9 jan. 2017/fate
ဟန်စိုး/ဗျိုင်းနားဘုရင်
a humorous & thought provoking story.
15-8-2016
ကံကြမ္မာ
▄▄▄▄▄
“ တိုင်းပြည်တစ်ခု ချမ်းသာဖို့ဆိုတာ အဲ့ဒီတိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ လည်းသက်ဆိုင်တယ်တဲ့ ”
တနေ့က လ္ဘက်ရည်ဆိုင်ထိုင်ရင်း အစ်ကိုတစ်ယောက်ပြောတဲ့ စကားလေးကို သတိရလာမိပါတယ်။ တိုင်းပြည် တစ်ခုချမ်းသာဖို့ ဆိုတာ အဲ့ဒီတိုင်းပြည်ရဲ့ကံကြမ္မာက အဓိကလား၊ တိုင်းပြည်ကို ဦးဆောင်တဲ့ လူကအဓိကလားဆိုတာ ကိုလည်း မသေမချာနဲ့ ဝေေ၀ ၀ါးဝါး ဖြစ်လာခဲ့ရပါတယ်။
ဟန်စိုး/ဗျိုင်းနားဘုရင်
a humorous & thought provoking story.
15-8-2016
nyeinchansarpay.blogspot.com shared Sai Sithu's photo.
ဗျိုင်းနားဘုရင်
a humorous & food-for-thought story.
Sai Sithu to Migrant Workers News in Myanmar မြန်မာရွှေ့ပြောင်းအလုပ်သမားများသတင်းa humorous & food-for-thought story.
ကံကြမ္မာ
▄▄▄▄▄
“ တိုင်းပြည်တစ်ခု ချမ်းသာဖို့ဆိုတာ အဲ့ဒီတိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ လည်းသက်ဆိုင်တယ်တဲ့ ”
တနေ့က လ္ဘက်ရည်ဆိုင်ထိုင်ရင်း အစ်ကိုတစ်ယောက်ပြောတဲ့ စကားလေးကို သတိရလာမိပါတယ်။ တိုင်းပြည် တစ်ခုချမ်းသာဖို့ ဆိုတာ အဲ့ဒီတိုင်းပြည်ရဲ့ကံကြမ္မာက အဓိကလား၊ တိုင်းပြည်ကို ဦးဆောင်တဲ့ လူကအဓိကလားဆိုတာ ကိုလည်း မသေမချာနဲ့ ဝေေ၀ ၀ါးဝါး ဖြစ်လာခဲ့ရပါတယ်။
၁၉၈၈ခုနှစ်မှာ တစ်တိုင်းပြည်လုံး စည်းလုံးညီညွတ်မှုနဲ့ (၂၆)နှစ်ကြာ
တစ်ပါတီစနစ်နဲ့ အုပ်ချုပ်နေတဲ့ မဆလ အစိုးရကို ဖြုတ်ချနိုင်ခဲ့ပါ တယ်။
ဘယ်အစိုးရမဆို ပြည်သူတွေလက်နဲ့ ပုတ်ချရင်ပြုတ်ကျရ တယ် ဆိုတာလက်တွေ့
တွေမြင်ခဲ့ရပါတယ်။ မဆလ အစိုးရပြုတ် ကျ သွားခဲ့ပေးမဲ့လည်း တိုင်းပြည်ကို
ဦးဆောင်နိုင်မဲ့ ခေါင်းဆောင်ကောင်း မရှိခဲ့ကြလို့ ကျွန်တော်တို့
အိမ်မက်တွေ ပြိုလဲပြီး နအဖ၊ န၀တ ဆိုတဲ့ အာဏာရှင်စနစ်အောက်ကို ထပ်မံ ကြရောက်
ခဲ့ရပါ တယ်။ အဲဒီမှာ စဉ်းစားစရာ တစ်ခုတွေ့လာရပါတယ်၊ န၀တ အာဏာရှင်
လက်အောက်ကို ထပ်မံကျရောက်ခဲ့ရတာ ခေါင်းဆောင်ကောင်း မရှိခဲ့လို့လား
တိုင်းပြည်ရဲ့ ကံကြမ္မာကြောင့်လား …။
တိုင်းပြည်တစ်ခုရဲ့ ခေါင်းဆောင်ဟာ တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ တိုက်ရိုက်ပတ်သက်မှုရှိနေတယ်လို့ထင်မြင်မိ ပါတယ်။ ၈၈ အရေးအခင်းကာလ အတွင်းက သူငယ်ချင်းတစ်ယောက်ပြောပြတဲ့ ပြဇာတ်လေးတစ်ခု အကြောင်းကို ပြန်လည် ဖောက်သည်ချချင်ပါ တယ်။ သူ့ပြဇာတ်ထဲမှာက ချမ်းသာကြွယ်ဝတဲ့ တိုင်းပြည်တစ်ခုမှာ ဘုရင်ကြီးတစ်ပါး နတ်ရွာစံ သွားတဲ့ နေရာက စပါတယ်။
ဘုရင်က နတ်ရွာစံ သွားပြီး နန်းတက်ဖို့ အိမ်ရှေ့စံကလည်းမရှိလို့ နန်းတော် ထဲ က ၀န်မင်း အပေါင်းတို့လည်း ဒုက္ခရောက် နေကြရပါတယ်။ ဘုရင်နတ်ရွာစံ သွားတဲ့အကြောင်း တခြားတိုင်းပြည် တွေကသိရင် တိုင်းပြည်ရဲ့ အန္တရာယ်ကလည်း ရှိနေသေးလို့ လူသိရှင်ကြားလည်း မကြေငြာရဲဘူးဖြစ်နေတယ်။ ဒီလိုနဲပဲ တိုင်းပြည်ရဲ့ရှေးရိုးအစဉ် အလာအတိုင်း ဘုရင်ရွေးဖို့အတွက် စီစဉ်ကြပါတော့တယ်။
သူတို့ တိုင်းပြည်က ဘုရင်ရွေးဖို့ တခြားတိုင်းပြည်တွေလို ဖုတ်သွင်း ရထားမသုံးပဲ ဗျိုင်းကြီး တစ်ကောင် မွေးထားတယ်။ ဒီဗျိုင်းကြီးကို လွတ်ပေးလိုက်လို့ ဗျိုင်းသွားနားတဲ့လူကို ဘုရင်အဖြစ် သတ်မှတ်ပြီး နန်းတင်ရမယ်။ ဒါနဲ့ပဲ ၀န်ကြီးတွေက နေ့ကောင်းရက်သာရွေးပြီး ဘုရင်အရှာထွက်ဖို့ ဗျိုင်းကြီးကို လွှတ်ပေးလိုက်ကြတယ်။
ဗျိုင်းကြီးလည်း အလှောင်ခံထားရတာ ကြာပြီဖြစ်လို့ လွှတ်ပေး တုန်း အားရပါးရပြန်မယ်ဆိုပြီး လျှောက်ပြန်နေလို့ သူ့အနောက် လိုက် ရတဲ့ ဗိုက်ပူပူနဲ့ တောင်ရှည် ခေါင်းပေါင်းတွေနဲ့ ၀န်ကြီးတွေ လည်း ကိုးယို့ကားရား ဖြစ်နေကြတာပေါ့။ နောက်ဆုံးတော့ ဗျိုင်း ကြီးလည်း အတောင်တွေ ညောင်းလာပြီး ဈေးအမှိုက်ပုံ အနားမှာ အိပ်နေတဲ့ အရက်သမား ငပြားရဲ့ကိုယ်ပေါ်မှာ သွားနားလိုက် တယ်။
ငပြားက ဈေးထဲမှာ ဟိုစွဲဒီစွဲ ဟိုတောင်းဒီတောင်း ရရသောက် သောက် နေတဲ့ လူတစ်ယောက်ပါ၊ ဈေးခေါင်းနဲ့ အမြဲပြသနာဖြစ်၊ ဟင်းသီးဟင်းရွက်သည်၊ ငါးစိမ်းသည်ကအစ တစ်ဈေးလုံးသူနဲ့ အဆင်ပြေတဲ့သူ ရှားတယ်။ သူနဲ့ အဆင်ပြေတဲ့လူဆိုလို့ ၀က်သား ရောင်းတဲ့ အဟုတ် ဆိုတဲ့တရုတ်တစ်ယောက်ပဲရှိတယ်။ အဟုတ် က ဈေးထဲမှာ အရက်ပုန်းလည်းရောင်းတယ် ဒါကြောင့် သူတို့ နှစ်ယောက်က ပုလင်းတူဘူးစို့ ဖြစ်နေတာ။
ဒီလိုနဲ့ ၀န်ကြီးတွေလည်း ငပြား အပေါ်မှ ဗျိုင်းကနားလိုက်တော့ မတတ်နိုင်တော့ပါဘူး ဒီလူကိုပဲဘုရင် အဖြစ်တင်မြှောက်ကြမယ် လို့ သက်တော်ရှည်အမတ်ကြီးကဆုံးဖြတ်ပြီး ငပြားကို ဘုရင်စီးတဲ့ ဝေါယာဉ်ပေါ် တင်ဖို့လုပ်တယ်။ အဲ့ဒီအချိန်မှာ ၀န်ကြီးတစ်ပါးက ဘုရင်က ဒီအရက်သမားဆိုတာ ပြည်သူတွေသိသွားရင်မဖြစ်ဘူးလို့ ဆိုပြီး အနီးမှာရှိတဲ့ လက်တွန်းလှည်းပေါ်တင်ပြီး နန်းတော်ကို ပင့် ဆောင်လာခဲ့ကြတယ်။
နန်းတော်ထဲရောက်တော့ အမွေးနံ့သာတွေနဲ့ ရေမိုးချိုးပေးပြီး ဘုရင် အ၀တ်အစားတွေ ၀တ်ပေးလိုက်ကြတယ်။ ဒီလိုနဲ့ ငပြား လည်း ဘုရင်ဘ၀ကိုရောက်လာခဲ့တယ်။ တိုင်းပြည်ကိုလည်း ဘာဘွဲ့၊ ညာဘွဲ့ ဘွဲ့တွေအများကြီးနဲ့ ဘုရင်မင်းတြားကြီး နန်းတက်တယ် ဆိုပြီး ကြေငြာခဲ့ကြတယ်။
ငပြားလည်းဘုရင်ဖြစ်နေပြီး ရွှေခွက်ငွေခွက်တွေနဲ့ ဘုန်းပေး နေရ ပေမဲ့လည်း သူ့အတွက်ကအဆင်မပြေလှဘူး၊ တချိန်လုံး အဟုတ် ကို တမ်းတနေတယ်၊ အဟုတ်ကို နန်းတော်ထဲ ခေါ်အေးဖို့ အတွက် လည်း ၀န်ကြီးတွေကိုအမြဲ နားပူနားစာလုပ်နေတယ်။ ၀န်ကြီးတွေ လည်း တရုတ်ကို နန်းတော်ထဲ ခေါ်လာတာသိရင် ပြည်သူတွေက ကန်ကွက်လာရင် ဒုက္ခဆိုပြီး ဒီတရုတ်ကလွဲပြီး ဘုရင်ကြီးလိုတာ မိန့်ပါ ဆိုပြီး ငပြားလိုအပ်နေတဲ့ သေရည်ဆက် လိုက်မှ အဆင် ပြေသွားတယ်။
ငပြားလည်း သေရည်သောက်လိုက်၊ ပုလ္လင်ပေါ်ထိုင်လိုက်နဲ့ပဲ အချိန် တွေကုန်လာတယ်။ ဒီလိုနဲ့ တရက်တော့ ၀န်ကြီးတွေက တိုင်းခန်း လှည့်လည်ဖို့အတွက် ဘုရင်ကြီးကိုလျှောက်ထားကြတယ်။ ငပြား ကလည်း သောက်နေရရင် ကျေနပ် နေတဲ့သူဆိုတော့ အပြင်တွေ ဘာတွေသိပ်ထွက်ချင်တဲ့သူမဟုတ်ဘူး၊ တိုင်းခန်းလှည့်တယ် ဆို တာ သူနားမလည်ဘူး၊ သူသိတာက ဈေးတ၀ိုက် ပဲဖြစ်လို့ တိုင်းခန်း မလှည့်ဘူးဝေးတယ်၊ ဈေးခန်းပဲလှည့်မယ်ဆိုလို့ ၀န်ကြီးတွေ လည်း ဘုရင့်စိတ်တိုင်းကျ ဈေးခန်းလှည့်ဖို့ ပြင်ဆင်ရတယ်။ အဲ့ဒီ အချိန်က စပြီး တိုင်းပြည်ပျက်တော့တာပဲ။
နေ့ကောင်းရက်သာတရက်ရွေးပြီး ဘုရင်ကြီးနဲ့အပေါင်းပါတွေဟာ ဈေးခန်းလှည့်ကြတယ်။ ဘုရင်ကြီးကြွ လာမယ်ဆိုတော့ ဈေးသူဈေး သားတွေလည်းစုပေါင်းပြီးရောက်ရှိလာကြတယ်။ ဈေးကိုရောက် တော့ စည်းမရှိကမ်းမရှိ ဖြစ်ပြီး ညစ်ပတ်နေတဲ့ ဈေးကြီးကိုကြည့်ပြီး သူအရက်သမားဘ၀က နေထိုင်ခဲ့တာတွေကို ပြန်သတိရ နေတယ်။ ဈေးကြီးကို ရတနာသိက္ခငပြားဈေးတော်ကြီး ဆိုပြီး အမည် သမုတ် ခဲ့တယ်။
ဈေးသူဈေးသားတွေ မော်ဖူးခွင့်မရှိလို့ ဘုရင်ကဘယ်သူ ဘယ်ဝါဆိုတာ အားလုံးကမသိကြပေမယ့် ကုန်စိမ်းရောင်းတဲ့ အ၀င်း ကတော့ လျှင်ပါတယ်။ သူ့ဘေးမှာ ထိုင်နေတဲ့ အခြားဈေး သည် တွေကိုလက်တို့ပြီး ဘုရင်ကြီးက အရင်ငါတို့ဈေးက အရက် သမား ငပြားဆိုပြီး အတင်းတုတ်ပါလေရော။ ဒါကိုသိသွားတဲ့ငပြား ကလည်း တွေ့ကြသေးတာပေါ့ ငါ့ကို အမြဲအော်ဟောက် နေတဲ့ဟာ တွေလို့ စိတ်ထဲကရေရွတ်ပြီး ၀န်မင်း ဈေးသူဈေးသားတွေ အတွက် အမိန့်တော်ချမှတ်မယ်ဆိုပြီး ကြေငြာခိုင်းတယ်။
ဝန်မင်းလည်း ဘုရင်မင်းမြတ်အမိန့်တော်ချမှတ်မယ် အားလုံးငြိမ် ဆိုပြီးအမိန့် ထပ်ချတယ်။ လူတွေအားလုံးငြိမ်တော့မှ ဘုရင်ကြီးက ဟင်းသီးဟင်းရွက်ဆိုတာ မြေကြီးပေါ်ကရတဲ့ ပစ္စည်းဖြစ်သလို ရေထွက်ပစ္စည်းဆိုတာ ကလည်း ရေထဲက အလကားဖမ်းလို့ရတာ မို့လို့ ပြည်သူပြည်သားတွေကို ရောင်းချခြင်း မပြုရဘူး။ ဈေးထဲမှာ အခမဲ့ပေးရမယ် လို့အမိန့်တော်ချမှတ်လိုက်တယ်။
ဝက်သားရောင်းတဲ့ အဟုတ်ကိုကြည့်ပြီး မောင်မင်းက ဥပတိရုပ်နဲ့ ပြည့်စုံတဲ့အတွက် ဈေးခေါင်းလုပ်ရမယ် ဆိုပြီးမိန့်တယ်။ ဘေးက ၀န်ကြီးတစ်ပါးက ဒီဈေးမှာ အရင်ဘုရင်အဆက်ဆက် လုပ်ခဲ့တဲ့ ဈေးခေါင်းရှိပြီးသားလို့ ဘုရင်ကြီးကို သတိပေးလိုက်တယ်။ ဒါနဲ့ ဘုရင်ကြီးက ဈေးခေါင်းရှိပြီးသားဆိုရင် မောင်မင်းက ဈေးခေါင်းချုပ် ကြီးလုပ်ရမယ်လို့ ထပ်မိန့်တယ်။ ဒီမြို့မှာဈေးက တစ်ခုတည်းရှိတာ ဈေးခေါင်းချုပ်ဆိုတာ မရှိသင့်ပါဘူးလို့ ၀န်ကြီး တစ်ပါးက လျှောက် တယ်။ ငပြားက ၀န်မင်း အခုငါဟာဘုရင်ဖြစ်တယ် ငါ့သဘောကျ လုပ်တာ၊ မောင်မင်းမနက်ဖြန်ကစပြီး ၀န်ကြီးမလုပ်နဲ့လို့ ငါပြောရင် မောင်မင်းဝန်ကြီးဟုတ်တော့မှာ မဟုတ်ဘူး။ ပါးစပ်ပိတ်ထားပါလို့ ပြောလိုက်တော့ အဲ့ဒီဝန်ကြီးလည်း ငါပါဒုက္ခထဲပါတော့မှာပဲ ဆိုပြီး ပါးစပ်ပိတ်သွားခဲ့တယ်။ ဒီလိုနဲ့ဘဲ ရတနာသိက္ခဈေးတော်ကြီးမှာ အဟုတ်က ဈေးခေါင်းချုပ်ကြီးဖြစ်လာပြီး အ၀င်းတို့ကတော့ အလှူ ရှင်တွေဖြစ်လာခဲ့တယ်။
တိုင်းခန်းလှည့်ရတဲ့ အရသာကိုသိသွားတဲ့ ငပြားလည်း တနေ့တနေ့ ဟိုသွားမယ်၊ ဒီသွားမယ်ဆိုတာချည်းပဲ။ တနေရာရောက်ရင် ဥပဒေ တစ်မျိုးထုတ်ပြန်တာတွေလုပ်လာတယ်။ ၀န်ကြီးတွေလည်း တော် တော်စိတ်ညစ်နေခဲ့တယ်။ တရက်မှာတော့ တိုင်းခန်းလှည့်မယ် ဆို လာလို့ ၀န်ကြီးတွေ လည်းကြိုတင်တိုင်ပင် ထားတဲ့အတိုင်း ရာသီ ဥတုကို အကြောင်းပြပြီး ဘုရင်ကိုအပြင်မထွက်ဖို့ တားကြ တယ်။
ငပြားကရေချိန်ကျော်နေပြီဖြစ်လို့ တိုင်းခန်းမလှည့်ရင် ပြင်းစရာ ကောင်းတယ်။ ဒီတော့အမိန့်တော်ချမှတ်မယ်ဆိုပြီး အပျိုတော်တွေ နဲ့ ၀န်ကြီးတွေကိုနှစ်ပါးသွား ကခိုင်းတယ်။ ဘုရင့် အမိန့်ဆိုတော့ ၀န်ကြီးတွေလည်းကရတော့တာပေါ့။ ၀န်ကြီးတွေလည်း ကပြီးသွားလို့ မောနေကြပြီး အနားယူမယ်လုပ်တုန်း နောက်ထပ်အမိန့် တစ်ခု ထပ်ထုတ်တယ်။ ၀န်ကြီးတွေ နပမ်းလုံးရမယ်။ ရှုံးတဲ့သူက မျက်နှာ ကိုထုံးနဲ့သုတ်ရမယ်။ အနိုင်ရတဲ့ ၀န်မင်းကို ဘုရင်ရှာဖွေရင်သုံးတဲ့ ဗျိုင်းကြီးကို ဆုတော်အဖြစ်ချီးမြှင့်မယ် ဆိုပြီးမိန့်တယ်။ ၀န်ကြီးတွေ လည်း ဘုရင့်အမိန့်မလွန် ဆန်နိုင်တာနဲ့ ကြီးကောင် ကြီးမားတွေနဲ့ နပမ်းသတ်ခဲ့ကြတယ်။ နန်းတော်တစ်ခု လုံးလဲ ထုံးတွေနဲ့ မြင်လို့ တောင်မကောင်းတော့ဘူး။ နောက်ဆုံး အနိုင်ရတဲ့ ၀န်မင်းလည်း ဗျိုင်းကြီးကိုဆု အဖြစ်ရရှိလိုက်တယ်။ ဆုရတဲ့ဝန်ကြီးက ဒီလိုတွေ ဖြစ်လာရတာ မင်းကြောင့်လို့ဆိုပြီး ဗျိုင်းကြီးကိုတိုင်နဲ့ ရိုက်သတ် လိုက်တယ်တဲ့။
ဒါကတော့ ခေါင်းဆောင်တစ်ယောက်ကြောင့် တိုင်းပြည် ဗရုတ် သုတ်ခ ဖြစ်ရတဲ့ ဟာသလေးတစ်ခုပါ။ တိုင်းပြည်အုပ်ချုပ်တဲ့ သူ တစ်ယောက်ကြောင့်တိုင်းပြည် ဒုက္ခတွင်းထဲရောက်ခဲ့ပါတယ်။ ဒါက ကံကြမ္မာကြောင့်လား၊ ဦးဆောင်သူ ကြောင့်လား၊ ဗျိုင်းနား လိုက်တဲ့ ငပြား အသိစိတ်ရှိပြီး တိုင်းပြည်ကောင်းအောင်လုပ်ရင် တိုင်းပြည် ကောင်းသွားနိုင်တာပေါ့။
ကျွန်တော်တို့ တိုင်းပြည်မှာလက်ရှိအစိုးရဟာ ပြည်သူလူထုဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဖြစ်ပြီးတော့ ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်တဲ့ အစိုးရဖြစ်နေပါပြီ။ ကျွန်တော်တို့ နှစ်ပေါင်း များစွာ လိုချင်တက်မက်ခဲ့တဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့လည်း တိုင်းပြည်ကို အုပ်ချုပ်နေပါပြီ။
ကျွန်တော်တို့နိုင်ငံရဲ့ကံကြမ္မာဟာ ခေါင်းဆောင်တစ်ယောက်ပေါ်မှာ မှီတည်တယ်ဆိုရင်တော့ တိုင်းပြည်ဟာ ငြိမ်းချမ်းမှုများနဲ့ပြည့်စုံပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့အလယ်မှာ ရပ်တည် နိုင်လာတော့မယ်လို့လဲ ထင်မြင်မိပါတယ်။ ဒီလိုမှမဟုတ် တိုင်းပြည် ဆက်လက်ဆင်းရဲနေမယ် ဆိုရင်တော့ တိုင်းပြည်ဆင်းရဲတာ ချမ်း သာတာဟာ ခေါင်းဆောင်နဲ့မသက်ဆိုင်ပဲ တိုင်းပြည် တစ်ပြည်ရဲ့ ကံကြမ္မာနဲ့သာသက်ဆိုင် တယ်လို့ လက်ခံပေးရပါလိမ့်မယ် လို့ ထင်မြင်မိပါတယ်…… ။
ဟန်စိုး

No comments:
Post a Comment