Showing posts with label Playing by opponents' rules.. Show all posts
Showing posts with label Playing by opponents' rules.. Show all posts

Monday, January 6, 2014

လက်ရှိ အတိုက်အခံ ခေါင်းဆောင်တွေ နှင့် နိုင်ငံရေးသမား အများစုက" ခွေးမသား" နိုင်ငံရေးသမားတွေ ဖြစ်နေကြတယ်



By: Mung L Wawhkyung

နိုင်ငံရေးသမား အများစုက" ခွေးမသား" နိုင်ငံရေးသမားတွေ ဖြစ်နေကြတယ်

လက်ရှိ မြန်မာနိုင်ငံမှာ လုပ်နေသော အတိုက်အခံ ခေါင်းဆောင်တွေ နှင့် နိုင်ငံရေးသမား အများစုက" ခွေးမသား" နိုင်ငံရေးသမားတွေ ဖြစ်နေကြတယ် ။ ဥပမာ ပြောရမယ် ဆိုလျှင် သခင် ဖြစ်သူကသူ့ရဲ့ ခွေးကို အစာကျွေးတဲ့ အခါမှာ လိုရာကို စိတ်ကြိုက် ပစ်ကျွေးတယ် ။ အဲ့ဒီ အခါမှာတော့ ခွေးက ပစ်ကျွေးတဲ့ နေရာတွေဆီ အစာကို တစ်နေရာဆီ သွားစားရတယ် ။ အဲ့ဒီတော့ သူ့မှာ တစ်နေရာကို သွားစားလိုက် ပြီးတာနဲ့ နောက် ပစ်ကျွေးတဲ့ နေရာဆီတိုင် သွားစားလိုက် များလာတော့ မောပြီး ပြန်လာလိုက် ဖြစ်နေ ရရှာတယ် ။ အနှစ်ချုပ် ပြန်ပြောရရင် သူ့မှာ စားပြီး အလကားဖြစ် နေရတာတယ် ။ ဘာကြောင့်လဲ ဆိုတော့ သူ့မှာ ဟိုး ပြေးစားလိုက် ဒီ ပြေးစားလိုက် များလာတော့ သူ့ ဗိုက်ထဲမှာ အစာမကျန်တော့တဲ့ အတွက် အကျိုးမရှိဘူး ။ အထက်မှာ အကြောင်းအရာ နှင့် ပြန်ယှဉ်တွဲ ပြောရမည်ဆိုလျှင် လက်ရှိ မြန်မာနိုင်ငံမှာ ရှိနေသော အတိုက်အခံ ခေါင်းဆောင်တွေ နှင့် နိုင်ငံရေးသမား အများစုဟာ ထိုနည်းတူစွာ ဖြစ်နေကြတယ် ။ အဓိက ရန်သူကို မေ့နေကြတယ် ။ ဒါကြောင့် မိမိတိုရဲ့ ရန်သူကို ဦးနှောက်မှာ အစဉ်အမြဲ သတိ ရပြီး အမြဲ တိုက်ထုတ် နေရပါမည် ။ ထိုမျှသာမက လုပ်သင့် လုပ်ထိုက်တဲ့ အရာတွေတိုင်းကို ပြင်းပြင်းထန်ထန် ရအောင် လုပ်ယူရမည် ။ နောက်ပြီး သာပေါင်း ညာစား လူမျိုး ၊ နှမ်းဖြူးသည့် လူမျိုး ၊ ပဂိုလ်ရေး ကိုးကွယ်သည့် လူမျိုးများကို နိုင်ငံရေးသမားထဲမှာ လုံးဝ အလို မရှိပေ ။ အုပ်စိုးသူ လူတစ်စုက သူတို့ ကိုယ်ကျိုးအတွက် အာဏာရှင်စနစ် သက်ဆိုးရှည်အောင် တိုင်းပြည်ကို တရုတ်လက်ထဲ ထိုးထည့်ထားတယ် ။ ဒီလူတစ်စုရဲ့ အုပ်စိုးမှုက လွတ်မြောက်အောင် အတိုက်အခံတွေ တိုင်းပြည်ကို အမေရိကန် လက်ထဲ ထိုးမထည့်ကြဖို့ သတိပေးချင်တယ် ။ စစ်အာဏာရှင်တွေအတွက် တရုတ်ကြီးက ကျေးဇူးရှင်ကြီး ဖြစ်နေသလို အတိုက်အခံတွေ အတွက် အမေရိကန်ကြီးက ကျေးဇူးရှင်ကြီး ဖြစ်နေရင် မကောင်းဘူး ။ ဘယ်ဘက်ကို ကြည့်ကြည့် ကျွန်စိတ်တွေ ပြည့်ဝနေတာကို တွေ့ရမယ် ။ တရုတ်အားကိုးပြီး အာဏာနဲ့ ဓနကို ထူထောင်သူတွေက တဖက် အမေရိကန် အားကိုးပြီး စစ်အဏာရှင် စနစ်အောက်ကနေ လွတ်မြောက်ဖို့ ကြိုးပမ်း သူတွေက တစ်ဖက်ဆိုရင် သိပ်ကို မှားနေပြီလို့ ပြောချင်တယ် ။ ကျွန်စိတ် မကုန်လို့ မလွတ်လပ် သေးတာ ဖြစ်တယ် ။ ကျွန်စိတ် မကုန်သရွေ့လည်း လွတ်လပ်ကြမှာ မဟုတ်ဘူး ။ တိုင်းတစ်ပါးသား အထောက်အပံ့ဆိုတာ တုပ်နှောင်ဖို့ ကြိုးတွေ အဆင်သင့် ပါလာပြီးသား ။ ခေတ်မှီ ဗမာ့တပ်မတော်ကို ထူထောင်ရာမှာ အင်္ဂလိပ်ကို တိုက်ရာမှာ ငွေအား လူအားနဲ့ ဂျပန်က ကူလို့ အင်္ဂလိပ် ထွက်သွားပေမယ့် ဂျပန်ကို ကော်ထုတ်ဖို့ အင်္ဂလိပ်နဲ့ ပြန်ပေါင်းရ ။ တစ်ခါပြန် အင်္ဂလိပ်ကို ကော်ထုတ် ရမလို ဖြစ်နေခဲ့ရင် လွတ်လပ်ရေး ဘယ်အချိန်မှ ရမယ် မသိတော့ဘူး ။ သတိချပ်ရမှာ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ မဆလကို ဖြုတ်ချ နိုင်ခဲ့တာ ဘယ် တိုင်းတစ်ပါးသားရဲ့ အကူအညီမှ မပါဘူး ဆိုတာပဲ ။ သခင် ဖြစ်ချင်ရင် ကျွန်စိတ်ကို ဖျောက်ပြီး ပြည်သူ့ အားနဲ့ ပြည်သူ့ အာဏာကို တည်ဆောက်ကြ ။ ရှစ်လေးလုံး ပြည်သူ့ တော်လှန်ရေးကြီးမှာ ဘာ လော်ဘီမှ မရှိဘူး ၊ ဘာ ပီအာမှ မရှိဘူး ၊ ဘာ ပညာရှင်မှ မလိုဘူး ၊ ဘာ မီဒီယာ အတန်းရှင်းမှ မလိုခဲ့ဘူး ၊ ဘာ ကန်ပိန်မှ မလိုဘူး ။ အရိုးရှင်းဆုံး ပြည်သူ့ တော်လှန်ရေး တစ်ရပ်ကို ဆင်နွှဲ ခဲ့တာပဲ ။ အရိုးရှင်းဆုံး ပြည်သူ အချင်းချင်း ရိုင်းပင်းတဲ့ ထမင်းတစ်ထုပ် ရေတစ်လုတ်နဲ့ မဆလ စစ်အာဏာရှင် စနစ်ကို ဖြုတ်ချခဲ့တာ ဖြစ်တယ် ။ ဒေါ်လာ မလိုသလို ယူရိုလဲ မလိုဘူး ။ ဘယ်လို ပရောဟိတ် ပုဏ္ဍားမှလည်း အခါတော် ပေးစရာ မလိုခဲ့ဘူး ။ သခင်ဖြစ်ချင်ရင် ကျွန်စိတ်ဖျောက် တကယ် လွတ်လပ်ချင်ရင် ပြည်သူ့ အာဏာကို ပြည်သူ့ အားနဲ့ ပြည်သူက ကျွေးတဲ့ တိုက်တဲ့ ထမင်းတစ်ထုပ် ရေတစ်လုတ်နဲ့ တည်ဆောက် ကြပါ ။ အခွင့်ပြုချက် မယူဘဲ ဆန္ဒပြသည့် ပုဒ်မ ၁၈ အပါအဝင် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီဘဲ ပြည်သူလူထု အပေါ် ကန့်သတ် ချုပ်ချယ် သကဲ့သို့ ဖြစ်နေသည့် နိုင်ငံရေးအရ ဖိနှိပ် ဖမ်းဆီးမှုများ ရပ်တန့်ရေး ၊ ဒီမိုကရေစီ စနစ် နှင့် မကိုက်ညီသည့် မတရားသော ဥပဒေများ ပယ်ဖျက် ၊ ပြင်ဆင်ရေး ၊ ဥပဒေ နှင့် မလျှော်ညီသော ဖိနှိပ် ညှင်းပမ်းမှုများ ရပ်တန့်ရေးအတွက် အာဏာပိုင်တွေက ဥပဒေဘောင်အတွင်းမှ လုပ်တတ်အောင် ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဝန်ကြီးတွေ သူခိုးကြီးတွေကို ထိန်းသိမ်းပါ ၊ ဖမ်းပါ ။ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ သမ္မတကြီးနဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တပ်မတော်ကိုပါ ထိန်းသိမ်းရင် ၊ ဖမ်းရင် ပိုကောင်းတယ် ။ လုပ်နိုင်လား ။ သရုပ်မှန် မကြာမှီ လာမည် ။ စောင့်စား ကြပါကုန် ။ ထိုကြောင့် နိုင်ငံ နှင့် လူမျိုးအတွက် တစ်ကယ်ကို တိုးတက်အောင် လုပ်ဆောင် ပေးနိုင်သည့် လူမျိုးများကိုသာ ထာဝစဉ် အလိုရှိပါသည် ။ ၂၀၁၄ခုနှစ်မှ စ၍ မျိုးချစ်စိတ် ပြင်းထန်း ပြင်းပြတဲ့ နိုင်ငံ နှင့် လူမျိုးအတွက် တစ်ကယ် ပေးဆပ်တတ်သော ၊ နှလုံးသား ရှိသော သူများစွာ ရှိကြပါစေဟု ဆုမွန်ကောင်း တောင်းအပ် လိုက်ပါသည် ။ BY - @[100003568965245:2048:Aung Oo] @[1319843695:2048:Yebaw Aung] @[1793628356:2048:Jasmine Black] — with ကျား ခင်စိန် and 49 others.
By: Mung L Wawhkyung