Showing posts with label Escalation of state terrorism in Kachin state.. Show all posts
Showing posts with label Escalation of state terrorism in Kachin state.. Show all posts

Wednesday, January 15, 2014

Talking peace & ceasefires while escalating destruction in Kachin state.(Lachid Kachin with Khin Mgoo and 12 others)


https://www.facebook.com/pages/nyeinchansarpayblogspotcom/119054754921130
https://scontent-a.xx.fbcdn.net/hphotos-prn2/s403x403/1545646_635357943190186_2031255769_n.jpg




ဦးသိန်းစိန် အစိုးရ ၏ ကချင် ဒေသ ငြိမ်းချမ်းရေးဖော်ဆောင်နေပုံ
====================================
(by-lachid kachin)
ဦးသိန်းစိန် ဦးဆောင်သော
ဗမာ့နည်းဗမာ့ဟန် ဒီမိုကရေစီ အစိုးရ ၏ ဗမာ စစ်တပ် မှ

ကချင် ပြည်နယ် ဗန်းမော် ခရိုင် ၊
မန်စီမြို့နယ် နမ့်လင်းပါ ၊ မုန်းဒိန်ပါ ဒေသရှိ

ကချင် စစ်ပြေးဒုက္ခသည် စခန်း နှင့် စာသင် ကျောင်းများ ၊

ခရစ်ယာန်ဘုရားရှိခိုး ကျောင်းများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီး ၊

အပြစ်မဲ့ ရွာသားများ ၏ နေ အိမ်များ ၊

စစ်ပြေးဒုက္ခသည်များ အတွက် ပြည်တွင်းပြည်ပ မှ

အလှူ၇ှင်များ ပေးပို့ လှူဒါန်း ထားသော စားနပ်ရိက္ခါ များ၊

အထောက်အပံ့ ပစ္စည်းများအား လုယူခြင်း၊ ခိုးယူခြင်း၊

ရွာသားများ၏နေ အိမ်တွေကို ဖျက်ဆီးပြီး၊

အဖိုးတန် ပစ္စည်းများအား နိုင်သမျှ ယူသွားကာ ၊

မနိုင်တဲ့ ပစ္စည်းတွေ ဖျက်ဆီးသွားတယ်။

စစ်ပြေး ဒုက္ခသည် များခိုလုံ အဆောင် များ နှင့်၊

စစ်ပြေးဒုက္ခသည် မိဘမဲ့ ကျောင်းသား ကလေးငယ်များ ၏

ခိုလုံရာ ဘော်ဒါဆောင်၊စာသင် ကျောင်းဆောင်တွေ ကို

ဤကဲ့သို့ စနစ်တကျဖျက်ဆီး သွား သည့် မှတ် တမ်း ဓါတ်ပုံ အချို့ကို

ဦးသိန်းစိန်၊ မင်းအောင်လှိုင် နှင့် ဦးအောင်မင်းတို့ ၏ ကချင် လူထု

အပေါ်ထားရှိသည့် စေတနာ၊ဂရုဏာ ကြီးမားစွာဖြင့် နေ့ မနား ၊

အရှိန်အဟုန် ဖြင့် (စစ်အင်အားအလုံးအရင်းဖြင့်) ဤကဲ့သို့ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်

နေ သည် ကို (ဗမာအစိုးရ ၏ ကချင် အပေါ်ထားရှိသည့်သဘောထား၊ စေတနာ)

တွေကို ပိုမို ထင်ဟပ် ပေါ်လွင်စေရန်(ကွက်ကွက် ကွင်းကွင်းမြင်နိုင်ရန်)အတွက်

မိဘပြည်သူများအား မှတ်တမ်းဓါတ်ပုံ နှင့်တကွ ဖော်ပြ ပေးလိုက် ပါသည်။
(Nam Lim Pa after leaving Govt Troop on 4th-10th January 2014 )

Houses and IDP camps were destroyed and damaged. Valuable materials were taken. The remaining materials and utensils including Aid supported for the IDPs were destroyed.)(sumla- Khon Ja )