ဧည့်သည်တိုင်း၏ လမ်းခရီး
----------------------------------------------------
လာတုန်းကလည်းတစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း ။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း ။
လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ ဝန်းကျင်ယှက်နွယ်
နှောင် ကြိုး သွယ် ခဲ့ ။
ပြုံးရယ် မဲ့ငို ချစ် မုန်း ပို ကြ
မလို ဒေါသ လိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဖြုတ်ခါ
သုတ်သုတ်ဆောလျင် ခရီးနှင်သည်
ဒို့လျင် ဧည့်သည်ပါတကား ။
ငါသည်ပင်မူ
ခေါ်သူမရှိ ရောက်လာမိစဉ်
နှင်သူမရှိ ပြန်ဖို့ရှိ၏
ငါနေသည့်အိမ် ငါ၏အိမ်ဟု
ငါ့အိမ်မှာထား ငါ့မယားနှင့်
ငါ့လင်သားနှင့် ငါ့သားသမီး
ငါ့ ပစ္စည်းဟု
ယူသည့်စိတ်စွဲ အမှတ်လွဲခဲ့ ။
အမှန်မှာမူ
ငါလာသောအခါ လက်ဗလာတည်း
ပြန်ရပါလျင် လက်ချည်းပင်တည်း
ငါ့တွင် ••• ကိုယ်ပိုင်မရှိပါတကား။
လာသူလည်းလာစမ်းပါစေ
မဆီးလေနှင့်
သွားသူလည်းသွားစမ်းပါစေ
မတားလေနှင့်
တို့တတွေမှာ သဘာဝလျှင် အမိရင်ဝယ်
ထွက် ဝင် ခိုနား ခရီးသွားသည့်
#ဧည့်သည်တွေပါတကား - - - ။
(ကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရားကြီး )
အရှင်ရာဇာနန္ဒ
ကန့်ဘလူသျှင်ရာဇာ(ကိုးမြို့)
၆ • ၉ • ၂၀၁၇
----------------------------------------------------
လာတုန်းကလည်းတစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း ။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း ။
လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ ဝန်းကျင်ယှက်နွယ်
နှောင် ကြိုး သွယ် ခဲ့ ။
ပြုံးရယ် မဲ့ငို ချစ် မုန်း ပို ကြ
မလို ဒေါသ လိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဖြုတ်ခါ
သုတ်သုတ်ဆောလျင် ခရီးနှင်သည်
ဒို့လျင် ဧည့်သည်ပါတကား ။
ငါသည်ပင်မူ
ခေါ်သူမရှိ ရောက်လာမိစဉ်
နှင်သူမရှိ ပြန်ဖို့ရှိ၏
ငါနေသည့်အိမ် ငါ၏အိမ်ဟု
ငါ့အိမ်မှာထား ငါ့မယားနှင့်
ငါ့လင်သားနှင့် ငါ့သားသမီး
ငါ့ ပစ္စည်းဟု
ယူသည့်စိတ်စွဲ အမှတ်လွဲခဲ့ ။
အမှန်မှာမူ
ငါလာသောအခါ လက်ဗလာတည်း
ပြန်ရပါလျင် လက်ချည်းပင်တည်း
ငါ့တွင် ••• ကိုယ်ပိုင်မရှိပါတကား။
လာသူလည်းလာစမ်းပါစေ
မဆီးလေနှင့်
သွားသူလည်းသွားစမ်းပါစေ
မတားလေနှင့်
တို့တတွေမှာ သဘာဝလျှင် အမိရင်ဝယ်
ထွက် ဝင် ခိုနား ခရီးသွားသည့်
#ဧည့်သည်တွေပါတကား - - - ။
(ကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရားကြီး )
အရှင်ရာဇာနန္ဒ
ကန့်ဘလူသျှင်ရာဇာ(ကိုးမြို့)
၆ • ၉ • ၂၀၁၇
No comments:
Post a Comment