Friday, March 28, 2014

Interview with ဦးလနန် (KIO spokesperson) on peace process.


https://www.facebook.com/157832161040093/photos/a.157836414373001.34662.157832161040093/297080907115217/?type=1&theater
Interview with ဦးလနန်(KIO spokesperson) on peace process.


Zawzaw Zaw shared Zawzaw Zaw's photo.
“ငြိမ်းချမ်းရေး ဖော်ဆောင်မှု အားရစရာ မရှိသေးဘူး” March 28, 2014 ဧရာဝတီ

ဦးလနန်သည် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ကို ၁၉၈၉ ခုနှစ်တွင် စတင် ဝင်ရောက်လာပြီး ၁၉၈၉ ခုနှစ်မှ ၂၀၀၅ ခုနှစ် အထိ ကျောင်းဆရာ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ် အထိ KIO ကိုယ်စားလှယ် အဖြစ် အမျိုးသား ညီလာခံကို တက်ရောက်ခဲ့သည်။
၂၀၀၉ မှ ၂၀၁၀ အထိ KIO တွင် တိုင်းအုပ်ချုပ်ရေး ဘက်သို့ရောက်ရှိပြီး KIO တွဲဖက် အတွင်း ရေး မှူး တာဝန်ယူထားသူ ဖြစ်သည်။
ဦးလနန်အား လက်ရှိ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး၊ စစ်ရေး အခြေအနေများကို ဧရာဝတီ သတင်းဌာန မြန်မာ ပိုင်း သတင်းထောက် နန်းဆိုင်နွမ် နှင့် အင်္ဂလိပ်ပိုင်း သတင်းထောက် ရင်စနိုင်းတို့က ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ KIO ဌာနချုပ် တွင် သီးသန့် တွေ့ဆုံ မေးမြန်း ထားပါသည်။

မေး။ ။ ကချင် လွတ်လပ်ရေး တပ်မတော်(KIA) နဲ့ မြန်မာအစိုးရ လက်ရှိ တိုက်ပွဲ အခြေအနေ ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ တိုက်ပွဲတွေတော့ လျော့တယ်လို့ ပြောလို့ ရပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ အမြဲ တမ်း ဆွေးနွေးတဲ့ နေရာမှာ တိုက်ပွဲ အရှိန်၊ အကြိမ် အရေအတွက် လျော့ကျဖို့ ဆွေးနွေးတာ ရှိတယ်။ တိုက်ပွဲက နည်းတော့ နည်း တယ်။မရှိဘူး လုံးဝ ပျောက်သွားပြီတော့ မဟုတ်ဘူး။ အခုဖြစ်တဲ့ တိုက်ပွဲက ပုံစံ ကွဲပြား သွားတယ်။ အရင်တုန်းက အတင်း အဓမ္မ ထိုးစစ် ဆင်မယ်။ အခုတော့ အတင်း အဓမ္မ ထိုးစစ် ဆင်တဲ့ ပုံစံ မဟုတ်ဘဲ ကျနော်တို့ ရှိတဲ့ စခန်းကို အလစ် ဝင်တိုက်တဲ့ တိုက်ပွဲ ပုံစံ ရှိတယ်။
တိုက်ပွဲတော့ လုံးဝ မရှိဘူးလို့ ပြောလို့ မရသေးဘူး။ တိုက်ပွဲတော့ ရှိတယ်။ ဖြစ်ပေါ်တဲ့ အကြောင်းရင်းတွေက ပြောင်း တယ်။ မေး။ ။ တိုက်ပွဲပုံစံ ပြောင်းတယ် ဆိုတာက ဘယ်လို ပြောင်းသွားတာလဲ။

ဖြေ။ ။ အရင်တုန်းကတော့ အင်နဲ့အားနဲ့ပေါ့။ ထိုးစစ်ကို သုံးလေးကြောင်းနဲ့ ထိုးစစ်ဆင်တာပေါ့။ အခုတော့ အဲဒီလို မဟုတ်ဘဲနဲ့ KIA ရဲ့ ဘယ်ရှေ့တန်း စခန်း အလစ် ဝင်တိုက်လို့ ရမယ် ဆိုတဲ့ အကွက်ကျကျ စီစဉ်တာပေါ့။ တချို့ နေရာကတော့ ဝင်တိုက် ဝင်စီးပြီးမှ တပတ်နှစ်ပတ်နေ ပြန်ဆုတ် သွားတဲ့ ဟာမျိုး၊ ဒါပေမယ့် တိုက်ပွဲကတော့ ဖြစ်သွားပြီ၊ ကျနော်တို့ရဲ့ လူတွေကလည်း နေရာ ဖယ် ပေး လိုက်ရတာ ရှိတာပေါ့။ သူတို့တွေ့လည်း အဲ့ဒီမှာ တပတ် တနှစ်၊ တချို့ကျတော့ တလလောက် နေပြီး ပြန်ဆုတ် သွားတယ်။ ပြောရမယ် ဆိုရင်တော့ မြန်မာအစိုးရက နယ်မြေသိမ်းတဲ့ တိုက်ပွဲ ပုံစံ မဟုတ်ဘဲ ဝင်စီးပြီး အလစ် ဝင်တိုက်တာပေါ့။ မြန်မာအစိုးရ စစ်ကြောင်းက ကြားဝင်ပြီးတော့ ဖြတ်တိုက်တာမျိုး လုပ်တော့ သူတို့ရှိတဲ့ စခန်းကိုလည်း ကျနော်တို့ အလစ် ဝင်တိုက်ပြီး ပုံစံ ပြောင်း လာတာပေါ့။ အစိုးရ စစ်တပ်ကတော့ ခုနက ပြောသလို အားနည်းချက် အကွက်ကို ရှာပြီး ဆက်တိုက် လုပ်တယ်လို့ ပြောလို့ ရပါတယ်။

မေး။ ။ အစိုးရဘက်က သစ်မှောင်ခို ရှင်းလင်းမှုကြောင့် တိုက်ပွဲတွေ ဖြစ်ရတယ်လို့ ပြောတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ အဓိကတော့ ကျနော်တို့ KIO အဖွဲ့အစည်းကို အမျိုးမျိုး ဥပဒေ ဆန့်ကျင်ပြီး ဥပဒေ ပြင်ပမှာ လုပ်ချင်ရာ လုပ်ကြတယ် ပြောတယ်။ အမှန်တကယ် သစ်တွေလုပ်တဲ့ ကိစ္စကတော့ အခုမှ လုပ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကျနော်တို့က သစ်တွေ လုပ်တာတွေ မရှိ ပါဘူး။ ဒါပေမယ့် သစ်ကုန်သည်တွေ ကျနော်တို့ နယ်မြေကို ဖြတ်ရင်တော့ ကျနော်တို့ ဆက်ကြေး၊ အခွန်ကောက်တာ လုပ်တာ တော့ လုပ်ထုံးလုပ်နည်းပါပဲ။ ကျနော်တို့ ဘက်မှာလည်း အခွန် ဦးစီးဌာန ဆိုတာ ရှိပါတယ်။
အခွန်ကို တင်းကြပ်တဲ့ ကော်မတီလည်း ရှိတယ်။ အခု ဒီသစ်တွေ ကိစ္စကတော့ ပြောမယ် ဆိုရင်တော့ ကချင်ပြည်နယ်မှာ ထွက်တဲ့ သစ်၊ ပိတောက်၊ တန်မလမ်း၊ ကျွန်းတွေ အပါအဝင် သစ်တွေ အားလုံး သစ်မာတွေ အားလုံးက မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတွေမှာ ပေါက်တာပါ။ တဆင့်ပြီး တဆင့် ကချင်ပြည်နယ်ကို ဖြတ်ပြီး တရုတ်နယ်စပ် မှောင်ခိုလမ်းကြောင်း ဖော်ကြတယ်။ ဒီလို လမ်းကြောင်းဖော်တဲ့ နေရာမှာ လမ်းကြောင်းတိုင်းမှာ စစ်တပ်တွေ ရှိတယ်။ စစ်တပ်တွေကို လာဘ်ထိုးပြီး ဖြတ်လာတယ်။ တနေ့ကို ကား အစီး ၅၀၊ ၆၀ လောက် ရှိပါတယ်။ ကျနော်တို့ KIA တပ်က လိုင်ဇာမြို့ နန်ဆန်ယန် ကျေးရွာမှာ စခန်း အဆုံးပဲ။ ဗန်းမော် မြစ်ကြီးနား ကားလမ်းမှာဆို အစိုးရ စစ်တပ်က လုံခြုံရေး ယူထားပါတယ်။ နယ်စပ်ရောက်ဖို့ အတွက် သူတို့တွေက တဆင့်ပြီး တဆင့် တက်လာတယ်လို့ သိရတယ်။ KIA ကို သစ်နဲ့ စီးပွားရှာတယ်လို့ နိုင်ငံတကာကို မြင်အောင် လုပ်တာပါပဲ။
ပြီးတော့ သစ်ကရတဲ့ ပိုက်ဆံတွေကို လက်နက်တွေ စစ်ဆင်ရေးတွေ လုပ်နေတယ် ဆိုတာကို မီးမှောင်း ထိုးပြချင်တာပါ။

မေး။ ။ သစ်မှောင်ခိုနဲ့ ပတ်သက်ပြီး KIO နဲ့ မြန်မာအစိုးရ တိုက်ပွဲ ဘယ်နှကြိမ်လောက် ဖြစ်သွားခဲ့လဲ။

ဖြေ။ ။ တိုက်ပွဲ အကြိမ် ၂၀လောက် ရှိပါတယ်။၂၀၁၃ နှစ်ကုန်ကနေ အခုထိပေါ့။ မန်စီမြို့နယ်မှာလည်း အစိုးရက သစ်ကုမ္ပဏီ တချို့ကို ပါမစ်ပေးတာ ရှိတယ်။ သစ် ပါမစ်ပေးတယ် ဆိုတာ တော်တ်ာများများက တရုတ်ပြည်ကို ဝင်သွားတယ်။ တရုတ်ပြည်ကို သွားတဲ့ သစ်တွေဟာ အစိုးရ ပါမစ် ရပြီးသား၊ သစ်တော ဦးစီးဌာန ရထားတဲ့ ပါမစ်တွေပါ။ သစ်တွေက မန်စီမြို့နယ်ကနေ တရုတ်ပြည်ကို ဝင်တာ အကောင်းဆုံး လမ်းကြောင်းပါပဲ။ သစ်ကို အကြောင်း ပြပြီးတော့ တိုက်ပွဲ ဖြစ်နေတာပါ။ မေး။ ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေတဲ့ အပေါ်မှာ KIO ရဲ့ သဘောထားက ဘယ်လို ရှိပါလဲ။ ဖြေ။ ။ ကျနော်တို့ KIO ရဲ့ သဘောထားက နိုင်ငံရေး ဆွေးနွေးပွဲ လုပ်တဲ့ အခါမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အား စုစည်းပြီး နိုင်ငံရေး ဆွေးနွေးကြမယ်လို့ ကျနော်တို့ အမြဲတမ်း ပြောနေပါတယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေက တိုက် တွန်းတဲ့ အတွက် ညီလာခံတွေ လုပ်ဖြစ်တာပါ။ နိုင်ငံရေး ဆွေးနွေးတဲ့ လမ်းစပေါ် မရောက်ရှိ သေးပါဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လို့ ပြောကြပေမယ့် လုပ်ငန်းစဉ်က အကောင်အထည် မဖော်သေးဘူး။ လော်ခီးလာမှာ အဓိက ဆွေးနွေးတဲ့ တနိုင်ငံလုံး အတိုင်း အတာ အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်းကို ရေးဆွဲကြတယ်။ အဲဒီ မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ ညှိကြမယ်။ ကျနော်တို့ ရေးဆွဲတဲ့ စာတမ်းကို စစ်တပ်အဖွဲ့က မလိုချင်တဲ့ ပုံစံ ဖြစ်နေတယ်လို့ သိရတယ်။ အဆိုးမြင် နေ တယ်လို့လည်း သိရတယ်။ KIO အနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး အားရစရာ မတွေ့ရသေးဘူး။

မေး။ ။ KIO အနေနဲ့ ဘယ်အချိန်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးဖို့ ဖြစ်နိုင်မလဲ။ မူကြမ်းကို အတည်ပြုပြီးတဲ့ အခါ ဖြစ်နိုင်မလား။


ဖြေ။ ။ အမှန်တော့ KIO ပြောထားတာက နိုင်ငံရေး ဆွေးနွေးပွဲ သွားမယ်။ နိုင်ငံရေး ညှိနှိုင်း ပြီးတော့ လုပ်သွားတဲ့ အခါ တိုက်ပွဲ ဆိုတာ မရှိတော့ဘူး။ အပစ်အခတ် ရပ်စဲရေး သူဟာသူ ပြေငြိမ်းသွားပြီး တနိုင်ငံလုံး အတိုင်းအတာ သွားမယ် ဆိုရင် တိုက်ပွဲတွေလည်း ရှိတော့မှာ မဟုတ်တော့ဘူးလို့ ကျနော်တို့ လက်ခံထားပါတယ်။ အပစ်အခတ် ရပ်စဲရေး ကိစ္စ္စဆိုတာ သူတို့အနေနဲ့လည်း အများကြီး လုပ်လာ ပြီးပါပြီ
။ အကောင်အထည် ဖော်တာလည်း မရှိခဲ့ဘူး။ အခုကျန်တဲ့ အဖွဲ့အစည်း တော်တော်များများ အပစ်အခတ် ရပ်စဲရေး လုပ်တာ တော်တော် များတယ်။ ဘာမှ မလုပ်နိုင်ကြဘူး။ ဆက်ဆံရေး ရုံးတော့ ဖွင့်ကြတယ်။ ဆက်ဆံရေးရုံးဖွင့်ပြီး နိုင်ငံ ရေး ဆွေးနွေးမှုတွေ မရှိရင် ဘာမှ လုပ်စရာ မရှိဘူး။ ဒီအတွေ့အကြုံတွေ ကျနော်တို့ အများကြီး ရခဲ့ပြီးပြီ။ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ တိုက်တွန်းတယ်။နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဖို့ အပစ်အခတ် ရပ်စဲရေးဆိုတာ နိုင်ငံရေး ပြေလည်သွားတဲ့ အခါမှာ တိုက်ပွဲ ဖြစ်စရာ အကြောင်း မရှိတော့ဘူး။ ဒါကတော့ ကျနော်တို့ KIOက ပြောဆိုချက်ပေါ့။
ဒါပေမယ့် ညီလာခံ လုပ် လာတဲ့ အခါမှာ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ သဘောထားကို လိုက်လျောပေးတာတွေ လုပ်လာပါတယ်။ ဒါကြောင့် လိုင်ဇာမှာ လုပ်တဲ့ ညီလာခံမှာ ကျနော်တို့ တဆင့်လျှော့ပေးတာ လုပ်ပေးပါတယ်။ အားလုံး တညီတညွတ် ပါဝင်ပြီး ဆွေးနွေးတဲ့ လမ်းကြောင်းကို ရောက်စေချင်တဲ့ ဆန္ဒပါ။ KIO ကနေပြီး ပြန်ပြီး ပြောတာက တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လုပ်မယ်ဆိုရင် လက်မှတ်ထိုးဖို့ မလုပ်ခင်မှာ ကျနော်တို့ မူတခု ရေးဆွဲရမယ်။ နိုင်ငံရေး မူဘောင် နိုင်ငံရေး ဆွေးနွေးရေး လမ်းပြမူဘောင်ပေါ့။ လက်မှတ် ထိုးပြီးတဲ့ အခါမှာ နိုင်ငံ ရေး ဆွေးနွေးမှုကို ဘယ်လို အဆင့်နဲ့ လုပ်သွားကြမှာလဲ။ ဘယ်အချိန် ကာလမှာ ဘယ်လို လုပ်ကြမှာလဲ ဆိုတာ နိုင်ငံရေး လုပ် ငန်း စဉ် ရေးကြမယ်။ အဲဒီလို ရေးကြတဲ့ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကို ကျနော်တို့ဘက်ရော သူတို့ဘက်ရော လက်ခံမယ်ဆိုရင် တနိုင်ငံ လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးမယ်။ ကျနော်တို့ဘက်က အဆင့် လျှော့ချထားတာ ရှိတယ်။ ကျန် တဲ့ အဖွဲ့အစည်းက အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ထားကြတယ်လေ။ ကျနော်တို့ကလည်း သူတို့အားလုံးနဲ့ကို ဝိုင်းဝန်း လုပ်ရမယ်ဆိုတဲ့ အယူအဆမှာ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုတဲ့ အဆင့်ကို အပစ်အခတ် ရပ်ဆိုင်းရေး ဆိုတဲ့အဆင့် လျှော့တဲ့ အနေနဲ့ ကျနော်တို့ ထိုးကြမယ်။ မထိုးခင်မှာ ဘာကို သဘောတူ ထားကြမယ်ဆိုရင် ထိုးပြီး နောက်ပိုင်းမှာလုပ်ရမယ့် နိုင်ငံရေး ဆွေးနွေးမှု လမ်းပြ မူဘောင် ရေးဆွဲကြမယ်။ မေး။ ။ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စမှာ ကာကွယ်ရေး ဦးစီးချုပ် ပါဝင်လာဖို့ရော ဘယ်လို စဉ်းစားထားလဲ။ ဖြေ။ ။ KIO အဖွဲ့အစည်းကတော့ နဂိုကတည်းက ပြောဆိုနေတဲ့ ဒီဆွေးနွေးမှာ ဘယ်သူနဲ့မှ တွေ့ကြမယ် ဆိုတာကို ဈေးဆစ် တာ မရှိပါဘူး။ ကျနော်တို့ ဘက်မှာလဲ ဆွေးနွေးတဲ့ အဖွဲ့ ကိုယ်စားလှယ် ဖွဲ့ထားမယ်။ အစိုးရ ကိုယ်စားပြု နိုင်ငံတော်ကနေ တဆင့် အနေနဲ့ ကိုယ်စားပြုရင် ဘယ်အဖွဲ့မဆို တွေ့မယ်ဆိုတာ လုပ်ထားပါတယ်။ ဦးအောင်မင်းက သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းထားတဲ့ နိုင်ငံ တော် အဆင့် ကော်မတီ ဖြစ်တယ်လို့ နားလည် ထားတယ်။ ပြောဆိုမှု ဆွေးနွေးချက် အားလုံးဟာ အစိုးရရဲ့ ကိုယ်စား ပြောဆို ဆွေးနွေးချက်လို့ သဘောထားတယ်။ တကယ်လို့ ကာကွယ်ရေး ဦးစီးချုပ် ပါမယ်ဆိုရင်လည်း ကျနော်တို့ဘက်က ဆွေးနွေးမှာပါ၊ မပါဘူးဆိုရင် ဆက်ပြီး သွားမှာပါ။

မေး။ ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ စစ်တပ် အခန်းကဏ္ဍ မပါလာဘူး ဆိုရင် ငြိမ်းချမ်းရေးကို ဘယ်လောက် အထိ ထိန်းသိမ်း ထား နိုင်မှာလဲ။

ဖြေ။ ။ အခုထိ ဦးအောင်မင်း လုပ်နေတဲ့ ကိစ္စပေါ်မှာ စစ်တပ်ကနေ သဘောထား မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝနဲ့ ထောက်ခံ တာ မတွေ့ရသေးဘူး၊ ကျနော်တို့ ဆွေးနွေးပွဲ လုပ်တဲ့ အချိန်မှာ စစ်တပ် အနေနဲ့ အင်တိုက် အားတိုက် သဘောထား ပြည့်ပြည့်ဝဝ မပါဘူး ဆိုတာ တွေ့ရပါတယ်။ နောက်တခုက ဒီဆွေးနွေးပွဲ လုပ်မယ့် လုပ်ငန်းစဉ် အချိန်ကာလမှာ သူတို့ စစ်ကြောင်းတွေ စစ်ဆင် ရေး တွေ လှုပ်ရှားတာ အမြဲတမ်း အပြည့် ရှိနေတယ်၊ဆွေးနွေးပွဲ လုပ်တော့မယ် ဆိုတာနဲ့ တပတ်အလိုမှာ စစ်ကြောင်းတွေ လှုပ်ရှားတာ အမြဲတမ်း ရှိတယ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ပါတယ် ဆိုတာကလည်း နိုင်ငံတကာ ကြည့်ကောင်းအောင် ပါတဲ့ သဘောပါ၊ ဒါကို ကြည့်ခြင်း အားဖြင့် ငြိမ်းချမ်းရေး အပေါ်မှာ သဘောထား ပြည့်ပြည့်ဝဝ မပါသေးဘူး။

မေး။ ။ သမ္မတက ၂၀၁၄ မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးနိုင်ဖို့ ကြိုးပမ်းမှုကို ဘယ်လို မြင်ပါလဲ။

ဖြေ။ ။ အဓိက လက်မှတ်ထိုးတယ် ဆိုတာ စာချုပ်ပေါ် ထိုးတာပါ။ ဘယ်နှကြိမ် ထိုးထိုး ဖြစ်ပါတယ်။ အမှန် တကယ်ပဲ ဒီနိုင်ငံရေးနဲ့ ဖြေရှင်းမယ့် ဆန္ဒက အခုထိ မတွေ့ရသေးဘူး။ တိုင်းရင်းသား လက်နက်ကိုင် အပေါ်မှာထားတဲ့ သူတို့ စစ်ရေး လှုပ်ရှားမှုတွေက အပြင်း အထန် လုပ်နေကြတယ်၊ တကယ်လို့ KIO ကနေ ပြီးတော့ ထိုးစစ်ဆင်မှုကို ပိတ်ပင်တာ မလုပ်ဘူး ဆိုရင် တိုက်ပွဲတွေ ဆက်ပြီး တော့ ပြင်းပြင်းထန်ထန် ဖြစ်နေမှာပါ။ ၂၀၁၃-၂၀၁၄မှာလဲ ဖြစ်နေမှာပါ၊ သူတို့ဘက်က ပြင်းပြင်းထန်ထန် မဖြစ်အောင် လော်ခီးလာ ညီလာခံကနေ တဆင့် ဆွေးနွေးပွဲ အဆင့်မြင့် လာမယ် ဆိုတဲ့ ရည်မှန်းချက် မျှော်လင့်ချက် ရှိတော့ မလုပ်တာပါ။ သမ္မတ ဦးသိန်းစိန်က လက်မှတ် ထိုးကြမယ် အပစ်အခတ် ရပ်စဲတာ အားလုံး ပြီးသွားပြီ ဆိုတာမျိုး ပြောနေပေမယ့် လက်မှတ် မထိုးခင်မှာ တိုင်းရင်းသားတွေ ယုံကြည်လာနိုင်အောင် လုပ်ဆောင်ချက် တခုမှ မရှိဘူး၊ ဒါကြောင့် လက်မှတ် ထိုးတယ် ဆိုတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဆီက သိပ်ပြီး မျှော်လင့် တောင်းတတဲ့ မျှော်လင့်ချက်တော့ မဟုတ်ဘူး၊ အမှန် တကယ် ကျနော်တို့ဟာ ဘာတွေ ပြောဆို ဘာတွေ ဆွေးနွေး ကြမယ်ဆိုတာ အဓိက အချက်ပါ။ ပထမ လက်မှတ်ထိုးမယ့် အဆင့် တောင်မှ စစ်တပ်ကနေပြီး သူတို့သဘောဆန္ဒကို ထုတ်ဖော်ပြောဆိုတာတွေ ကြားသိရတယ်။ ဘယ်လောက်ပဲ ပြောပြောပါ။ လက်မှတ် ထိုးတယ် ဆိုတာ စာရွက်ထဲမှာပဲ ဖြစ်သွားပြီး ဘာမှ တန်ဖိုး မရှိဘူး။ အခုထိ လက်မှတ် ထိုးဖြစ်တယ် ဆိုရင်တော့ အခု အစိုးရ နေပြီးတော့ နိုင်ငံတကာကနေ မျက်နှာပန်း လှသွားမယ်၊ ကျနော်တို့ တိုင်းရင်းသား ဒေသတွေမှာတော့ ဘာမှ အကောင်အထည် ဖော်လာ နိုင်စရာ မရှိပါဘူး၊ တကယ်လို့များ အမှန်တကယ်ပဲ အပစ် အခတ် ရပ်စဲရေးကို ပြည့်ဝတဲ့ အပစ်အခတ် ရပ်စဲရေး ဖြစ်ချင်တယ် ဆိုရင် စစ်ဆင်ရေး အင်အားတွေ လျှော့ချ သင့်တယ်။ ကျနော် တို့ ဦးအောင်မင်းနဲ့ တွေတဲ့ နေရာမှာ ကြိမ်ဖန်များများ လုပ်နေပေမယ့် စစ်တပ်က အသင့်ပုံစံ များများ လုပ်နေကြတယ်။ ဘယ်လောက်ပဲ ငြိမ်းချမ်းရေး လုပ်ငန်းတွေ ပြောနေပါစေ၊ တဖက်မှာ သူတို့ လှုပ်ရှားမှုတွေက နဂိုပုံစံပဲ ဖြစ်နေတော့ သိပ်ပြီးတော့ ထူးခြားမှု မရှိဘူး။ အဓိကတော့ အစိုးရ အဖွဲ့အစည်း အာဏာရ အဖွဲ့အစည်းတွေက နိုင်ငံရေးနဲ့ ပြေပြေလည်လည် ဖြေရှင်းကြဖို့ ဆိုတာ အရေးကြီးတယ်။

မေး။ ။ ဒါဆိုရင် ဘယ်အချိန်မှာ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း ထားပါသလဲ။

ဖြေ။ ။ အမှန်တကယ် သူတို့ဘက်က စိတ်ဆန္ဒ ဖြူစင်တယ် ဆုံးဖြတ်ချက် ချမယ်ဆိုရင်တော့ လွယ်ပါတယ်။ အားလုံးက ဒီမြန်မာ နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေပါပဲ။ သူစိမ်းတွေလည်း မဟုတ်ဘူး။ ညှိနှိုင်းလို့ရတဲ့ လူတွေပါ။ တိုင်းရင်းသားနဲ့ ပတ်သက်ပြီး ဆန္ဒကို တိတိကျကျ ခိုင်မာတဲ့ ဆုံးဖြတ်ချက် မရှိတာ ကြောင့်မလို့ ဒီအချိန်ကာလနဲ့ ပတ်သက်ပြီး ခန့်မှန်းရ ခက်တယ်။ ဒါကြောင့် တကယ်လို့များ ဒီမြန်မာနိုင်ငံရဲ့ အာဏာရအစိုးရ ပုံသဏ္ဌာန် ပြောင်းသွားမယ် ဆိုရင်တော့ ဒီပြဿနာက လျင်လျင်မြန်မြန်နဲ့ ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြု ဒီအစိုးရ လုပ်နေတဲ့ အဖွဲ့နဲ့ ဆိုတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ ကျနော်တို့ ဘက်ကတော့ ခန့်မှန်းလို့ မရသေးပါဘူး။ မေး။ ။ လက်ရှိ တရုတ်ပြည် အခန်းကဏ္ဍရော ဘယ်လို ရှိလဲ။ ဖြေ။ ။ ဆွေးနွေးမှု အပိုင်းမှာ တရုတ် အစိုးရရဲ့ပါဝင်မှုက မရှိဘူးလို့ ပြောလို့ မရဘူး။ ဖိအား အများကြီး ပေးတယ်။ တိုက်ပွဲ ပြင်း ထန်တဲ့ အချိန်မှာ တရုတ် အစိုးရက အပစ်အခတ် ရပ်စဲရေး မြန်မြန်လုပ်ဖို့လာပြီး ဖိအားပေးတာ ရှိတယ်။ သူတို့က ဖြစ်နေတဲ့ တိုက် ပွဲ ဟာ နိုင်ငံရေး ပြည်တွင်းစစ် ဆိုတာ နားမလည်ဘူး။ တရုတ်အစိုးရ နားလည်တာက သူတို့ နယ်စပ်ထဲမှာ တည်ငြိမ်ဖို့ တိုက်ပွဲတွေ မဖြစ်ဘူး၊ တိုက်ပွဲတွေ ရပ်သွားတဲ့ အခါမှာ တရုတ်ပြည်ရဲ့ အကျိုးစီးပွား အနေနဲ့ အများကြီး ကုန်သွယ် လာမယ်၊ ကုန်သွယ်မှု တိုးလာ မယ် ဆိုတာပဲ ရှိတယ်၊ အခု ဖြစ်တာကတော့ စီးပွားရေး မပြေလည်လို့ ဖြစ်တာပဲလို့ ခံယူထားတာလို့ပဲ ထင်တယ်။ အဲဒါကြောင့် တိုက်ပွဲ ပြင်းထန်လာတဲ့ အခါမှာ သူတို့ကနေ မြန်မာအစိုးရကို ပြောကို ပြောရမယ်၊ မလုပ်ပါနဲ့ စစ်ဆင်ရေး လျှော့ရမယ် ဆိုတာမျိုး ပြောရမယ့် အစား၊ ကျနော်တို့ KIO ကို လာပြီးတော့ အပစ်အခတ် ရပ်စဲရေး မြန်မြန်လုပ်ဖို့ ဖိအား လာပေးတယ်။ ဒါက ဘာလဲ ဆိုတော့ ဒီအစိုးရ တွေ့ဆုံ ဆွေးနွေးမှုမှာ တရုတ်အစိုးရက နည်းအမျိုးမျိုးနဲ့ ပါဝင်နေတယ်လို့ ပြောလို့ ရပါတယ်။ အဲဒီ နောက်ပိုင်း၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဆွေးနွေးမှု လုပ်တိုင်း နိုင်ငံတကာကနေ အသိသက်သေ ပါဝင်ဖို့ ပြောဆိုတိုင်း တရုတ် အစိုးရက သူလက်လွတ်သွားမှာ စိုးရိမ်လို့ သူတို့ အာရှရေးရာ မရမက ထည့်တာ ရှိတယ်။ ဒါလည်း ဆွေးနွေးမှု လမ်းစဉ်ပေါ်မှာ သူတို့ သဘောထားကို ပေးနိုင်တဲ့ မျှော်လင့်ချက်ကြောင့် သဘောထားတယ်လို့ ခန့်မှန်းလို့ ရတယ်။ ဒါကြောင့် အခုဆွေးနွေးမှုမှာလည်း သူတို့တွေ အမြဲဝင်ပြီး နားထောင်ပါတယ်။ တရုတ် သဘောထားက ဘာလဲ ဆိုတော့သူရဲ့ သတ်မှတ် ထားတဲ့ လမ်းစဉ်က ရှိပြီးသား၊ ပြင်ပအရေးမှာ မပါဝင် မပြောဆိုတဲ့ဟာ ရှိတယ်။ အဓိက နိုင်ငံခြားရေး မူဝါဒပေါ့၊ သူတို့ တရုတ်နယ်စပ် တလျှောက်မှာ တိုက်ပွဲတွေ မရှိဖို့ ရည်ရွယ်ချက် တခု၊ နိုင်ငံရေး ဘယ် လို ပြေလည် နက်နက်ရှိုင်းရှိုင်း သဘောထား ရှိပုံ မရဘူး။ ဒါကြောင့် ဦးအောင်မင်းနဲ့ ဆွေးနွေးတဲ့အခါမှာ ကြားနေပြီးတော့ စောင့်ကြည့်တဲ့ သူတွေအနေနဲ့ ပါဝင်ချင်တဲ့သူ တော်တော်များများ ရှိတယ်၊ ဂျပန်ကလည်း ပါချင်တယ်၊ ဒါပေမယ့် ကျနော်တို့ အနီးဆုံး ဆက်ဆံ နေရတာက တရုတ်နိုင်ငံလို့ ပြောရမယ်။ တရုတ်ပြည် အဝင်အထွက် KIO သာမက ကချင်ပြည်သူ အားလုံး ဒီနယ်စပ်ကူးပြီး ဆက်ဆံ နေရတော့ ကြည့်ရတာ အများကြီးရှိတယ်။ ဒါကြောင့်မိုလို့ ဂျပန်တွေ ပါဝင်ဖို့ ကိစ္စတွေ အပေါ်မှာလည်း ကျနော်တို့ အများကြီး သူတို့ကို ညင်သာစွာ ကန့်ကွက်တဲ့ သဘော လုပ်ရတယ်။ နောက်ပြီး အိန္ဒိယ အစိုးရက ပြောလာတယ်။ တရုတ်တောင် ပါတာပဲ ကျနော်တို့လည်း နယ်စပ် နိုင်ငံပဲလေ။ အိန္ဒိယကို ခေါ်ပါလို့ ပြောလာတယ်။ ဒါပေမယ့် အိန္ဒိယကိုလည်း ညင်သာစွာ ငြင်းခဲ့ရပါတယ်။ တရုတ်ကတော့ ကျနော်တို့ မျက်မြင် ကိုယ်တွေ့ပေါ့၊ အမြဲတမ်း ဝင်ဝင်ထွက်ထွက်နဲ့ ဆိုတော့ ဆက်ဆံပြီး သွားတော့ ကျနော်တို့ လက်ခံရတဲ့ သဘောပါ။ ဒါကြောင့် တွေ့ဆုံမှု အပိုင်းကတော့ တရုတ်ရဲ့ ပါဝင်မှု အများကြီး ပါလိမ့်မယ်။ တရုတ် အစိုးရရဲ့ ဖိအားပေးမှု ပိုခံရမှာ ကျနော်တို့ တိုင်းရင်းသား အုပ်စုတွေပါ။ မြန်မာအစိုးရရဲ့ ဆန္ဒကို သူတို့က ကျနော်တို့ တိုင်းရင်းသားတွေကို ဖိအားပေးတဲ့ အနေနဲ့ ပြောဆို သွားတယ်။ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို ကိုယ်စားပြုပြီး ကြားနေပြီး ဖျန်ဖြေပေးတာမျိုး၊ ကြားနေ ဝင်ရောက် ပြောဆိုတာမျိုး၊ အခုထိ မတွေ့ရသေးဘူး။ အမြန်ဆုံး လက်မှတ် ရေးထိုးဖို့ ကိစ္စပဲ ပြောတယ်။ ခင်ဗျားတို့ KIO နောက်ကျ ကျန်ခဲ့မယ်။ သူများတွေ တွေ့ပြီးကုန်ပြီလို့ ပြောတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆက်ပြီး သွားမယ့် ဆွေးနွေးမှု လမ်းစဉ်ကတော့ တရုတ် အစိုးရကလည်း ကြားကနေ နားထောင်လို့ ရမယ့် အဆင့်ပဲလို့ ထင်ပါတယ်။ သိပ်ပြီးတော့ သူတို့ဆီကလည်း မျှော်လင့်ချက် မရှိဘူး ။

မေး။ ။ စစ်တပ်က အပစ်အခတ် ရပ်စဲရေးပြီးရင် နယ်စပ်မှာ ရှိတဲ့ KIO အုပ်ချုပ်တဲ့ နေရာကို နိုင်ငံတော် အာဏာ လွှမ်းစေချင်တဲ့ သဘောလား။

ဖြေ။ ။ ဒါကတော့ လက်နက်ချ အလင်းဝင်ပြီး ဆိုတဲ့ သဘောပါ။ အရင်တုန်းက နယ်ခြားစောင့်တပ် ဖွဲ့ဖို့ ဖိအားပေးတာ အဲဒီလို သဘောပါ။ အခုကျနော်တို့က ဖက်ဒရယ် ပြည်ထောင်စု ဝိုင်းပြီး တည်ဆောက်ဖို့ ပြောနေကြတယ်။ ဒါဟာ တောင်းဆိုမှု အသစ် လည်း မဟုတ်ဘူး။ အရင်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ သဘောထား ဖလှယ်ပြီး ဆုံးဖြတ်ချက်ချ လက်မှတ်ရေးထိုးတဲ့ အပိုင်းပါ။ အဲဒီဟာကို အကောင်အထည် ဖော်ဖို့ အခု ပြောနေတာပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ဘယ် အဖွဲ့ အစည်းတွေက ကိုယ့်ရဲ့နယ်မြေ ကိုယ့်ရဲ့အုပ်ချုပ်မှု ကိုယ့်ရဲ့ယန္တရားတွေနဲ့ ရှိနေရတာပဲ။ ကျနော် တို့ KIOကလည်း အစိုးရငယ် ပုံစံ တခုပါပဲ။ ပညာရေး ဌာန၊ ကျန်းမာရေး ဌာန၊ အုပ်ချုပ်ရေး ဌာန နယ်စပ် အဝင်အ ထွက် အားလုံး က ကိုယ့်လူထုနဲ့ ကိုယ်အုပ်ချုပ်မှု စီမံခန့်ခွဲမှုနဲ့ပဲ လုပ်နေတာပါ။ ဒါမျိုး လုပ်ခြင်းအားဖြင့် ကျနော်တို့ ဒေသမှာရှိတဲ့ လူထု၊ ဒေသခံ လူထုကို ဖိနှိပ်ဖို့ လုပ်နေတာလည်း မဟုတ်ဘူး။ အဲ့ဒါကြောင့် အပစ်အခတ် ရပ်စဲပြီး လက်မှတ် ရေးထိုးတာနဲ့ ဥပဒေရဲ့ အောက်မှာ ရောက်ရမယ် ဆိုတဲ့ သဘောပါပဲ။ တရား ဥပဒေ ဘောင် အတွင်းသို့ ဝင်ရောက်လာသည့် အဖွဲ့ဆိုပြီး မတရား သွတ်သွင်း လိုက်တယ်။ တရား ဥပဒေဘောင် အတွင်း အခု လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေ အားလုံးကလည်း တရားဥပဒေဘောင် အတွင်းလို့ ပြောတာ ဘယ်သူမှ လက်မခံဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်း သွားမယ်ဆိုတာ ဘယ်သူမှ လက်မခံပါဘူး။ ကျနော်တို့ KIO အဖွဲ့အစည်းဟာ တရားဥပဒေဘောင် အတွင်း ဝင်ရောက်လာတဲ့ တိုင်းရင်းသား အဖွဲ့အစည်း ၁၇ ဖွဲ့ထဲမှာ မပါဘူးလို့ အကြောင်း ပြန်ထားတယ်။ ဆိုလိုတာက ဘာလဲ ဆိုတော့ လက်မှတ်တောင် မထိုးသေးဘူး။ နောက်ထပ်လည်း အခုက စပြီး ပြည်ထာင်စု အဆင့် ဆွေးနွေးနေတဲ့ အချိန်မှာ ဥပဒေ ဘောင် အတွင်းသို့ ရောက်လာတဲ့ တိုင်းရင်းသား မရှိဘူး။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် အုပ်ချုပ်မှုက အားလုံးကို သူတို့ရဲ့ အုပ်ချုပ်မှု လမ်းကြောင်း၊ သူတို့ ညွန်ကြားချက် အတိုင်း ဖြစ်ရမယ် ဆိုတဲ့သဘော ပါတာပေါ့။ ။

“ငြိမ်းချမ်းရေး ဖော်ဆောင်မှု အားရစရာ မရှိသေးဘူး”

March 28, 2014
ဧရာဝတီ

၉၂.၄၈က ထောက်ခံခဲ့ပါတယ်လို့ ပြောရဲတာအတော် အရှက်ကင်းမဲ့တဲ့ စကားဘဲလို့ ယူဆမိပါတယ်။ ထွန်းအောင်ကျော် (၇၄ မျိုးဆက်)



တပ်မတော်ကအခွင့်အရေးမယူဘူးတဲ့လား?
March 28, 2014 at 8:27pm

တပ်မတော်ကအခွင့်အရေးမယူဘူးတဲ့လား?

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ

"တစ်ဦးချင်းအတွက်၊ ပါတီတစ်ခုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက်၊ တိုင်းရင်းသား လူမျိုးစုတစ်ခုအတွက်၊ တပ်မတော်အတွက် ရေးဆွဲပြဌာန်းထားတဲ့မူ မဟုတ်ဘူး၊ ဒါ့ကြောင့်ထောက်ခံဆန္ဒမဲပေးသူ ၉၂.၄၈ ရာခိုင်နှုန်းရဲ့ ဆန္ဒကို လေးစားရမှာဖြစ်တယ်၊ "လို့ဆိုသွားတယ်

၂၀၀၈အခြေခံဥပဒဟာပြည်သူထောက်ခံဆန္ဒမဲ ၉၂.၄၈က အတည်ပြုခဲ့တယ် ဆိုတာမှန်ရဲ့လား ။လူ၁၀၀မှာ ၉၂ယောက်လောက်ကအတည်ပြုခဲ့တယ်ဆိုတာလူတိုင်းစေ့နီးပါးသဘောတူတယ်သဘောပေါ့နော်။ဒါဆိုရင်

၁။ ဒီအခြေခံဥပဒေအတည်ပြုတဲ့ အချိန်မှာမြန်မာပြည်မှာ နာဂစ်မုန်တိုင်းကြီးတိုက်ပြီး မြစ်ဝကျွန်းပေါ်မှာ လူသိန်း နဲ့ချီသေပြီးသန်းနဲ့ချီအိုးမဲ့အိမ်မဲ့ဖြစ်နေတုံး ဒုက္ခရောက်နေသူတွေကို မကယ်ဘဲကိုယ့်လူမျိုးတွေသေပါစေ အခြေခံဥပဒေဆန္ဒခံယူပွဲကိုတော့ ရက်အရွေ့နိုင်ဘူးလို့ လုပ်ခဲ့တာကို ၉၂.၄၈က ထောက်ခံခဲ့ပါတယ်လို့ ပြောရဲတာအတော် အရှက်ကင်းမဲ့တဲ့ စကားဘဲလို့ ယူဆမိပါတယ်။

၂။ ယနေ့အခြေခံဥပဒေပြောင်းလဲပေးရေးကို မြို့နယ်တွေ၊ တိုင်းတွေ၊ပြည်နယ်တွေမှာ ဘာလို့ပြည်သူတွေက အုံးအုံးကြွက်ကြွက်တက်တက်ကြွကြွတောင်းဆိုနေကြလဲ? သူတို့ထောက်ခံမဲပေးလို့ အတည်ပြုခဲ့ပါတယ်ဆိုရင် ဒီလူတွေက ဆန့်ကျင်ဆန္ဒပြကြပါ့မလား? ဆန္ဒခံယူပွဲလုပ်တုံးက အခုလိုမိမိဆန္ဒကို လွတ်လပ်စွာထုတ်ဖေါ်ခွင့် ရှိခဲ့လို့လားလို့ တပ်ချုပ်ကိုမေးချင်ပါတယ်။

၃။ တပ်မတော်သား၂၅% ရွှေကောက်ပွဲဝင်စရာမလိုဘဲ လွှတ်တော်မှာလာထိုင်ပြီး ဆုံးဖြတ်မှုတွေမှာ မဲပေးခွင့်ဟာ အခွင့်အရေးယူတာ မဟုတ်ဘူးလား? တပ်ချုပ်ကသာကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးတွေကိုခန့်ခွင့်ရှိတယ်ဆိုတာ အခွင့်အရေးယူတာ မဟုတ်ဘူးလား? တပ်ချုပ်ကသာကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာ ပါတဲ့၁၁ဦးထဲက ၅ဦးကိုရွေးချယ်ခွင့်ပေးထားတာ အခွင့်အရေးယူတာ မဟုတ်ဘူးလား? ။

၎။ အခြားမပြောလိုပါဘူး တပ်ချုပ်ကြီးကိုစိမ်ခေါ်ချင်ပါတယ်။ ပြည်သူကြားမှာမပြောနဲ့တပ်တွင်းမှာဘဲ အခန်းတွေကိုလုံလုံခြုံခြုံကာပြီးချိမ်းခြောက်မှုမပါဘဲ အခြေခံဥပဒေပြင်သင့်မပြင်သင့်ဆန္ဒမဲခံယူကြည့်ပါ။ ဘယ်လိုတပ်က ရဲဘော် အကြပ်တပ်သားတွေက ဆန္ဒမဲပေးကြမလဲဆိုတာ တပ်ချုပ်ကြီး မျက်ဝါးထင်ထင် တွေ့ရပါလိမ့်မယ်။ ပြည်သူတွေအပြင် ရဲဘော်တွေကအစ ဘယ်လိုဆန္ဒရှိနေကြတယ် ဆိုတာ ဖေါ်ထုတ် ကြည့်ပါလို့ အကြံပြုစိမ်ခေါ် လိုက်ပါတယ်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

A "nonsense ritual" not compatible with a democratic traditions.
March 28, 2014 at 9:28am

ကာချုပ်ကို အလေးပြုခိုင်းတဲ့အချိန်
ဒေါ်အောင်ဆန်းစုကြည် တက်ခဲ့တဲ့ ၂နှစ်လုံးလုံး အလေးမပြုခဲ့ဘူး
အားမနာတမ်းပြေရရင် ကာချုပ်ကို အလေးပြုဖို့ မတန်လို့အလေးမပြုတာ
ဒါပဲ /မကျေနပ် လဲ ?

In a democratic country , i wonder whether such ritual exists.
(After all HE is a puppet of a dictator ?).
i think such "nonsense ritual" is not compatible with a democratic tradition.
It should be abolished.
OR democratic representatives should walk out during such occasions.
ကာချုပ် has to report to President.
President is normally a civilian or a veteran(an elected person).
ကာချုပ် is a soldier appointed by the President.
ကာချုပ် is not an elected person & does not represent people.
President is elected by the people , not by a dictator.
President is HEAD of Executive branch.
In a democratic country , there are 3 branches of govt., viz. Executive, legislative, Judiciary.
Parliament is legislative branch , one of the 3 highest bodies.
It is very improper to SALUTE a non-elected appointee.

Monday, March 17, 2014

အရင်က ပါးစပ်သရမ်းခဲ့တာတွေတော့ လက်တွေ့အကောင်အထည်ပေါ်နေတာတွေရှိနေတော့ အတင်းအဓမ္မယုံခိုင်းနေလို့ မရကြောင်းပါ။Tsawra Tsaw



Tsawra Tsaw
ဒီကနေ့ သမ္မတသိန်းစိန်က မြစ်ကြီးနားက ဘာသာရေးဆိုင်ရာ အသင်းတော်တွေက လူတွေကို ဆန်၊ဆီ ပေးပြီး “ဘုရားသခင်၏ နာမတော်၌ ကောင်းချီးမင်္ဂလာရောက်ပါစေ။” ဆိုပြီးတော့ စည်းရုံးနေတယ် ကြားတယ်။ ငါ့အထင်ပြောရရင် သူ ကချင်စစ်ရှောင်တွေ အတွက် အီးယူဆီက ပိုက်ဆံ၊ အင်္ဂလန်အစိုးရဆီက ပိုက်ဆံတွေရထားတယ် စစ်ရှောင်ပြည်သူတွေရှေ့ တည့်တည့်ဆိုင်ဆိုင်တွေ့ပြီး ပေးသင့် စကားပြောသင့်တယ်လို့ မြင်တယ်။

ဘာသာရေးဆိုင်ရာလူကြီးတွေကို နိုင်ငံရေးအရ ဆွဲမထည့်လို့လဲရတယ်။ ဦးထိပ်ထားသလိုလိုနဲ့ စကားကို မလိမ့်တစ်ပတ်နဲ့ တစ်ပတ်ရိုက်ဖို့တော့ မကြံနဲ့။ လူသားချင်းစာနာထောက်ထားသော အားဖြင့် အသင်းတော်တွေက ခင်ဗျားလုပ်ခဲ့ ရှုပ်ခဲ့သမျှကို လိုက်လံကူညီနေကြရတယ်။

ထားပါတော့ မြစ်ကြီးနားက လူတွေရှေ့တစ်မျိုး မနက်ဖန်ခါ ပူတာအိုဘက် ခရီးဆက်အုံးမယ်ဆိုတော့ကာ......အရင် ၀န်ကြီးချုပ်ဘ၀တုန်းက ပါးစပါသရမ်းထားတာတွေ ဦးဏှောက်ကောင်းသေးရင် မမေ့ဘူးလို့ ထင်ပါတယ်။ “ခင်ဗျားတို့ကို ကချင်တွေ ဘယ်လောက်နှိပ်စက် သတ်ဖြတ်ခဲ့ကြပြီးပြီပဲ လက်နက်ထုတ်ပေးမယ် ပြည်သူ့စစ်ထောင်ကြ” ဆိုတာလေး။

ရ၀မ်ကို သွေးခွဲခဲ့ပြီးပြီ လီဆူဘက်လှည့်ပြီး သွေးမခွဲပါဘူး ဘယ်သူမှ တပ်အပ်မပြောနိုင်သလို၊ သန်ခေါင်စာရင်းကောက်ချိန် အမှီတက်လာတာတော့ မရိုးဘူး။

နောက်တစ်ခွန်းရှိသေးတယ်.... ၂၀၁၀ စက်တင်ဘာ လဆန်းပိုင်းက KIA အား အာဆီယံတွင် ပထမဆုံးစံပြအဖြစ် ရွေးကောက်ပွဲပြီးရင် တိုက်ခိုက်ချေမှုန်းပစ်မည်ဟု မြန်မာစစ်အစိုးရ၀န်ကြီးချုပ်၊ ကြံ့ဖွတ်ပါတီခေါင်းဆောင် ဦးသိန်းစိန်က ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနား၊ လ၀ါယန်အခြေစိုက် ဦးလဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့နှင့် ပန်ဝါအခြေစိုက် ယခင်ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) နယ်ခြားစောင့်တပ်တို့၏ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်ပြောခဲ့တာဖြစ်တယ်။

ဘယ်လိုပင် နှမ်းဖြူးနေပါစေ အရင်က ပါးစပ်သရမ်းခဲ့တာတွေတော့ လက်တွေ့အကောင်အထည်ပေါ်နေတာတွေရှိနေတော့ အတင်းအဓမ္မယုံခိုင်းနေလို့ မရကြောင်းပါ။

·


Hla Myint https://t.co/5uaVCVQNP0

"Reconciliation & lasting peace " can be achieved only after sincere apologies of past guilt;
it is a "must".
His Excellency Mr. President has not met this requirement.
Also he needs consistency;
so far he lacks this.


Sunday, March 16, 2014

အနိုင်ဂိုးကိုသွင်းသွားတာ ကို ကို ပါ ကြိုတင်မဲ နဲ. NLD ကို အနိုင်ယူတာ ကိုကို ပါ( ကိုထွဋ် မတ် ၁၆၊ ၂၀၁၄)


အနိုင်ဂိုးကိုသွင်းသွားတာ ကို ကို ပါ
ကြိုတင်မဲ နဲ. NLD ကို အနိုင်ယူတာ ကိုကို ပါ

https://www.facebook.com/photo.php?fbid=10202702545777686&set=a.2452500024771.277585.1020145954&type=1&theater
nyeinchansarpay.blogspot.com What do u think, u than shwe could get away from HAGUE trial?
Present scenarios suggest ,YES?
HIS Excellency is very very (cunning/ brilliant ).



ဦးသန်းရွှေ တကယ်အသေဖြောင့်ပါ့မလား???
According to our military regime's judgement , HE is alright.
On day of judgement,God will decide .
So far so good, HE is alright.
However on day of judgement,God will decide.

Ko Htut
7 hours ago

ဦးသန်းရွှေ အနိုင်နဲ့ပိုင်းသွားခဲ့တာလား???

၁၇ ရာစုမှာ ကမ္ဘာ့နိုင်ငံ လေးပုံသုံးပုံလောက်ဟာ ကိုလိုနီနိုင်ငံတွေ ဖြစ်သွားခဲ့ကြတယ်။ အဲဒီနောက် ၁၈ ရာစုနဲ့ ၁၉ ရာစုတွေမှာ အများစုဟာ ပြန်လည်လွတ်မြောက်လာကြတယ်။ လွတ်မြောက်လာတဲ့နိုင်ငံ အများစုမှာ ပြည်တွင်းစစ် ဖြစ်တာတွေ၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုန်းတွေ၊ နယ်မြေပြဿနာ၊ ခွဲထွက်ခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်စတဲ့ ပြဿနာတွေ အပါအ၀င် နိုင်ငံရေးပဋိပက္ခတွေ ပြင်းပြင်းပြင်းထန်ထန် ဖြစ်ခဲ့ကြတယ်။ စစ်အာဏာသိမ်းမှုတွေနဲ့ ဖောက်ပြန်တဲ့ ကွန်မြူနစ်တွေရဲ့ ဓါးမိုးအုပ်စိုးမှုကိုလည်း အဲဒီနိုင်ငံတွေက ပြည်သူတွေ အလူးအလဲ ခါးစည်းခံခဲ့ကြရတယ်။

အာဏာရှင်တွေ ပြည်သူလူထုကို ဖိနှိပ်လေသမျှ၊ အကြောက်တရားနဲ့ ဓါးမိုးအုပ်ချုပ်လေသမျှ တနေ့နေ့မှာ အာဏာရှင်ဆိုသူတွေဟာ သူတို့အပြစ်တွေအတွက် ဘ၀မကူးခင်ပဲ ပြန်လည်ပေးဆပ်ကြရတယ်။ အာဏာရှင်အများစုဟာ အသေထွက် ထွက်သွားကြရတာများတယ်။ အသတ်ခံရတာ၊ ကိုယ့်ကိုကိုယ် သတ်သေသွားတာ။ အရှင်ထွက်ထွက်ရင်လည်း ပြည်ပြေးဘ၀နဲ့ စိတ်ဝေဒနာ ခံစားပြီး မထင်မရှားဘ၀နဲ့ သေဆုံးသွားကြတာ၊ ထောင်ထဲမှာ သေရတာ၊ အသုဘကိုတောင် လိုက်ပို့သူမရှိပဲ ညှိုးညှိုးငယ်ငယ်နဲ့ သေသွားကြရတာ စသည်ဖြင့် ကံဆိုးကြရှာတယ်။ အာဏာရှင်တွေကျဆုံးတဲ့အခါ အာဏာရှင်တွေရဲ့မိသားစုတွေ၊ ပတ်သက်ရာ ပတ်သက်ကြောင်းတွေဟာလည်း လိုက်ပါကျဆုံးသွားကြ ရတာချည်းပဲ။

ဆိုတော့ ဦးသန်းရွှေနဲ့ သူ့မိသားစုကရော ဘယ်လိုအဆုံးသတ်မှာလဲဆိုတဲ့ မေးခွန်းက ရှိလာတယ်။ မြန်မာ့နိုင်ငံရေး စင်မြင့်ထက်ကနေ အောင်မြင်စွာ ဆုတ်ခွာသွားတဲ့ ဟဲဗီးဝိတ်ချန်ပီယံ ဗိုလ်ချုပ်မူးကြီးသန်းရွှေဟာ ဒီမိုကရေစီလိုလားသူ အတိုက်အခံတွေကို နိုင်ငံရေးကြိုးဝိုင်းထဲမှာ အလဲထိုးပြီး အနိုင်နဲ့ ပိုင်းသွားခဲ့တာလား???

ဒါမှမဟုတ် သူဟာစိုးတထိတ်ထိတ်နဲ့ ဘ၀ရဲ့ နေ၀င်ချိန်တွေကို ဖြတ်သန်းနေရသူ တစ်ယောက်လား??? တိုင်းပြည်တခုလုံးကို လုပ်ချင်သလို လုပ်ခဲ့တဲ့ ဦးသန်းရွှေဟာ ဒီနေ့မှာတော့ အနိုင်နဲ့ပိုင်းပြီး ကစားပွဲအားလုံးကို တခန်းရပ် ပြည်ဖုံးကားချလိုက်ချင်တာ သူ့ဆန္ဒပါ။ တကယ့်လက်တွေ့မှာ သူ့ဆန္ဒတွေ အကောင်အထည်ပေါ်လာပါ့မလား??? သူသေသွားပြီးတဲ့အခါ သူဖြစ်စေချင်သလို သူ့မိသားစုဟာ လုံလုံခြုံခြုံနဲ့ ဆက်ရှိနေပါ့မလား???

မဖြစ်နိုင်ဘူး။ တကယ့်လက်တွေ့မှာ ဦးသန်းရွှေ အိပ်မက်တွေ အကောင်အထည် ပေါ်မလာဖို့များတယ်။ သူ့ကျမှတော့ ကွက်ပြီး ကံကောင်းမယ်မထင်ဘူး။ Anyway history will tell about it.

ဦးသန်းရွှေဟာ ၁၉၈၈ မှာ စစ်တပ်မှာ ဒုတိယ ဦးစီးချုပ်တစ်ယောက်အနေနဲ့ အာဏာသိမ်းခေါင်းဆောင်တစ်ယောက်အဖြစ် ပါခဲ့တာမှန်တယ်။ ဒါပေမဲ့ ဦးနေ၀င်းခိုင်းလို့ အာဏာသိမ်းခဲ့ရတာသာ ဖြစ်တယ်။ ဒါပေမဲ့ လူတိုင်းမက်တဲ့ အာဏာဟာ ရပြီးရင် လက်မလွှတ်ချင်တော့ဘူးဆိုတဲ့အတိုင်း ဦးသန်းရွှေဟာ အာဏာကို အကြိုက်တွေ့သွားခဲ့တယ်။ ဦးသန်းရွှေကြိုက်တယ်ဆိုတာထက် သူ့မိန်းမနဲ့ သူ့သမီးတွေ ကြိုက်တာကပိုတယ်လို့ ပြောရလိမ့်မယ်ထင်တယ်။ အာဏာကို အသုံးချပြီး သူတို့မိသားစု ကြွယ်ဝချမ်းသာဖို့အတွက် ဖန်တီးတယ်။ ကြွယ်ဝလာပြန်တော့ ကြွယ်ဝမှုကို ကာကွယ်ဖို့ အစီအမံတွေ လုပ်ရပြန်တယ်။

ဦးသန်းရွှေဟာ သူ့မိသားစုလုံခြုံရေးနဲ့ သူတို့ဥစ္စာဓနတွေအတွက် စိတ်ချသွားချင်တယ်။ အသေဖြောင့်ချင်တယ်။ နှစ်တွေ ကြာသွားရင်တော့ လူတွေမေ့သွားမှာပေါ့၊ မြန်မာတွေဟာ ခွင့်လွှတ်တတ်ပါတယ်လို့ ဦးသန်းရွှေတွက်ထားတယ်။

ဦးသန်းရွှေ စစ်တပ်ထဲ ၀င်တုန်းက ဘာပစ္စည်းတွေ ပါလာခဲ့သလဲ??? အခု ဦးသန်းရွှေမိသားစု ဘယ်လောက် ချမ်းသာနေကြပြီလဲ??? ဦးသန်းရွှေသားသမီးတွေထဲမှာ အဆင်းရဲဆုံးလို့ပြောတဲ့ ကိုထွန်းနိုင်ရွှေရဲ့ ပိုင်ဆိုင်မှုကတောင် ထာဝရ ဖြုန်းတီးလို့မကုန်နိုင်လောက်အောင် မနည်းမနောရှိနေတယ်။ မောင်နှမတွေထဲမှာ ဆင်းရဲလှချေရဲ့လို့ အပြာခံရတဲ့ ကိုထွန်းနိုင်ရွှေဟာ တစ်ဒါဇင်ထက်ပိုများတဲ့ အိမ်ကြီးတွေကို ပိုင်ဆိုင်ထားတယ်။ ပြီးတော့ ဂျေဒိုးနပ် (J Donuts) ဆိုင်တွေ၊ မိုင်မေးက် (My Milk)၊ စားသောက်ဆိုင်များနဲ့  အခြားသော သွင်းကုန်ပို့ကုန် ကန်ထရိုက်တွေ။

ဒါ့အပြင် ဒင်ဆမ် (Dim Sum) ဆိုင်တွေ၊ ထိုင်းနိုင်ငံမှ သွင်းကုန်ပစ္စည်းများ (Queen Orange Juice Concentrates)၊ နိုက်ကလပ်များ(Dream JellyJ-J Night Club)၊ ထိုင်းစားသောက်ဆိုင်တို့ အပြင် အခြားသောလုပ်ငန်းပေါင်းမြောက်မြားစွာ။ အဲဒါတွေတင်မကသေးပဲ တရုတ်၊ ထိုင်းနိုင်ငံနဲ့  အင်ဒိုနီးရှားနိုင်ငံတို့ မှာလည်း သူပိုင် စီးပွားရေးလုပ်ငန်းတွေ ရှိတယ်လို့  သိရှိရတယ်။ ပြီးတော့ မြန်မာနိုင်ငံက J & J company ကိုလည်း သူပိုင်တယ်။

သားသမီးတွေထဲမှာ အဆင်းရဲဆုံးသားတောင် အဲဒီလောက် ချမ်းသာနေရင် လောဘကြီးလွန်းတဲ့ သူ့သမီးတွေ ဆိုရင်တော့ ဘီလီယံနာတွေဆိုတာ အသေအချာပဲ။ သူ့မြေး နေရွှေသွေးအောင်ဆိုတဲ့ လူငယ်လေးတစ်ယောက်မှာတောင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေ ရှိနေတယ်။ မြန်မာနိုင်ငံမှာ ဦးသန်းရွှေတို့မိသားစုဟာ အချမ်းသာဆုံးဖြစ်နိုင်တယ်။

ဦးသန်းရွှေက ဒီပိုင်ဆိုင်မှုတွေကို ရန်သူမျိုးငါးပါးရန်က ကင်းဝေးစေချင်တယ်။
မြန်မာနိုင်ငံရေးသမားတွေထဲမှာ ခွင့်လွှတ်နိုင်သူတွေ ရှိသလို၊ ဦးဝင်းတင်လို သဘောထား တင်းမာသူတွေလည်း ရှိတယ်။ ပြီးတော့ နိုင်ငံရေးသမားက ပြည်သူ့ဆန္ဒကို ကျော်လွန်နိုင်တာမဟုတ်သလို၊ ဥပဒေဆိုတာလည်း တကယ်အသက်ဝင်လာတဲ့အခါ လွန်ခဲ့တဲ့ အနှစ် ၂၀-၃၀ က လုပ်ထားတာတွေမို့ ခုမဆိုင်တော့ပါဘူး လုပ်လို့ မရဘူး။ မတရားမှုဟာ ဘယ်တုန်းကလုပ်ထားထား မတရားမှုပဲ ဖြစ်တယ်။ ပြီးတော့ဗိုလ်ချုပ်ကြီးတွေနဲ့ ခရိုနီတွေ ဘယ်ဘ၀ကလာပြီး ဘယ်လိုချမ်းသာသွားတယ်ဆိုတာ မှတ်တမ်းတွေ ရှိနေတယ်။

နောက်တခုက မြန်မာစစ်တပ်က ဦးသန်းရွှေမျိုးဆက် အဆက်ဆက်ကို လိုက်ပြီးကာကွယ်ပေးမှာလား??? ဖိုးလပြည့်တို့ ခေတ်အထိ ကာကွယ်မှာလား??? ဦးသန်းရွှေကတော့ ခေတ်တောင်မပြောင်းသေးဘူး သူ့ဆရာရင်း အဖေကြီး ဦးနေ၀င်းကို သစ္စာဖောက်ခဲ့တယ်။ ဦးသန်းရွှေကောင်းမှုကြောင့် ဦးနေ၀င်းခမျာ သေတာတောင် အသုဘပို့သူမရှိပဲ ညှိုးငယ်စွာ သေခဲ့ရတယ်။

အခု ဦးသန်းရွှေ ကျန်းမာရေး မကောင်းတော့ဘူး။ လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တော့တာ ၂၀၀၇ လောက်တည်းက။ ကျနော်ထင်တာတော့ ဦးသန်းရွှေဟာ သူ့အိမ်မှာ ဆေးရုံအငယ်စားတစ်ခု တည်ဆောက်ထားပုံရတယ်။ ဦးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးရုံဆိုင်ရာ လက်နက်ကိရိယာအားလုံးကို အဲဒီဆေးရုံမှာ နိုင်ငံခြားကနေ၀ယ်ယူ တပ်ဆင်ထားပုံရတယ်။ အဲဒီဆေးရုံမှာ အနောက်တိုင်း ဆရာဝန် (အနည်းဆုံး) တစ်ယောက်ကို အချိန်ပြည့် ခန့်ထားပုံရတယ်။

အဲဒီဆရာဝန်နဲ့ စစ်တပ်က လက်ရွေးစင်ဆရာဝန်တွေဟာ ဦးသန်းရွှေကျန်းမာရေးကို နေ့စဉ်အနီးကပ် စောင့်ကြည့်ပေးနေပုံရတယ်။ မနက်တိုင်း ညတိုင်း သွေးပေါင်တိုင်းတာကအစ၊ ဆီးဝမ်း စစ်ဆေးတာကအစ၊ ဦးသန်းရွှေစားမဲ့ အစားအစာကအစ ဘာတွေပဲစားရမယ်ဆိုတာ အနီးကပ် အကြံပေး ညွှန်ပြနေတယ်လို့ ကျနော်သုံးသပ်တယ်။ မဟုတ်ရင် ဦးသန်းရွှေကျန်းမာရေး အခြေအနေနဲ့ အာဏာရှင်ကြီးဟာ ဒီလောက် အသက်ရှည်တော့မှာမဟုတ်ဘူး။

ဆိုတော့ ဦးသန်းရွှေဟာ လူမမာတစ်ယောက်အနေနဲ့ နောက်ဆုံးနေ့တွေကို ဖြတ်သန်းနေရပြီဖြစ်တယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်းမှာ ဦးသန်းရွှေဟာ အတိုက်အခံတွေကို အလဲထိုးခဲ့တယ်။ ဒါပေမဲ့ ကံကြမ္မာဆိုတာ ကြွေတစ်လှည့်ကြက်တစ်ခုန်ပါပဲ။ အတုန့်အလှည့်ဆိုတာ တကယ်ရှိတယ်။

ဦးသန်းရွှေ တကယ်အသေဖြောင့်ပါ့မလား???
ကျနော် သူ့ကို မေးခွန်းတစ်ချို့မေးချင်တယ်။ ခင်ဗျားတကယ်ပဲ အနိုင်နဲ့ ပိုင်းသွားနိုင်တယ်လို့ ထင်လိုက်ပြီလာ ဦးသန်းရွှေ??? ခင်ဗျားမိသားစုကို စိတ်ချလက်ချ တကယ်ပဲ ထားသွားတော့မှာလား ??? ခင်ဗျားမိသားစု ပိုင်ဆိုင်မှုတွေကို တနေ့မှာ မြန်မာပြည်သူတွေက ပြန်မသိမ်းနိုင်ဘူးလို့ ယုံကြည်လိုက်ပြီလား????

ပြီးတော့ မြန်မာပြည်သူတွေကကော ဦးသန်းရွှေနဲ့ အပေါင်းပါတွေကို တကယ်ခွင့်လွှတ်နိုင်ကြမှာလား????

အသွင်ကူးပြောင်းရေးကာလမှာ သဘောထားကြီးကြီးထားပါတယ်၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် တရားဥပဒေနဲ့ အညီဖြစ်ရမှာပေါ့ဗျာ။

(ဦးသန်းရွှေ၊ သူ့နောက်လိုက် ဗိုလ်ချုပ်ကြီးတွေနဲ့ ဦးနေ၀င်းမိသားစု၊ ပြီးတော့ ခရိနီတွေရဲ့ မြန်မာနိုင်ငံက ဘယ်နေရာကိုပဲထိုးထိုး လက်ညှိုးထိုးမလွဲတဲ့ စည်းစိမ်ချမ်းသာတွေနဲ့ နိုင်ငံခြားမှာ ထားထားတဲ့ ပိုင်ဆိုင်မှုတွေဆိုတာ ခိုးယူထားတာတွေချည်းပဲ။ ဒီပစ္စည်းတွေကို မြန်မာပြည်သူတွေပိုင်တယ်)။

မှတ်ချက် - ပုံတွေလိုက်ရှာပြီး ဦးသန်းရွှေရဲ့ ပုံတွေထဲက အလှဆုံး အခန့်ငြားဆုံးပုံကို တင်လိုက်တာပါ။

ကိုထွဋ်
မတ် ၁၆၊ ၂၀၁၄
— with Aung Oo, Aung Min Myoe, Jlh Dakkasu Ni Munghpawm and 47 others.

Monday, March 10, 2014

Pa Pa Sein ''Cuckoo, don't feel so sad! ''


Pa Pa Sein
March 9
''Cuckoo, don't feel so sad! ''

When I wake up on summer mornings,
I always hear Cuckoo crying;
He keeps crying while he's flying,
I feel sure it is tiring
And I wish him to do resting,
But I still hear sad cries he's making.

I can't know he's come from where
Nor can I know he'll go where.
It's said he's searching his mother
Who's left him long for ever ever;
I feel sad for that sad creature
That not knows he'll find his never.

Yet, you Cuckoo, don't feel so sad,
As your sad state we all too have;
We all are searching what we never get,
But well we know this very true fact;
So we are more foolish and more senseless
Than you Cuckoo who does it with your ignorance.

papasein
9-3-2014


Hla Myint
Poor cuckoo is attached to his mother.
Attachment is the cause of suffering.
We all are attached to five aggregates .
We make our own prisons.
When we can get rid of all forms of attachment , we surely will be set free.

Sunday, March 9, 2014

လယ်တောအိမ်မှာ တနာရီနီးပါး သူတို့ဘာတွေပြောခဲ့သလဲ ?Maung Maung



Maung Maung
လယ်တောအိမ်မှာ တနာရီနီးပါး သူတို့ဘာတွေပြောခဲ့သလဲ ?


Hla Myint

လယ်တောအိမ်မှာ လယ်တောအိမ်မှာ လယ်တောအိမ်မှာ ငါပြောမယ်
ဦးမောင်မောင် သရေ မကျနဲ.
လေဒီက စစ်ဗိုလ်တွေနဲ. ဘီယာ နဲ. ကြွက်ကင်စားပြီး------

Taste beer & fried rats & CHIT CHAT about the health & sanctuary of bosses u than shwe, u aye , u khin nyunt.

i am afraid i am sure they do not discuss about honorable & respectable settlements of displaced persons in ThaMeeLayKyun & victims of land looting in general.

Our Nobel Lady is stooping to conquer by decent civilized ways.
I am afraid SHE is trying wrong strategy.
Our Lady should be mindful of the fact that they were soldiers & devout diehard followers of (butcher of Rangoon ) u ne win & u than shwe .
They understand & respect "language of force" more than "civilized diplomatic language".