Showing posts with label Creating reign of terror ?. Show all posts
Showing posts with label Creating reign of terror ?. Show all posts

Thursday, October 3, 2013

ဗုဒ္ဓလမ်းစဉ်မှ အစွန်းထွက်လာသော အကြောက်တရား အရှင်သခင် ဖြစ်ချင်သူများလား?


nyeinchansarpay.blogspot.com shared Maha Mingyi's photo.
2 hours ago
ပါးစပ်က ဘုရား လက်ကားယား
သို့မဟုတ်
ဗုဒ္ဓလမ်းစဉ်မှ အစွန်းထွက်လာသော အကြောက်တရား အရှင်သခင် ဖြစ်ချင်သူများလား?

ကျနော်တို့ တိုင်းပြည်အား နိုင်ငံတကာ စတေးတပ်အရ ထေရ၀ါရ ဗုဒ္ဓဘာသာအား ၉၀ ရာနုန်းကျော် ကိုးကွယ်ကြသော တိုင်းပြည်ဟု ဆိုလေသည်မှာ လွတ်လပ်ရေးမရခင်နှင့် လွတ်လပ်ရေး ရပြီးထိတိုင်ပင် ရှိနေခဲ့သည်။
ဗုဒ္ဓ၏ အလယ်လတ်လမ်းစဉ် အား ဆရာတော်များစွာမှ ဟောကြားထားပြီးခဲ့လေပြီ ၊ သို့သော် တဖက်နားမှဝင် အခြားတဖက်နားမှ ထွက်သွားကြလေသည်ဟုမြင်ပါသည်။
ယခုတွင် စာရေးသူမှ ထိုအလယ်လမ်းစဉ်အား မိမိဖတ်ရှု့မိသော စာအုပ်မှ ဒသနပညာရှင် ဘဂါဝရန် ရှာရီး၏ ဗုဒ္ဓထံမေးခွန်းတင်သော ဖီလော်ဆော်ဖီ ပညာရှိတဦးအကြောင်း တင်ပြလိုပါသည်။ ၄င်းစာစဉ်အား တင်ပြထားသော ဘဂါဝရန်ရှာရီး၏ NO WATER NO MOON စာအုပ်မှ အကျဉ်းရုံးကောက်နုတ်တင်ပြနိုင်းယှဉ်ထားပါသည်။
ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကာလတွင် အန္ဒိယပြည်တွင် ကျော်စောတိက္ကမ ရှိသော ပညာရှင်တဦးရှိလေသည်။ ထိုပညာရှင်သည် အစွန်းနှစ်ဖက်ဖြစ်သော လက်ဝဲ လက်ယာ အတွေးခေါ် အယူဆဗေဒတွင် အထူးကျွမ်းကျင်သည်ဟု ဆို၏။ သို့သော် ထိုပညာရှင်ကြီးအဖို့မှာမူ ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူလာပြီးနောက် ဂုဏ်သတင်းကျော်ကြားမှု့အား သိရကာ ၄င်းအနေဖြင့် ဘုရားရှင်အား လက်ဝဲ လက်ယာအပြင် အခြားခိုင်မာသော လမ်းစဉ်ဗေဒ တခုခုများရှိနေသလား?ဆိုသော အကြောင်းတရားအား မေးမြန်ရန်ဆုံးဖြတ်ပြီး ဗုဒ္ဓမြတ်စွာဘုရားသီတင်းသုံးတော်မူသော ဇေတ၀န် ကျောင်းတော်သို့ သွားလေသည်။
ဇေတ၀န်ကျောင်းတော်သို့ရောက်လေသောအခါ ..ဗုဒ္ဓမြတ်စွာဘုရား၏ အပါးတော်ဝယ် ညီတော် အာနန္ဒာ မှ အနီးကပ်ဝတ်ပြုလျက်ရှိနေပြီး အတွေးခေါ်ပညာရှင်ကြီးမှ ဗုဒ္ဓအား လျောက်ထားမေးမြန်းရန် ခရီးရောက်မဆိုက်ပင် ဗုဒ္ဓထံသို့ တန်းဝင်လေသည်။ ဗုဒ္ဓဘုရားမှလည်း ထိုသို့ တူရှူးတန်းဝင်လာသော သူစိမ်းအားကြည့်ကာ တခုခု မေးမြန်ရန် သိလိုဟန်၇ှိကြောင်း ရိပ်မိလေ၏။
အတွေးခေါ်ပညာရှင်ကြီးမှ ဗုဒ္ဓရှေ့သို့ ရောက်သည်နှင့်ပင် ၄င်းမေးလိုသော မေးခွန်းအား မေးတော့သည် “ အရှင်ဂေါတမ..အသင်သည် ..အသင်၏ ပညာအတွေးခေါ်က ကျွန်ုပ်ထက်ပင်ကျော်ကြားလေသည်။ သင်သည်. ကျွန်ုပ်တို့သိပြီးဖြစ်သော..အရာများအားလုံးတို့ကိုလည်..သိပြီးဖြစ်သူဟုသိရသည်။ ထို့အပြင် ကျွန်ုပ်တို့မသိသေးသော အတွေးခေါ် အယူဆများကိုလည် သင်က သိမြင်ထားသူလည်းဖြစ်သည်ဟု ကြားရ၏။ ထိုကြောင့် အသင်သည် မည်သည့်ပညာရှိများမှ အသေးစိတ်ရှု့မြင် ခွဲခြား ကျင့်သုံးထားခြင်းမရှိသော မဇ္ဇျိမ ပဋိပဋာ လမ်းစဉ်ဟု ဆိုသော အလယ် လမ်းစဉ် အသစ်ဆက်ဆက်အား ဟောကြားကာ များပြားလှသော ရဟန်းရှင် မင်းစိုးရာဇာတို့နှင့် တိုင်းတိုင်းပြည်ပြည်မှ ပြည်သူသိန်းသန်းများစွာတို့က သင်အား ၀မ်တွားခယလေကုန်၏…ထိုအကြောင်းကြောင့် ကျွန်ုပ်တွင် သင့်အားမေးမြန်းရန် ရှိသော အကြောင်းတရားဖြစ်လာရကာ ကျွန်ုပ် အသင်၏ ရှေ့သို့ ရောက်ရှိလာခြင်းဖြစ်သည်” ဟု အဆိုပါ ဒသနရှင်မှ ဆိုလေသည်။
ထိုအခါ ဗုဒ္ဓဘုရားရှင်မှ ခေါင်းငြိမ့်ပြကာခွင့်ပြုလေသည်။
ထိုနောက် မေးခွန်းလျောက်တင်လိုသော ဒသနပညာရှင်ကြီးက စကားဆက်လေ၏။ “ ဟုတ်ပြီ အသင်ခွင့်ပြုလျှင် ကျွန်ုပ် သင့်အားမေးမြန်းလေတော့မည်။ အသင်ဟောကြားကာ အောင်မြင်ကျော်ကြားနေသော မဇ္ဇျိမ လမ်းစဉ်ဆိုသော အလယ်လမ်းစဉ် အစွန်းမရောက်သော လမ်းစဉ် အစွန်းနှစ်ဖက် မကပ်ငြိသော အမြင် အယူဆအား …စကားလုံးများအသုံးမပြုပဲ အသင်ပြောနိုင်မည်လား?” ဟု မေးခွန်းထုတ်လေသည်။
ထိုအခါ ဗုဒ္ဓအပါးတွင် ရှိနေသော ညီတော်အာနန္ဒာနှင့် မလှမ်းမကမ်းတွင် သီတင်းသုံး သီလဆောက်တည်နေကြသော နောက်လိုက်ရဟန်းများ ကြားလေသောအခါ ထိပ်ထိပ်ပြာပြာဖြစ်ကြလေသည်။ အကြောင်းမှာ…ဒသနပညာရှင်ကြီး၏ မေးခွန်းသည်ကားထူးဆန်းလှ၏..နက်ရှိုင်းလှ၏..ဟု တွေးမိကြခြင်းဖြစ်ပြီး စကားလုံးမသုံးပဲ သမုဒ္ဒရာမက ကျယ်ပြောလှသော ဘုရားရှင်၏ တရားတော်များ ပြောရမည်မှာ မည်သို့နည်းမှ မဖြစ်တန်ရာဖြစ်သည်ဟု အထင်ရောက်ကုန်ကြလေသည်။
သို့သော် ဗုဒ္ဓမှ ရိုးရိုှးရှင်းရှင်းလေးပင် ပြောလိုက်သောကြောင့် ဒသနပညာရှင်ကြီးသည် ဗုဒ္ဓဘုရားအား ဦးသုံးကြိမ်ချကာ ရှိခိုးပြီး ကျွန်ုပ်သိမြင်ပါပြီး ဘုရားဟု ပါစပ်မှ ပြောဆိုကာ ဘုရားရှင်၏ ရှေ့တော်မှ ရိုသေစွာဖြင့် ပြန်ထွက်သွားလေသည်။
ဒသန ပညာရှင်ကြီး ပြန်ထွက်သွားပြီးနောက် ရဟန်းသာဝကများမှ ဗုဒ္ဓရှေ့တော်သို့ ဖြေးဖြေးချင်း ၀င်လာကြပြီး ဗုဒ္ဓ၏ အပါးတွင် ရှိနေသော ညီတော်အာနန္ဒာမှ ဗုဒ္ဓအား တင်လျောက်လေသည်။
“အရှင်ဘုရား…တပည့်တော်တို့သည် ပူပန်ကြောင်းကြမိပါသည်ဘုရား..အကြောင်းမှာ ရှေ့မဆွက..မေးခွန်းလျောက်တင်လာသော ပညာရှင်၏ မေးခွန်းသည် အလွန်ခက်ခဲပြီး စကားလုံးမပါပဲ ဖြေကြားရမည်ဆိုသည်ကို ကြားနာမိသောကြောင့် ဖြစ်ရပါသည် ဘုရား..။ ထိုနောက် အဆိုပါ ပညာရှင်မှပင် နားလည်သဘောပေါက်ကာ ခဏခြင်းမှာပင် ရိုသေပေးကာ ပြန်ထွက်သွားသည်ကို အံ့သြမိရပါသည်ဘုရား..မည်သို့သော တရားများအား အရှင်ဘုရားမှ စကားလုံးမပါပဲ ဟောကြားလိုက်ပါသည်ဘုရား တပည့်တော်တို့လည်းမကြားမိရပါဘုရား” ဟုဆိုလေသည်။
ထိုအခါ ဗုဒ္ဓဘုရားရှင်မှ ‘ ချစ်သား အာနန္ဒာ ..သင်ချစ်သားသည် ငါဘုရား၏ အပါးဝယ် အာရုံများမှ သို့မဟုတ် အာရုံတခုခုမှ ကြားရ၍ ထွက်ပေါ်လာမည်ဖြစ်သော အသံတခုခုအား ဖမ်းယူ သိမ်းမှတ်ရန်သာ အမြဲရှိနေသာ အသံဖမ်းသိမ်းထားနိုင်သည့် အသံဖမ်းစက်နှင့် တူနေလေ၏၊ ငါဘုရား၏ နုတ်တော်မှ အသံတခုမှ ထွက်မလာလေသောအခါ အသင်သည် မကြားရမသိရ ဖြစ်ရကာ မေးခြင်းဖြစ်လေသည်။ ချစ်သားတို့ အားလုံး၏ ရှေ့မှောက်တွင်ပင် ငါဘုရား ..လိုရင်းအား တိုရှင်းစွာ ဖြေကြားခဲ့လေခြင်းဖြစ်၏၊ ငါဘုရားအားမေးခွန်းမေးသော ပညာရှင်သည်ကား အတွေးခေါ်ပညာရှင် ဖြစ်နေသောကြောင့် ငါဘုရားမှ သူနှင့် ထိုက်တန်သည့် အဖြေကိုပေးလိုက်ခြင်းသာ ဖြစ်၏၊ ငါဘုရားပေးလိုက်သော အဖြေသည်ကား ထိုပညာရှင် မေးသော ငါဘုရား၏ အလယ်လမ်းစဉ် မဇ္ဇျိမ လမ်းအား စကားလုံးမပါပဲ ငါဘုရားဖြေပေးလိုက်၏။..သူ့အတွက်အဖြေသည် ..ငါဘုရား၏ နုတ်တော်မပွင့်ဟခဲ့စေပဲ နုတ်ခန်းဖြင့်သာ ပြုံပြသော အပြုမူအား ငါဘုရား ပြဆို ဖြေကြားခဲ့လေ၏၊ ထိုပညာရှင်သည်လည်း ငါဘုရား၏ ပြုံးတော်မူပြသော တဏှာကင်းသည့် အပြုံးပုံလွှာ ကြည်လင်ဝင်းပသော ရာဂကင်းသော အပြုံးအား မြင်တွေ့ရပြီးနောက် သဘောပေါက်ကာ အဖြေမှန်ရရှိသွားခြင်းဖြစ်လေ၏၊ ငါဘုရား ဖေါ်ပြလိုက်သော အပြုံးသည် မဇ္ဇျိမ လမ်းစဉ်ဖြစ်၏။ ငါဘုရား၏ ပြုံးပြတော်မှုအား ကြည့်မြင်လိုက်ရသော ပညာရှိ ဒသနသမားအဖို့ အလွယ်ပင် သဘောပေါက်နိုင်လေ၏ ။ အပြုံးသည်သာ အလယ်လမ်းစဉ်ဖြစ်ပြီး ငိုလျှင် တဖက်စွန်းရောက်စေပြီး ရယ်မောလျင်လည်း အခြားတဖက်စွန်းကို ရောက်လေ၏။ သို့ကြောင့် ငိုခြင်းနှင့် ရယ်မောခြင်းတို့ဆိုသော လူသတ္တ၀ါတို့၏ အတ္တမနော ကိလေသာငြိတွယ်နေသည့် စိတ်သဘောအား ကပ်ငြိခြင်းမရှိသော အလယ်ကျဆုံးသောအရာသည်မှာမဂ္ဂင်ဥာဏ်ဖြင့်ပြုံးသော.. အပြုံးဖြစ်ကြောင်း ငါဘုရား ပြဆိုသည့်အတိုင်း သဘောပေါက်သိမြင်သွားလေသည် ချစ်သားတို့..” ဟု ဗုဒ္ဓဘုရားရှင်မှ ဖြေကြားတော်မူလေသည်။
သို့ဖြစ်၍ မြတ်ဗုဒ္ဓ၏ အပြုံးသည်အလယ်လမ်းစဉ် မဇ္ဇျိမပဋိပဒါ ဖြစ်ကြောင်း ရှင်းရှင်းလေးသဘောပေါက်နိုင်ပါသည်။
သို့သော် ယနေ့ မြန်မာပြည်သည် ဒေ၀ဒတ်များကြီးစိုးသော တိုင်းပြည်ဖြစ်နေပြီလော ဟု မေးခွန်းထုတ်စရာဖြစ်လာသည်။ ထေရ၀ါရ ဗုဒ္ဓဘာသာ ထွန်းကားသောဟု..ကိုးကွယ်ယုံကြည်ကြသောဟု နိုင်ငံတကာ မှတ်တမ်းတွင် ကဗြည်းတင်ထားကြသော်လည်း..စစ်အစိုးရအုပ်ချုပ်သော လက်ထက်တလျောက်လုံးတွင် ..ဗုဒ္ဓဘာသာ ကိုးကွယ်သည်ဟု အမည်ခံ အုပ်ချုပ်သူတို့ မှာ ဗုဒ္ဓ၏ သားတော် ရဟန်းသံဃာသူတော်မြတ်တို့အား၎င်း ၊ ဒေသတွင်း နေထိုင်ကြသော ဝေနေယ သတ္တ၀ါ တို့အား၎င်း၊ နိုင်ငံတကာ လူမှုအသိုင်းဝိုင်းသို့အား၎င်း မည်သို့သော အသွင်ရုပ်ဖြင့် ဆက်ဆံ အုပ်ချုပ် ကိုင်တွယ်ဖြေရှင်း ခဲ့သနည်းဆိုသော မေးခွန်းရှိလာလေသည်။
နောက်ဆုံး စစ်အစိုးရ၏ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်။ ယခု အရပ်ဝတ်ချိတ်ထမီ လဲပြီးနောက် လက်ရှိ သမ္မတ အဖြစ် ဆက်လက် အုပ်ချုပ်နေသော ဦးသိန်းစိန်သည် တိုင်းပြည်၏ ပြသနာ အရပ်ရပ်အားလုံးတို့အား နူးညံ့သိမ်မွေ့စွာ ၄င်း၏ ကိုယ်ကျိုးစီးပွါးမပါပဲ ဖြေရှင်းတုံ့ပြန်ခဲ့ခြင်းမျိုး မည်သည့်နေရာတွင် ရှိဘူးပါသနည်း ဟု စာရေးသူမှ ပွင့်လင်းစွာ မေးရပေလိမ့်မည်။
(1) ၄င်း သမ္မတ မဖြစ်ခင် စစ်ဝန်ကြီးချုပ်ရာထူးဖြင့် ၂၀၀၇ သံဃာတော်များ မေတ္တာ ပို့ ကြွချီတော်မှု့အား မည်သို့ ကိုင်တွယ်ဖြေရှင်းခဲ့သနည်း?
(2) ၄င်း ၂၀၀၈ ဥပဒေဖြင့် အစိစဉ်တကျ ကလိမ်ကျကာ သမ္မတ ဖြစ်လာပြီးနောက် ဒေသအသီးသီး၏ ပြည်တွင်းစစ်များအား မည်သို့ ကိုင်တွယ်ဖြေရှင်းခဲ့ပြီး၊ ပြည်တွင်းမှာရော ပြည်ပတွင် ဒုက္ခသယ် လူကြီး လူမမယ် ခလေးများ ၃ သိန်းကျော် အတိဒုက္ခဖြင့် ကြုံတွေ့နေရပြီး ၊ ရှေ့တွင် မည်သို့ ဆက်လက် ယုတ်မာအုံးမည်နည်း?

(3) လက်ပံတောင်းတွင် မေတ္တာသုတ် ရွတ်ဖတ်သရဆယ်နေကြသော သံဃာတော်များအား မီးလောင်ဗုံးများဖြင့် အရှင်လတ်လတ်မီးရှို့ခဲ့ပြီး ဖြေရှင်းသော နည်းလမ်းသည် ဗုဒ္ဓဘာသာဝင်နိုင်ငံခေါင်းဆောင်တယောက်၏ လုပ်ရပ် ဖြစ်သင့်သလား?


(4) ပြည်သူတို့၏ အကျိုးစီးပွါးထက် ဗုံးဆံ သေနတ်ကိုင်ဆောင်ထားကြသော တပ်မတော်အတွက် ဗုဒ္ဓဘာသာတို့ ကိုးကွယ်ထွဋ်မြတ်ထားသည့် စေတီပုထိုးများအား ဖြိုချဖျက်ဆီးကာ စီးပွါးရေး အထောက်ပံ့ပေးသော ကြံစည်တွေးခေါ် လုပ်ကိုင်သည့် ကံသုံးပါးဖေါက်ပြားမှု့သည် ဗုဒ္ဓဘာသာဝင် တယောက်ဟု မိမိကိုယ်ကို မိမိ ဟန်ဆောင်ပြယုတ် ကြွားလုံးထုတ်နေခြင်းက နိုင်ငံခေါင်းဆောင်တဦး၏ ဂုဏ်ပုဒ်တခုနှင့် ညီညွတ်ပါသလား?

(5) ဘာသာမတူသူများအား ထိခိုက်နာကြင် သတ်ဖြတ် ချေမုန်း သုတ်သင်ရေးများအား ဟောပြောပို့ချ ၀ါဒဖြန့်နေကြကာ ကိုယ်စိတ် နှံ့လုံးသုံးပါးလုံးဖြင့် အကြမ်းဖက် သတ်ဖြတ်နေကြသော အစွန်းရောက် သင်္ဃန်းခြုံ ကိုယ်တော်များနှင့် လူပုဂ္ဂိုလ်များအား နောက်ကွယ်မှ အထောက်ပံ့ပေးအားပေးအားမြောက် လုပ်နေသော လုပ်ရပ်သည် ထေရ၀ါရ ဗုဒ္ဓဘာသာ ထွန်းကားသော တိုင်းပြည်တွင်ဖြစ်နေခွင့်ပြုထားသော အုပ်ချုပ်စီမံရေးစနစ်သည် နည်းလမ်းမှန်ပါသလား?


(6) ဘာသာရေး လူမျိုးရေး ဘက်လိုက်မှုနှင့် ကန့်သတ်ချုပ်ချယ်မှု့တို့အား လက်ရှိဆောင်ရွက်နေသော အုပ်ချုပ်သူအဖွဲ့စည်းသည် ဗုဒ္ဓဘာသာမဇ္ဇျိမ ပဋိပဒါ လမ်းစဉ်တွင် ရှိသင့်သလား?

(7) ဂိုဏ်းခွဲအမျိုးမျိုး အဖွဲ့အမျိုးမျိုးဖြင့် ထမင်းအိုးဆူပွက်သလို့ ပူလောင်ဆူပွက်အောင် လုပ်စေပြီး လက်နက်ကိုင်တပ်မတော်နှင့် အကြမ်းဖက်သော ရဲဝန်ထမ်းများဖြင့် ထိန်းချုပ်ကန့်သပ် ကိုင်တွယ်ဖြေရှင်းနေသော နည်းလမ်းသည်ကား ဗုဒ္ဓဘာသာတို့၏ စည်းမျဉ်း ၀ိနယ များတွင် ရှိပါသလား?
(8) နေ့စဉ်နှင့်အမျှ ဒူးအစုံနှင့်မျက်၇ည် တထပ်တည်းဖြစ်နေကြရသော လယ်မြေပျောက်၊ အိမ်ယာပျောက် ပြည်သူများနှင့် လူသားတို့၏ တရားမျှတမှုအတွက် ၀ိုင်းဝန်းဆောင်ရွက်ပေးနေကြသော လူမှုရေး လှုပှ်ရားသူများ (ကိုထင်ကျော်၊ ဒေါ်နော်အုံးလှ၊ ကိုရဲမင်းဦး၊ ကိုအောင်စိုး၊ ဦးဝင်ချို၊ ဒေါ်မြင့်မြင်အေး) တို့အပြင် ဒေသအသီးသီးတို့မှခေါင်းဆောင်များနှင့် ငြိမ်းချမ်းသော လူထုတောင်းဆိုမှု့မှန်သမျှအား ပုဒ်မ ၁၈ ဖြင့် အင်အားသုံးကာ ထောင်သွင်းအကျဉ်းချ ချုပ်နှောင်ထားမှုတို့သည် ဗုဒ္ဓဘာသာ ကိုးကွယ်သော တိုင်းပြည်တွင် ဖြစ်သင့်ပါသလား?

(9) ပြည်သူပိုင် သံယံဇာတများအား မတရားသောနည်းဖြင့် သိမ်းပိုက်ခိုးဝှက်ယူဆောင်ထားကြသော အဓမ္မ ရာဇ၀တ်ကောင်များအားဆက်လက် ရှင်သန် ကြီးထွားခွင့်ပေးထားသော လုပ်ရပ်သည် ဗုဒ္ဓဘာသာဝင်တို့ ကျင့်ဆောင်ရမည်ဖြစ်သော အလယ်လမ်းစဉ် ဓမ္မပေတံ စည်းမျဉ်းနှင့် ကိုက်ညီပါသလား? ဟု စာရေးသူမှ ပြတ်ပြတ်သားသား မတိမ်းမယိမ်း မေးခွန်း ထုတ်ရကာ သို့အပြင် ဗုဒ္ဓလမ်းစဉ်မှ အစွန်းထွက်လာသော အကြောက်တရား အရှင်သခင် ဖြစ်ချင်သူများလား? ဟုပင် ။။။။။။

ကျေးဇူးတင်ပါသည်

ကြိုက်သလောက်ရှယ်နိုင်ကြပါသည်။ အားလုံးကို ခြုံငုံသုံးသပ်တင်ပြထားသော ဆောင်းပါးဖြစ်ပါသည်။

ဂိုလ်ရှယ်လေး

စာရေးသူမှ မကြာခင် နေပြည်တော် သူခိုးများ ခိုးဝှက်မြုပ်နှံထားသော အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း များစွာတို့အား တူးဖေါ်တွေ့ရှိထားသည့် ဖြစ်ရပ်မှန် စာရင်း အချက်လက်များအား တင်ပြပေးပါမည်။ စောင့်မျှော် ဖတ်ရှု့ကြမည်ဟု မျှော်လင့်ပါသည်။
— with Khin Mgoo and 48 others.