoholics without borders";
"နယ်စည်းမခြားအရက်သမားများ" အဖွဲ.၀င်လား?

အနန္တသူရိယ အမတ်၏ မျက်ဖြေလင်္ကာ

သူတည်း တစ်ယောက်၊ ကောင်းဘို့ရောက်မူ သူတစ်ယောက်မှာ၊
ပျက်လင့်ကာသာ ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကျငှန်းလည်းခံ မတ်ပေါင်းရန်လျှက်၊ စည်းစိမ်မကွာ မင်းချမ်းသာကား၊ သမုဒ္ဒရာ ရေမျက်နှာထက်၊ ခဏတက်သည့် ရေပွပ်ပမာ၊ တစ်သက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ် ယခုလွတ်လည်း၊ မလွတ်ကြမ္မာ လူတစ်ကာတို့၊ ခန္ဓာခိုင်ကျည် မတည်မမြဲ၊ ဖောက်လွဲတတ်သည် မချွတ်စသာ၊ သတ္တ၀ါတည်း။
ရှစ်ခိုးကော်ရော်၊ ပူဇော်အကျွန် ပန်ခဲ့တုံ၏၊
ခိုက်ကြုံဝိဘက် သံသာစက်နိုက်၊ ကြိုက်လတ်တုံမှု တုန့်မယူလို၊ ချစ်ဘိစင်စစ် သခင်မွန်ကို၊ အပြစ်မဲ့ရေး ခွင့်လျှင်ပေး၏၊ သွေးသည် နိစ္စာ ငါ့ခန္ဓာတည်း။
By: Hton Phane