Thursday, January 30, 2014

Cell Therapy's heart tissue regeneration hope.


http://www.bbc.co.uk/news/uk-wales-25583042?SThisFB

Cell Therapy's heart tissue regeneration hope

2 January 2014 Last updated at 19:55 GMT

Research by a team of scientists in Wales has shown early signs of being able to regenerate damaged heart tissue.

By experimenting at Cardiff and Swansea university laboratories, Cell Therapy hopes to develop new treatments for heart failure over the next five years.

Signs from early stem cell trials "look very positive", it said.

Former First Minister Rhodri Morgan, who is on the board of the research team, said it could bring a cure for incurable heart disease.

Steffan Messenger reports.
Read more
Cell Therapy's heart tissue regeneration hope
Share this story About

Wednesday, January 29, 2014

သူရသတ္တိ Moral Courage (Nyein Chan)


သူရသတ္တိ Moral Courage (Nyein Chan)
Hla commented on a status.
5:56am
Nyein Chan
January 28
သတ္တိ (Courage) ဆိုတာဘာလဲ နှင့် ဦးငြမ်း

ကျနော်က သူငယ်တန်းကနေ ရှစ်တန်းအထိ အမှတ်(၁၀) အ.လ.က ဒေါ်သက်ရင်ကျောင်း မှာနေခဲ့ပါတယ်။ ရှစ်တန်းအောင်တော့မှ ၁၆ အ.ထ.က ကိုပြောင်းခဲ့ရတာပါ။ အဲ့အချိန်တုန်းက ဒီပြင့်ကျောင်း ကနေ (၁၆) ကျောင်းကိုပြောင်းလာတဲ့ကျောင်းသားတွေဟာ အနဲနဲ့အများ အနှိမ်ခံရပါတယ်။ ဖြစ်ချင်တော့ ကျနော့်ကိုတက်ခွင့်ရတဲ့ အခန်းက ကိုးတန်း (E)တဲ့ အတန်းပိုင်ဆရာမက ဒေါ်ညိုညိုတဲ့ သင်္ချာသင်တယ်၊ အရမ်းသဘောကောင်းပါတယ်။ ဒါပေမယ့် ကျောင်းသားတွေကတော့ ကျောင်းခံ ခပ်ဆိုးဆိုးတွေနဲ့ ဒီပြင့်ကျောင်းက ပြောင်းလာသူတွေ များပါတယ်။ တစ်ရက် ကျောင်းစတက်ပြီး ၂ပါတ်လောက်အကြာ Bio ချိန်မှာပေါ့ ဆရာမက ခပ်ငယ်ငယ်မာစတာပြီးခါစ အထပြဝင်လုပ်တာ။ အဲဒီမှာ သိတဲ့အတိုင်း ကျောင်းသားဆိုးတွေက ဆရာမငယ်ငယ်ဆိုတော့ သွေးတိုးစမ်းတာပေါ့။ သူကျောက်သင်ပုန်း ဘက်ကိုလှည့်သွားတာနဲ့ ယောက်ကျားလေးအကုန်လုံးနီးပါး (ကျနော်နဲ့ရှေ့တန်းက သုံးလေးယောက်မပါ) က ဟေးဟေး ဆိုပြီးစာသင်မရအောင်အော်ကြ၊ ဆရာမဒီဘက်ပြန်လှည့် လာတာနဲ့အားလုံးက ရုပ်တည်လေးတွေလုပ်ထား။ အဲလိုသုံးခါလောက်ဖြစ်တော့ ဆရာမက ယောက်ကျားလေးအားလုံး အခန်းအပြင်ထွက်ဆိုပြီး အားလုံးနှင်ထုတ်လိုက်ပါတယ်။ ဒီလိုနဲ့ ကိုယ်မပါပေမဲ့လဲ ကျနော်တို့အားလုံးအခန်းပြင်ဘက်ရောက်သွားကြတာပေါ့။ သူကမိန်းကလေးတွေကို စာဆက်သင်၊ သူ့အတန်းချိန်ပြီးခါနီးမှ သူကအခန်းပေါက်ဝကနေ ကဲအထဲပြန်ဝင်ခြင်တဲ့သူ တစ်ယောက်ကို ငါးချက်ဆီအရိုက်ခံရမယ်ဆိုပြီးပြောတော့ အားလုံးကလဲ ဘာမှ ကွန့်ပလိန့်မတက်ပဲ အရိုက်ခံပြီးဝင်သွားကြတာပေါ့။ အဲမှာကျနော် စဉ်းစားတာက ကိုယ်မကျူးလွန်ရတဲ့အပြစ်အတွက် အရိုက်မခံနိုင်ဘူးပေါ့ (တကယ်ဆို အဲ့ဆရာမကိုတောင် သနားနေတာ) ဒါနဲ့ကျနော်ကလည်း ဆရာမကို “ဆရာမ၊ ကျနော်ကတော့ အဲလိုအော်တဲ့ထဲမှာမပါဘူး ဒါ့ကြောင့် အရိုက်မခံနိုင်ဘူး” ဆိုပြီး ပြောလိုက်ရော။ ဆရာမလဲငေါင်ပြီး တစ်မိနစ်လောက် စဉ်းစားပြီး ကဲဝင်ဝင်ဆိုပြီး မရိုက်ပဲ ဝင်ခိုင်းလိုက်တယ်။ အဲဒီမှာထူးဆန်းတာက ရိုက်ခံလိုက်တဲ့ ကျောင်းသားတွေအားလုံးက (မအော်တဲ့ကောင်တွေရော) ကျနော့်ကို သတ္တိမရှိဘူး စကြောက်လို့ ပြောကြတာပါပဲ။

PS. ကိုယ်ကတော့ ကိုယ်မလုပ်တဲ့ အပြစ်အတွက် ဆရာမကိုတောင်ရင်ဆိုင်ခဲ့တာပေါ့။ သူရို့ကတော့ ငါ့ကို စကြောက်တဲ့။ နောက်ပိုင်းကျတော့လဲ သူတို့အားလုံးနဲ့ ခင်သွားတာပါပဲ။ — with Ko Zaw Maymyo and 24 others.
1

Nyein Chan
Moral Courage

Moral Courage is the willingness to stand up when others want you to sit down.[13]
The Moral Courage Project was founded by Irshad Manji to promote honest dialogue about diversity, faith, sexuality and ethics amongst leaders in the workplace, at school and in communities.
Most recently, in partnership with YouTube, the Moral Courage Project launched Moral Courage TV showcasing everyday examples of moral courage.


Saturday, January 25, 2014

နိုင်ငံရှုံး လူမျိုးရှုံး မဟာဗမာစီမံကိန်းအောက်တွက်စုံန်းစုန်းမြုပ်ကာ ရာသက်ပန်တိုင်းပြည်ပျောက် လူမျိုးပျောက်သွားသော ခေတ်


Burmese chauvinism & Chinese economic-cultural influence will lead to extinction of Republic OF BURMA.
Kachin Sword tagged you in a post
အခုကောက်မယ့်သန်းခေါင်းစာရင်းဟာ စစ်ခွေးတွေရဲ့လာမယ့်ဆယ်နှစ်စီမံကိန်းအကြိုဖြစ်တယ်၊
တစ်ကယ်လို့သာကချင်လူမျိုးစုတိုင်းဟာ ကိုယ့်အုပ်စုကိုယ်စားပြုအမည်ကိုသာထည့်သွင်းပါက အုပ်စုငယ်လူမျိုးများအဖြစ်အစိတ်စိတ်အမွှာမွှာကွဲသွားပြီးသကာလ ကချင်လူမျိုးလူဦးရေနည်းသွားသဖြင့် ကချင်ပြည်နယ်အမည်ကိုပင် ပြောင်းလဲလိုပါက အများသဘောအတိုင်းပြောင်းသွားနိုင်ပါသည်၊
အကယ်၍ ကချင်လူမျိုးများအနေနှင့် ကိုယ်ပိုင်နိုင်ငံထူထောင်ပါကလည်း လူဦးရေအချိုးအစားအရနိုင်ငံတစ်ကာစံနုန်းမပြည့်မှီတော့သဖြင့် လုတ်လပ်ရေးရယူရန်အလွန်ပင်ခက်ခဲပေတော့မည်၊
ထိုမျှမက ယခုအချိန်တွင် အောက်ပြည်မှ ပြောင်းရွှေ့လာသော ဗမာလူမျိုးဦးရေသည် ကချင်လူမျိုးစုများဦးရေနီးပါးရှိနေသဖြင့် ကချင်လူမျိုးစုများ ကိုယ့်အမျိုးကိယ်ဂုဏ်ဖေါ်ပြီး မိမိအမျိုးထဲ့ပါကစစ်ခွေုးဗမာလှည့်ကွက်ထဲဝင်မြိပီးသားဖြစ်ကာ ပြန်ပြင်၍မရတောညသည့်သမိုင်းတရားခံများအဖြစ် နိုင်ငံရှုံး လူမျိုးရှုံး မဟာဗမာစီမံကိန်းအောက်တွက်စုံန်းစုန်းမြုပ်ကာ ရာသက်ပန်တိုင်းပြည်ပျောက် လူမျိုးပျောက်သွားသော ခေတ်သစ်ပျူလူမျိုးများအဖြစ်သမိုင်းရိုင်းပေတော့မည်ဖြစ်ကြောင်း သတိပညာရှိရန်ဆော်ဩလိုက်ပါသညှ်။ KS

Not only kachins but also Burmese will become endangered ethnic species under Chinese economic & cultural influence.
May God bless us from this trend.
If the present corrupt morally bankrupt persons still rule ,most of us (Burmese as well as minority ethnic groups) will fade out gradually.
Plz help us Lord Buddha, Jesus.Mohamed & 37 lords ၃၇ မင်း

၂၀၀၇ သံဃာ တော် တွေ မေ တ္တာ ပို့ ဆု တောင်းတာ ကို အကြမ်းဖက် ဖြိုခွဲ စဉ် တုန်းက အဓိက တာဝန်ရှိ ခဲ့ တဲ့ ဦးသိန်းစိန် က .... ယခု အချိန်မှာ သူ တော် ကောင်း ကြီး ဖြစ်သွားပြီ(Credit- Melvin Moe)


တိပိဋကဓရ ဆရာ တော် ကြီး တွေ ကို သံ ခြေ ကျဉ်း ခတ် ပြီး ကျောက် ထု စခန်း ပို့ ခဲ့ တဲ့ လူ ယုတ်မာ တွေ က .. သာသနာ ကို အလွန်ချစ်မြတ်နိုး ကြောင်း တိုင် တည် ဟစ်ကြွေး တဲ့ ခေတ်....
၂၀၀၇ သံဃာ တော် တွေ မေ တ္တာ ပို့ ဆု တောင်းတာ ကို အကြမ်းဖက် ဖြိုခွဲ စဉ် တုန်းက အဓိက တာဝန်ရှိ ခဲ့ တဲ့ ဦးသိန်းစိန် က .... ယခု အချိန်မှာ သူ တော် ကောင်း ကြီး ဖြစ်သွားပြီး.
.အဲ့ဒီ ကာလ မှာ အကျဉ်းစံ နေ ရတဲ့ ဒေါ် စု က ဗုဒ္ဓဘာသာ ကို ညှိုးနွမ်း အောင် လုပ် တဲ့ သူ ဖြစ် သွား ရ တဲ့ ခေတ်..

သံဃာ တော် တွေ အကျဉ်းကျ ခံ နေ ရ တဲ့ အချိန် ကာလတစ်ခု လုံး AAPP က ထောက် ပံ့ တဲ့ ငွေ တွေ အားလုံး ကို အလွဲသုံးစားလုပ် ထားတဲ့ လူက... ယခု မှတ်ပုံတင် မည့် မျိုးချစ် ပါတီ မှာ အမှု ဆောင် လူကြီး ဖြစ် တဲ့ ခေတ်
တိပိဋကဓရ ဆရာ တော် ကြီး တွေ ကို သံ ခြေ ကျဉ်း ခတ် ပြီး ကျောက် ထု စခန်း ပို့ ခဲ့ တဲ့ လူ ယုတ်မာ တွေ က .. သာသနာ ကို အလွန်ချစ်မြတ်နိုး ကြောင်း တိုင် တည် ဟစ်ကြွေး တဲ့ ခေတ်....
၂၀၀၇ သံဃာ တော် တွေ မေ တ္တာ ပို့ ဆု တောင်းတာ ကို အကြမ်းဖက် ဖြိုခွဲ စဉ် တုန်းက အဓိက တာဝန်ရှိ ခဲ့ တဲ့ ဦးသိန်းစိန် က .... ယခု အချိန်မှာ သူ တော် ကောင်း ကြီး ဖြစ်သွားပြီး..အဲ့ဒီ ကာလ မှာ အကျဉ်းစံ နေ ရတဲ့ ဒေါ် စု က ဗုဒ္ဓဘာသာ ကို ညှိုးနွမ်း အောင် လုပ် တဲ့ သူ ဖြစ် သွား ရ တဲ့ ခေတ်..
သံဃာ တော် တွေ အကျဉ်းကျ ခံ နေ ရ တဲ့ အချိန် ကာလတစ်ခု လုံး AAPP က ထောက် ပံ့ တဲ့ ငွေ တွေ အားလုံး ကို အလွဲသုံးစားလုပ် ထားတဲ့ လူက... ယခု မှတ်ပုံတင် မည့် မျိုးချစ် ပါတီ မှာ အမှု ဆောင် လူကြီး ဖြစ် တဲ့ ခေတ်...
စစ်ကြော ရေး စခန်း မှာ.. "ကိုးကွယ်စရာ မင်းတို့ ဗုဒ္ဓဘာသာ တစ်ခု ထဲ ရှိ တယ် မှတ် နေ လား.. ငါ...မသား ဘုန်းကြီး" လို့ ဆဲ ပြီး သွားကျွတ် အောင် မျက်နှာ တော် ကို စစ်ဖိနပ် နဲ့ ကန်ခဲ့ တဲ့ အဖွဲ့ အစည်း က.. သာသာနာ တော် ကို စောင့် ရှောက် ရန် အလှည့်ကျ တဲ့ ခေတ်...
"လိ မ္မော် သီး တွေ ငါ တို့ ကို နောက်ထပ် မလှန် ရဲ အောင် ကောင်း ကောင်း ဆုံးမ ပေး လိုက်" ဆို တဲ့ အမိန့် ပေး ခဲ့ လူ က... သူ တော် ကောင်း ဖြစ် လွှတ် တော် ထဲ မိန့်မိန့် ကြီး ထိုင် နေ ပြီး..
သံဃာ တော် တွေ နဲ့ အတူ လက်တွဲ ခဲ့ တဲ့ လူ တွေ က မွတ် ဒေါင်း ဖြစ် သွား ရ တဲ့ ခေတ်... [ခင် ဗျား တို့ စိတ်ဓာတ် စစ်ဆင် ရေး အောင် မြင် ပါ တယ် ဗျာ.. ဆက် လုပ် ပါ... ရိုးသားတဲ့ ..သာသနာ တော် ကို ချစ်မြတ်နိုး တဲ့.. ကျုပ် ကိုးကွယ် တဲ့... အခု အချိန် အထိ ခင် ဗျား တို့ ကို သပိတ် မလှန် သေး တဲ့ သံဃာ တော် တွေ ကို ခင် ဗျား တို့ ဖက် ပါ လာ အောင်.. စည်းရုံး နိုင် တာ.. ခင် ဗျား တို့ တကယ် တော် ပါ ပေ တယ်...] (Credit- Melvin Moe)

..

ရေပေါ်အရုပ်ရေးသော သမ္မတ အကြံပေး နှင့် အာသောကမင်းတရား ကျောက်စာ(ဂိုလ်ရှယ်လေး)


https://www.facebook.com/photo.php?fbid=795557720458463&set=a.626297084051195.1073741826.100000127263276&type=1&relevant_count=145
Maha Mingyi
ရေပေါ်အရုပ်ရေးသော သမ္မတ အကြံပေး နှင့် အာသောကမင်းတရား ကျောက်စာ

၂၀၁၄ဇန်နာဝရီလ ၂၂ ရက်နေ့ ညပိုင်းဘီဘီစီထုတ်လွှင့်မှုမှာ သမ္မတ စီးပွါးရေးဆိုင်ရာ အကြံပေး ပညာတတ်ကြီး ဒေါက်တာ ဇော်ဦးကို အင်တာဗျူးပါတယ်။ အင်တာဗျူးရတဲ့အကြောင်းက အိုင်အမ်အက်ဖ် လို့ခေါ်တဲ့ တိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲကြီးက မြန်မာပြည်စီးပွါးရေး တိုးတက်လာပေမယ့် ငွေကြေးဖေါင်းပွမှုက ကြီးမာနေတယ်လို့ ထုတ်ပြန်ခဲ့တဲ့အကြောင်းရင်းကို အခြေခံပြီး အင်တာဗျူးလုပ်ခြင်းပါ။

သမ္မတ စီးပွါးရေး အကြံပေး ဒေါက်တာဇော်ဦး (ယခင် ကျောင်းသားတပ်မတော် ABSDF) ရဲ့ တောင်ပိုင်းဒေသ ဗဟိုကော်မတီဝင် ပြီးတော့ အေဘီအစ်ဒီအက်ဖ် ကျောင်းသားရဲဘော်အားလုံးရဲ့ ရံပုံငွေတွေ ထောက်ပံကြေးတွေကို ဖြတ်သုတ်ပြီး အမေရိကန်နိုင်ငံကို လစ်ထွက်လာသူ၊ ဒါပြင်မက မြန်မာ့နိုင်ငံရေး နဲ့ ပြည်သူသွေ လှုရှားတက်ကြွသူတွေ ကျောင်းသားတွေရဲ့ ထောင်ထဲက ဘ၀ တွေကို ဘန်းပြပြီး အမေရိကန်နိုင်ငံမှာ အန်ဂျီအိုတခုရဲ့ မြန်မာပြည်သူတွေအတွက် သတ်မှတ်လျာထားတဲ့ ရန်ပုံငွေတွေနဲ့ ပေါ့ပေါ့နေပေါ့ပေါ့စားပြီး ကျောင်းတက်ခွင့် ရခဲ့သူ ။။။ ဒီနောက် အာရှဒေသ စီပွါးရေး အလားလာနှင့် အကျင့်ပြက်ချစာမှု ဆိုတဲ့ စာတမ်းတစောင် ရေးသားပြီး ပီအိပ်ချိဒီ ဒေါက်တာဘွဲကို ရခဲ့သူပါ။ အမေရိကန် တက္ကသိုလ်တွေရဲ့ အာမတန် မကောင်းတဲ့ အကျင့်က သူတို့တက္ကသိုလ်မှာ မရှိသေးတဲ့ အချက်လက်တချို့ကို စနစ်တကျ အသေးစိတ်ကျကျလေး စာတမ်းရေးတင်နိုင်မယ် ပြီးတော့ အဲဒီစာတမ်းက အမေရိကန် နိုင်ငံခြားရေးမူဝါဒ ရှေ့ခရီးအတွက် တစုံတရာ အသုံးဝင်မယ်ဆိုရင် ဘွဲ့တွေ ကောက်တပ်ပေးလိုက်တဲ့ ပြသနာ ပါပဲ။

အခု မြန်မာပြည်မှာ အဲဒီလိုနည်းနဲ့ အခြေနေနဲ့ ဘွဲ့ရခဲ့တဲ့သူတွေ အချို့ထဲက ဒေါက်တာဘွဲ့ရခဲ့သူ ဇော်ဦး ကတော့ဖြင့် အ၀တ်စားပြောင်းဝတ်သွားတဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန်အတွက် စီးပွါးရေး အကြံပေးကြီး ဖြစ်နေသတဲ့….

ဘီဘီစီက ဒေါက်တာ ဇော်ဦးကိုတိုက်ရိုက်အသံလွှင့်နေစဉ်မှာပဲ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ “အခုလိုငွေကြေးဖေါင်းပွမှု ဖြစ်နေတာကို ဘယ်လိုမျိုး ဖာထေး ကုသလို့ ရနိုင်မလဲ” လို့ မေးတော့ “ခုလိုငွေကြေးဖေါင်းပွနေမှုကို ကျနော်တို့ လက်ခံပါတယ် ကုသဖို့ နည်းလမ်းတွေက ငွေကြေးဖေါင်းပွမှု လျောကျဖို့ အခြေနေကတော့ အခွန်ကို တိုးကောက်ရမယ်” လို့ ဒေါက်တာ ဇော်ဦးက ခပ်တည်တည်နဲ့ ဖြေချလိုက်တယ်။

စာရေးသူ တောက်ခတ်မိ၏၊ လက်သီးဆုပ်မိမလောက်ကိုဖြစ်သွားသည်။ အမေရိကန်တွင် ကျောင်းတက်ပြီး ဒေါက်တာဘွဲ့ရခဲ့သူက ငွေကြေးဖေါင်းပွမှုကို တရားလက်လွတ်ပြောဆိုပြီး အခွန်ငွေတွေ တိုးကောက်ရမယ် ဆိုသော စကားသည် သူဖြတ်သန်း သင်ယူခဲ့လေသော စီးပွါးရေးပညာကို အားမဏာ လူတစု အရေးသာဖို့ စဉ်းစားပြီး ပြောချလိုက်သည်မှာ ဖြစ်နိုင်၏။

ဒေါက်တာ ဇော်ဦး တို့ ယနေ့သမ္မတကြီးအား အကြံပေးထားချက် အားလုံးနီးပါးမျှ စာရေးသူ သိပါသည် သို့သော် ဖေါ်ပြရန် အခွင့်လမ်း စောင့်ဆိုင်းနေခဲ့ခြင်းသာ ဖြစ်ပါ၏။
ဒေါက်တာ ဇော်ဦးပြောသော အခွန်ကိစ္စကို စာရေးသူ အရင် ရှင်းပြရတော့မည်။ အခွန်ငွေ ကောက်ခံခြင်းသည် နိုင်ငံတိုင်းတွင်သော်၎င်း အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့စည်းရှိသော လူမှုအဖွဲ့ကြီးများတွင် အမှန်တကယ်ရှိကြပါသည်။ သို့သော် အခွန်ငွေ ကောက်ခံခြင်းနှင့် အခွန်ငွေပေးဆောင်သူတို့အား ပြန်လည် ၀န်ဆောင်မှုပေးရသော စနစ် စည်းကမ်း ဥပဒေ ခိုင်ခိုင်မာမာ ရှိ၇ပေမည်။

ပြည်သူများထံမှ အခွန်ငွေများအား ပုံစံအမျိုးမျိုး နုံန်းထားအမျိုးမျိုး အခြေနေအမျိုးမျိုးဖြင့် ကောက်ခံနိုင်ရန် ဥပဒေ ပြဌာန်း သတ်မှတ်မှု အခိုင်မာ ရှိရပြီး မိမိတို့ ကောက်ခံလိုက်သော အခွန်ငွေများအား မည်သို့ သုံးစွဲကြောင်း အားပွင့်လင်းမြင်သာပြီး ဘက်မလိုက်သော စာရင်းစစ်များအား ခန့်ထားကာ စောင့်ကြပ်ကြည့်ရှု့ရလေသည်။

မြန်မာပြည်တွင် အစိုးရအဆက်ဆက်သည် ပြည်သူများထံမှ အခွန်သာကောက်ခံခဲ့ကြပြီး အဆိုပါ အခွန်ငွေများအား မည်သို့ သုံးစွဲကြောင်းနှင့် မည်သို့သော ၀န်ဆောင်မှုပေးကြောင်း အတိလင်း ပြန်လည် ဖေါ်ပြထားခြင်း မကြားမိခဲ့ပါ။

ဥပဒေနှင့်အညီ အခွန်ငွေပေးဆောင်သော ပြည်သူ (သို့မဟုတ်) ပြည်သား တယောက်အား အစိုးရမှ ၀န်ဆောင်မှု အခိုင်မာပေးရသည်။
ဆိုလိုသည်မှာ ထိုအခွန်ငွေပေးသူ၏ လုံခြုံရေး၊ နေထိုင်ရေး၊ ကျန်းမာရေး နှင့် အနာဂတ် ဘ၀ တို့ပါ ဒွန်တွဲ ဆက်ဆပ်နေ၏။ အခွန်ပေးဆောင်သောသူအား ဘက်မလိုက်သော တရားဥပဒေဖြင့် လုံခြုံရေးပေးရသည်။ အခွန်ပေးဆောင်သော သူအား နိုင်ငံတော်မှ ထောက်ပံ့ထားသော ကျန်းမာရေးဆိုင်ရာ ဆေးဝါးကုသခွင့် အခိုင်မာ ပေးရသည်။ အခွန်ပေးဆောင်ထားသော သူများ၏ နေထိုင်ရေးနှင့်ပတ်သက်သော အာမခံချက် အတိအလင်း အခိုင်မာပေးရသည်။ အခွန်ပေးဆောင်ထားသော သူ၏ အသက်ရွယ်ကြီးရင့်လာသောအခါ အစိုးရ၀န်ထမ်းများကဲ့သိုပင် နိုင်ငံတော်အားအကျိုးပြုခဲ့သော တိုင်းပြည်သားကောင်းသမီးကောင်းများအနေဖြင့် နေစရာ စားနပ်ရိက္ခာနှင့် ကျန်မာရေး စောင့်ရှောက်မှုနှင့် သတ်မှတ်ထားသော အသုံးစရိတ်အား အစိုးမှသေသည်အထိ ပင်စင်ကဲ့သို့ ပြန်လည် ၀န်ဆောင် ပေးအပ်ရသည်။ထိုအရာကို နိုင်ငံတကာတွင် ( Social Security Agenda) လူမှု လုံခြုံ ဖူလုံရေး လုပ်ငန်းစဉ် ဟု ခေါ်ဆိုလေသည်။

ဒေါက်တာ ဇော်ဦး ပြောချလိုက်သော ဘီဘီစီအင်တာဗျူးပေါ်က စကားရပ်သည် အခွန်သာ ဆက်တိုးကောက်ပြီး ငွေကြေးဖေါင်းပွမှုအား ဖြေရှင်းရန် သာဖြစ်၏။ ထိုမျှ အဆင်ချင် ကင်းမဲ့သောလူတယောက် စီးပွါးရေး ဒေါက်တာဘွဲ့ ရခဲ့သည်မှာ လူသားသမိုင်းအတွက် အလွန်ပင် နစ်နာလွန်းပြီး မတိုးတက် မဖွံ့ဖြိုးသေးသော တိုင်းပြည်တခုတွင် အခွန် တိုးကောက်ကာ ၀င်ငွေရှာရန် သမ္မတအားအကြံပေးနေရာတွင် ရပ်တည်လျှက် အကြံပေးပါလျှင် ထိုတိုင်းပြည်သည် ရေနည်းငါး ကဲ့သို့ ရေမရှိသော ရေခမ်းခြောက်လုမတတ်ဖြစ်သော နေရာတွင် အသက်ရှင်အောင် ကုတ်ကပ် ရုံန်းကန်ရှင်သန်နေရသော မသေသေးသော်လဲ အသက်ရှင်ဖို့ရာ မလွယ်ကူလောက်တော့သည့် အခြေနေရောက်ရှိနေသည့် ငါးသတ္တ၀ါများကဲ့သို့ ဖြစ်လာလေမည်။

သို့ကြောင့် ငွေကြေးဖေါင်းပွမှုအား လျောပါးသွားစေရန် ဒေါက်တာဇော်ဦးမှ သမ္မတအားအကြံပေးသင့်သည်မှာ…
*** လက်ရှိ လက်နက်ကိုင်တပ်မတော်မှ အဓမ္မသိမ်းယူထားသော နိုင်ငံတနံတလျားမှ မြေဧကပေါင်း တသန်း ခြောက်သိန်း သုံးထောင် ရှစ်ရာအား အမှန်တကယ် လယ်လုပ်သူ သီးနှံစိုက်ပျိုးသူ ရော်ဘာပင် လုပ်ငန်း လုပ်ကိုင်သူ သီခိုနှင့် အခြားသော ကောက်ပဲ ပြောင်းဝါ စိုက်ပျိုးသူများ၏ လက်ထဲသို့ တခုမကျန် ပြန်လည် အပ်နှင်းပေးပါလျင် နှစ်စဉ် တိုင်းပြည်၏ အခွန်ငွေနှင့် နိုင်ငံခြား ၀င်ငွေများ တိုးလာမည် ဖြစ်ပါ၏
****လက်ရှိ စစ်သားစုဆောင်းရေးနှင့် ခလေးများအား ဖမ်းဆီးသိုလှောင်ထားသော နိုင်ငံအနှံတလွှားမှ စစ်သားစုဆောင်းရေးတပ်ဆွယ် ၇၄၄ ခုနှင့် ရဲမွန် ၄၃၂ ခုတွင် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခံရကာ ရောက်ရှိ ထိမ်းသိမ်းခံနေကြရသော စစ်သည်လောင်းလျာလေးများ နှစ်စဉ် (လေးသောင်းသုံးထောင်) မျှအား ပြည်တွင်းစစ်ပွဲများအတွင်း ထိခိုက်သေကြေ ဘ၀ပျက်နေကြရမည့် အစား …. အရပ်ဘက်လူမှုစောင့်ရှောက်ရေးသို့ ပြန်လည်ပေးပို့ကာ တိုင်းပြည်အတွက် ကုန်ထုတ်လုပ်မှု စိုက်ပျိုး ထုတ်လုပ်မှု နေရာများသို့ စနစ်တကျ နည်းပညာများပို့ချပေးပြီး ပြန်လည် နေရာချထားပါက နှစ်စဉ် အခွန်ငွေနှင့် နိုင်ငံခြား ၀င်ငွေများ တိုးပွားလာမည်ဖြစ်ပါ၏။


********** လက်ရှိ တိုင်းပြည်အတွင်းခေတ်အဆက်ဆက် အာဏာအရှိန်ဝါဖြင့် ပြည်သူလူထု၏ ပိုင်ဆိုင်မှုတို့အား လက်ဝါးကြီးအုပ်ကာ ချမ်းသာသွားခဲ့သော ချမ်းသာနေကြသော စစ်ဘက် အရပ်ဘက် ဆိုင်ရာ ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုအား စနစ်ကျစွာ ဥပဒေပြဌာန်းမှုများပြုလုပ်စေပြီး ၄င်းတို့၏ ပိုင်ဆိုင်မှုနှင့် ချိန်ထိုးသတ်မှတ်ထားသော အကောက်ခွန် စည်းမျဉ်းများ ပြန်လည်ချမှတ်၍ နိုင်ငံတော်အား တရားနည်းလမ်းတကျပိုင်ဆိုင်မှုမှ သတ်မှတ်သည့် အခွန်များအား ပြန်လည်ပေးဆောင်ရန် ဆောင်ရွက်ပါလျင် တိုင်းပြည်ဝင်ငွေ အကြီးကျယ် တိုးတက် မြင့်မားလာလေမည်။


****** နိုင်ငံတကာ ချစားမှု စောင့်ကြည့်ရေး အဖွဲ့မှ ထုတ်ပြန်ထားချက် အ& မြန်မာနိုင်ငံသည် ချစားမှု အဆင် ကမ္ဘာတွင် နံပါတ် (၅)နေရာဝယ် ရှိနေရပြီး တနှစ်လျင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၄ ထောင်မှ သန်းပေါင်း ရှစ်ထောင်ထိ ရှိနေသောကြောင့် …လက်ရှိတိုင်းပြည်တွင် ခေတ်အဆက်ဆက် အကျင့်ပျက်ချစားထားမှုကြီးများ ၊ ကောက်ခွန် ၀န်ထမ်းများမှ ဖုံးကွယ် လိမ်ညာ ကောက်ယူ ခိုးဝှက်ထားမှုများ၊ ဖြစ်သင့်သော အကောက်ခွန်အား လဒ်ငွေကြောင့် လိမ်ညာစာရင်းပြကာ ပုဂ္ဂိုလ်ရေး အရ အပေးယူ လုပ်ထားမှုများအား ဥပဒေနှင့် အညီ ဘက်မလိုက်ပဲ စနစ်တကျ စုံစမ်းဖေါ်ထုတ် အရေးယူနိုင်သော အခွင့်အာဏာရှိသည့် အဖွဲ့စည်းတခုအား အစိုးရမှ ထူထောင်ကျားကန်ပေးပြီး မသမာမှုများအား ဘက်မလိုက်ပဲ စုံစမ်း ဖေါ်ထုတ် သွားစေပြီး ပြန်လည်ပေးဆောင်စေခိုင်းခြင်းအားဖြင့် နိုင်ငံတော် ၀င်ငွေ ထုထည်ကြီးမားစွာ မြင့်မားလာစေပါမည်။


*****လက်ရှိ တိုင်းပြည်တွင် ပြည်သူများသည် နိုင်ငံခြားမှ ၀င်ရောက်လာသော ကုပ္ပဏီများနှင့် ပြည်တွင်း ဖက်ဆပ် အပြင် တသီးပုဂ္ဂလ ကုပ္ပဏီများတွင် ၀င်ရောက်လုပ်ကိုင်နေသော လုပ်သားအင်အားမှာ ၆.၈ သန်း ခန့် ရှိသည်ဟု ကုလသမဂ္ဂ စစ်တမ်းတွင် ဖေါ်ပြထားပြီး အဆိုပါ ၆.၈ သန်းသည် အခြေခံ အလုပ်ကြမ်းနှင့် အလယ်လပ် ပညာတတ် လုပ်ငန်းများဖြစ်နေပြီး ၄င်းအလုပ်သမားအားလုံးတို့၏ ခံစားပိုင်ခွင့်သည် ဒေသအလိုက် လုပ်ငန်းပိုင်ဆိုင်ရာ ပြဌာန်းမှု အလိုက် ခံစားပိုင်ခွင့်အား အာရှဒေသနိုင်ငံများထဲတွင် နှစ်စဉ် အလုပ်ရှင်မှ ခေါင်းပုံဖြတ် အနိုင်ကျင့်ထားသော လုပ်ခလစာနှင့် လုပ်သက် အလိုက် လုပ်ငန်း ခွင်ခံစားပိုင်ခွင်သည် ၄၂ ရာနုံန်းမျှ နှိပ့်ကျ အနှိမ်ခံထားရပြီး အနောက်နိုင်ငံမှ လုပ်သားများနှင့် ယှဉ်ထိုးကြည့်လျှင် ၆၈ ရာနုံန်းကျော်မျှ နှိမ်ချ ပေးထားခြင်း များရှိနေပြီး အဆိုပါ ၆.၈သန်းခန့် ရှိသော အလုပ်သမားများ အဖို့ အလုပ်လုပ်ရင်းနှင့်ပင် ကျန်းမာရေး ချို့တဲ့မှုများအား ဆေးဝါးကုသမှု အပြည့်ဝ မရပဲ ၀မ်းစာတလုပ်ကို မှန်မှန်လေး စားရဖို့တောင်ပင် အတော်ကြီး ရုံန်းကန်နေရသော အခြေနေမှာ ဖေါင်စီးရင်းရေငတ်နေကြသူများ ဘ၀ သို့ပင် ဖြစ်နေကြရလေသည်။


အဆိုပါအခြေနေများကုစားနိုင်ရန် ဒေါက်တာဇော်ဦး ၁၄ နှစ်ကြာ နေထိုင်ခဲ့သော အမေရိကန် ပြည်ထောင်စု၏ ယနေ့ ကုန်ဈေးနုံန်းသည် မြန်မာပြည်တွင်းရှိ ကုန်ဈေးနုံန်းနှင့် တပြေးညီဖြစ်တည်နေလေသည်။ သေခြာအောင် ထောက်ပြရပါမူ အခြေခံ အနိပ့်ဆုံးကုန်ဈေးနုံန်း တခုအရဆိုပါလျှုင် အမေရိကန် ပြည်ထောင်စုတွင် ဈေးပေါ သက်သာဆုံးသော ကြက်ဥ တဒါဇင်လျှင် အကောက်ခွန် အပါဝင် အမေရိကန် ဒေါ်လာ ၁ဒေါ်လာ နှင့် ၄၀ စင့် ဟုခေါ်သော တကျပ်ခွဲ နီးပါးမျှသာ ဖြစ်လေသည်။

ယနေ့မြန်မာငွေပေါက်ဈေးနှင့် ယေဘူယျ နိုင်းယှဉ်ပါလျှင် ၁၂၀၀ ကျပ် ၀န်ကျင်တွင် ရှိပြီး မြန်မာပြည်၏ ကြက်ဥ တဒါဇင်ပေါက်ဈေးသည် ယနေ့ ပြည်တွင်း ကုန်ဈေးနုံန်းအရ ကျပ် ၁၂၀၀ နှင့် ၁၅၀၀ အကြားတွင်ရှိနေလေသည်။ ထိုကြောင့် အနောက်နိုင်ငံကုန်ဈေးနုံန်းနှင့် အလားတူ ဖြစ်နေသော မြန်မာပြည်တွင်း ကုန်ဈေးနုံန်း အား အမှီလိုက်ပြီး ၀မ်းဝအောင် လုပ်ကိုင် စားသောက်နေကြရသော လုပ်သား လုပ်သမီးများအား ဒေါက်တာဇော်ဦး နားလည် စာနာစိတ်ထားရပေမည်။ အကြောင်းမှာ အနောက်နိုင်ငံ၏ အခြေခံလုပ်ခ လစာမှာ အစိုးရမှ အကောက်ခွန် ဖြတ်တောက်ပြီး လျင်တောင် အမေရိကန် ဒေါ်လာ ၁၂၀၀ မှ ၁၅၀၀ တွင်း ရရှိနေကြပြီး မြန်မာပြည်တွင်းမှ အခြေခံလုပ်ခစာမှာ အမေရိကန်ဒေါ်လာနှင့် နိုင်းယှဉ်ပါလျင် တိုင်းပြည်တွင်း လုပ်သားတို့သည် အမေရိကန်ဒေါ်လာ ၈၀ မှ ၁၂၀ မျှလောက်သာ ရ၇ှိကြပြီး လုပ်သားခံစားခွင့်များလဲ မိုးနှင့်မြေလောက်ပင် ထပ်မံကွာခြားနေသည်ကို စီးပွါးရေး ပညာရှင် ဒေါက်တာ ဇော်ဦး မျက်ခြေပြတ်သွားသည်ဟု ထင်မိပါသည်။

***ဒေါက်တာဇော်ဦး ရှက်တတ်မည်ဆိုပါလျင် မိမိသင်ယူခဲ့သော စီးပွါးရေး ပါရဂူဘွဲ့အား စားရေးသူမှ မဝေဖန်လိုသော်လည်း မိမိ သင်ယူမှု လေ့လားမှုများ မပြည့်မစုံ ခေါင်းတခြားကိုယ်တခြားဖြစ်နေသည်ကို တွေရှိပါရန် လွန်ခဲ့သော နှစ်ပေါင်း ၂၃၀၀ ကျော်က အာသောကမင်းကြီး တည်ထားစိုက်ထူခဲ့သော ကျောက်စာတိုင်များပေါ်တွင် ထုဆစ်ရေးသားထားခဲ့လေသော ကျောက်စာများထဲတွင် လက်ရှိ ကျောက်စာတိုင် ၁၀ တိုင်သာ အထင်ရှား ကျန်ရှိနေသောအရာထဲမှ တိုင်းပြည်စီးပွါးရေးနှင့် ပတ်သက်သော ကျောက်စာတပိုဒ်အား စာရေးသူ ထောက်ပြရပေတော့မည်။


ထိုကျောက်စာတိုင်များထဲမှ ယနေ့ အန္ဒိယပြည် ဗာရာနသီ မြို့ဟောင်း၏ တောင်ဘက် မိုင် ၁၀၀မျှလောက်ဝေးသော ခြူနား ကျေးရွာ ၏ အရှေ့တည့်တည့် ကျောက်စာတိုင်နှစ်ခုမှာ အပိုဒ် (၁၄)ပိုဒ်ဖြင့် ထုဆစ် ရေးခြစ်ထားသော ကျောက်စာပိုဒ်များမှ ကျောက်စာအပိုဒ် နံပါတ် (၆) အား မူးရင်း ကျောက်စာမှ ပညာရှင်များ ပြန်လည်၍ အင်္ဂလိပ်ဘာသာဖြင့် ဘာသာ ပြန်ထားချက်အား ထုတ်နုတ်ပြရသော်….


“သမာဒေ၀ နတ်မင်းများ၏ ချစ်ခြင်းမေတ္တာတော်အရ ပီယဒစီ ( ပီယသိဒ္ဒိ) ပြည်ရှင်မင်းကြီး၏ မြွက်ဟမှာကြားလိုသည်မှာ…. ယခင် အတိတ်ကာလတွင် တိုင်းပြည်၏ စီးပွါးရေးအား အချိန်နှင့်တပြေးညီ ဘုရင်မင်းထံသို့ ပေးပို့တင်ပြခြင်း သို့မဟုတ် အထမြောက်အောင် ပြီးပြတ် ဆောင်ရွက်ခြင်းမျိုး မရှိခဲ့ပေ။ သို့သော် ယခုတွင် ငါဘုရင် မင်းမှ မိန့်မှာလေမည်..အဆိုပါ တိုင်းပြည် စီးပွါးရေးအား မည်သည့် အချိန်ခါမဆို ငါဘုရင် ပွဲတော်တည်စားသောက်နေသော ကာလ နေရာမျိုးမှာပင်၎င်း၊ မောင်းမ မိတ်သံများဖြင့် နေထိုင်လျက်ရှိနေသော အချိန်မှာပင်လျင်၎င်း၊ စက်တော်ခေါ် အိပ်ပျော်နေသော အိပ်ယာထက်တွင်သော်၎င်း၊ စီးတော်မြင်းယျာဉ် စီး၍ ဥယျာဉ် တော် ဆင်းသောအခါသမယတွင်၎င်း၊သို့တင်မက ငါဘုရင် ဘယ်သို့သောနေရာတွင်ပင် ရှိလင့်နေစေကာမူ သတင်းပို့သော သတင်းထောက်များအနေဖြင့် သတ်မှတ်ညွန်ကြားထားသော အမိန့်တော်အတိုင်း ဆောင်ရွက်လိုက်နာလျက် ဖြစ်ကြောင်းကုန်စင် သတင်းပို့ လျောက်တင်ရမည် သို့မှသာပင် ငါကိုယ်တော်အနေဖြင့် ပြည်သူတို့၏ အကျိုးစီးပွါးအတွက် ပါဝင်ဆောင်ရွက်ရန် ရှိခွင့် ရနိုင်လာလေမည်။ တိုင်းပြည်၏ နန်းတွင် ကောင်စီတွင် သဘောမတူဖြစ်ကြခြင်း ၊ ငြင်းခုံမှု ဖြစ်နေကြလျင်တောင် ချက်ခြင်းပင် ငါထံသို့ အကြောင်းကြား တင်ပြကာ ဘယ်ခါမဆို ငါဘုရင်မှ နုတ်မိန့်ဖြင့်သော်၎င်း တရားဝင် ထုတ်ပြန်ချက်များပြုလုပ်ရာတွင်၎င်း တိုင်းပြည်၏ အရေးပေါ် စီးပွါး အကျိုးကိစ္စများသည် မဟာ မေတ္တာဖြင့်သာ ဆက်ဆပ်၍ ထုတ်ပြန်သော အမိန့် ဖြစ်စေရမည်။ ထိုစကားရပ်သည် ငါ၏ အမိန့်ဖြစ်သည်။ ငါဘုရင် အနေဖြင့်လည်း မိမိကိုယ်ကျိုးတွက်အား သြဇာ အာဏာ သုံးလျက်ပြုလုပ်ခြင်း သို့မဟုတ် ငါ၏ အကျိုးစီးပွါး တခုကိုသာ ဦးတည်ပြုလုပ်ခြင်းမျိုး မရှိစေရ။ မှန်ကန်စွာ ဆိုရသော်..ငါဘုရင်သည် တိုင်းသူပြည်သားအားလုံးတို့၏ သာယာဝပြောရေး အလုံးစုံသည် ငါ၏ တာဝန်မုချဖြစ်၏..သည့်အပြင် အာဏာပြ သြဇာ သုံးခြင်းသည် အကုသိုလ်၏ ရေသောက်မြစ်ဖြစ်ရကာ တိုင်းပြည်သူပြည်သားတို့၏ အကျိုးစီးပွါးအား အလေးထား ဆောင်ရွက်ခြင်းသာ ကုသိုလ်ဖြစ်ရာ၏။ အများပြည်သူတို့၏ သာယာဝပြောသော အကျိုးအား ဖေါ်ဆောင် လုပ်ကိုင်ခြင်းသည်ထက် ကောင်းသော အရာ အဘယ်မှာမှပင် မရှိနိုင်ပဲ ငါဘုရင်အနေဖြင့် ဘယ်အရာမဆို လုပ်ကိုင်ဆောင်ရွက်သမျှ အားလုံးတို့သည် ငါဘုရင်မှ တိုင်းသူပြည်သားများအား ပေးဆပ်ရန် တာဝန်၇ှိသော အကြွေးအားပေးဆပ်နေသော သဘောထားမှန်ဖြင့် ပြည်သူပြည်သားများအနေဖြင့် လက်ရှိဘ၀အခြေနေတွင်လည်း စိတ်သုခ ပျော်ရွှင်မှုများရ၇ှိပြီး နောင်ဘ၀တပါးတွင်လည်း နိဗ္ဗာန်သို့ ရောက်ရှိစံစားနိုင်ရန် ငါဘုရင်မှ ရည်ရွယ် လုပ်ဆောင်ပေမည်။
ထိုအတွက်ကြောင့် ယခုပြဌာန်းရေဆွဲထားသော စည်းမျဉ်းသည် ကမ္ဘာတည်သ၍ အဓွန့်ရှည်ကာ သားစဉ်မြေမြစ်များအထိ ကမ္ဘာသူကမ္ဘာသားတို့၏ သာယာဝပြောသော အကျိုးစီးပွါးအတွက် စိတ်ချမ်းသားကိုယ်ချမ်းသာဖြင့် နေထိုင်သွားနိုင်ကြရန် အတည်ပြု ရေးဆွဲပြဌာန်းသည်။ သို့သော် ယခုအကျိုးစီးပွါးကိစ္စသည် ကြီးမားသော သြဇာအာဏာ သုံးပြုခြင်း မရှိပဲ လုပ်ဆောင်ရန် အလွန် ခက်ခဲသော အရာပင်တည်း….”
Beloved-of-the-Gods, King Piyadasi, speaks thus:[13] In the past, state business was not transacted nor were reports delivered to the king at all hours. But now I have given this order, that at any time, whether I am eating, in the women's quarters, the bed chamber, the chariot, the palanquin, in the park or wherever, reporters are to be posted with instructions to report to me the affairs of the people so that I might attend to these affairs wherever I am. And whatever I orally order in connection with donations or proclamations, or when urgent business presses itself on the Mahamatras, if disagreement or debate arises in the Council, then it must be reported to me immediately. This is what I have ordered. I am never content with exerting myself or with despatching business. Truly, I consider the welfare of all to be my duty, and the root of this is exertion and the prompt despatch of business. There is no better work than promoting the welfare of all the people and whatever efforts I am making is to repay the debt I owe to all beings to assure their happiness in this life, and attain heaven in the next.
Therefore this Dhamma edict has been written to last long and that my sons, grandsons and great-grandsons might act in conformity with it for the welfare of the world. However, this is difficult to do without great exertion.
ီဒီလောက် ဆိုလျင် ဒေါက်တာဇော်ဦး တယောက် သံဝေဂ ရနိုင်ပေမည်ဟု စာရေးသူ မျှော်လင့်ပါသည်။ ယခင် မိမိမှ သမ္မတ ကြီးအား ပေးခဲ့သော အကြံအားလုံးတို့သည် တဖက်အတွက်သာ အကျိုးစီးပွါး ကြီးမားခဲ့ပြီး တိုင်းသူပြည်သားများအတွက် မဖြစ်စလောက် အခွင့်လမ်းလေးများသာရှိခဲ့ရသည်။ စာဖတ်သူများ သိသာစေရန်မှာ ဒေါက်တာဇော်ဦးတို့၏ ဗဟုအဖွဲ့မှ ၂၀၁၁ ခုနှစ်တွင် တက်လာသော နေပြည်တော် ရှိ အစိုးရအဖွဲ့အား အကြံပေးပုံတို့မှာ နိုင်ငံတကာ ဒဏ်ခတ်မှု( ၁၅) နှင့် တိုင်းပြည်ပေါ်တွင် တင်ရှိနေသော နိုင်ငံတကာမှ အကြွေး အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံ အား ပပျောက် စေရန်မှာ နိုင်ငံရေးအကျဉ်းသားများ အချိုးကျလွှတ်ပေးခြင်း ၊ ဒေါ်အောင်ဆန်းစုကြည နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အား အရေးပေါ် ပူးပေါင် ဆောင်ရွက်လာနိုင်သော ထိုင်ခုံနေရာတချို့ ပြင်ဆင်ပေးခြင်းတို့ဖြင့် တဖက်အတွက် အရန်းကောင်းသွားသော အခွင့်လမ်းရ၇ှိခဲ့သောလည်း ဖမ်းစရာ အကြောင်းရင်မရှိသော လူပုဂ္ဂိုလ်များတို့အား နိုင်ငံရေးအကျဉ်းသားများအဖြင့် ပြန်ပေးဆွဲသကဲ့သို့ အပေးယူလုပ်ခဲ့သည်က ခံရသူတို့အတွက် အလွန့်အလွန်ပင် နစ်နာလွန်းလှပြီး လက်ရှိ ပြည်သူတို့အနေဖြင့် ခံစာနေရသော စီးပွါးရေး မပြေလည်မှု ရောဂါ ဝေဒနာသည် နိုင်ငံရေး ဘောင်ခတ် ချုပ်နှောင်ကာ စစ်တက်မှ အလေးသာသာဖြင့် နေရာယူခဲသလို လက်ရှိတွင်လဲ ဆက်လက် နေရာယူထားသည်မို့ အသားပိုမလိုပဲ ခဲဆွဲခံရသည့် ချိန်ခွင်ပမာ မညီမမျှ အနိပ်မြင့် ကွာဟ နေသော နိုင်ငံရေးစနစ်အား စနစ်တကျ ထောက်ပြကာ တစုံလုံ ပြောင်းလဲ ပြုပြင်မှသာလျှင် ဒေါက်တာဇော်ဦးပြောသော ငွေကြေးဖေါင်းပွမှုတင်မက လောဘ မောဟ ဖေါင်းပွမှုအောက်တွင် ရှိနေကြရသော တိုင်းပြည်တခုလုံးမှ ပြည်သူများလည် ဒုက္ခ သောက ကင်းဝေး ကြမည် ဖြစ်ကြောင်း…..အမေရိကန်ဒေါ်လာ တစ်လျှင် ၇၀၀၀ ( ခုနှစ်ထာင်) မြန်မာငွေ သိန်း ခြောက်ရာ ကျော်လစာရရှိနေသော လူထုချွေးနဲစားဖြင့် အိပ်ဖေါင်းကာ စိတ်ပြောင်းသွားသော ဒေါက်တာ ဇော်ဦးတို့၏ အကြံပေးမှုများသည် …..တကယ်ပင် ရေရှည်မဖြစ်သင့်သော မသင့်မြတ်သော လုပ်ရပ်ဖြစ်သည့် တိုင်းသူ ပြည်သားများ၏ မျက်ခုံးမွေးပေါ်တွင် ခုန်ဆွ ခုန်ဆွ ဖြင့် ရေးပေါ်တွင် အရုပ်ရေးဆွဲသလို ဖြစ်သော အကြံဥာဏ်များအား မပေးသင့်ပါကြောင်းပါ။။

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး

မှတ်ချက် ( ဒေါက်တာဇော်ဦးအနေဖြင့် စာရေးသူ၏ ထောက်ပြချက်များအား သဘောမတွေ့ပါလျင် ကြိုက်သလို မိမိ တတ်မြောက်ထားသော ပညာရပ် ဖြင့် ကြိုက်သည့်နေရာတွင် အများသူငှာ တိုင်းတပါးသားများပါမကျန် နားဆင်နိုင်ရန် အင်္ဂလိပ်ဘာသာဖြင့် သော်၎င်း မြန်မာပြည်သားများ နားဆင်နိုင်ရန် မြန်မာဘာသာဖြင့်သော်၎င်း စာရေးသူအား စိန်ခေါ်နိုင်ပါသည်…ကြိုဆိုပါသည်)
— with Min Htay, Zaw Wonn Maung, Tun Naing and 47 others.
Like · · Share

Nyein Chan Aung, Maung Myint Myat and 181 others like this.
311 shares
Aung Kyaw Lwin လူကောင်းလူတော်တွေ များများပေါ်ထွန်းပါမှ

သခင်အားရ ကျွန်ပါးဝတွေ မှေးမှိန်ကွယ်ပျောက်မယ်။
11 hours ago · Like · 3
Aung Cho အခွန်ကအိပ်ကပ်ထဲေ၇ာက်နေကြတာပါ။၂၀၁၅မှာ ဒီလူတွေဆက်၇ှိနေ၇င်တော့ ၇င်လေးစ၇ာပါ။
11 hours ago · Like · 5
Soe Moe စိန်ခေါ်လိုက်ပါ
10 hours ago · Like · 4
Kyaw Than များများထောက်ပြစေချင်ပါသည်။ကျေးဇူးတင်ပါသည်။အသိပညာတိုးပါသည်။
10 hours ago · Like · 4
Myint Kyaw Maha Mingyi ရေး သား ထား သည် မှာ မှတ် သား ဖွယ် ဗဟု သ တ ရ ရ ပေ သည် ။ ဒေါက် တာ ဇော် ဦး က သင် ထား တဲ့ ၊ ကျက် ထား တဲ့ theory အ တိုင်း အ လွယ် ပြော လိုက် တာ ဖြစ် နိုင် ပါ တယ် ။ on the spot ဆို တော့ စီ စဉ် လာ ဟန် မ ရှိ ဘူး လို့ ယူ ဆ လို့ ရ တယ် ။ တစ် ကယ် လို့ သူ maha mingyi ပြော သ လို သိ နေ ရင် လည်း သ မ္မ တ ကို အဲ့ ဒီ လို အ ကြံ ပေး မယ် ၊ ပေး ရဲ မယ် မ ထင် ဘူး ။ အ နား ရောက် သွား ရင် အ မုန်း မ ခံ တော့ ဘူး ဆို သ လို ပေါ့ ။ တစ် ခါ က သ မ္မ တ ဘေး က ဝန် ကြီး တစ် ပါး က သ မ္မ တ ကိုယ် စား မေး ခွန်း တွေ ဖြေ ပေး မယ် မေး ပါ ဆို လို့ အ ခွင့် အ ရေး ရ ဘူး တယ် ။ သူ က စာ ရေး မေး ပါ ဆို လို့ စာ ရေး ပြီး မေး ခဲ့ ပေ မဲ့ အ ဖြေ မ ပေး ခဲ့ ပါ ဘူး ။ မျက် နှာ ဘဲ ပျက် သွား ခဲ့ တယ် ။ သ မ္မ တ ဘေး ရောက် သွား ရင် အ များ ကြီး ပြောင်း လဲ သွား တတ် ကြ ပါ တယ် ။ တိ ကျ တဲ့ သ တင်း တွေ ဆက် တင် ပြီး ဝေ ဖန် ချက် တွေ ထပ် ပေး ပါ ဦး ။
10 hours ago · Like · 4
Kyaw Than အိမ်ရှေ့လမ်းခင်းတော့လူထုထံတစ်ဝက်ကောက် စီးပွါးရေးလုပ်တော့လူထုထံအခွန်ကောက် ရုံးပြင်ကန္နားသွားတော့လာတ်ကောက် ဆေးရုံသွားတော့စားရိတ်မျှပေးကောက် နေရာတကာရပ်နားခကောက် လမ်းပေါ်ဘီးခွန်ကောက် သွားရေးလာရေးဖြောင်ဖြူးခကောက် ကောက်ကောက်ကောက်ကောက် စုပေါင်းလိုက်တော့ ၁၀၀၀၀% ငွေလည်းတန်ဘိုးလျော့ လူလည်းအဟာရလျော့ ပျော်ရွှင်စရာမကောင်းတဲ့တို့တိုင်းပြည်
10 hours ago · Like · 3
Aung Zaya မေးပုံမေးနည်းတခုလိုနေသည်ဟု ထင်ပါသည် ကျွန်တော်သာဆိုလျင် ဒေါက်တာဇော်ဦးကို ဤအတိုင်းမေး ချင်ပါသည် အခွန်တိုးမြှင့်ကောက်ခံ မည်ဆိုလျှင် လူတိုင်းလူတိုင်း ခရိုနီ ဗိုလ်ချုပ်သားသမီးများအပါဝင် ဝန်ကြီး ဝန်ကလေးများကိုယ်တိုင်အခွန် ဆောင်ပါ့မလား ဒုတိယမေးခွန်းက အခွန်တိုးမြှင့်မကောက်ခံဘဲ ဥပဒေ အပေါ်မိန့်မိန့်ကြီးတက်ထိုင်ပြီးအခွန် လွတ်ကင်းနေသောသူများကို အခွန်ထမ်းဆောင်ခိုင်းလျှင် မရပါ၏ လော သူကအခွန်ကို ပြောလျှင် ကျွန်တော်က အခွန်အကြောင်းပြော ခြင်ပါသည် အခွန်ဥပဒေတွေကို ရှင်းလင်းလွယ်ကူပြီး မိမိကိုယ်တိုင် တွက်ချက်ပြီးထမ်းဆောင်နိုင်သော ဥပဒေများ ပြဌာန်းပေးပါ အခွန်တိမ်း ရှောင်နေသောသူများ ထောင်ချလို့ ရနိုင်အောင် ဥပဒေတွေပြဌာန်းပေး ပါ၎င်း ဥပဒေကို လူတိုင်း လူတိုင်း လိုက်နာနိုင်အောင်အစိုးရမှဆောင် ရွက်ပေးပါ သမ္မတ အပါအဝင် အစိုးရ အဖွဲ့တွင် တာဝန်ယူထားသူများ ပိုင်ဆိုင်မှုကိုကြေငြာပေးပါ လိုအပ် လျှင် သမတ္တ ကိုယ်တိုင်ထောင်ချခံ နိုင်ရမည် နောက်ဆုံးတခု ဦးပိုင်ကို ဖျက်ပေးပါ ဒါတွေလိုက်နာနိုင်ပြီ လားလို့ ကိုယ့်ကိုကိုယ်မေးပြီးမှ အခွန်တိုးကောက်ခံပါ ဒေါက်တာဇော်ဦး ခင်ဗျာ
10 hours ago · Like · 2
Ko Hla Thein ကျုပ်လိုလူဖြေခိုင်းရင်တောင် ဝါဇီကရိုက်ထုတ်၊ ငွေမဲတွေက ဖြူ ဒါတွေမထုတ် မလုပ်ရင် မဖောင်းပွတော့ဘူး၊လယ်မြေတွေသိမ်းထားတာအချိန်ကန့်သတ်ဆိုတော့ပြဿနာဖောင်းပွ့ လယ်ဖောင်းပွအောင်အချိန်ဆွဲ၊ မြန်မာFEC ဒေါ်လာလဲလှယ်ခွင့်ပေးပြန်အပ်ထာအချိန်တိုးပေး၊သမတသက်တမ်းကုန်အောင်ဆွဲထားဦးမှာလား၊တဖောင်းဖောင်းနဲ့ပေါက်ပေါက်ဖောက်စားနေကြတာ။
9 hours ago · Like
San San * နိုင်ငံတကာ ချစားမှု စောင့်ကြည့်ရေး အဖွဲ့မှ ထုတ်ပြန်ထားချက် အ& မြန်မာနိုင်ငံသည် ချစားမှု အဆင် ကမ္ဘာတွင် နံပါတ် (၅)နေရာဝယ် ရှိနေရပြီး တနှစ်လျင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၄ ထောင်မှ သန်းပေါင်း ရှစ်ထောင်ထိ ရှိနေသောကြောင့် …လက်ရှိတိုင်းပြည်တွင် ခေတ်အဆက်ဆက် အကျင့်ပျက်ချစားထားမှုကြီးများ ၊ ကောက်ခွန် ၀န်ထမ်းများမှ ဖုံးကွယ် လိမ်ညာ ကောက်ယူ ခိုးဝှက်ထားမှုများ၊ ဖြစ်သင့်သော အကောက်ခွန်အား လဒ်ငွေကြောင့် လိမ်ညာစာရင်းပြကာ ပုဂ္ဂိုလ်ရေး အရ အပေးယူ လုပ်ထားမှုများအား ဥပဒေနှင့် အညီ ဘက်မလိုက်ပဲ စနစ်တကျ စုံစမ်းဖေါ်ထုတ် အရေးယူနိုင်သော အခွင့်အာဏာရှိသည့် အဖွဲ့စည်းတခုအား အစိုးရမှ ထူထောင်ကျားကန်ပေးပြီး မသမာမှုများအား ဘက်မလိုက်ပဲ စုံစမ်း ဖေါ်ထုတ် သွားစေပြီး ပြန်လည်ပေးဆောင်စေခိုင်းခြင်းအားဖြင့် နိုင်ငံတော် ၀င်ငွေ ထုထည်ကြီးမားစွာ မြင့်မားလာစေပါမည်။
9 hours ago · Like · 1
Moe Aung San စနစ်မကျတဲ့ တပ်မတော်ဖွဲ့စည်းပုံတိုးချဲ့တာကလည်းနိုင်ငံအတွက် မနိုင်ဝန်ဖြစ်စေပါတယ်
9 hours ago · Like · 4
Zaw Fone အခွန်ကေါက်စရာ မလိုပါ အထူး လုပ်ခွင့်များက ရယူထါးငွေ များ တိုင်းပြည်အတွက် တကယ် ထုတ်သုံးပါ စစ်လက်နက်အဝယ်လျော့ပါ
9 hours ago · Like · 4
Win Myint Tun ရှယ်သွားပြီ အစ်ကိုရေ
9 hours ago · Like
Ko Ko Thu အကြံပေးတွေက စားဖါး ကပ်ဖါး မြှောက် စား နေတဲ့သူတွေ များပါတယ်။
9 hours ago · Like · 1
U Htay Win စကားလုံးရိုင်းပါ၍ ကြိုတင်တောင်းပန်အပ်ပါသည် ခွေးဝဲစားမှဘိနပ်ချီတာမဟုတ်ပါဘူး Alzatian Alzatiaan နဲ့ အဲဒီခွေးမျိုး ကပိုပြီး ဘိနပ်ချီ တာ
9 hours ago · Like
Theik Soe ကလိမ်ကကျစ်အကြံပေးခန့်မှတော့ ကောင်းစားမှာပဲ
9 hours ago · Like
Mongyi Gyi လက်ရှိ ဦး ပိုင် က
နိင် ငံ တော် ၏ အ ကောင်းဆုံး
စီပွား ရေ ချုပ် ကိုင် လုပ် နေ
ပြီး အ ခွန် ကို ရှင်း လင်း ခြင်း
မ ရှိ ပါ။
9 hours ago · Like · 3
Soe Daiwah There are way too many idiots in Burmese politics, or I should say Burmese politics attract idiots while the smart ones are all engaged in business. Western universities like to reward students with political agenda writing thesis that are not accurate and factual but serves their political agenda distorting academic standards by over-dramatising which in fact the truth is more than good enough. I don’t understand why people can’t keep the game simple.
8 hours ago · Like · 1
Thein Aung ကြက် တူ ရွေး လို လူ ဆို တော့ မြန် မာ ပြည် အ ခြေ အ နေ ဖြင့် သင့် တော် သော အ ကြံ မ ပေး နိုင်ခြင်း ဖြစ် ပါ လိမ် မည်
8 hours ago · Like
Hero Bandula ဒို့နိုင်‌ငံက လူ‌တွေကျွန်‌‌စော်‌နံ့ကမစင်‌‌သေး‌တော့ ကျွန်‌ဘဝကမတက်‌ချင်‌တဲ့ စကား‌တွေကြား‌နေရတယ်‌။
8 hours ago · Like
ဒိုင်း ခင်ခင် လိုချင်သော အချက်အလက်တွေအတွက် ကျေးဇူးပါ အစ်ကိုတော်--
7 hours ago · Edited · Like · 3
Wa Than အပေါ်ကသူငယ်ချင်းတွေရေးထားတာ စုံပလုံနေတော့မရေးတော့ပါဘူးးးးးးးးးးး
7 hours ago · Like
Pyae Min အကြံပေးတဲ့နွားကချာတူးလန်နေမှတော့ သမ္မတကလဲ ချာတူးလန်ပြီပေါ့..
ဒါပေမယ့် ဒီအကြံပေး ၁ ယောက်ထဲပဲရှိတာတော့ မဟုတ်နိုင်ပါဘူး..
6 hours ago · Like
Wyn Tin Tut “ခုလိုငွေကြေးဖေါင်းပွနေမှုကို ကျနော်တို့ လက်ခံပါတယ် ကုသဖို့ နည်းလမ်းတွေက ငွေကြေးဖေါင်းပွမှု လျောကျဖို့ အခြေနေကတော့ အခွန်ကို တိုးကောက်ရမယ်” ??? ညံ့ ထှာ ဟယ်
4 hours ago · Like
Chein Pan တင်ပြထားတာလည်းကောင်း တယ်မန့်ထားတဲစာများလည်ကောင်းကျပါးတယ့်
4 hours ago · Like
Nwe Nwe မဟာမင်းကြီးနှင့်ဂိုရှယ်လေးတို့ရဲ့တင်ပြချက်
များကကောင်းသလိုcommentရေးသောသူများအာလုံးလည်းကောင်းပါတယ်။
လူတော်များမကောင်းလျှင်တိုင်းပြည်ပို၍နစ်နာပါသည်။
2 hours ago · Like
Hsarhpo Knwee Thanks Ghoshal Lay,some so-called scholars like Min Zaw can be bought with money.Hoping to read from you more.
2 hours ago · Like · 1
Waimoe M Ilias ဒေဝဒတ်ကိုဆ၇ာတင်တော့ ...သူတောင်းစားထမင်းဝတော့...ပြည်သူပေးတဲ့လစာယူပြီး ကျေးဇူး၇ှင်ကိုကြေးစွတ်တော့...
about an hour ago · Like


Wednesday, January 15, 2014

ဟေ့ အာဏာသိမ်း ရဲရင် သိမ်းလိုက် ဒါဘဲ BY - Aung


https://lh5.googleusercontent.com/cLnH28XiMYd0fkim1GOALDxYXXbhNjYNEhU7hXlmbFaeX--o17W6a8pFP4hP8JkntjUc9-NW2fhdldYIyaaPRO1bIjmgmYnusf0r_KR6J5ZroefVjLmJTe_W5w
Mung L Wawhkyung
about an hour ago ·
Mung L Wawhkyung

ဟေ့ အာဏာသိမ်း ရဲရင် သိမ်းလိုက် ဒါဘဲ

လတ်တလော နိုင်ငံရေး အခြေအနေများကြောင့် လက်ရှိ တရားဥပဒေ စိုးမိုးရေး အနေအထားသည် အဆုံးစွန်ဘက်အနီး ရောက်ရှိ နေပြီဖြစ်ပြီး
ဒီလိုချမှ လိုချင်တာရမယ် ဒီလိုချမှ လိုချင်တာ ရမယ် နိုင်ရ မယ် ။ ဆင်ခြင်တုံတရား ၊ ကိုယ်ချင်းစာ တရားမရှိတဲ့ ၊ အေးမြတဲ့ မေတ္တာ ၊ နွေးထွေးတဲ့ အကြင်နာတွေ
ခွါချထားတဲ့ စစ်တပ်က လူ့ စိတ်ဓာတ်ဟာ လောကကြီးကို အကျည်းတန် စေတော့တာ အမှန်ပါ ..... စစ်တပ်က လုပ်ပါစေလို့ ကြည့်နေရမှာ မဟုတ်ဘူး ။ အဲဒါတွေကို သဘောပေါက်ဖို့ လိုတယ် ။

ခေါ်တိုင်းမလိုက်နဲ့ ပေးတိုင်းမယူနဲ့ ကျွေတိုင်းမစားနဲ့ ။ ကိုယ့်ကိုကိုယ် တန်ဖိုးထားမှ သူများက ကိုယ့်ကို တန်ဖိုး ထားမယ်ဆိုတာမမေ့နဲ့ ။ အုတ်တချတ် သဲတပွင့် တိုင်းအေးအေး မနေနိုင်ကြပါ နဲ့ ။ နိုင်ငံတကာက တပ်မတော်တိုင်းမှာ မရှိတဲ့ ပုံစံမို့ လိုပါ ။ မတရားလို့ ပါ ။ အဲဒီ ပုံစံကို ပြင်မှ ရမယ် ..... အုပ်ချုပ်ရေးကနေ သူတို့က ထွက်မှာ မဟုတ် ။

ဘ၀မှာ အခက်အခဲ အကျပ်အတည်းတွေ ကြုံလာတိုင်း ထမင်း တစ်လုပ်စားဖို့ လူတိုင်းရဲ့ မျက်နှာကို ကြည့်နေရတဲ့ အဖေ အမေရယ်လို့ ခေါ်စရာမရှိတဲ့ ဘ၀တွေကို မြင်ယောင်ရင်း အားလုံးကို ကျော်ဖြတ်ပစ်လိုက်မှာ ပဲ .... သူတို့ရဲ့ ထွက်ပေါက်က တပ် တည်ဆောက်ရေး တာဝန်ကို အမြဲတမ်း လိုက်နာရမဲ့ မူဝါဒအဖြစ် တည်ဆောက်ကြပြီး ၊ ပြည်သူတွေရဲ့ ရင်ဝကို ဆောင့်ကန်ပြီး ထွက်တဲ့ အပေါက် ဖြစ်နေတယ် ။
ဘယ်သူမှ မငြင်းနိုင်ဘူး ။ အဲဒါကြောင့် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးအတွက်
ခေတ်အဆက်ဆက် ကြိုးစား ခဲ့တာ ...... မအောင်မြင် ခဲ့ပါဘူး ။ အဆိုးဆုံးမှာ ပြည်တွင်းစစ်ကို ပြည်တွင်း သောင်းကျန်းမှုလို့ ဖွင့်ဆိုပါတယ် ။ တိုင်းပြည် မတိုးတက်ရခြင်းကို တိုင်းရင်းသားတို့အပေါ် ပုံချ ထားတယ် ။ ပြည်သူတို့အပေါ် ပုံချ ထားတယ် ။

တပ်မတော်က ပြည်သူတို့နဲ့ ခပ်ကင်းကင်းနေပြီး ချိုးချိုးနှိမ်နှိမ် ပြောခဲ့တယ် ။
တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို အတတ်နိုင်ဆုံး ရှေ့တန်း တင်ပြီး လုပ်နေတာတွေ ရှိတယ် ။ ခုထိ ပြည်သူ ဆိုတာလည်း ၆၂ ခုနှစ် ကတည်းက ကမ္ဘာ မှာ ကျွန်ဖြစ် နေတာ ..... သူပုန်ကို ကားပေးပြီး စည်းရုံး ၊ ကာချုပ်က သန်းရွှေရဲ့ မူဝါဒကိုပဲ ကျင့်သုံး ....

ဓာတ်ပုံရှေ့မှာ တွဲရိုက် သွားပြတယ် ။ လူဝင်ဆန့် လာတယ် ... ။
အရင်ထက် နွေးထွေး လာတယ် ။ ပြည်သူကလည်း ... ဟုတ်ပြီ ဆိုပြီး ငတ်နေတဲ့ ကြားက ပျော်ကြရှာတယ် ။ အတိုက်အခံတွေ လျှော့ပေး ။ ခင်ဗျားတို့ ကျော့ကျော့မော့မော့နဲ့ လူရာဝင်လာ ကြတာပါ ။ ဘယ်သူမပြု မိမိမှု့တဲ့ ဗျ ။ သံသရာဆိုတာ လည်နေတာ ကိုယ့်အလှည့်ဆိုတာလည်း ရှိဦးမှာ ပါ ။

ပြည်သူဆိုတာ ခင်ဗျားတို့ရဲ့ မိဘ ပဲ ။ ခင်ဗျားတို့ကို ကျွေးနေတဲ့ လက်တွေ ... ။ နိုင်ငံတစ်ခုမှာ နေပြီး အခြားအဖွဲ့များကို ချုပ်ကိုင်ပြီး မိမိကျတော့ သီးခြားရပ်တည်မယ်လို့ ပြောခြင်းမှာ အာဏာရှင် မဟုတ်ရင် ဘာလဲ ။
ဘယ်တော့မှ လက်မလျှော့ ဘူး ။ အနိုင်အရှုံးကျတော့ ကံစီမံရာ ပဲ ။
အကြောင်း အမျိုးမျိုးပြ ခြစား နေတတ်သူတို့ ရပ်လော့
ငါတို့ တိုင်းပြည် အတွင်း၌ ကျားငစင်းလဲ နှင့် မြေခွေးတို့ ဝင်စပြုလေပြီ သတိရှိရှိ မောင်းထုတ်ရန် ပြင်ကြလော့ ။ ဒီမိုကရေစီမှ မဟုတ်တာ ။

သံချိုချို မြန်မာပြည်က အစိုးရက ငါတို့ အားလုံးရဲ့ ရိုးသားမှု အားလုံး
ငါတို့ အားလုံးကို ငရဲထဲ ဆွဲချထား ၊ နိုင်ငံတကာမှာ အာဏာရှင် သိမ်းပိုက်နိုင်စွမ်း မရှိတော့ ပြီ ၊ နေဝင်စ ပြုလေပြီ ၊ မောင်းထုတ် ကြလော့ ......
လက်ရှိ တို့နိုင်ငံမှာ အသက်ဝင်နေဆဲဖြစ်တဲ့ ဖွဲ့စည်းပုံနဲ့ကတော့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် တို့နိုင်ငံ ရောက်ရှိဖို့ ဘယ်လိုမှ အာမခံချက် မရှိဘူး ....
"နောက်ဆုံး အာဏာရှင် ဈာပနခရီး ကိုးသုသာန်တွင် ဂူသွင်းမြုပ်နှံ ကြ .....

မင်းတို့ အာဏာရှင် အားလုံး အတွက် ကမ္ဘာမှာ နောက်ထပ် နေရာ မရှိဘူး ........
ဟေ့ အာဏာသိမ်း ရဲရင် သိမ်းလိုက် ဒါဘဲ

BY - Aung Oo

ဟေ့ အာဏာသိမ်း ရဲရင် သိမ်းလိုက် ဒါဘဲ

လတ်တလော နိုင်ငံရေး အခြေအနေများကြောင့် လက်ရှိ တရားဥပဒေ စိုးမိုးရေး အနေအထားသည် အဆုံးစွန်ဘက်အနီး ရောက်ရှိ နေပြီဖြစ်ပြီး
ဒီလိုချမှ လိုချင်တာရမယ် ဒီလိုချမှ လိုချင်တာ ရမယ် နိုင်ရ မယ် ။ ဆင်ခြင်တုံတရား ၊ ကိုယ်ချင်းစာ တရားမရှိတဲ့ ၊ အေးမြတဲ့ မေတ္တာ ၊ နွေးထွေးတဲ့ အကြင်နာတွေ
ခွါချထားတဲ့ စစ်တပ်က လူ့ စိတ်ဓာတ်ဟာ လောကကြီးကို အကျည်းတန် စေတော့တာ အမှန်ပါ ..... စစ်တပ်က လုပ်ပါစေလို့ ကြည့်နေရမှာ မဟုတ်ဘူး ။ အဲဒါတွေကို သဘောပေါက်ဖို့ လိုတယ် ။

ခေါ်တိုင်းမလိုက်နဲ့ ပေးတိုင်းမယူနဲ့ ကျွေတိုင်းမစားနဲ့ ။ ကိုယ့်ကိုကိုယ် တန်ဖိုးထားမှ သူများက ကိုယ့်ကို တန်ဖိုး ထားမယ်ဆိုတာမမေ့နဲ့ ။ အုတ်တချတ် သဲတပွင့် တိုင်းအေးအေး မနေနိုင်ကြပါ နဲ့ ။ နိုင်ငံတကာက တပ်မတော်တိုင်းမှာ မရှိတဲ့ ပုံစံမို့ လိုပါ ။ မတရားလို့ ပါ ။ အဲဒီ ပုံစံကို ပြင်မှ ရမယ် ..... အုပ်ချုပ်ရေးကနေ သူတို့က ထွက်မှာ မဟုတ် ။

ဘ၀မှာ အခက်အခဲ အကျပ်အတည်းတွေ ကြုံလာတိုင်း ထမင်း တစ်လုပ်စားဖို့ လူတိုင်းရဲ့ မျက်နှာကို ကြည့်နေရတဲ့ အဖေ အမေရယ်လို့ ခေါ်စရာမရှိတဲ့ ဘ၀တွေကို မြင်ယောင်ရင်း အားလုံးကို ကျော်ဖြတ်ပစ်လိုက်မှာ ပဲ .... သူတို့ရဲ့ ထွက်ပေါက်က တပ် တည်ဆောက်ရေး တာဝန်ကို အမြဲတမ်း လိုက်နာရမဲ့ မူဝါဒအဖြစ် တည်ဆောက်ကြပြီး ၊ ပြည်သူတွေရဲ့ ရင်ဝကို ဆောင့်ကန်ပြီး ထွက်တဲ့ အပေါက် ဖြစ်နေတယ် ။
ဘယ်သူမှ မငြင်းနိုင်ဘူး ။ အဲဒါကြောင့် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးအတွက်
ခေတ်အဆက်ဆက် ကြိုးစား ခဲ့တာ ...... မအောင်မြင် ခဲ့ပါဘူး ။ အဆိုးဆုံးမှာ ပြည်တွင်းစစ်ကို ပြည်တွင်း သောင်းကျန်းမှုလို့ ဖွင့်ဆိုပါတယ် ။ တိုင်းပြည် မတိုးတက်ရခြင်းကို တိုင်းရင်းသားတို့အပေါ် ပုံချ ထားတယ် ။ ပြည်သူတို့အပေါ် ပုံချ ထားတယ် ။

တပ်မတော်က ပြည်သူတို့နဲ့ ခပ်ကင်းကင်းနေပြီး ချိုးချိုးနှိမ်နှိမ် ပြောခဲ့တယ် ။
တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို အတတ်နိုင်ဆုံး ရှေ့တန်း တင်ပြီး လုပ်နေတာတွေ ရှိတယ် ။ ခုထိ ပြည်သူ ဆိုတာလည်း ၆၂ ခုနှစ် ကတည်းက ကမ္ဘာ မှာ ကျွန်ဖြစ် နေတာ ..... သူပုန်ကို ကားပေးပြီး စည်းရုံး ၊ ကာချုပ်က သန်းရွှေရဲ့ မူဝါဒကိုပဲ ကျင့်သုံး ....

ဓာတ်ပုံရှေ့မှာ တွဲရိုက် သွားပြတယ် ။ လူဝင်ဆန့် လာတယ် ... ။
အရင်ထက် နွေးထွေး လာတယ် ။ ပြည်သူကလည်း ... ဟုတ်ပြီ ဆိုပြီး ငတ်နေတဲ့ ကြားက ပျော်ကြရှာတယ် ။ အတိုက်အခံတွေ လျှော့ပေး ။ ခင်ဗျားတို့ ကျော့ကျော့မော့မော့နဲ့ လူရာဝင်လာ ကြတာပါ ။ ဘယ်သူမပြု မိမိမှု့တဲ့ ဗျ ။ သံသရာဆိုတာ လည်နေတာ ကိုယ့်အလှည့်ဆိုတာလည်း ရှိဦးမှာ ပါ ။

ပြည်သူဆိုတာ ခင်ဗျားတို့ရဲ့ မိဘ ပဲ ။ ခင်ဗျားတို့ကို ကျွေးနေတဲ့ လက်တွေ ... ။ နိုင်ငံတစ်ခုမှာ နေပြီး အခြားအဖွဲ့များကို ချုပ်ကိုင်ပြီး မိမိကျတော့ သီးခြားရပ်တည်မယ်လို့ ပြောခြင်းမှာ အာဏာရှင် မဟုတ်ရင် ဘာလဲ ။
ဘယ်တော့မှ လက်မလျှော့ ဘူး ။ အနိုင်အရှုံးကျတော့ ကံစီမံရာ ပဲ ။
အကြောင်း အမျိုးမျိုးပြ ခြစား နေတတ်သူတို့ ရပ်လော့
ငါတို့ တိုင်းပြည် အတွင်း၌ ကျားငစင်းလဲ နှင့် မြေခွေးတို့ ဝင်စပြုလေပြီ သတိရှိရှိ မောင်းထုတ်ရန် ပြင်ကြလော့ ။ ဒီမိုကရေစီမှ မဟုတ်တာ ။

သံချိုချို မြန်မာပြည်က အစိုးရက ငါတို့ အားလုံးရဲ့ ရိုးသားမှု အားလုံး
ငါတို့ အားလုံးကို ငရဲထဲ ဆွဲချထား ၊ နိုင်ငံတကာမှာ အာဏာရှင် သိမ်းပိုက်နိုင်စွမ်း မရှိတော့ ပြီ ၊ နေဝင်စ ပြုလေပြီ ၊ မောင်းထုတ် ကြလော့ ......
လက်ရှိ တို့နိုင်ငံမှာ အသက်ဝင်နေဆဲဖြစ်တဲ့ ဖွဲ့စည်းပုံနဲ့ကတော့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် တို့နိုင်ငံ ရောက်ရှိဖို့ ဘယ်လိုမှ အာမခံချက် မရှိဘူး ....
"နောက်ဆုံး အာဏာရှင် ဈာပနခရီး ကိုးသုသာန်တွင် ဂူသွင်းမြုပ်နှံ ကြ .....

မင်းတို့ အာဏာရှင် အားလုံး အတွက် ကမ္ဘာမှာ နောက်ထပ် နေရာ မရှိဘူး ........
ဟေ့ အာဏာသိမ်း ရဲရင် သိမ်းလိုက် ဒါဘဲ

BY - Aung


Talking peace & ceasefires while escalating destruction in Kachin state.(Lachid Kachin with Khin Mgoo and 12 others)


https://www.facebook.com/pages/nyeinchansarpayblogspotcom/119054754921130
https://scontent-a.xx.fbcdn.net/hphotos-prn2/s403x403/1545646_635357943190186_2031255769_n.jpg




ဦးသိန်းစိန် အစိုးရ ၏ ကချင် ဒေသ ငြိမ်းချမ်းရေးဖော်ဆောင်နေပုံ
====================================
(by-lachid kachin)
ဦးသိန်းစိန် ဦးဆောင်သော
ဗမာ့နည်းဗမာ့ဟန် ဒီမိုကရေစီ အစိုးရ ၏ ဗမာ စစ်တပ် မှ

ကချင် ပြည်နယ် ဗန်းမော် ခရိုင် ၊
မန်စီမြို့နယ် နမ့်လင်းပါ ၊ မုန်းဒိန်ပါ ဒေသရှိ

ကချင် စစ်ပြေးဒုက္ခသည် စခန်း နှင့် စာသင် ကျောင်းများ ၊

ခရစ်ယာန်ဘုရားရှိခိုး ကျောင်းများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီး ၊

အပြစ်မဲ့ ရွာသားများ ၏ နေ အိမ်များ ၊

စစ်ပြေးဒုက္ခသည်များ အတွက် ပြည်တွင်းပြည်ပ မှ

အလှူ၇ှင်များ ပေးပို့ လှူဒါန်း ထားသော စားနပ်ရိက္ခါ များ၊

အထောက်အပံ့ ပစ္စည်းများအား လုယူခြင်း၊ ခိုးယူခြင်း၊

ရွာသားများ၏နေ အိမ်တွေကို ဖျက်ဆီးပြီး၊

အဖိုးတန် ပစ္စည်းများအား နိုင်သမျှ ယူသွားကာ ၊

မနိုင်တဲ့ ပစ္စည်းတွေ ဖျက်ဆီးသွားတယ်။

စစ်ပြေး ဒုက္ခသည် များခိုလုံ အဆောင် များ နှင့်၊

စစ်ပြေးဒုက္ခသည် မိဘမဲ့ ကျောင်းသား ကလေးငယ်များ ၏

ခိုလုံရာ ဘော်ဒါဆောင်၊စာသင် ကျောင်းဆောင်တွေ ကို

ဤကဲ့သို့ စနစ်တကျဖျက်ဆီး သွား သည့် မှတ် တမ်း ဓါတ်ပုံ အချို့ကို

ဦးသိန်းစိန်၊ မင်းအောင်လှိုင် နှင့် ဦးအောင်မင်းတို့ ၏ ကချင် လူထု

အပေါ်ထားရှိသည့် စေတနာ၊ဂရုဏာ ကြီးမားစွာဖြင့် နေ့ မနား ၊

အရှိန်အဟုန် ဖြင့် (စစ်အင်အားအလုံးအရင်းဖြင့်) ဤကဲ့သို့ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်

နေ သည် ကို (ဗမာအစိုးရ ၏ ကချင် အပေါ်ထားရှိသည့်သဘောထား၊ စေတနာ)

တွေကို ပိုမို ထင်ဟပ် ပေါ်လွင်စေရန်(ကွက်ကွက် ကွင်းကွင်းမြင်နိုင်ရန်)အတွက်

မိဘပြည်သူများအား မှတ်တမ်းဓါတ်ပုံ နှင့်တကွ ဖော်ပြ ပေးလိုက် ပါသည်။
(Nam Lim Pa after leaving Govt Troop on 4th-10th January 2014 )

Houses and IDP camps were destroyed and damaged. Valuable materials were taken. The remaining materials and utensils including Aid supported for the IDPs were destroyed.)(sumla- Khon Ja )