Showing posts with label driving wedge between monks.. Show all posts
Showing posts with label driving wedge between monks.. Show all posts

Monday, January 6, 2014

ဝီရသူလို စောက်ခြောက် ကိုယ်တော် ကြောင့် သံဃာတွေအကြား သွေးခွဲခံရတာ။Stephen Thant



Stephen Thant
January 3 · Edited
ကန်တော့ပါရဲ့ဗျာ။ ကျနော်တို့ သောက်သုံးမကျလို့ သံဃာတွေ သင်းခွဲခံရတာ။ ၀ီရသူလို စောက်ခြောက် ကိုယ်တော် ကြောင့် သံဃာတွေအကြား သွေးခွဲခံရတာ။ ရဟန်းတွေကို သာမန် လူတွေက အထင်အမြင်စောင်း ဆဲဆိုခံရတာ။ ဘာသာခြားတွေရဲ့ အထင်အမြင်သေးမှုကိုခံရတာ အခုဆိုမေတ္တာရှင် ရဟန်းတော်တွေကို ကြောက်စရာ သင်္ဃန်းဝတ်တွေအဖြစ်အမြင်ခံရတာ။ ကမ္ဘာမှာ အကြမ်းဖက် ဗုဒ္ဓဘာသာဝင်တွေ မွေးထုတ်ပေးတဲ့ နိုင်ငံအဖြစ် ကျော်ကြားစေခဲ့တာ။ ကျနော်တို့ သောက်သုံးမကျလို့ ကျနော်တို့ မေတ္တာတွေ ဘာသာခြားတွေကို ပေးနေတာ တွေကို အပေါ်ကနေ အုပ်ပြီး အကြမ်းဖက်မှုတွေလုပ်ပြပြီး သာသနာရဲ့ဂုဏ်၊ နိုင်ငံဂုဏ်၊ ကို ညှိုးနွမ်းစေခဲ့တာ၊ ဖျက်စီးပြခဲ့တာ ကျနော်တို့ ရပ်ကြည့်နေခဲ့လို့။ အဆိုးဆုံးကတော့ တကယ့် နှစ်ပေါင်းများစွာအစဉ်အလာရှိတဲ့ မစိုးရိမ်ဆရာတော်ဘုရားကြီးနဲ့ ရဲရဲတောက် အာဇာနည် မစိုးရိမ်ဆရာတော်တွေရဲ့ နေရာမှာ စောက်ခြောက် ၀ီရသူနဲ့ ၉၆၉ ကို အစားထိုးခဲ့တာကို ကျနော်တို့ လက်ပိုက်ကြည့်နေခဲ့တယ်။

အခုလာပြန်ပြီ ဘာတဲ့ ဒေါ်စု ကို ပုတ်ခတ်ဖို့ ၉၆၉ ဘုန်းကြီးတွေထွက်လာကြပါပြီ။ တရားပွဲတွေမှာ ဒါတွေထည့်ပြောဖို့ တာဝန်ပေးအပ်ထားပြီးပြီ။ ဒီဇာတ်ပွဲတွေ က ၂၀၁၅ ပြီးရင် ရပ်သွားမယ်လို့မထင်လိုက်နဲ့။ မြန်မာပြည်မှာ ကြံ့ဖွတ်အဖွဲ့ရှိနေသရွေ့ စစ်တပ်က နိုင်ငံရေးထဲမှာရှိနေသရွေ့ ဒီ ၉၆၉ နဲ့ ဘုန်းကြီးဝီရသူလို စောက်ခြောက်ဘုန်းကြီးတွေကို မြူးခိုင်းနေဦးမှာပဲ။ ကျနော်တို့ ဗုဒ္ဓဘာသာလည်း နံမည်ပျက်ရင်း ပျက်နေရဦးမှာပဲ။ ကဲ အခုရှင်းရင်ရှင်း မရှင်းရင် နောက်ဘယ်တော့မှ ရှင်းနိုင်မှာမဟုတ်တော့ဘူး။ နောက်နှစ် ၅၀၊ ၁၀၀ လောက်ကြာရင် သမိုင်းမှာ ၉၆၉ အကြောင်းများသင်ရရင်ဖြင့် ကျနော်တို့ ခေတ်က ပေါ်ထွက်ခဲ့တာလေ ဆိုရင် သေရော။

********************
မြန်မာနိုင်ငံ ဗုဒ္ဓဘာသာလူထုရဲ့ ကြားမှာ သံဃာတွေဟာ လူထုကို စည်းရုံးနိုင်တဲ့ အနေအထားမှာ ရှိသေးတယ်ဆိုတာ မနေ့ညက ရပ်ကွက်ထဲက တရားပွဲ အပြီး သိလိုက်ရတယ်။ တရားပွဲကို ကိုယ်တိုင်တော့ နားမထောင်လိုက်ရပါဘူး။ မနက်ကျတော့ လမ်းထဲက အဒေါ်ကြီးနဲ့ အမေကြီး ပြောနေကြတာ ကြားတယ်။ ညတုန်းက ဆရာတော်က ၅၉ လား ဘာလား အဲဒါ ပြင်ရင် တိုင်းပြည် ဒုက္ခရောက်မယ့် အကြောင်း ပြောသွားတာ ကောင်းလိုက်တာတဲ့ ….။ အင်း ဒေါ်အောင်ဆန်းစုကြည်တော့ စစ်တပ်ရဲ့ ထောက်ခံမှု မရရုံမက သံဃာထုနဲ့ နိုင်ငံရေးနားမလည်တဲ့ လူထုရဲ့ ထောက်ခံမှုတွေပါ တစ တစဆုံးရှုံးလာပြီလား စဉ်းစားမိတယ်။ အဒေါ်ကြီးကပြောသေးတယ်။ သန်းရွှေလက်ထက်တုန်းက ဆီးဂိမ်းတွေ ဘာတွေလည်း လုပ်ပေးတာ မဟုတ်ဘူးတဲ့။ ဦးသိန်းစိန်ကတော့ လုပ်ပေးတယ်ဆိုပဲ…။ သူတို့ နားလည်သလောက် နိုင်ငံရေးက ဒီလောက်ပဲ။ ဒီလို လူထု မြန်မာပြည်မှာ ဘယ်လောက်လူဦးရေ ရှိမလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဏာကို လိုချင်တဲ့ စိတ်ကို မကြိုက်တာတဲ့။ သမ္မတ မလုပ်ရလည်း အကြံပေးလေး ဘာလေး လုပ်ပေါ့အေတဲ့။ ဆရာတော်ကတော့ မဟုတ်တာ ပြောမှာ မဟုတ်ဘူး။ မှန်တာပဲ ပြောမှာပေါ့တဲ့။ ရှင်းပြလည်း မထူးတော့တဲ့ အခြေအနေမို့ … ကိုယ့်နိုင်ငံသားတွေရဲ့ ဓလေ့ သဘာဝကို လေ့လာဖို့ပဲ ဒေါ်စုနဲ့ တွေ့ရင် ပြောချင်တော့တာပါပဲတော် ……