"ကံ့ကော်လွမ်းချင်း ..."
နောက်ကျမှ ပွင့်ပေမယ့်
ရနံ့သင်းသင်း ... အဆင်းလှလှ
သူတို့ ပွင့်ရှာကြလေတယ်။
ကံ့ကော်ပင်အိုဟာ
တနှစ်တခါ
တာဝန်ကျေစွာနဲ့
ကံ့ကော်ရွာကလေး ဖန်တီးပေးခဲ့တယ်။
ကံ့ကော်ကို ရူးသွပ်လျက်
ခူးဆွတ်ဖို့ မဝံ့ရဲသူမှာ
ကံ့ကော်ပင်ခြေရင်း
ကံ့ကော်လွမ်းချင်းကို သီ ...
နာရီတွေကို မေ့နေခဲ့တယ်။
***
MND
8 March 2014
Hla Myint A real creation, i like it.
A poet is born in Rangoon.
Shakespeare is threatened?
1 comment:
A real creation, i like it.
A poet is born in Rangoon.
Shakespeare is threatened?
Post a Comment