Aung Aung Myint shared a post to your timeline.
Zaw Win added 2 new photos.
ဒီကြေညာချက်
အပိုဒ် ၈ နဲ့ ပတ်သက်ပြီး "လူပေါင်း အများအပြားသေ၊ လူပေါင်း အများအပြား
ထွက်ပြေးကြရတဲ့ ကပ်ဘေးကြီးကို ခင်ဗျားတို့က
တရားခံလက်ညှိုးထိုးလို့မရဘူးဆိုတော့ ခင်ဗျားတို့နိုင်ငံရေးက လူမိုက်အားပေး
နိုင်ငံရေးပဲ" လို့ ကျနော် ကွန်မန့်ရေးပြီး ဝေဖန်ခဲ့ပါတယ်။
"အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်မှာစိုးလို့ ဒီလိုကိစ္စကြီးကို နှုတ်ပိတ်နေရမယ်ဆိုတော့ ခင်ဗျားတို့နားလည်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဟာ လုပ်သမျှငြိမ်ခံ၊ သဒ္ဓါသလောက်လက်ဖြန့်တောင်းတဲ့ သင့်မြတ်ရေးပဲ" လို့လည်း ကျနော် မှတ်ချက်ရေး ဝေဖန်ခဲ့ပါတယ်။
အဲဒီတော့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ FPPS ရဲ့ ပြောရေးဆိုခွင့် ရှိသူပါလို့ဆိုတဲ့ မစုဆိုသူက "ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ် ပြောခွင့်ရှိပါတယ်။ ဒါပေမယ့် ကျမတို့နိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့လိုပါတယ်" လို့ ပြန်ပြောပါတယ်။
"ခင်ဗျားတို့ စောစောကတည်းက ဥပဒေကို လေးစားလိုက်နာခဲ့ရင် ခင်ဗျားတို့ နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့မှာ မဟုတ်ဘူးလို့" ကျနော် ထပ်ပြီး ဝေဖန်ပါတယ်။
အဲဒီကွန်မန့်တွေကို သူတို့ဖျက်သွားပါတယ်။
ကျနော် ဗုဒ္ဓဘာသာဗမာအမိအဖစစ်စစ်က မွေးဖွားခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေက မွတ်ဆလင်တွေကို မတရားပြုမူနေတာကို လက်ပိုက်ကြည့်မနေနိုင်ဘူး။ အဲဒါဟာ ဗုဒ္ဓဘာသာကိုရော အစ္စလာမ်ဘာသာကိုပါ စစ်အာဏာရှင်စနစ်ဆိုးက နင်းချေဖျက်ဆီးနေတာကို ကာကွယ်နေတာဖြစ်ပါတယ်။
လူသတ်၊ မုဒိန်းကျင့်၊ မီးရှို့တာတွေကို နှုတ်ပိတ်ငြိမ်ခံနေမှ ဒီမိုကရေစီရမယ်လို့ ခင်ဗျားတို့ ယုံကြည်တယ်ဆိုရင် အဲသလို ဒီမိုကရေစီမျိုးကို ကျနော်မလိုချင်ဘူး။

No comments:
Post a Comment