25 march 2017.
Message body
ဗွီအိုအေမြန်မာ နေ့စဉ်သတင်းလွှာ
မတ်လ ၂၅၊ ၂၀၁၇
ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ တီဗွီမဂ္ဂဇင်း၊ တီဗွီသတင်းလွှာ အစီအစဉ်များ... |
မြန်မာ
အိန္ဒိယတော်ပီဒို မြန်မာကိုရောင်းမည်
ဒေသတွင်းမှာ တရုတ်ရဲ့ စစ်အင်အားကြီးမားလာမှုကို တန်ပြန်ရေး မူဝါဒအရ India နိုင်ငံက မြန်မာနိုင်ငံနဲ့ စစ်ရေးပူးပေါင်းမှု တိုးမြှင့်နိုင်ဖို့ ကြိုးစားနေတာမှာ အပေါ့စား တော်ပီဒိုတွေကို မြန်မာနိုင်ငံကို တင်ပို့မှာဖြစ်ပါတယ်။ အပြည့်အစုံ
ရခိုင်အရေး အစိုးရဆောင်ရွက်ချက် HRW မယုံကြည်
ရခိုင်ဒေသက လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို မြန်မာဒုသမ္မတ ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်က စုံစမ်းစစ်ဆေးနေတဲ့အပေါ် အယုံအကြည်မရှိ ကြောင်းနဲ့ ရိုဟင်ဂျာမူဆလင်တွေပေါ် ဆန့်ကျင်တဲ့ ဘက်လိုက်မှု ရှိနေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောလိုက်ပါတယ်။ အပြည့်အစုံ
ထိုင်းရောက် ဒုက္ခသည် ၇ သောင်း မြန်မာဘက်ပြန်ခိုင်းမည်
အပြည့်အစုံ
ရိုဟင်ဂျာအရေး ကုလ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် မြန်မာအစိုးရ လက်မခံ
ရခိုင်ပြည်နယ်က မူဆလင်တွေအပေါ် ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှု စွတ်စွဲချက်တွေ အတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်ဖို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီက ဒီနေ့ ဆုံးဖြတ်လိုက်တဲ့အပေါ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ပေမဲ့ မြန်မာ အစိုးရဘက် ကတော့ ဒီ အချက်အလက် စုံစမ်းရေးကော်မရှင်ကို လာခွင့်ပြုနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အပြည့်အစုံ
ကြေးနီစီမံကိန်း ဒေသခံပိတ်ဆို့မှု လုံခြုံရေးပစ်ခတ်လူစုခွဲ
" ညနေ ငါးနာရီလောက်မှာ ရဲတွေက ဒိုင်းတွေကာပြီး သေနတ်တွေပစ်ပြီး ကျောက်ကားတွေ မောင်းခိုင်းတယ်။ သေနတ်တွေနဲ့ ရာဘာကျည်သေနတ်တွေနဲ့ ဒေသခံတွေကို ပစ်တာ ဒေသခံ (၁၀) ဦးထက်မနည်း ဒဏ်ရာရတယ်။ " အပြည့်အစုံ
ကိုးကန့်ဒေသ လောက်ကိုင်တိုက်ပွဲ ပြင်းထန်ဆဲ
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အနီး တိုက်ပွဲတွေဟာ အခုဆိုရင် ရက်ပေါင်း ၂၀နီးပါးကြာမြင့်လာနေပြီး ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေသလို မြို့ထဲအထိ လက်နက်ကြီးကျည် ကျတာတွေလဲ ရှိနေဆဲပါပဲ။ အပြည့်အစုံ
ရန်ကုန်မဟာသင်္ကြန် စီးပွားဖြစ်မဏ္ဍပ် ဆောက်ခွင့်မပြု
သင်္ကြန်ပွဲတော်အတွက် စီးပွားဖြစ် ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ခွင့်နဲ့ပတ်သက်ပြီး သတင်းတွေအမျိုးမျိုးထွက်နေ ချိန်မှာ ဒီနှစ် ရန်ကုန် မဟာသင်္ကြန်ပွဲတော်အတွက် စီးပွားဖြစ်မဏ္ဍပ်တွေ ဆောက်ခွင့်မပြုဘူးလို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။ အပြည့်အစုံ
အမေရိကန် ပြည်ဝင်ခွင့် ပိုမိုတင်းကြပ်မည်
အမေရိကန်ပြည်ဝင်ခွင့် Visa လျှောက်ထားကြသူတွေထဲက ဘယ်သူတွေကိုတော့ ပိုပြီး စိစစ်သင့်တယ် ဆိုတာမျိုး သိအောင်လုပ်ဖို့ ကမ္ဘာတဝန်းမှာရှိကြတဲ့ အမေရိကန်သံရုံးတွေ ကောင်စစ်ဝန်ရုံးတွေကို နိုင်ငံခြားရေးဌာနက မှာကြားထားပါတယ်။ အပြည့်အစုံ
ရှုပ်ထွေးတဲ့ မလေး-တရုတ်ဆက်ဆံရေး
တရုတ် ရေတပ်သင်္ဘောတွေကို မလေးရှားနိုင်ငံက ၀ယ်ယူမယ့်ကိစ္စနဲ့ တရုတ်တို့ရဲ့ ဘယ်လို ကျူးကျော်ရန်စမှု မျိုးကိုမဆို ဆန့်ကျင်ဖို့ မလေးရှား နိုင်ငံဘက်က ကင်းလှည့်မှုတွေ အရှိန်မြင့်လုပ်ဆောင်မယ့် လုပ်ရပ်ဟာ နှစ်နိုင်ငံ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေ တိုးမြှင့်လာတဲ့ သဘောဖြစ်သလို တရုတ်နဲ့ မလေးရှားတို့ကြား ရှုပ်ထွေးတဲ့ ဆက်ဆံရေးကိုလည်း ထင်ဟပ်စေပါတယ်။ အပြည့်အစုံ
Republican ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း ပြန်လည် ရုပ်သိမ်း
ရီပတ်ဘလစ်ကင်ပါတီက တင်သွင်းမယ့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဥပဒေကြမ်းအတွက် လုံလောက်တဲ့ မဲအရေအတွက် မရနိုင်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း သိလာရတဲ့ နောက်ပိုင်းမှာတော့ သောကြာနေ့ မဲခွဲဆုံးဖြတ်ရမယ့် အချိန်မတိုင်ခင် ကလေးမှာပဲ ပြန်ပြီး ရုတ်သိမ်းဖို့ ရီပတ်ဘလစ်ကင် ခေါင်းဆောင်တွေကို သမ္မတ Donald Trump ကပြောကြားလိုက်ပါတယ်။ အပြည့်အစုံ
ဗြိတိန်လွှတ်တော်အနီး တိုက်ခိုက်မှု နောက်ထပ် လူ ၂ ဦးကို ဖမ်းဆီး
အပြည့်အစုံ
အကျဉ်းကျခံ အီဂျစ်သမ္မတဟောင်း မူဘာရက် လွတ်ပြီ
အီဂျစ်နိုင်ငံမှာ ၂၀၁၁ ခုနှစ်က အာရပ်နွေဦးလှုပ်ရှားမှုနောက်ပိုင်း၊ ၆ နှစ်ကြာ ထောင်နဲ့ဆေးရုံမှာ နေခဲ့ရတဲ့ သမ္မတဟောင်း Hosni Mubarak ကို ပြန်လွှတ်ပေးလိုက်ပါပြီ။ သမ္မတဟောင်းဟာ ဒီကနေ့မှာပဲ စစ်ဆေးရုံတခုကနေ ဆင်းသွားခဲ့တာပါ။ အပြည့်အစုံ
အိမ်ထောင်ရှင် မြန်မာအမျိုးသမီး ၂၀% အိမ်တွင်း အကြမ်းဖက်မှု ရင်ဆိုင်နေရ
မြန်မာနိုင်ငံမှာ အိမ်ထောင်ရှင် အမျိုးသမီး (၅)ဦးကျစီမှာ ၁ ဦးဟာ အိမ်တွင်း အကြမ်းဖက်မှုကိုခံနေရတယ်လို့ ကျန်းမာရေးနဲပ အားကစားဆိုင်ရာ ၀န်ကြီးဌာနက ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ ၂၀၁၅-၂၀၁၆ ခုနှစ်အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ အပြည့်အစုံ
သင်္ကြန် မဏ္ဍပ်ဆောက်ခွင့်
ဒီနှစ် ရန်ကုန် သင်္ကြန်ပွဲတော်အတွက် စီးပွားဖြစ်မဏ္ဍပ်တွေ ဆောက်ခွင့်မပြုဘူးလို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။ သင်္ကြန်ကာလတွင်း ဖျော်ဖြေကြမယ့် သံချပ်တွေကိုလည်း ကြိုတင် စိစစ်သွားမယ့်သဘောမျိုး ၀န်ကြီးချုပ်က ပြောပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲအကြောင်း ကိုထက်အောင်က တင်ပြထားပါတယ်။ အပြည့်အစုံ
ကမ္ဘာ့သတင်းမီဒီယာတွေထဲက မြန်မာ
ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါးတချို့ကို နန်းလောင်ဝ်က စုစည်းတင်ပြထားပါတယ်။ အပြည့်အစုံ
ဆီးရီးယားအရေး စေ့စပ်ဆွေးနွေးပွဲ
ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ IS စစ်သွေးကြွတွေကို အမြစ်ပြတ် ခြေမှုန်းသွားချင်တဲ့အကြောင်း ၀ါရှင်တန်မြို့တော်မှာကျင်းပတဲ့ IS နှိမ်နှင်းရေး နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ အစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒီအကြောင်း Zlatica Hoke ပေးပို့တဲ့သတင်းကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။ အပြည့်အစုံ
သမ္မတ Trump နဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ
သမ္မတ Trump နဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ အရေးကြီးတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကိုအတည်ပြုဖို့ စေ့စပ်ညှိနှိုင်းရမယ့်အချိန် ကျော်လွန်သွားခဲ့ပြီလို့ အမေရိကန်သမ္မတက ရီပတ်ဘလစ်ကန် အမတ်တွေကို ပြောလိုက်ပါတယ်။ ဒီကိစ္စ ဒီကနေ့ မဲခွဲဆုံးဖြတ်ချက်ကြမှာပါ။ Katherine Gypson သတင်းကို ကိုရန်နိုင် တင်ပြထားပါတယ်။ အပြည့်အစုံ
သတင်းအကျဉ်းချုပ် (၀၃.၂၄.၂၀၁၇)
သတင်းအကျဉ်းချုပ် (၀၃.၂၄.၂၀၁၇) လန်ဒန်တိုက်ခိုက်မှု နောက်ထပ် လူနှစ်ဦးဖမ်းဆီး၊ ဦးကိုနီလုပ်ကြံမှုနဲ့ စွပ်စွဲခံရသူတွေ ရုံးထုတ်၊ ရခိုင်အရေးလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်။ အပြည့်အစုံ
VOA60 World - Ousted Egyptian Leader Mubarak Freed from Jail
Ousted Egyptian Leader Mubarak Freed from Jail အပြည့်အစုံ
VOA60 America - Republicans Scramble to Salvage Health Care Bill
Republicans Scramble to Salvage Health Care Bill အပြည့်အစုံ |
|
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။
burmese@voanews.com
|
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
No comments:
Post a Comment