Wednesday, May 9, 2012

hand phone monopoly.

မိုဘိုင်းလ်ဖုန်းပြဿနာ by Padauk Myay on Thursday, February 23, 2012 at 9:56am · ရွှေပြည်တံခွန်က စလိုက်တဲ့ ငါးထောင်တန် Sim Card ပြဿနာနဲ့ ပတ်သက်ပြီး အယူအဆ အမျိုးမျိုး ရေးသား နေကြပါတယ်။ အဲဒီအထဲက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့ထုတ် Mobile Guide ဂျာနယ်မှာ မိုဘိုင်းဖုန်း နည်းပညာ၊ ဈေးကွက် ကျွမ်းကျင်သူ တစ်ဦးလည်းဖြစ်၊ England နိုင်ငံကနေ MBA (Telecom) ဘာသာရပ်ကို အထူးပြု သင်ကြားခဲ့သူ တစ်ဦးလည်း ဖြစ်တဲ့ ဦးပြည်စိုးထွန်းနဲ့ အင်တာဗျူးက စီးပွားရေး ရှုထောင့်၊ နည်းပညာ ရှုထောင့် နှစ်ခုလုံးကနေ သုံးသပ်ထားပြီး ဖတ်ရသမျှထဲမှာ အကောင်းဆုံး ဖြစ်လို့ တင်ပေးလိုက်ပါတယ်။ တင်ဇာအောင် မေးမြန်းသည်။ အခု လက်ရှိ ဖြစ်ပေါ်နေတဲ့ ငါးထောင်တန်ဖုန်း ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတဲ့ နေရာမှာ အစ်ကို့ရဲ့ အမြင်ကို သုံးသပ်ပေးပါဦး နှစ်ဖက်စလုံးက ပြောနေတာတွေတော့ ရှိပါတယ်။ ဒီအခြေအနေကို ပြောရမယ် ဆိုရင်တော့ နိုင်ငံ တစ်ခုလုံး ခြုံကြည့်ဖို့ လိုတယ်။ Improve ဖြစ်ဖို့က အဓိက ဖြစ်ဖို့ လိုတယ်။ ခြုံကြည့်တဲ့ အချိန်မှာလည်း Business Area ဖြစ်တဲ့ ရန်ကုန်လိုမျိုး၊ ဧရာဝတီလိုမျိုးကို ကွက်ြပီး ကြည့်လို့ မရဘူး။ နိုင်ငံ တစ်ခုလုံး ခြုံကြည့်ရမယ်။ ကိုယ့်ရဲ့ တိုင်းရင်းသားတွေ ရှိတဲ့ ချင်းတောင် လိုဟာမျိုး၊ ကချင်ပြည်နယ်လို နေရာမျိုးတွေကိုလည်း ကြည့်ရမယ်။ အဲဒီနေရာ မျိုးတွေမှာ Tele density မြင့်ဖို့ ဆိုတာလည်း အစိုးရမှာ တာဝန် ရှိတယ်။ ဒါတွေကို ချန်ထား ပြီးတော့ ရန်ကုန်လို နေရာမျိုးကိုပဲ develop ဖြစ်အောင် လုပ်မယ် ဆိုရင် အခုလို အချိန်မျိုးမှာ ပိုပြီးတောင် အပြောခံရနိုင်တယ်။ ဒီနေရာက develop ဖြစ်တယ်။ ဒီနေရာက မဖြစ်ဘူး ဆိုပြီး ပိုပြီးတောင် အပြောခံရဦးမယ်။ အစိုးရ အနေနဲ့ ဒါတွေကို Setup လုပ်ဖို့ ဆိုတာ နယ်စွန်နယ်ဖျားမှာလည်း setup လုပ်ဖို့ လိုတယ်။ အဲဒီလို လိုတဲ့နေရာမှာလည်း ဖုန်းတစ်လုံးနဲ့ တစ်လုံး ပြောဖို့ဆိုတာ Transmittion Link မရှိဘဲနဲ့ ပြောလို့မရဘူး။ Transmittion Link ရှိဖို့ဆိုတာက backbone တွေ ဘာတွေချဖို့ အများကြီး လိုအပ်တယ်။ အဲဒီ အပေါ် မှာလည်း Cost တွေ အကုန်လုံးက စီးပွားရေးအရ တွက်ချေ ကိုက်တာ မကိုက်တာက နောက်မှထား။ အရေးကြီးတာက Tele density အရ နယ်စွန် နယ်ဖျားတွေမှာ ရှိရမယ်။ ပြီးတော့လည်း improve ဖြစ်ဖို့ဆိုတာက ဒီ cost တွေကို ထည့်တွက် ထားဖို့ မေ့ထား ရမယ်။ နိုင်ငံတော် အနေနဲ့ဆိုရင် ဒါတွေ အရေး မကြီးသေးဘူး။ အဲဒီလိုမျိုး စဉ်းစားပြီးမှ လုပ်တဲ့ အတွက်ကြောင့်လည်း သူ့အနေနဲ့ အခုအချိန်မှာ Cost တွေ ဘာတွေ ကြီးတာ ဖြစ်နိုင်တယ်။ ရွှေပြည်တံခွန်ရဲ့ Project အရလည်း ရန်ကုန်နဲ့ ဧရာဝတီက ခြောက်လလို့ ဆိုပါတယ်။ ပြီးရင် တစ်နိုင်ငံလုံး ငါးနှစ် စီမံကိန်း လို့ပဲ ဆိုပါတယ်။ သူ့အနေနဲ့ ဆိုရင်လည်း ရန်ကုန်နဲ့ ဧရာဝတီလို Business Area လိုနေရာက စမယ်။ အဲဒီလို နေရာကနေမှ ပိုက်ဆံရမယ်။ ပြီးတော့မှ ဖြည်းဖြည်းချင်း တိုးသွားမယ်။ သူ့လို Private sector က ကြည့်တဲ့ Concept က တစ်မျိုးပေါ့။ MPT ဘက်က ကြည့်တဲ့ Concept ကတော့ တစ်နိုင်ငံလုံးကို improve ဖြစ်ချင်တာ။ အဲဒီလို လုပ်တဲ့ နေရာမှာ ခုနက ပြောတဲ့ Cost တွေ ရှိတယ်။ နောက်ပြီး ရွှေပြည်တံခွန်ဘက် အခြမ်းက ကြည့်မယ်ဆိုရင်တော့ ခြောက်လ အတွင်းမှာ မဖြစ်နိုင်ဘူးလား ဆိုရင် ဖြစ်တာတော့ ဖြစ်နိုင်ပါတယ်။ ဥပမာ မြေနေရာဆိုလည်း မရရအောင် ဝယ်မယ် ဆိုလည်း ရတာပေါ့။ နောက်တစ်ခုက သုံးနိုင်တဲ့ နည်းပညာ ရှိတယ်။ ဥပမာ Station တစ်ခုကို ထောင်မယ် ဆိုရင် မဆောက်ခင်မှာလည်း Mobile Vehicle က အဲဒီနေရာကို သွားမယ်။ ပြီးရင် Mobile Vehicle နဲ့ ဆောက်မယ်။ အဲဒီအချိန် အတွင်းမှာပဲ ကိုယ့်ရဲ့ Station တစ်ခုကို Fixed လုပ်နိုင်မယ်။ အဲဒီလိုမျိုး Solution ကို မြန်မြန် လုပ်မယ်ဆိုလည်း ရပါတယ်။ ဒါမျိုးကို ရွှေပြည်တံခွန်ကလည်း မပြဘူးပေါ့။ တကယ်တမ်း ညှိလုပ်မယ် ဆိုရင် ရပါတယ်။ ဒါဆိုရင် ခြောက်လအတွင်းမှာ ရန်ကုန်နဲ့ ဧရာဝတီမှာ ရနိုင်တာပေါ့။ တကယ်တမ်း အားသွန် ခွန်စိုက် လုပ်ချင်ရင် ရပါတယ်။ အဲဒီ Location တစ်ခုကို ရွေးတယ် ဆိုရင် အဲဒီနေရာမှာ ကြိုပြီးတော့ ပွိုင့်တွေ ချထားပေါ့။ အဲဒီ နေရာတွေက ရနိုင်လား မရနိုင်လား၊ ကိုယ်က ကြိုစဉ်းစား ထားပေါ့။ ဒါပေမယ့် ကိုယ်က အဲဒီနေရာကို Network အသစ်တစ်ခု ဆောက်မယ် ဆိုရင်တော့ Fiber optic မချဘဲနဲ့ Micro Wave တစ်ခုနဲ့ တစ်ခု ချိတ်ပြီးချမယ် ဆိုရင်လည်း ဖြစ်နိုင်ချေ ရှိပါတယ်။ သူရဲ့ နေရာက သေးသေးလေးပါ။ ရန်ကုန်တိုင်း ရှိမယ်။ ပြီးတော့ ဧရာဝတီတိုင်း ဆိုတာကလည်း တစ်ခုနဲ့ တစ်ခု ဘာမှ obstacle မရှိတဲ့ နေရာတွေပေါ့။ အတား အဆီးတွေ မရှိဘူးပေါ့။ ဥပမာ ချင်းတောင်လို နေရာမျိုးတွေပေါ့။ Microwave ဆောက်ဖို့ ဆိုတာ တော်တော်ကို ခက်ပါတယ်။ ဒီလို နေရာမျိုးက တော့ ဖြစ်နိုင်ပါတယ်။ International အရ Network ဆောက်မယ် ဆိုတာကတော့ ဖြစ်နိုင်ပါတယ်၊ ဆောက်လို့ ရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက မမျှော်လင့်တာတွေ ရှိနိုင်ပါသေးတယ်။ Frequency မှာလည်း သူတို့ အခုလက်ရှိ သုံးနေတာနဲ့ လွတ်လား မလွတ်လား ကြည့်ဖို့ လိုသေးတယ်။ International မှာ ရပေမယ့် ဒီမှာကတော့ ရချင်မှလည်း ရမယ်ပေါ့။ Nature ချင်းလည်း မတူဘူး။ အိမ်နီးချင်း နိုင်ငံတွေရဲ့ မိုဘိုင်းဖုန်း သုံးစွဲမှုနဲ့လည်း ယှဉ်ပြီး ပြောပေးပါဦး။ အနီးစပ်ဆုံး ဆိုရင်တော့ ထိုင်းနိုင်ငံပေါ့။ ထိုင်းနိုင်ငံမှာလည်း ပထဦးဆုံးက အစိုးရ အနေနဲ့ပဲ လုပ်တာရှိတယ်။ အစိုးရက လုပ်ပြီး တဖြည်းဖြည်း Mature ဖြစ်လာတော့ Private ကို လွှဲပေးတာပေါ့။ သူရဲ့ Backbone ကြီးကို နဂို ကတည်းက ဆောက်ထားတယ်။ အဲဒီကမှ Transmittion Link အတွက် သူတို့က လိုင်းတွေကို ပြန်ငှားပေးတာပါ။ အဲဒီလို ပုံစံမျိုးနဲ့ သွားနေကြတာပါပဲ။ သူတို့မှာက နဂိုကတည်းက invest လုပ်ထားတာ ရှိတယ်။ အဲဒီ invest လုပ်ထားတာတွေ အရင်း ကျေပြီ ဆိုရင် cost ချတာရှိတယ်။ အဲဒီလို လုပ်ရတဲ့ အချိန်မှာ Competition ရှိလာတယ် ဆိုရင် Operator အချင်းချင်းတွေက ပြိုင်ဆိုင်မှုတွေ ဖြစ်လာတော့ ဈေးပိုကျတာပေါ့။ တဖြည်းဖြည်း ကျလာတော့ Competition အရ အလကား ပေးတာလည်း ဖြစ်နိုင်တယ်။ 2 Years Contact, 1 Years Contact တွေ ရှိလာရင်လည်း ဟန်းဆက် တစ်မျိုး ပေးမယ် ဆိုတာမျိုး ဖြစ်နိုင်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ မိုဘိုင်းဖုန်း Operator ပေးတဲ့ အနေအထားကရော ဘယ်လို ရှိပါသလဲ။ ထိုင်းမှာဆိုရင်လည်း စစချင်း ပထမဆုံးက Government အနေနဲ့ လုပ်တယ်။ TOT ဆိုပြီး လုပ်တယ်။ ပြီးတော့ operator တွေ အနေနဲ့ ဖြစ်လာတယ်။ ဖြည်းဖြည်းချင်းနဲ့ ခွဲထုတ်တာ။ စင်ကာပူမှာလည်း ဒီလိုပဲ ခွဲထုတ်လာတာပဲ။ အနီးစပ်ဆုံး တရုတ်ပြည်မှာ ဆိုရင်လည်း ဒီလိုပါပဲ။ အစတုန်းက ဒေါ်လာ ၂၀၀၀ လောက်ကနေမှ အခုဆိုရင် အလကားရတဲ့ အဆင့် အထိ ဖြစ်လာတာပဲ။ ဖြည်းဖြည်းချင်း ချပေးတာပေါ့။ အဲဒီလို ဟာမျိုးတွေက ဘယ်လိုမျိုးမှာ မြင်ရလည်း ဆိုတော့ Geographical အရ အရမ်းကို ကြီးတဲ့ နေရာမျိုးတွေမှာ ဖြစ်တယ်။ နံပါတ်တစ် အချက် ကြီးမား ကျယ်ပြန့်တယ်။ နံပါတ်နှစ် အနေနဲ့က Loan မရတဲ့ နိုင်ငံမျိုးတွေမှာပါ။ ဒီလိုမျိုး Telecom Network ဆိုတာ Infrastructure အရ အရမ်းကြီးမား ကျယ်ပြန့်တော့ Loan မရဘူးဆိုရင် ဒီလိုပဲ လုပ်ရတာပါပဲ။ တစ်ခုခုက Provide လုပ်လို့ ဥပမာ အခုချိန်မှာ 1 billion လောက်ကို ကမ္ဘာ့ဘဏ်ကပဲ ဖြစ်ဖြစ်၊ ADB ကပဲ ဖြစ်ဖြစ် တယ်လီကွန်း ကဏ္ဍမှာ သုံးပါဆိုပြီး ပေးမယ်ဆိုရင် အစ ကတည်းက Cost ချလို့ ရတယ်။ နောက်တခုကလည်း Private investor ဘက်က ဒီဟာကို investment လုပ်ပေး ထားနိုင်တယ်။ ဒီအချိန်မှာလည်း အလုပ်လုပ်လို့ ရတယ် ဆိုရင်တော့ ပြဿနာ မရှိဘူးပေါ့။ အလကား ပေးနိုင်တယ် ဆိုတာ ဆယ်စုနှစ် တစ်ခု အတွင်းလောက် ဖြစ်မလား။ အဲဒါက ဆယ်စုနှစ် ၂ ခုလောက် ဖြစ်မယ်။ Mobile Technology တကယ် Develop ဖြစ်တာက ၁၉၉၀ လောက်မှ စတာ။ လက်ရှိ အချိန်မှာ ထိုင်းနိုင်ငံရဲ့ Sim Card တန်ဖိုးက ဘယ်လောက် ရှိပါသလဲ။ အခု အချိန်မှာတော့ Sim Card တန်ဖိုးက Cost တောင် မရှိတော့ဘူး။ ဘာလို့လည်း ဆိုတော့ Tourism Promotion အရရော Market Promotion အရရော Cost မရှိတော့ပါဘူး။ Air Port သွားမယ်ဆိုရင် Sim Card Free ယူသွားလို့ ရတယ်။ တချို့ဆို 15 Baht ထည့်ပေးတာတောင် ရှိတယ်။ ဒါတွေက Business Competition အရ ဖြစ်လာတာပါ။ ဝန်ကြီးဌာနအနေနဲ့ လုပ်သင့်တာကရော ဘယ်လိုရှိမလဲရှင်။ မြန်မာ့ဆက်သွယ်ရေး အနေနဲ့က Radio Sepctrum တွေကို လေလံတင်ပြီး ရောင်းရမယ်။ operator တွေက Frequency ဘယ်နှစ်ခုကို လိုချင်တယ် ဆိုတာ ကန်ထရိုက် ဆွဲရမယ်။ အဲဒီလိုင်စင်ကို Operator က လေလံ ဆွဲရမယ်။ အဲဒီမှာ Spectrum Cost က အရေးကြီးတယ်။ အဲဒီမှာ ဈေးကြီးရင် ချရောင်းမယ် ဆိုတာ လွယ်မှာ မဟုတ်ဘူး။ သူက Cost ကိုလည်း Cover ဖြစ်တယ်။ Long Term investment ကိုလည်း သူက Financing အရ Loan တွေ ဘာတွေ ရမယ် ဆိုရင်လည်း Cost ကို နဂိုကတည်းက ချပြီး ရောင်းဖို့ ဖြစ်နိုင်တယ်။ စစချင်း Plan က Business Model အရ ROI (Return On Investment) က 3 Years အတွင်းကျေမလား 5 Years အတွင်း လုပ်မယ်လို့ Business Model ဆွဲထားပေ မယ့်လည်း အဲဒီအချိန်မှာ အစိုးရက အခြား Operator တစ်ယောက်ကို ပေးလိုက်မယ် ဆိုရင် သူ့မှာရှိတဲ့ Subscriber တွေသည် အခြားဆီ ပြောင်းမသွားဖူးလို့ မပြောနိုင်ပါဘူး။။ အဲဒီမှာလည်း Competition များလာရင်လည်း အကျိုး အမြတ်က တော်တော်လေးကို ခက်ပါတယ်။ ကိုယ်က အလကား ပေးမယ်လို့ လုပ်ထားပေမယ့် အဲဒီအချိန်မှာ နောက်တစ်ယောက်က အလကား ပေးရုံတင် မဟုတ်ဘူး။ တစ်ခု ထပ်ပေးမယ် ဆိုပြီး ကိုယ့်ရဲ့ Subscriber ကို ယူသွားတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီတော့ အလကား ပေးတယ် ဆိုတာ ဖြစ်လည်း ဖြစ်နိုင်သလို့ ကိုယ့်အတွက် အကျိုးအမြတ်က တော်တော်လေး ခက်ပါတယ်။ အခုအချိန်မှာ ၅၀၀၀ နဲ့ ထွက်လို့ ရတယ်လို့ တွက်ထားပေမယ့် အစိုးရက သူတင် မဟုတ်ဘူး အခြားပေးမယ် ဆိုရင် အခြား တစ်ယောက်က Free ပေးမယ်။ နောက်တစ်ယောက်က Free မှ အခြား Value added Service ကို ထည့်ပေးလိုက်မယ် ဆိုရင် Customer က ပြောင်းသုံးမှာပဲ။ အကျိုးအမြတ် ဖြစ်ခြင်း၊ မဖြစ်ခြင်းက တော်တော်လေး ပြောရခက်တယ်။ ဒါပေမယ့်လည်း မြန်မာပြည် အနေထားနဲ့ ကြည့်မယ်ဆိုရင် လူဦးရေက သန်းခြောက်ဆယ် ရှိတယ်။ လုပ်မယ် ဆိုလည်း လုပ်လို့ ရတာပေါ့။ Radio Spectrum ရောင်းတယ်ဆိုတာကိုလည်း ရှင်းပြပါဦး။ Radio Spectrum ရောင်းပေးတယ် ဆိုကက GSM ကို 900 MHz ကို သုံးတယ် ဆိုရင် အဲဒီမှာ Channel တွေ ရှိတယ်။ အဲဒီ Channel ပေါ်မှာ မူတည်ပြီးမှ သူက Subscriber ဘယ်လောက် Extend လုပ်မယ် ဆိုတာ တွက်လို့ရတယ်။ မြန်မာ့ ဆက်သွယ်ရေး အနေနဲ့ Spectrum ရောင်းနိုင်တယ်။ တကယ်တမ်း international အရ မြန်မာ့ ဆက်သွယ်ရေးသည် ဒါပဲလုပ်ရမယ်။ ပြီးတော့ Operator က ဘယ်လို လုပ်သလဲ ဒါကို Supervise လုပ်ရတယ်။ ဒါက ဖြည်းဖြည်းချင်း လုပ်သွားရမှာ။ နိုင်ငံတကာမှာ Operator လုပ်တာက ဘယ်အချိန်လောက်ဖြစ်မလဲ။ Operator ပေးတာက ၁၉၉၀ နောက်ပိုင်းမှာ ဖြစ်လာတာပါ။ ရွှေပြည်တံခွန် အနေနဲ့ သီးသန့် Network ဆောက်မယ်လို့ ဆိုထားပါတယ်။ အဲဒါကရော ဖြစ်နိုင်ပါသလားရှင်။ သူက isolated Network ပေါ့။ နိုင်ငံတကာမှာလည်း Isolated Network က ဆောက်လို့ ရပါတယ်။ တစ်ယောက်တည်း ဆောက်တာပေါ့။ သူ့ရဲ့ customer တစ်ယောက်ကပဲ အဲဒီ နက်ခ်ဝပ်ထဲမှာပဲ ပြောမယ် ဆိုရင်တော့ ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ လူဆိုတာ အမျိုးမျိုးရှိတယ်။ လူတွေမှာ Choise ရှိတယ်။ ဆက်သွယ်ရေးက လိုင်းကို သုံးတာလည်း ရှိနိုင်တယ်။ အဲဒီအတွက် ပြောချင်ရင် Agreement ထိုးကို ထိုးရမယ်။ Hand Shaking လုပ်ကို လုပ်ရမယ်။ အဲဒီအခါ ကျရင်လည်း incoming call ဝင်လာရင် ဘယ်လောက် ပေးရမယ် ဆိုတာမျိုးပေါ့။ အဲဒါတွေက လုပ်ကို လုပ်ရမယ်။ တစ်ယောက်တည်း လုပ်ရမယ်ဆိုရင် နိုင်ငံတကာရဲ့ Business model အရကြည့်ရင် အရမ်းကို Cost များတယ်ပေါ့။ တစ်ခုနဲ့ တစ်ခု ချိတ်တယ် ဆိုလည်း သူတို့အနေနဲ့ စဉ်စားမယ်ဆိုရင် Transmittion တစ်ခုနဲ့ တစ်ခု ချိတ်ဖို့လိုတယ်။ ကိုယ်က generally တွက်ထားပေးမယ့် အဲဒီနောက်ကွယ်မှာ Hidden Cost တွေ အများကြီး ရှိပါတယ်။ သူ့ရဲ့ ချိတ်ထားတဲ့ Network နဲ့ တခြား Networkနဲ့ ဘယ်လို Connection လုပ်ကြမလဲ။ အဲဒီနက်ဝပ် နှစ်ခုကြားမှာ ရှိတဲ့ Interface က လိုက်လျော ညီထွေ ဖြစ်တဲ့ interface ဖြစ်ဖို့ လိုတယ်။ အဲဒီလို မရှိလို့ လိုက်ညှိရမယ် ဆိုရင် အဲဒီနေရာက အရမ်းကို Cost တက်မယ့် နေရာလို့ မြင်ပါတယ်။ ဒါဆိုရင် ကုမ္မဏီ တစ်ခုတည်းအနေနဲ့ သီးသန့် လုပ်မယ်ဆိုရင် ဘယ်လို မြင်နိုင်ပါသလဲ။ သေချာပေါက် တစ်ယောက်တည်း လုပ်လို့ မရဘူး။ ဆက်သွယ်ရေးမှာလည်း သူတို့ဘက်မှာ သုံးနေတဲ့ Subscriber တွေ ရှိမှာပဲ။ တစ်ယောက်တည်း သက်သက် လုပ်မယ် ဆိုရင် အစကတည်းက Network ကြီး တစ်ခုလုံးကို သူဆောက်မယ် ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့လည်း အခုမှစမယ် Mobile Operator တစ်ယောက် အနေနဲ့ စမယ်ဆိုရင် သေချာပေါက်က သူခေါ်မယ့်သူသည် ကြိုးဖုန်းတွေကို ခေါ်မယ့် Condition လည်း ရှိဦးမှာပဲ။ မိုဘိုင်း အချင်းချင်း ပြောကြမယ် ဆိုပေမဲ့လည်း သူ့ကြိုးဖုန်းကို ခေါ်မယ် ဆိုရင်လည်း အဲဒီအပေါ်မှာ Agreement လုပ်ရမယ်။ ယူပြီးတော့မှ Hand Shaking လုပ်ထားပြီးမှ စကား ပြောခွင့်ရမယ်။ အဲဒါမှလည်း ပိုအောင်မြင်မှာပေါ့။ သူ့ရဲ့ Network ကို ဆောက်ပြီးတော့ အချင်းချင်း ပြောကြပါလို့ လုပ်ထားရင်လည်း အချို့ Customer က OK ဆိုပြီး လုပ်တာလည်း ရှိမယ်။ သဘောကျချင်လည်း ကျမယ်။ အမျိုးမျိုး ရှိနိုင်တာပေါ့။ နိုင်ငံတကာ စံနှုန်းနဲ့ ကြည့်မယ်ဆိုရင် နိုင်ငံတစ်နိုင်ငံမှာ Operator ဘယ်နှစ်ခု လောက်ပေးသင့်ပါသလဲ။ ပုံမှန်အားဖြင့် အိမ်နီးနားချင်း နိုင်ငံတွေကိုပဲ ကြည့်မယ်ဆိုရင် အနည်းဆုံး Operator သုံးခုလောက်ကို ပေးတယ်။ ဒါကလည်း Customer အတွက် right way လို့ထင်ရတယ်။ Customer အတွက် ရွေးစရာ choice လည်းရှိမယ်။ price တွေကလည်း အပြိုင်အဆိုင် ဖြစ်လာတော့ customer ဘက်က ကြည့်မယ်ဆိုရင် အဆင်ပြေတာပေါ့။ ကမ္ဘောဒီးယား နိုင်ငံဆိုရင်လည်း Operator အများကြီး ပေးလိုက်တာ ရှိတယ်။ Operator သုံးခုလောက်က အသင့်တော်ဆုံးပေါ့။ မြန်မာ့ ဆက်သွယ်ရေးကလည်း ပြောသွားတာ ရှိပါတယ်။ အခု Project မှာပါတဲ့ ကုမ္မဏီတွေကို ကနဦးတပ်ဆင်ခ အပြင် Air Time ပေါ်မှာလည်း ပေးမယ်လို့ သိရပါတယ်။ မိုဘိုင်း စီးပွားရေးမှာ ကနဦီး တပ်ဆင်ခပေါ်မှာ ပိုက်ဆံမယူဘဲ ဘယ်လိုပုံစံမျိုးနဲ့ Operatorက Investment ကိုပြန်ရနိုင်ပါသလဲ။ အဲဒါက အများကြီး ဖြစ်နိုင်ပါတယ်။ Telecom ရဲ့ Business Model မှာ အများကြီး ရှိတယ်။ အရင်တုန်းက Initial price ကို ယူပြီးမှ ရောင်းတယ်။ အခုက Initial price ကို ချပေးလိုက်တယ်။ ဖြစ်နိုင်တဲ့ Amount တစ်ခုကို ယူထားတယ်။ ဒါမှမဟုတ် အလားကား ပေးလိုက်တာလည်း ဖြစ်နိုင်တာပေါ့။ တခြားလည်း အများကြီးရှိပါတယ်။ Air Time အရ ရတာရှိမယ်။ ဒါမှမဟုတ် တခြား Value Added တွေအရ ရတာလည်း ရှိမယ်ပေါ့။ Air Time အရဆိုရင်လည်း Air Time ပေါ်မှာ Plan တွေ အများကြီး ခွဲထားပြီးမှ မျိုးစုံရှိတယ်။ အဲဒီလို ပေါ်မှာလည်း ပိုက်ဆံယူလို့ရတယ်။ Sim Card ပေါ်မှာ မယူဘူး။ တချို့ နိုင်ငံတွေမှာလည်း ရှိပါတယ်။ တစ်လကို ပြောပြော မပြောပြော ဒေါ်လာ ၂၀ ပေးရမယ် ဆိုတာလည်း ရှိတယ်။ Initial price မယူထားဘူး။ လတိုင်း ယူထားတယ်၊ စစချင်းတော့ Initial price ကို မပေးရဘူး။ ဒါပေမဲ့ လတိုင်း လတိုင်း ပေးသွားခြင်းဖြင့်လည်း Operator တစ်ယောက်အနေနဲ့ ပိုက်ဆံ ဝင်သွားတာတွေ ရှိပါတယ်။ Investor တွေရဲ့ Business Mindset အရ မျိုးစုံ သွားနေကြတာ တွေရှိပါတယ်။ နိုင်ငံတကာမှာ သွားနေတဲ့ Trend ကရော Sim Card ပေါ်မှာ ပိုက်ဆံယူတာ ရှိနိုင်ပါသလား။ နိုင်ငံတကာမှာ လုပ်နေတဲ့ Trend ကတော့ Sim Card ပေါ်မှာ ပိုက်ဆံ မယူဘူး။ အခြား ခုနက ပြောသလို Air Time ပေါ်မှာ ယူတာတွေလည်း ရှိပါတယ်။ နိုင်ငံတကာမှာဆိုရင် ဆက်သွယ်ရေးနဲ့ ပက်သက်တဲ့ လုပ်ငန်းမှာ နိုင်ငံတော်က ဘယ်လို အခန်းကဏ္ဍက ပါဝင်ပါသလဲ။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းသည် နိုင်ငံတော်ကပဲ ပိုင်တယ်။ သူသည် ပြန်ပြီး Spectrum rent လုပ်မယ် ဒါက နှစ်စဉ် ရောင်းတာ။ တစ်နှစ်ထဲ မဟုတ်ဘူး။ နှစ်စဉ်လိုင်စင် Fees တောင်းပြီး ပိုက်ဆံ ရှာတာပေါ့လေ။ ရွှေပြည်တံခွန်က UMTS နည်းပညာနဲ့ တပ်ဆင်မယ်လို့ ဆိုပါတယ်။ အဲဒီနည်းပညာကို ရှင်းပြပေးပါအုံးရှင်။ UMTS ဆိုတာ WCDMA ပါပဲ။ သိပ်ပြီး ကွာခြားတာ မရှိပါဘူး။ GSM, GPRS, EDGE, UMTS လို့ အရင်တုန်းက ပြောခဲ့ပေမဲ့ အခုကတော့ WCDMA လို့ ပြောကြတာပါပဲ။ 4GLTE စနစ်ကို သွားနေတာရော ရှိပါသလား။ ကမ္ဘာမှာ WCDMA ပြီးရင် 4GLTE သွားတယ်။ ဒါပေမဲ့ အခုအချိန်မှာ LTE ကို Apply လုပ်မယ်ဆိုရင် LTE နဲ့ ပတ်သက်တဲ့ ဟန်းဆက်တွေ ဘာတွေက အတော်တော် ရှားပါးတယ်။ 3G ဆိုတာက DATA ပေါ်မှာ base လုပ်တဲ့ အတွက် ဘယ်လို Function မျိုးတွေကို ပြည်တွင်းမှာ တကယ် သုံးလို့ ရနိုင်ပါသေးလဲ။ 3G ဆိုတာက DATA ပေါ်မှာ base လုပ်တယ်။ Data ကို Base လုပ်ပြီးသွားတဲ့ အချိန်မှာ Transmittion Backbone တွေက အရေးကြီးဆုံးပဲ။ လုံလောက်တဲ့ Bandwidth မရှိဘူးဆိုရင် 3G ဆိုတာက အကောင်အထည် ဖော်လို့မရဘူး။ 3G ကို ပြောမယ်ဆိုရင် DATA ကအရေးကြီးဆုံးပဲ။ BTS Size နဲ့ Gateway မှ ကြားထဲမှာရှိတဲ့ Bandwidth က လုံလောက်မှ 3G ကို Support လုပ်လို့ရမယ်။ ရွှေပြည်တံခွန်အနေနဲ့ ဆက်သွယ်ရေးနဲ့ မချိတ်ဆက်ဘဲနဲ့ အင်တာနက် ကွန်နက်ရှင်ကို ဘယ်လို ရယူနိုင်ပါသလဲ။ ဆက်သွယ်ရေးနဲ့ မချိတ်ဆက်ဘူး ဆိုရင်တော့ ကျွန်တော့် အမြင်တော့ ဘာမှလုပ်လို့ မရနိုင်ပါဘူး။ အင်တာနက် Gateway နဲ့ ချိတ်မယ် ဆိုတာလည်း National Internet Gateway နဲ့ ချိတ်မှပဲ ရမှာပါ။ သူကိုယ်တိုင် ချိတ်ဆိုရင်လည်း ဆက်သွယ်ရေးက သူ့ကို Operator အဖြစ် approve လုပ်မှ သူက ချိတ်လို့ရမှာပါ။ ITU (International Telecom Union) ရဲ့ Standard ကို လိုက်နာဖို့ရော ဘာတွေ လိုအပ်ပါသလဲ။ ITU မှာ သူ့ရဲ့ Standard ရှိပါတယ်။ ဘယ် Code ကို ဘယ်လို ပေးမယ်ဆိုတဲ့ Standard ပါ။ အဲဒီ Standard တွေကို မြန်မာ့ ဆက်သွယ်ရေးကပဲ လုပ်လုပ်၊ ဘယ် Operator ကပဲလုပ်လုပ် မြန်မာနိုင်ငံရဲ့ အောက်မှာ လုပ်မယ်ဆိုရင် ပေးထားတဲ့ Standard တွေရှိပါတယ်။ အဲဒီ Standard တွေကို Follow up လုပ်ဖို့က အဓိက အချက်ပေါ့။ ပြီးရင် ကိုယ်က လုပ်မယ် ဆိုတာကို သူ့ကို inform လုပ်ဖို့လိုပါတယ်။ အဲဒီ နှစ်ခုက အဓိက အချက်ပေါ့။ လက်ရှိအချိန်မှာ ရွှေပြည်တံခွန်နဲ့ ဆက်သွယ်ရေး ပူးပေါင်းမယ်ဆိုရင် ဘာကနေစပြီး လုပ်ဆောင်သင့်တယ်လို့ ယူဆပါသလဲ။ အဓိကက ဆက်သွယ်ရေနဲ့ ညှိနှိုင်း လုပ်မယ်။ လုပ်ချင်တဲ့ master plan ကြီးကို ဆက်သွယ်ရေးကို ချပြမယ်။ ပြီးတော့လည်း ဖြစ်နိုင်တာက တစ်အချက် Financing အရ Investment လုပ်လို့ ရမယ်။ ဆက်သွယ်ရေးမှာ ရှိတဲ့ Existing Network တွေရှိမယ်။ အဲဒါတွေကို ဘယ်လိုမျိုး Sharing လုပ်မယ်။ ဘယ်လိုမျိုး ငှားရမ်းချင်တယ် ဆိုတာတွေကို Propose လုပ်မယ်။ အဲဒါတွေ မူတည်ပြီးမှ ဆက်သွယ်ရေး စဉ်းစားပေးမယ်။ ဆက်သွယ်ရေးကလည်း သူရဲ့ Backbone တွေအတွက် investment ရှိထား ပြီးသားပါ။ အဲဒါတွေ အကုန်လုံးကို negotiate လုပ်ထားပြီးမှ ဖြစ်လာနိုင်မှာပေါ့။ မိုးဘိုင်းဖုန်း တစ်လုံးကို အစအဆုံး တည်ဆောက်နေတဲ့ စရိတ်တွေ အပါအဝင် အဝင်ဈေးနှုန်း ဘယ်လောက်များ ကျသင့်တယ်လို့ တွက်ချက်နိုင်ပါသလဲ။ အဲဒီမှာက ကိုယ်တပ်မယ့် Subscriber ပေါ်မှာ မူတည်တယ်။ တည်ထောင်မယ့် network ရဲ့ ဧရိယာ ပေါ်မှာလည်း မူတည်တယ်။ ပြီးတော့ အဲဒီ ဧရိယာတွေရဲ့ Tansmittion Link ပေါ်မှာလည်း မူတည်တယ်။ တချို့ဟာတွေက Fiber Optic သုံးတာရှိတယ်။ တချို့ဟာတွေက Micro Wave Link နဲ့ချိတ်မယ်။ တချို့ Alarm System လိုဟာမျိုး ဆိုရင် IT Backbone တွေရဲ့ ချိတ်ထားတာလည်း ရှိမယ်။ အဲဒီဟာတွေ ပေါ်မှာ မူတည်ပြီးတော့မှာ Cost က ကွာမှာပဲ။ ပုံမှန် General အနေနဲ့ Thinking လုပ်ရင် Per Line Cost သိပ်များပေမယ့် နောက်မှာ Hidden Cost တွေရှိမယ်။ မြန်မာ့ဆက်သွယ်ရေးက ရောင်းပေးမယ့် သုံးသိန်းထက် မကျော်ဘူး ဆိုတဲ့ ဈေးနှုန်းပေါ်မှာရော ဘယ်လို ထင်ပါသလဲ။ သုံးသိန်းဆိုတာ Maximum လို့ ထင်ပါတယ်။ ဆက်သွယ်ရေးက ဈေးချ ရောင်းပေးမယ် ထင်ပါတယ်။ နိုင်ငံသား တစ်ယောက် အနေနဲ့ ဆိုရင် ၅၀၀၀ တန် ထွက်မယ့် အပေါ်မှာ ဘယ်လို ထင်ပါသလဲ။ ၅၀၀၀ တန် ထွက်တာလည်း ကောင်းတယ်၊ တတ်နိုင်ရင်တော့ ကိုယ်က မြန်မြန် ရောက်မယ် ဆိုရင် ခုန်ပျံပြီး ရောက်ချင် တာပေါ့။ ရောက်လို့များ ရမယ်ဆိုရင် သူများ နိုင်ငံတွေနဲ့ တန်းတူ ရောက်ချင်တဲ့ စိတ်မျိုးတော့ ရှိတာပေါ့။ ဒါကတော့ ပင်ကိုယ်စိတ်ပေါ့။ ဒါပေမယ့်လည်း အခုလိုမျိုး Step တစ်ခုချင်း သွားမယ်၊ စောင့်ပြီးမှ မြန်မြန် ရောက်မယ် ဆိုလည်း စောင့်ရမှာပေါ့။ ပြီးတော့ ရွှေပြည်တံခွန် ကလည်း ပြောတာက နိုင်ငံရဲ့ ဆင်းရဲမွဲတွေမှု လျော့ချပေးရေးအတွက် မိုဘိုင်းဖုန်း သုံးစွဲနိုင်တာက အထောက်အကူ ပြုမယ်လို့ ဆိုပါတယ်။ ဘယ်လိုများ ထင်မြင်ချက် ပေးလိုပါသလဲ။ အခုခေတ် စီးပွားရေး လုပ်ငန်းတွေက သတင်း အချက်အလက် အပေါ်မှာ အခြေခံပြီး သွားနေတာပါပဲ။ များများ ပြောနိုင်၊ များများ သိနိုင်ရင် ကောင်းတယ်။ အခုအချိန်မှာ Business အကုန်လုံးက Information ပေါ်မှာ မူတည်နေတာပေါ့။ သတင်း သိနိုင်လေလေ။ သတင်း အချက်အလက် မြန်မြန် ရနိုင်လေလေပါ။ ကြိုပြီးတော့ သတင်းရနိုင်တဲ့ Condition မှာ ရှိတဲ့ လူတွေ အကုန်လုံးက စီးပွားရေး ဖွံ့ဖြိုးမှုမှာ အမြန်ဆုံး ဖြစ်လာမှာပါ။ စီးပွားရေး အရ ဆွဲတင်နိုင်မယ့် သဘောရှိတယ်။ နှစ်ဘက်စလုံးက မှန်ပါတယ်။ နှစ်ဘက်စလုံးက မြင်တဲ့ အမြင်တွေလည်း မှန်တယ်။ နှစ်ဘက်စလုံးက အားသာချက်တွေ ပေါင်းလုပ်နိုင်ရင် အကောင်းဆုံးပေါ့၊ အခုလို အသေးစိတ် ဖြေကြားပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။ ကိုယ်ရေးအကျဉ်း အမည်-ဦးပြည်စိုးထွန်း ပညာအရည်အချင်း- BE (Electronic) MBA (Telecom) Like · · Share 29 people like this. 37 shares Kyaw Thura MBA (telecom) :D 11 hours ago · Like Shan Lay ‎5000တန်ကထွက်လာမှာလားဗျာစောင့်နေ၇တယ်ဗျာဘယ်ဖုံးတွေ်ထွက်ထွက်ဝယ်တော့မယ်ဗျာ ဘယ်ဖုံတွေထွက်မှာလဲပျောကြားပေးပါဗျာကျေးဇူးတင်နော် 11 hours ago · Like Aung Myo Min Pdm အရင်လွှတ်တော်မှာ ဆက်သွယ်ရေး ဥပဒေ ပြင်ပြီးမှ ရနိုင်မှာပါ 10 hours ago · Like အက္ခ ရာ ၅၀၀၀ တန် ကို သုံးသိန်းတန် သုံးရင်စောင့်ရတော့မယ်ပေါ့ 10 hours ago · Like · 1 Thei Susan ဘယ်လိုပဲ အင်တာဗျူးတွေလုပ်လုပ် ဆက်သွယ်ရေးကမတရားစားထားတာ ကတော့ အမှန်ပဲ။ ပြည်သူတွေကို ကြည့်သင့်ပါပြီ။ 7 hours ago · Like · 1 Aungkyaw Aungaung အဒိကကတော့ရင်းနှိးမြုပ်နှ့မှု့ပဲးဒိလိုမျိုးဆက်သွယ်ရေးလုပ်ငန်းခိုင်မှာ်သေခြာတဲ့လုပ်ငန်းတွေမှာကျွန်တော်တို့လူထုရဲ့ငွေတွေကိုအဓိပ်ပါယ်ရှိအောင်အများပိုင်အနေနဲ့ရင်းနှိးမြုပ်နှံခွင့်ပေးလိုက်ရင်ဒါဟာရတာပဲဂုတ်သွေးစုပ်ချင်တဲ့ပုံစံနဲ့ဆိုရင်တော့နိးစပ်ရနဲ့လုပ်ကျန်တာကိုကန့်သာတ်ထားရင်တော့ခံပေါ့ဗျာ 2 hours ago · Like Unitednation Ofmyanmar လူထုအတွက် အစိုးရမှ မဟုတ်သေးတော့ ဒီလိုဘဲ သွားနေအုံးမှာပေါ့ဗျာ။ 2 hours ago · Like Myanmar Tiger ငါးထောင်တန်ဖုန်းပေါ်မှပဲအလုံးငါးဆယ်လောက်ဝယ်ကိုင်ပစ်မယ်ဘာမှတ်နေလဲ.. about an hour ago · Like Hla Myint အနီးစပ်ဆုံး တရုတ်ပြည်မှာ ဆိုရင်လည်း ဒီလိုပါပဲ။ အစတုန်းက ဒေါ်လာ ၂၀၀၀ လောက်ကနေမှ အခုဆိုရင် အလကားရတဲ့ အဆင့် အထိ ဖြစ်လာတာပဲ။ about an hour ago · Like Hla Myint ဗိုလ်ချုပ်ကြီးတွေဆရာထောင်ကဲကြီးတွေလိုလုပ်ကြပါ။မြန်မြန်လုပ်ကြပါ။ about an hour ago · Like Write a comment... Facebook © 2012 · English (US) About · Advertising · Create a Page · Developers · Careers · Privacy · Terms · Help

Forgiveness releases you from the prison.

Wednesday,April 4,2012

hlamyint (@hlamyint1940) has shared a Tweet with you:

"DeepakChopra: Resentments make you a prisoner & jailer of yourself.

Forgiveness releases you from the prison #SpiritualSolutions."

--http://www.twitter.com/DeepakChopra/status/186279574701735936

forgive but don't forget.
from mandalay with love.

stop violations of human rights(forced movements of people).

On displaced persons from Kachin state.
time to stop bullying ;
time to stop violations of human rights(forced movements of people);
You are certainly to be tried very soon @ ICJ(International Court of Justice).
အနိုင်ကျင်.မှုတွေရပ်ကြပါတော.၊
ကိုယ်ချင်းစာကြပါ။

obeying orders is no excuse for shooting unarmed persons.


Nyein Chan Aye

ခု လွှတ်တော် ရောက်လာတဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ ရန်ကုန်က ပစ်ခတ်မှုတွေကို အောက်ခြေကွပ်ကဲရတဲ့ ဗိုလ်ကို လူတွေက မြင်ကြတယ်..။ သူက အထက်က ပေးတဲ့ အမိန့်ကို မလွန်ဆန်နိုင်ပဲ လုပ်ရတာပဲရှိတယ်..။ လုံးလုံးသူ့အပေါ်အပြစ်တင်လို့မရဘူး..။ သူ့ထက် ရာထူးကြီးတဲ့ သူတွေ.. ဒီလူသတ်ပွဲတွေအတွက် တာဝန်ပိုရှိတဲ့ လူတွေ ခုလွှတ်တော်နဲ့ အစိုးရ အဖွဲ့မှာ ရှိနေတာပဲ....။

ခု အောက်လွှတ်တော် ဥက္ကဌ ဗိုလ်ရွှေမန်း (DSA အပတ်စဉ် ၁၁ ထင်တယ်) က ၂၀၀၃ နောက်ပိုင်းကတည်းက ဗိုလ်ချုပ်ကြီးရာထူးရတယ်..။ ၂၀၀၇ ဖြစ်တဲ့ အချိန်မှာလည်း ကြည်၊ ရေ၊ လေ ညှိနှိုင်းကွက်ကဲရေးမှုး (Joint Chief of Staff) နဲ့ စစ်တပ်မှာ နံပါတ် (၃)၊ စစ်ကောင်စီမှာလည်း နံပါတ် (၃) နေရာမှာ ရှိတယ်..။

ခု သမ္မတ ဗိုလ်သိန်းစိန် (DSA အပတ်စဉ် ၉ ထင်တယ်)က စစ်တိုက်တာထက် အုပ်ချုပ်ရေးပိုင်း လုပ်တာများတော့ ရာထူးတက်တာ နှေးတယ်...။ ၂၀၀၇ ဗိုလ်စိုးဝင်းသေတော့မှ ဗိုလ်ချုပ်ကြီးရာထူးနဲ့ အတူ စစ်ကောင်စီ အတွင်းရေးမှုး (၁) နဲ့ ဝန်ကြီးချုပ်ရာထူး ရတယ်..။ အဲ့တော့ ၂၀၀၇ ဖြစ်တော့ ဗိုလ်သိန်းစိန်က စစ်တပ်မှာ နံပါတ် (၄)၊ စစ်ကောင်စီမှာ နံပါတ် (၄) နဲ့ အုပ်ချုပ်ရေးပိုင်းမှာ ဝန်ကြီးချုပ်အနေနဲ့ တာဝန်အရှိဆုံးနေရာမှာ ရှိတယ်..။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်သန်းရွှေ၊ နဲ့ ဒု-ချုပ် ဗိုလ်မောင်အေး (ကက-ကြည်း) က လာတဲ့ ပစ်မိန့်ဟာ စစ်တပ် အမိန့်ပေးမှု အဆင့်အဆင့် ကွင်းဆက်အရ (Chain of Command) အရ ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန်ကို မဖြတ်ဘဲ ကို မနေဘူး..။

စစ်သားဆိုတော့ အမိန့်ပေး ခိုင်းခံရရင် လုပ်ရပါတယ် လို့ ဆိုချင်ရင်တောင် အောက်ခြေက ဗိုလ်ထက် ဘယ်သူ့မှ တာဝန်ပိုရှိတယ်..။ ဘယ်သူ့ကို အပြစ်ပိုတင်သင့်တယ်ဆိုတာ ရှင်းမယ် ထင်ပါတယ်..
ငြိမ်းချမ်းအေး
၀၄၊ မေလ၊ ၂၀၁၂Like · · near Brisbane, Queensland ·
Khaing Soelynn and 33 others like this.

Htet Hninse အော် ဟုတ်ကဲ့ ရှင်းပါတယ်. မရှင်းတာက ဒေါက်တာ ဘမော်နဲ့ ဂဠုန်ဦးစောကို ချီးမွှမ်းခန်းဖွင့်နေတာ ဘာရည်ရွယ်ချက် ရှိလဲ သိချင်ပါတယ်.. ဖြေနိုင်ရင် ဖြေစေချင်ပါတယ်.. (သိချင်ရုံသက်သက်ပါ)

Nyein Chan Aye ဖြည့်စွက်ချက် - ဗိုလ် သိန်းစိန် အဲ့ရာထူးတွေရတာ ဗိုလ်စိုးဝင်း မသေခင် ဆေးကုနေစဉ်ကတည်းက ဖြစ်တယ်..။ (၂၀၀၇ အစောပိုင်းဖြစ်မယ် ထင်တယ်။) နောက် တကယ် သေတော့မှ ယာယီကနေ အမြဲ ဆိုပြီး ပြောင်းတယ်...

Nyein Chan Aye နောက်တစ်ခုက ခု လွှတ်တော်တက်တဲ့ ဗိုလ် အဲ့တုန်းက ဓာတ်ပုံထဲမှာ စကားပြောစက်နဲ့ ဆက်သွယ်နေတာ သူအထက်က ကပ်လျက် အရာရှိပဲဖြစ်မယ်..။ အလွန်ဆုံးဖြစ်ရင်တောင် အဲ့တုန်းက ရန်ကုန်တိုင်း စစ်တိုင်းမှုး ဗိုလ်လှဌေးဝင်းပဲဖြစ်မယ်..။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးက ဘယ်လှမ်းပြီး အောက်ခြေအဆင့်က အရာရှိကို လှမ်းအမိန့်ပေးမလဲ..။ အထက်မှာ ထောက်ပြသလို ပစ်မိန့်က အဆင့်ဆင့် လာကို လာရတယ်..။
Ko Ba ကျနော် မိတ်ဆွေ တယောက် စကားကိုထပ်ဝေမျှ ရရင် ... ဘာလို့  ဒုတ်ကို ပြဿနာရှာ နေတာလဲ ...တကယ် က အဲဒီဒုတ်ကို ကိုင်ပြီးရိုက်တဲ့ သူ ကအဓိကမဟုတ်ဘူးလား ...
သူတို့ မှာ ဒုတ်တွေ ကအများကြီး ဒီတချောင်းမဟုတ် နောက်တချောင်း လဲဖို့ အဆင့်သင့်ရှိနေတာ
အဲဒီ ဒုတ်ကိုင်ပြီး ရိုက်တဲ့သူတွေ ကို တော့ သမ္မတကြီး ဥက္ကဌ ကြီး နဲ့ သူတော်ကောင်းတွေ ပမာ ချီးမွမ်း နေပြီး ... ဒုတ် ကို ကြမှ ပြဿနာ လုပ်နေတာ တော်တော်ကြီး ကို ကမောက်ကမ နိုင်တဲ့ တွေးခေါ်မှု ပဲ ...

Zaw Htet Han ဟုတ်တယ်ဗျ။ အခုဆိုရင် လူဝတ်လဲ ၀န်ကြီးတွေက အရင်တုန်းက မှားခဲ့တာကို ပြုပြင်နေပါတယ်ဆိုတဲ့ သဘောမျိုးတွေ အမြဲပြောနေကြတယ်။ ဒါပေမယ့် သန်းရွှေတို့ အုပ်စုကျတော့ လွတ်နေတာလား။ ကြိုးကိုင်နေတာလား မသိဘူး။

Aungmyo Tun “ဦးလေးရာ.. သားတို့ လည်း မပစ်ချင်ပါဘူး၊ သားက ရန်ကုန်ပေါက် ရန်ကုန်သားစစ်စစ်ပါ။ ဒီ ဘုန်းကြီး အရေးအခင်းဖြစ်မှ နယ်ကနေ ပြန်ခေါ်လို့  ရန်ကုန် အမြန် ပြန်ရောက်လာတာ။ ဒါပေမယ့် သား အထက် အရာရှိက အမိန့် ပေးနေပြီလေ။ အောက်က ငယ်သားတွေကို “ပစ်” ဆိုတဲ့ စကားက လွဲပြီး ဘာပြောနိုင်မှာလဲဗျာ။ သား စိတ် မကောင်းပါဘူး။ ဒါပေမယ့်.. စစ်တပ်ဆိုတာ အမိန့် နဲ့  လုပ်ကြရတာလေ...။ နားလည်ပေးကြပေါ့” (စကားချပ်.. ဤ စကားများကို လွန်ခဲ့သော ၁ နှစ်ခန့် က စစ်အရာရှိတစ်ယောက်က ကျွန်တော့်အား အသုဘပို့  နာရေးတစ်ခုတွင် ကြုံတုန်းဆုံခိုက် ပြောကြားသွားခြင်း ဖြစ်ပါသည်)


che gue va ra. he was killed by dog- like-person.
In Nuremberg trials of nazi generals, they plead not guilty, because they are obeying "orders".
They do not get away from punishments.

breaking Hyppocratic oath .



DOCTORS breaking Hyppocratic oath .
အရှင်ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင် ဆေးကုဖို့ အခက်ကြုံ ~ The Irrawaddy's Blog
http://t.co/8KMXMhpw

@hlamyint1940 on Twitter · via Twitter

Tuesday, May 1, 2012

"TimeWarpedSpaceWarped" land.


Meaning of phrase "TimeWarpedSpaceWarped".
(When we smoke marijuana or cigaretetts or hass့ish or ganja or ဆေးချောက် or a lot of mind-altering drugs, our sense of time & space is lost;
OR
When we are attached too much to power or money, our sense of time & space becomes warped & we become power maniacs.
ထိုအခါအာဏာရူးများပေါ်ပေါက်လာပါတော.တယ်။)

Shwezin U
THANKS for your mail. I will look into dictionaries for the word "warp" AND discuss with my teachers and friends. Shwezin U

Meaning of phrase "TimeWarpedSparceWarped" as i understand from my friends.

When we smoke marijuana or take a lot of mind-altering drugs, we perceive 1000 milesdistance(space) as 1 inch and 10 days as 1 microsecond (time).
OR Actually we live in 21st. century, but our thinking is like those of 17 th or 18th century.
In other words,our sense of
time & space is warped.

Is my understanding of the word "warped" ok ?

Please explain me.
Shwezin u.
Maymyo.
30april 2012 mon.

from mandalay with love.

Shwe Zin
မိုးကောင်း နားမှာ ဗုံးထပ်ကွဲ ပြန်တယ်လို့ ပြောနေတယ် .. သတင်းသိသူများ လင့်ခ် လေးပေးကြပါလား


unconfirmed reports about TERRORIST attacks near MOE GAUNG,KACHIN STATE.
may be hammas or absdf or knu or KIO;
BUT the trouble is they never declare their responsibility;
this is one of many strange things happening in our country;
one thing is sure, this terrorist attack is by persons who do not want long lasting peace or true Federal Burma.

Shwe Zin
မိုးကောင်း နားမှာ ဗုံးထပ်ကွဲ ပြန်တယ်လို့ ပြောနေတယ် .. သတင်းသိသူများ လင့်ခ် လေးပေးကြပါလား
Hla Myint one thing is sure, this TERRORIST ATTACK is the work of TERRORISTS.

o
Aung Aung Myint I agree. Those who destroyed the railway do not want peace.

o
Hla Myint တခုတော.သေချာတယ်။အကြမ်းဖက်တဲ.လူတွေဟာအရူးတွေ ဒါမှမဟုပ်သိပ်ကြောက်နေတဲ.လူတွေဘဲ။