Showing posts with label No place even @ cemetery. Show all posts
Showing posts with label No place even @ cemetery. Show all posts

Thursday, October 10, 2013

" ကျင်း ပျောက် သူ " Hla Myint shared Jo Zaw's status.


Hla Myint shared Jo Zaw's status.
about an hour ago
A brilliant work.
" ကျင်း ပျောက် သူ "
-----------------
* နွေ နေပူပူမှာ
လေ ပွေ ယူလာတဲ့အပုပ်နံ့
တစ် ရွာလုံး ပြန့်က ရော ။

* သူကြီးဟောင်း သေ တာ
ဘာဆန်းတာ မှတ် လို့
ဇာတိ ဇရာ ဖြတ် သန်း
ဗျာဓိခန်းက တော် တော် ကြာ
ဝဋ်ကြွေးဆိုတာ ဆပ် ရမှာပေါ့။

* ငိုသူမရှိ
မျက်နှာသေ တွေ ပဲ ရှိတာ
ဘာဆန်းတာမှတ်လို့
သူ့ဇာတ်သူ့ရွာ သူ့အာဏာကြောင့်
ရွာကလေး ခမျာ
စီးပွားရေးမှာပြာကျ
ပညာရေးမှာပြာကျ
ကျန်းမာရေးမှာပြာကျ
လူမှုရေးမှာ ပြာကျ
ပြာကျ ပြာကျ ပြာကျ
ပြာစ တွေနဲ့ ကျန်တဲ့ရွာ
မျက်ရည် ခန်းတာ ကြာပါပေါ့ ။

* အဲသည် ရုပ် ကလာပ်
အယုတ်ဇာတ် ခင်းခဲ့ပုံများ
ကိုယ့်ရွာသား ကိုယ်ပြန်သတ်
ကိုယ့်အန်ဖတ် ကိုယ်ပြန် ခိုး
ကိုယ့်အမျိုး ကိုယ် ဒမြ တိုက်
ကိုယ့်နောက်လိုက် ကိုယ်ချနင်း
ကိုယ်ခြံတွင်း ကိုယ် မုဒိမ်းကျင့်
နင့်နေ အောင် ခံခဲ့တဲ့ ရွာ
ခုမှ လာပြီး
ညီညာဖျဖျ
အသုဘ ထုံးစံနဲ့
သုဿန်မှာ မြှုပ်နှံ မတဲ့လား။

* ခွေးရဲ့ အသုဘ တောင်
ကောင်းကောင်း မြေချပေးတဲ့ရွာ
သည်တစ်ခါ
ညီညာလိုက်ပုံက
အသုဘ မရှု
ရွာအမှု ငြင်းဆန်
သုဿန်မှာ ကျင်း မ ပေး
ဒင်းသမိုင်း ဒင်းရေး တာ
ရွာ....
နှစ်ခါ မနာနိုင် ဘူး ဟေ့ ။ ။

( ဂျိုဇော် )

10/10/13 — with Ko Zaw Maymyo and 96 others.