Nyein Chan was feeling proud with ကိုဇော် မေမြို့ and 11 others.
အရမ်းကိုကောင်းတဲ့ မုန့်ပြစ်သလက်
ပြီးခဲ့တဲ့ တစ်ပါတ်လောက်က အိမ်ကအမဖြစ်သူ အန်တီပေါက်က ကျိုင်းကျိုင်းနဲ့ မေချမ်းကို မုန့်ပြစ်သလက် လုပ်ကျွေးမယ်ဆိုပြီး ဈေးကနေ လိုအပ်တဲ့ဟာတွေ ဝယ်လာပါတယ်။ ကလေးတွေကလည်း သူ့အဒေါ် လုပ်ကျွေးမယ်ဆိုတဲ့ မုန့်ပြစ်သလက်ကို စိတ်ဝင်တစား မျော်လင့်ကြီးစွာ စောင့်စားနေသည်ပေါ့ဗျာ။ လာပါပြီ ညနေသုံးနာရီလောက်မှာ မုန့်ပြစ်သလက်စလုပ်ပါတယ်၊ ဒါပေမယ့် အိုးကင်းနဲ့လည်းမဟုတ် ဒယ်အိုးနဲ့ လုပ်တာဆိုတော့ မုန့်ပြစ်သလက်က အချပ်လိုက်လိုက်ထွက်လာတာမဟုတ်ပဲ အစိတ်စိတ် အပိုင်းပိုင်း ထွက်လာတာပေါ့။ သို့ပေမဲ့ ထည့်ထားတဲ့ အစာပလာတွေကကောင်းတော့ ကလေးနှစ်ယောက်က အရမ်းကြိုက်ပြီး “အရမ်းကိုကောင်းတဲ့ မုန့်ပြစ်သလက်”၊ “အရမ်းကိုကောင်းတဲ့ မုန်ပြစ်သလက်” ဆိုပြီး အားပါးတရ စားနေကြတာပေါ့။ အဲ့အချိန်မှာပဲ ရပ်ကွက်ထဲမှာ ဘီဘီစီလို့အမည်ရတဲ့ ဒေါ်ညွန့်ရီက အိမ်ကို အလည်ရောက်လာပြီး သားတို့သမီးတို့ ဘာတွေစားနေကြတာလဲဆိုပြီး မေးလိုက်တော့ ကျိုင်းတို့ မေချမ်းတို့ကလည်း မုန့်ပြစ်သလက် အ၀ိုင်းမှန်းလေးထောင့်မှန်းမသိဆိုတော့ “အရမ်းကိုကောင်းတဲ့ မုန့်ပြစ်သလက်” ဆိုပြီးဖြေလိုက်တာပေါ့။ အဲ့မှာ ဘီဘီစီဒေါ်ညွန့်ရီက ကြည့်လိုက်တော့ (မုန့်ပြစ်သလက်သာ ပြောတာ တကယ်က ကြက်ဥမွှေကြော်လိုလို ထမင်းကြော်လိုလို) သားတို့မုန့်ပြစ်သလက်က တမျိုးပါလားတဲ့။ ကျနော်လည်း မနေသာတော့ပဲ ဒေါ်ညွန်ရီရ ဒါဗီယက်နမ်မှာလုပ်တဲ့ ဗီယက်နမ်မုန်ပြစ်သလက်ဗျ၊ သူတို့ အဒေါ်က အင်တာနက်ကနေ လုပ်နည်းတွေဖတ်ပြီးလုပ်ကျွေးတာ ဘာမှတ်လဲ စားကြည့်ပါလား ဆွေမျိုးမေ့သွားမယ်။ အဲ့အချိန် ကလေးတွေကလည်း အရမ်းကိုကောင်းတဲ့ မုန်ပြစ်သလက် ဆိုပြီးအားပါးတရစားနေ၊ သူကိုယ်တိုင်လည်း ဗီယက်နမ်ဘယ်ဘက်ရှိမှန်းမသိတော့ ဘာမှမပြောသာတော့ဘူးပေါ့။ အခုတော့ ဘီဘီစီကျေးဇူးနဲ့ တစ်ရပ်ကွက်လုံး ဗီယက်နမ်မုန်ပြစ်သလက် စားချင်တယ်ဆိုပြီး သားလာလာ မေးနေတယ် အန်တီပေါက်ရေ။

No comments:
Post a Comment