Showing posts with label Racism & Nationalism.. Show all posts
Showing posts with label Racism & Nationalism.. Show all posts

Sunday, February 9, 2014

ရွှေစင်ဦး ငယ်ငယ် က မျိုးစောင့် ခဲ့ပုံလေး(Shwe Zin ).



ရွှေစင်ဦး ငယ်ငယ် က မျိုးစောင့် ခဲ့ပုံလေး

ကျနော် ငယ်ငယ် က အထက ၁၆ (ရုံးကြီးဘေး ) မှာကျောင်းတက်တယ် .. အိမ် က တက္ကသိုလ်နား ဗောဓိကုန်း ထဲမှာ .. ကျနော် ကျောင်းသွားတော့ ဖေဖေ တို့ ဌာနက ကိုမောင်စိန် ဆိုတဲ့ အလုပ်သမား တယောက် ကို လပေးနဲ့ ငှားထားပြီး လိုက်ပို့ခိုင်းတယ် ... တခါတလေ ရှေ့ ဘားတန်းမှာ ထိုင်ရတယ် .. တခါတလေ နောက်က ခုံမှာ ထိုင်ရတယ် ...

ကျနော်တို့ ၁၆ ကျောင်းက ရုံးကြီး ရှေ့က ထွက် ပြီး နည်းနည်းလေး သွားရင် ကျောင်းအရှေ့ပေါက် ရောက်သွားပြီ .. နီးနီးလေးဘဲ .. ကျနော် က ကျောင်းရောက်ခါနီးတိုင်း ရုံးကြီးပေါက် ရှေ့ ရောက်ပြီ ဆိုရင် ဘယ်နားထိုင်ရ ထိုင်ရ အမြဲတန်း ခုန်ချ ပြီး ကျောင်းကို ထွက်ပြေးတယ် ...

ကိုမောင်စိန် က ကောင်မလေး နင် ဘယ်လို လုပ်တာလည်း ... သေတော့မယ် ကျောင်းလည်း မရောက်သေးဘဲနဲ ခုန်ချတယ် ဆိုပြီး ဆူတယ် .. သူဘယ်လိုပြောပြော ကျနော် က အဲဒီနားရောက်ရင် ခုန်ချတာဘဲ ..နောက်တော့ သူ က အဲဒီနားရောက်တိုင်း စက်ဘီး ရပ်ပြီး ကျနော့်နောက် ကလိုက်ကြည့်တယ် .. အဲလို လိုက်ကြည့် လည်း ကျနော် က လက်မခံဘူး .. လူအုပ်ကြားထဲမှာ ကိုယ်ဖျောက် ပြစ်တယ် ..

နောက်တော့ ကိုမောင်စိန် လည်း ဘယ်လိုမှ အဆင်မပြေ တော့ ကျနော့် ဖေဖေ ကို တိုင်ပြောပါတယ် .. ဆရာ့ သမီး က ပြောမရဘူး .. ရုံကြီးပေါက် က ထွက်တိုင်း စက်ဘီးပေါ်က ခုန်ချတယ် .. စက်ဘီးရပ်ပေးတော့လည်း ထွက်ပြေးတယ် လို့ ပြောတယ် ...

ကျနော် အဖေ က ခေါ်စစ်ပါတယ် .. ဘာလို့ အဲလို လုပ်ရလည်း ကျောင်းထဲ မရောက်ဘဲ တခုခု ဖြစ်သွားရင် ဘယ်လို လုပ်မလည်း လို့ မေးတယ် .. အကြောင်းပြချက် တောင်းပါတယ် ... ကျနော် မဖြေပါဘူး .. ပေကပ် နေပါတယ် ..

နောက်တော့ အမျိုးမျိုး ချော့မေး ခြောက်မေးမှ ... ကိုမောင်စိန် က ကုလားကြီး ဆိုတော့ .. ရွှေစင်ဦး ဖေဖေ က ကုလားကြီး လို့ သူငယ်ချင်းတွေက ထင်မှာ ဆိုးလို့ ဆိုပြီးပြောပါတယ် ... အဲဒီကြ မှ ရွှေစင်ဦး ရဲ့ မဟာလျှို့ဝှ့က်ချက် ကြီး ကို ကြားသိသွားတဲ့ မိဘ တွေ ရီမောနိုင်ပြီး .. ဖေဖေ က ပြောတယ် .. ကိုယ့် ရုပ်က ကုလားရုပ်လား .. ဗမာ ရုပ်လား ဆိုတာမသိဘူးလား .. ဖေဖေ က ကုလား ဆိုရင် သမီး ရုပ်က လည်း ကုလား ရုပ်ဖြစ်မှာ ဘဲ ဆိုပြီး ပြောပါတယ် ...

ဒါပေမဲ့ နောက်တော့ လည်း ဖေဖေ က ကျောင်းအသွား အပြန် ကို ဆိုက်ဂျဲရိုး နဲ့ ပြောင်းပြီး သွားခိုင်းပါတယ် ...
ရွှေစင်ဦး သုံးတန်း လေးတန်း အသက်အရွယ်လေး တုန်းက အသက် နဲ့ ရင်း လို့ အမျိုးချစ်ခဲ့ပုံလေးပေါ့ ...

ဘာရယ် မဟုတ်ပါဘူး .. အင်တာနက် သုံးရင်း မျိုးစောင့် ဥပဒေ နဲ့ မျိုးချစ် များကို တွေ့ဖန်များတော့ ရွှေစင်ဦး သူငယ်နာမစင် ခင်က ဦးနှောက်လေး နဲ့ စဉ်းစားတွေးခေါ်ပုံ လေး ကို ပြန်သတိရလို့ပါ ...

လေးစားလျှက်
ရွှေစင်ဦး

Comment

ကုလားဦးစိန်တော့မရှိရှာတော့ဘူး
သူကျောင်းကိုစက်ဘီးနဲ့ လိုက်ပို . ပေးတဲ့ ကောင်မလေးကတော့ ၁၀တန်းအောင်ပြီးbloggerSzOo ဖြစ်နေပြီ
Racist တွေ ကတော့သောင်းကျန်းဆဲ
တရားကျဘို့ ပါ
dear racists,
Plz remember, Buddha himself is an Indian!
Racism & Nationalism are confusing.