Wednesday, March 6, 2013

Lun Swe “ဒီဘုန်းကြီး သိပ်အာက်တန်းကျတယ်လို့ပဲ ခတ်ဆတ်ဆတ်လေး ပြောချင်တယ်။”

Lun Swe “ဒီဘုန်းကြီး သိပ်အာက်တန်းကျတယ်လို့ပဲ ခတ်ဆတ်ဆတ်လေး ပြောချင်တယ်။”
by Paukpauk Estateagent on Wednesday, March 6, 2013 at 7:19pm ·

tin Win Akbar likes a link.




Lun Swe

“ဒီဘုန်းကြီး သိပ်အာက်တန်းကျတယ်လို့ပဲ ခတ်ဆတ်ဆတ်လေး ပြောချင်တယ်။”


Ko Nyo' Status


ဒီဘုန်းကြီးက ဒီမိုကရေစီရဲ့ အနှစ်သာရကို သဘောပေါက်ပုံမရဖူး၊ ငါ့စကားနွားရဟောနေတယ်။ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးမတည်မငြိမ်ဖြစ်အောင် ဟောနေတယ်။ လူမျိုးရေးတို့ ခတ်ညံ့ညံ့ အမျိုးသားရေးတို့ဟာ စည်းရုံးရလွယ်ကူသလို လူကြိုက်များရင်လည်း များမယ်၊ ဒါပေမဲ့ အပေါစားကြီး။ ဘယ်ဘက်မှ အကျိုးမရှိသလို ဒီမိုကရေစီကိုဆန့်ကျင်တဲ့ လူမျိုးရေး ဘာသာရေး အစွန်းရောက်မှုတွေ၊ ပဋိပက္ခတွေ တိုင်းပြည်မတည်မငြိမ်မှုတွေပဲဖြစ်စေတယ်။ ၀ီရသူ ၂ဘက်ချွန်မလုပ်ပါနဲ့။ ကိုယ့်သိက္ခာနဲ့ ကိုယ်နေ။ ခတ်ပေါပေါ စည်းရုံးရေးတွေထလုပ်မနေနဲ့ ။အဲဒါ ဘုရားမကြိုက်ဖူး။ရဟန်းပညာရှိ လူပညာရှိတွေလည်း သဘောမတွေ့ဖူး။ ပညာတတ်တွေ အမြင်ကျယ်သူတွေလည်း မကြိုက်ဖူး။ ဒီမိုကရေစီနိုင်ငံသစ်နဲ့ အတွေးအခေါ်အသစ်တွေကိုလည်း အနှောက်အယှက်ပေးတယ်။ ဒီအဟောအပြောမျိုးတွေကို သန်းရွှေခေတ်ကလည်း လုပ်ခဲ့ကြသေးတယ်။ ဒီခေတ်သစ်မှာ လာပြီးအတွေးအခေါ်ဟောင်းတွေကို သယ်မလာနဲ့။ ဒီခေတ်သစ်မှာအဲလို အောက်တန်းကျကျအဟောအပြော နဲ့ အတွေးအခေါ်တွေ ကျုပ်တို့ လက်မခံဖူး၊ဒီအတွေးအခေါ်မျိုးက ကျဉ်းမြောင်းပြီး တန်ဘိုးမဲ့တယ်။ မစင်လို ရွံ ဘို့ကောင်းတယ်။ ဒီဘုန်းကြီးသိတ် အောက်တန်းကျတယ်လို့ပဲ ခတ်ဆတ်ဆတ်လေး ပြောချင်တယ်။





အမျိုးသားရေးပေါ့ပေါ့မတွေးနဲ့ (၁၃မိနစ်) -ဦးဝီရသူ

အမျိုးသားရေးပေါ့ပေါ့မတွေးနဲ့ (၁၃မိနစ်) -ဦးဝီရသူ


အပြည့်အစုံနားထောင်လိုပါက အောက်ပါ YouTube Link မှာ ကြည့်ပါ။


http://www.youtube.com/watch?v=CDaQllLIKho


ဆရာတော်ဟောကြားချက်။



ဒီကနေ့ အဲဒါပဲပေါ့ ဘာပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်ကြပါ။ ဘာအမြင်နဲ့ အလုပ်လုပ်ရမလဲ? အမျိုးသားရေး အမြင်နဲ့ အလုပ်လုပ်ရပါမယ်ဘုရား။ ဘာနဲ့ အလုပ်လုပ် ရမလဲ? အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်ရမယ်။ မျက်စိနဲ့ ကြည့်ရင်လည်း အမျိုးသားရေး အမြင်နဲ့ ကြည့်ရမယ်။ နားနဲ့ကြားနာရင်လည်းပဲ အမျိုးသားရေး အမြင်နဲ့ နားထောင်ရမယ်။ အဲဒီလိုပဲ ဘယ်လိုအလုပ်ပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ပဲ အလုပ်လုပ်ရမယ်။ စားလည်း အမျိုးသားရေး အတွက်ပဲစား၊ သွားလည်း အမျိုးသားရေးအတွက်ပဲ သွား။ အေး အရောင်းအဝယ် လုပ်လည်း အမျိုးသားရေးအတွက်ပဲ အလုပ်လုပ်ပါ။

အဲဒါတွေကိုဦးဇင်းတို့ တိုင်းသူ ပြည်သားတွေမှာ အားနည်းနေလို့ ဒီကနေ့ လိုက်ဟောနေရတာ။
အေး သူတို့တတွေ ကြတော့နော် ခင်ဗျားတို့ကြည့် ဘာပဲလုပ်လုပ် အမျိုးသားရေး အမြင်နဲ့ပဲ အလုပ်လုပ်တာ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးခေတ် မရောက်ခင်တုန်းကစစ်အစိုးရခေတ်၊ စစ်အစိုးရနဲ့ ပေါင်းပြီးတော့ သူတို့တွေ အမျိုးသားရေးအမြင်တစ်ခုတည်းနဲ့ အလုပ်လုပ်ခဲ့ကြလို့


ဒီကနေ့ ရန်ကုန်မြို့ကြီးရဲ့ ဆောက်လုပ်ရေးဈေးကွက်ကိုသူတို့ အုပ်စီးသွားပြီ ချုပ်ကိုင်သွားပြီ။


အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်လို့။ သူတို့လည်းစစ်တပ်ကိုချစ်တယ်လို့တော့ မထင်နဲ့။ သူတို့ အမျိုးသားအကျိုးစီးပွားအတွက် စစ်တပ်နဲ့ ပေါင်းတာ။ အဲဒီလိုပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေး ခေတ်ကောင်းလာတော့ အလုံးလိုက်၊ အရင်းလိုက် ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲသူတို့ ဝင်ကြတယ်။ အမျိုးသားရေးအမြင်နဲ့ နိုင်ငံရေးလုပ်တာ။ နိုင်ငံရေးခံယူချက်ရှိလို့ မဟုတ်ဘူး။ ဒီမိုကရေစီကို နားလည်လို့ မဟုတ်ဘူး။ လူ့အခွင့်အရေးကိုလေးစားလို့ မဟုတ်ဘူး။ သူတို့ ကိုယ်တိုင်ကိုယ်က လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့သူတွေ။


လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ရက်ရက်စက်စက် ချိုးဖောက်နေတဲ့ သူတွေ။ အေးဒါပေမယ့် ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီထဲ ဝင်တယ်။ ဘာကြောင့်လဲ။ ဒီပါတီထဲပါတီအာဏာရရင် သူတို့တတွေ နေရာရမယ်။ သူတို့တွေနေရာရရင် သူတို့ အမျိုးသား အကျိုးစီးပွားအတွက် အများကြီး အလုပ်လုပ်နိုင်မယ်။ နောက်ဆုံးအကာအကွယ် ပေးနိုင်မယ်။ဒီရည်ရွယ်ချက်နဲ့ ဝင်တယ်။


ဒီကနေ့ NLD ခေတ်ကောင်းလာတော့ကော NLD ထဲပြောင်းပြီး သူတို့တွေ နေရာယူ သွားကြပြီ။ ဘယ်မြို့မှာ ကြည့်ကြည့် ရုံးထိုင်နေရင် မုတ်ဆိတ်တွေချည်းပဲ။ အဲတော့ မိတ္ထီလာရောက်တော့ မိတ္ထီလာက ဒကာတော်က လျှောက်တယ်။


ခွပ်ဒေါင်းဟာ ခွပ်ဒေါင်း မဟုတ်တော့ပါဘူး ဆရာတော်၊ မွတ်ဒေါင်း ဖြစ်သွားပါပြီ။


ဘာ့ကြောင့်တုံးဗျ။


မွတ်ဆလင်တွေ ချည်းပဲ။


အေး ခင်ဗျားပြောတဲ့ စကားလည်း မဆိုးဘူးဗျ။


စဉ်းစား ကြည့်နေနော်။ သူတို့ နိုင်ငံရေးခံယူချက် မရှိဘူး။ ဒါပေမယ့် နိုင်ငံရေးလုပ်တယ်။ ဘာအမြင်နဲ့ လုပ်လဲ၊ အမျိုးသားရေးအမြင်နဲ့ လုပ်တယ်။ ဒါဘဲ၊ အဲတော့ ဘာဖြစ်မလဲ၊ သူတို့တွေ နေရာရတာပေါ့။


နေရာရတော့ ဘာဖြစ်မလဲ။ သူတို့လူမျိုး၊ သူတို့ ဘာသာ တိုးတက်အောင် လုပ်နိုင်တာပေါ့။


တစ်ခုပဲပြောလိုက်မယ်။ ဦးဇင်းမြို့လှမြို့ကိုရောက်တယ်။ ဦးဇင်းတွေ ဆီးပြီးတိုင်တယ်။


အာဇာနည်နေ့ကတဲ့ NLDရုံးမှာဆွမ်းကပ်ချင်တာတဲ့။ ဆွမ်းကပ်ခွင့် မရဘူးတဲ့။


ထောင်းခနဲ ဖြစ်သွားတယ်။ ရိုင်းလှချည်လားကွာ၊ ဒီ အုပ်ချုပ်ရေးမှူးက ဒီအာဏာပိုင်တွေက ဗိုလ်ချုပ်အောင်ဆန်းဆုံးတဲ့ နေ့တောင် ဆွမ်းကပ်ခွင့် မပေးဘူး။ ဘာကောင်တွေလဲပေါ့။


မဟုတ်ဘူး ဘုရားတဲ့။ NLD ရုံးက ကုလားအိမ် ငှားပြီးဖွင့်ထားတာ၊ ကုလားကခွင့်မပေးတာ။


သေဟ၊ ပြီးရော၊


သူတို့ နေရာရသွားပြီလေ။ NLDရုံးလေးအငှားဖွင့်တဲ့အိမ်ကတောင်မှ ဒီဆွမ်းလေး ကပ်ခွင့်ကို ပိတ်ပင်ခဲ့ရင် ဒီပါတီ ဥက္ကဋ္ဌ ဖြစ်သွားခဲ့သော်၊


ဒီနိုင်ငံ့ ခေါင်းဆောင်ဖြစ်သွားခဲ့သော်၊ ဒီလွှတ်တော် ကိုယ်စားလှယ်၊ ဒီလွှတ်တော် အမတ်ဖြစ်သွားခဲ့သော် စဉ်းစားကြည့်ပါ။


မလွယ်ဘူးနော်၊ ဒီကိစ္စက အလေးအနက်တွေးလေ ကြောက်စရာကောင်းလေပဲနော်၊ သူတို့တွေ စီးပွားရေးလုပ်လည်း အမျိုးသားရေးအမြင်နဲ့ လုပ်တယ်။


ဒါကြောင့် သူတို့ အမျိုးသားတွေ ဟိုးမြေတွေ လိုက်ဝယ်တာတွေ၊ အိမ်တွေ လိုက်ဝယ်တာ။ ဒီငွေထုပ် ပိုက်ပြီးတော့ မိန်းကလေးတွေ လိုက်တောင်းတာ။ ဒီဟာတွေပြပြီး မိန်းကလေးတွေကို မြူဆွယ်တာ။ အကုန် အမျိုးသားရေးအမြင်နဲ့ အကုန် အလုပ်လုပ်နေတာ။ အကုန်ကပ်တာ။ စစ်အစိုးရ ခေါင်းဆောင်တုန်းက ဗိုလ်ချုပ်ကြီးတွေကို ကပ်တာ။ ပါတီထောင်တော့ ပါတီ ခေါင်းဆောင်တွေကို ကပ်တယ်။


NLD အားကောင်းတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကပ်တယ်။


လိုက်ကြည့် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်က ပြန်လာ၊ နိုင်ငံခြားက ပြန်လာတဲ့အခါ လေဆိပ်မှာသူ့ကားပဲစီးလာတာ။ မန္တလေးကိုလာတယ်။ လေဆိပ်မှာ သူ့ကုလားကားပဲ စီးတာ။ ကပ်ထားပြီ။ အပီကပ်ထားပြီ။


ဘယ် ရော်နယ်ဒို ဘယ်လောက် ကောင်းကောင်း ခင်ဗျား ၄၊ ၅ ယောက် ကပ်ထားတော့ လှုပ်ကိုမလှုပ်တော့ဘူး။


ရခိုင်ပြည် အတုံးအရုံးနဲ့ အသတ်ခံရတာဒေါ်စုတစ်ခွန်းမှ မပြောနိုင်တော့ဘူး။ ဘာတတ်နိုင်တုန်း၊ အဲဒါမှတ်ထား။ သူတို့တွေ အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်နေတာ။


ဓမ္မနဲ့ အဓမ္မ ဆိုတဲ့ မင်းကိုနိုင် ဘာတတ်နိုင်သေးတုန်း၊ ရခိုင် အရေးအခင်းမှာတစ်ခွန်းမှကိုမဟနိုင်တော့ဘူး။ ကပ်ထားပြီ၊


ခင်ဗျားတို့ ရန်ကုန်သတိထား။ အမျိုးသားရေးကိုအလေးအနက်ထားကြမှ ဖြစ်မယ်။ အဲဒီလိုပဲ၊


ဟိုးဦးဇင်းတို့ ပြီးခဲ့တဲ့ ၃ ရက်၊ ၄ ရက်၊ ၅ ရက် လောက်က မွန်ပြည်နယ် သွားတယ်။ တွေ့ခဲ့ရတယ်။ ရာဇာမင်းဆိုတဲ့ ကားအသင်း၊ ကုလားပိုင်ပဲ။ အဲဒီ ကားအသင်းက အဲဒီကားပိုင်ရှင်ကအဲဒီကားအသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်နေ၊ မထသဥက္ကဋ္ဌ ဖြစ်နေတာ။


အေး သူဖြစ်လိုက်ကတည်းက ကထိန်ခင်းခွင့် မပေးတော့ဘူး။ ဘာကြောင့်လဲ။ အပိုအလုပ်တွေ၊ ပြီးပြီ။


သူနေရာရသွားတာနဲ့ တပြိုင်နက် တန်းပြီးတော့ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ လှူဒါန်းခွင့်ကိုပိတ်ပစ်လိုက်ပြီ။ သတိထားပါ။


ဦးဇင်းတို့တွေက အမျိုးသားရေးနဲ့ လူမှုရေးကွဲတယ်။ အဲအမျိုးသားရေးနဲ့ လူ့အခွင့်အရေးကွဲတယ်။


နိုင်ငံရေး သမားတွေက အမျိုးသားရေးနဲ့ လူ့အခွင့်အရေးမကွဲဘူး။


ဒါကြောင့်မို့လို့ သူတို့တွေက ဓမ္မဘက်မှာလည်း မရပ်တည်နိုင်ဘူး။ ပြည်သူဘက်မှာလည်း မရပ်တည်နိုင်ဘူး။


ဒီလို လူတွေသာ ဆက်တိုက် ဆက်တိုက် နေရာရကြည့်။ ကထိန်ခေတ် ဆိုတာတောင် ဘယ်ပျောက်သွားမှန်း သိမှာမဟုတ်တော့ဘူး။ အဲဒါပဲလေ။ သူနေရာရသွားပြီး၊ နေရာရတော့ ဘာဖြစ်လဲ။ ကထိန်ခင်းခွင့်ကို ပိတ်ပစ်လိုက်တယ်။ ကထိန်ခင်းခွင့်ကို ပိတ်ပင်လိုက်တော့ ဘာဖြစ်မလဲ။ ဗုဒ္ဓဘာသာနစ်နာတာ၊ ထိခိုက်တာ၊ ကုသိုလ်တရားတွေ ဆုံးရှုံးသွားတာ။


အေးအဲဒါတွေကိုသိတဲ့အခါကျတော့ မော်လမြိုင်က စာချ ဆရာတော်လေး တွေ စုဖွဲ့ထားတဲ့ သံဃာကွန်ယက်က အဲဒီမှာ စတစ်ကာတွေ ကပ်ပြီး လိုက်ပြီးတော့ ဘာသာတူ လူမျိုးတူ ဆိုင်တွေမှာ ဈေးဝယ်ဖို့၊ ဘာသာတူ လူမျိုးတူကားအသင်းတွေကိုပဲ စီးဖို့၊ ဒါမျိုးလေးလိုက်ပြီးတော့ ဆောင်ပုဒ်လေးတွေနဲ့ ပြောကြတယ်။


စားလည်း ၉၆၉၊ သွားလည်း ၉၆၉၊ ဝယ်လည်း ၉၆၉၊ စီးလည်း ၉၆၉၊ အဲလိုမျိုးတွေ ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာဂုဏ်တော် ၉ ပါး ဒါလေးကို ရည်ရွယ်ပြီးတော့ စားလည်း ၉၆၉ ဝယ်စားခဲ့သော် ဘုရား၊ တရား၊ သံဃာ အထိမ်းအမှတ် သင်္ကေတ အမှတ်အသားပါတဲ့ ဆိုင်တွေမှာ ဈေးဝယ်စားပါ။ သွားလည်း ၉၆၉ ဘာသာတူ လူမျိုးတူတဲ့ ကားအသင်းတွေကို သွားပါ။ အဲဒါမျိုးဆိုတာဝယ်လည်း ၉၆၉၊ ရောင်းလည်း ၉၆၉၊


အေး ကိုယ်က ဈေးတစ်ခု ဝယ်တယ်။ ကိုယ့်ပစ္စည်းတစ်ခုရရုံနဲ့ မပြီးသေးဘူး။ ဒီအမြတ်ငွေ ရန်သူလက်ထဲ ရောက်သွားရင် အမျိုးဘာသာသာသနာအကုန်နစ်နာတယ်။ ဒီငွေတွေနဲ့ မိန်းကလေးတွေကို ယူမယ်။ အတင်းအဓမ္မ ဘာသာသွတ်သွင်းမယ်။ မွေးလာတဲ့ ကလေးတွေ အကုန်လုံး တိုင်းပြည်ရဲ့ အန္တရာယ် ဖြစ်မယ်။ ဘာသာကိုဖျက်စီးမယ်။ သာသနာကိုဖျက်စီးမယ်။ နောက်ဆုံး လူဦးရေတိုးပွားရင် ရခိုင်ပြည်လိုနယ်ချဲ့မယ်။ တိုင်းပြည်ကိုလုယူမယ်။


သွားပြီလေ၊ ဒါကြောင့်မို့လို့ ဒီအဝေးကြီးကို ကြည့်တယ်။ ဒီအရှည်ကို ကြည့်တယ်။


ကိုယ်လိုချင်တဲ့ ပစ္စည်းရရုံလေးနဲ့ ဈေးအလွယ်တကူမဝယ်နဲ့။ ၉၆၉ သင်္ကေတပါတဲ့ ဈေးဆိုင်တွေမှာ ဈေးဝယ်ပါ။


ဒီလိုလိုက်လံပြီးဟောတော့ ဘာဖြစ်တုန်းဆိုတော့ အဲဒီ ရာဇာမင်းကား မော်လမြိုင်ကလူတွေ မစီးကြတော့ဘူးဗျာ။ အဲဒီကျတော့ ဟိုဘက်ကနေ ဒီရန်ကုန်ကို လာရင် ကားကချောင်နေတာပဲ။ လူသိပ်မပါဘူး။ သူတို့ အချင်းချင်းပဲ လာကြတာ။ စီးကြတာ။ ဒါပေမယ့် ရန်ကုန်ကနေဟိုဘက်ကိုလာတဲ့ ကားကျတော့ အပြည့်ဗျ။ ရွှေမြန်မာတွေ အားပေးကြတာ။


အဲတော့ ရာဇာမင်းကားဘာလုပ်လဲ။ ဈေးချပ လိုက်တယ်။ အစတုန်းကတော့ အဈေးအတူ ၆၀၀၀ ပဲ။ ၅၀၀၀ အထိချပလိုက်တယ်။ ၁၀၀၀ သက်သာတယ်။ ဗမာတွေ မစီးဘူး။ ၁၀၀၀ နဲ့ ကိုယ့်ကားပဲကိုယ်စီးမယ်တဲ့။ ထပ်ချလိုက်တယ်။ အဆင့်ဆင့်။ ၃၅၀၀ အထိချ လိုက်တယ်။ အဲဒီအချိန်မှာဗမာတွေ တောင့်ခံ မနေနိုင်တော့ဘူး။ အခု ပြန်စီးနေပြီ။


သွားပြီလေ။ ဒီပွဲသာဗမာတွေရှုံးရင် နောက် ဒီလိုဟာမျိုးတွေ သူတို့တတွေ အုပ်စုဖွဲ့ပြီးတော့ ဒီဆော်ဒီအာရေးဗီးယားတွေလို ရေနံသူဌေးတွေက ထောက်ပံ့တဲ့ ငွေတွေနဲ့ အဲ့စီးပွားရေးတွေ အပြိုင် လုပ်တော့မှာ။ ဒါမျိုးတွေ အများကြီးပဲ။


ဒီတစ်ခုပဲပြောလိုက်မယ်။ ဒါကြောင့်မလို့ ဗမာတိုင်း ဗမာတိုင်း ကလေ ဟိုသက်သာတာလေး တစ်ခုတည်းကို မကြည့်နဲ့ ဒီလို ကိုယ်က ရေသာခိုလိုက်တဲ့အတွက်ကြောင့် ဒီငွေလေး ၁၅၀၀ လောက် ကိုယ်ကြည့်မြင်လိုက်တဲ့ အတွက်ကြောင့် ဒီ ၁၅၀၀ ပေါင်းသောင်းချီသွားရင်၊ သိန်းချီသွားရင် အေးရန်သူရဲ့ အင်အားဟာ ဘယ်လောက်ထိအောင် ကောင်းသွားမလဲ။ ဘယ်လောက်ထိအောင် ကြီးသွားမလဲ။ ကြီးရင် ကြီးသလောက်၊ ကောင်းရင် ကောင်းသလောက် လူမျိုးကိုဝါးမြိုမယ်။ ဘာသာ သာသနာကို ဖျက်စီးမယ်။ နိုင်ငံရဲ့ ရေထု၊ မြေထုတွေကိုလုယူမယ်၊ သိမ်းပိုက်မယ်။


ဒါဘဲ။ အဲဒီအထိကို ကြည့်ပြီးတော့ တစ်မျိုးသားလုံးကဒီဘက်ကသွားတဲ့ လူတွေရော၊ ဟိုဘက်က လာတဲ့လူတွေ အကုန်လုံးညီတူမျှတူကိုယ့်ကားကိုပဲစီးကြမယ် ဆိုရင်တော့ ခရီးသွားတာတောင်မှ၊ ကားစီးတာတောင်မှ အမျိုးသားရေးအမြင်နဲ့ သွားကြမယ်။ အမျိုးသားရေးအမြင်နဲ့ စီးကြမယ်။ နောက်ဆုံးကုလားလျှော့တဲ့ အဲငွေ ၁၅၀၀ သည် ငါ့အမျိုး ဘာသာသာသနာအတွက် လှူဒါန်းပါ၏။ အဲဒီ ၁၅၀၀ အဆုံးရှုံးခံပြီး ကိုယ့်ကားကို စီးလိုက်ပါ။


အေးအဲဒါဆိုရင် ဒီပွဲအနိုင်ရရင်တော့ နောက်ပွဲတွေလည်း ရွှေမြန်မာတွေ ဆက်ပြီးတော့ အနိုင်ရနိုင်ပါတယ်။ အဲဒါဆိုရင် ပစ်မှတ်တစ်ခုချင်း၊ တစ်ခုချင်း၊ တစ်ခုချင်း တစ်ခုချင်း ပြောင်းပြောင်းပြီးတော့ ကိုယ့်အမျိုး ဘာသာသာသနာကို ကာကွယ်သွားရုံပဲ။ အေး ဒီပွဲမှာတော့ ကိုယ်တော်လေးတွေနဲ့ ပြည်သူတွေနဲ့ ပေါင်းပြီးတော့ တိုက်တယ်။ ဒါပေမယ့် ဈေးနှုန်းက အဆမတန် ကွာနေတယ်။ ဒီဘက်ကလည်း သိပ်ပြီးတော့ မချနိုင်ဘူး။ ချနိုင်တဲ့ နည်းလမ်းတွေကို သူတို့ ရှာကြံနေကြတယ်။ ဒါကြောင့်မလို့ ပြည်သူ့အား မပါရင်တော့ အဲဒီမော်လမြိုင် ကျဆုံးတော့မှာ။

Length: ‎13:47
Like · · Share · about an hour ago ·


Tin Win Akbar and 20 others like this.

3 shares

View 4 more comments



Thiri San ဒီဗွီဒီယိုကပေါ်နေတာကြာပြီ....ဘာဖြစ်လို့ယနေ့မှ...ချေးခြောက်ကိုရေနှုးနေရတာတုန်း....ဘုန်းဘုန်းက...နိုင်ငံရေးပါးမ၀လို့...ဒီလိုပြောတာ...နိုင်ငံရေးသမားမဟုတ်လို့...ဒီလိုပြောတာ....အမယ်လေး...ဖွချင်တဲ့သူတွေ...ပွချင်တဲ့သူတွေ....ပေါပါ့....ပေါပါ့....တော်...

53 minutes ago · Like · 3



Myint Kyi I totally agree with U Wi Ya Thu..

31 minutes ago via mobile · Like · 1



Zaw Min Oo အဲဒီဖုန်းကြီးအမှန်တရားကိုဟောတာမဟုတ်ဖူး မဟုတ်တာတွေကို ပြောပီးဟိုလူ့ ပုတ်ခပ်ဒီလူ့ပုတ်ခတ် လုပ်တာဖုန်းကြီးအလုပ်မှမဟုတ်တာ နောက်ပီးသူကိုယ်တိုင်ဘာစာရေးကိုဘာတခုမှနားမလည်ပဲ သူများဘာသာတွေကိုပုဒ်ခတ်နေတော့....တကယ့်ဖုန်းကြီးတွေပါအရှက်ရစရာဖြစ်ရတယ်...သံဃာ့ဝိနည်းဆိုတာရှိတယ် ကိုယ့်ကို ကိုနားလည်အောင်မှန်ထောင်ပီးတရားအရင်ဟောသင့်တယ်....စောက်ရူး...

31 minutes ago · Like



Freedom Bird ဘယ်ဟာကအထက်တန်းကျလဲ။ဘုရားမကြိုက်ဘူးပြောတော့ သူကဘုရားနဲ့စကားပြောဖူးတယ်ထင်တယ်။ပြောလို့မတက်တော့ဘုရားမကြိုက်ဘူးဖြစ်ရောလား

12 minutes ago via mobile · Like


Monday, March 4, 2013

MRTV စကားနဲ.ဆိုရင်တော. စတိုင်ရှိမှ စတားဖြစ်မှာပေါ.။ စစ်တက္ကသိုလ်တို . အိုတီအက်စ် တို.TRAINING ယူမှ ဒီ လိုstar တွေ ရ မှာပေါ.

Khin Mgoo's status.

U Ne Win & successive military dictators train their followers this way( Burmese way to socialism & Disciplined-democracy-way & licensed to rape , loot, etc.).
Old habits die hard.
ကျွ န်တော်တို. ဗမာလိုတော."ခွေးမီးကောက်ကျည်တောက်စွတ်တယ်လို." ဆိုကြပါတယ်။
Burmese way to socialism ကျည်တောက်စွတ်စွတ် Disciplined-democracy-way ကျည်တောက်စွတ်စွတ်
စစ်အာဏာရူးတွေရဲ.နောက်လိုက်တွေ ဆိုတော. အမီးကကော. ဖြောင်.ဖို.မလွယ်ရေးချမလွယ် ပါ။
MRTV စကားနဲ.ဆိုရင်တော. စတိုင်ရှိမှ စတားဖြစ်မှာပေါ.။
စစ်တက္ကသိုလ်တို . အိုတီအက်စ် တို.TRAINING ယူမှ ဒီ လိုstar တွေ ရ မှာပေါ.

“အစိုးရ တပ်ဖွဲ့တွေပေါ့ သူတို့က ဒီဖားကန့်မြို့နယ် လုံးခင်း ကျေးရွာ အုပ်စုမှာ ရှိတဲ့ မောရှမ်း၊ ကံစီ၊ မိုဇာကြီး ကျေးရွာတွေကို ကျေးရွာ လုံခြုံရေး ယူပေးမယ် ဆိုပြီးတော့ ညပိုင်းမှာ ကင်းစောင့်ပေးတယ် နေ့ခင်းပိုင်းဆိုရင် ရွာထဲမှာရှိတဲ့ အကောင်းစား အိမ...See More
ဖါးကန့်ပြည်သူများ လူ့အခွင့်အရေး ချိုးဖေါက် ခံနေရဆဲ

အဲာပိုန် မတ်လ (၄) ရက်နေ့၊ ရွှေဟသာင်္သတင်းဌာန

အစိုးရ တပ်ဖွဲ့များသည် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံစီ ဒေသတွင်းရှိ ဒေသခံ ကျေးရွာများ၏ ပိုင်ဆိုင်သော ပစ္စည်းအား အဓမ္မ သိမ်းပိုက်ပြီး မတန်တဆ ပြန်ရောင်းစား နေကြကြောင်း ပစ္စည်း အသိမ်းခံရသော ကံစီ ဒေသခံ တစ်ဦးက ပြောပါသည်။

“အစိုးရ တပ်ဖွဲ့တွေပေါ့ သူတို့က ဒီဖားကန့်မြို့နယ် လုံးခင်း ကျေးရွာ အုပ်စုမှာ ရှိတဲ့ မောရှမ်း၊ ကံစီ၊ မိုဇာကြီး ကျေးရွာတွေကို ကျေးရွာ လုံခြုံရေး ယူပေးမယ် ဆိုပြီးတော့ ညပိုင်းမှာ ကင်းစောင့်ပေးတယ် နေ့ခင်းပိုင်းဆိုရင် ရွာထဲမှာရှိတဲ့ အကောင်းစား အိမ်သုံး ပစ္စည်းတွေ လိုက်သိမ်းတယ်ပြီးတော့ တခြား တနေရာကို ကားနဲ့ သယ်တယ်။ ပြီးတော့ အဲဒီ ပစ္စည်းတွေကို ရောင်း စား လိုက်ကြတယ်။ သူတို့က စိတ်ထင်တိုင်း ကျဲနေတော့ ရွာသားတွေက ဘာမှ မပြောရဲကြဘူး။ ရွာထဲက ပြန်ရောင်စား လို့ရတဲ့ ပစ္စည်း မှန်သမျှ အားလုံးကို သယ်သွားခဲ့ကြတယ်လို့” ဆိုပါသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန္နာဝါရီလ (၂၃) ရက်နေ့တွင်လည်း ယင်းအစိုးရ စစ်တပ်များသည် ဖားကန့်မြို့နယ် လုံးခင်းကျေး ရွာ အုပ်စုရှိ ဒေသခံ များ၏ နေအိမ်များအား ဖျက်ဆီး၍ ရွှေ၊ ငွေ၊ ကျောက်စိမ်းများအား လုယူခဲ့ကြရာ မခံမရပ်နိုင်ကြသော ဒေ သခံ တချို့က ပြန်လှန်ငြင်းဆိုမှုများ ဖြစ်ရာက သတ်ဖြတ်မှုများ ဖြစ်ခဲ့ကြသည်ဟု မျက်မြင် ရွာသားများက ဆိုပါသည်။

စကခ (၇) ၏ ဖေဖေါ်ဝါရီလ စစ်ဆင်ရေး အတွင်း လုံးခင်း ကျေးရွာအုပ်စု ဆန်ခါကျေးရွာသားများ အယောက် (၄၀)ခန့် သတ်ဖြတ် ခံခဲ့ရကြောင်း KIA ဖက်မှ ဆိုပါသည်။ အထူးသဖြင့် ဗိုလ်မှူး စိုင်းခမ်းလိတ်ဝင်း ဦးစီးသော ခမရ ၄၃၇ တပ်ဖွဲ့မှ သတ်ဖြတ်ခြင်း ဖြစ်ကြောင်း ဆိုပါသည်။ ထို့ပြင် မသင်ကာမှုကို အကြောင်းပြုပြီး ကျေးရွာ လူထုများကို တစ်အိမ်တက်ဆင်း လိုက်လံ ရှာဖွေခြင်း၊ စခန်းကုန်းသို့ ဖမ်းဆီးထားပြီး အချိန်ကြာမြင့်စွာ ချုပ်နှောင်မှုကို ခံခဲ့ရပါသည်။

ထိုဒေသ၌ လှုပ်ရှားနေသော အစိုးရ တပ်များမှာ ကယားပြည်နယ်၊ ဖယ်ခုံ အခြေစိုက် အမှတ်(၇) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) လက်အောက်ခံ ခမရ ၄၂၄၊ ခမရ ၄၂၅၊ ခမရ ၃၃၆၊ ခမရ ၄၂၇ နှင့် ခလရ ၁၀၂ တပ်ရင်းတို့ လှုပ်ရှားလျှက် ရှိ ကြောင်း ကံစီဒေသမှ KIA တပ်ရင်း(၆)မှုး ဒုတိယ ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ပြောပါသည်။

အဆိုပါ စကခ (၇) တပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇန္နာဝါရီလ (၁၃) ရက်နေ့၌ ကံစီ ဒေသဖြစ်သော KIA တပ်မဟာ (၁)၊ တပ်ရင်း (၆) ကံစီ စခန်းများကို စစ်အင်အား (၄၀၀) ခန့်ဖြင့် စစ်ကြောင်း (၃) ကြောင်း ခွဲကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ဤသို့ကြောင့် ဇန္နာဝါရီလ (၁၈) ရက်နေ့တွင် KIA တပ်ဖွဲ့ဝင် တို့သည် ထိုကံစီ စခန်းမှ ဆုတ်ခွာ ပေးခဲ့သည်ဟု ဆိုပါသည်။

အစိုးရ သတင်းစာ များကမူ ဖားကန့်မြို့နယ်အတွင်း၌ ရွာသား နေအိမ်များကို KIA တပ်ဖွဲ့မှ လုယက် မီးရှို့ ဖျက်ဆီး နေမှုများ ပြု လုပ်ခဲ့သည်ဟု ရေးသား ခဲ့ပါသည်။ ဤကဲ့သို့ အစိုးရသတင်းစာမှ ထုတ်ပြန်ခဲ့သဖြင့် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီမှ ဒေါ်ဘောက်ဂျာက အဆိုပါ လုပ်ရပ်သည် KIA တပ်ဖွဲ့များ မဟုတ်ဘဲ အစိုးရ တပ်များကသာ လုပ်ဆောင်ခြင်း ဖြစ်သည် ဟု ဇန္နာဝါရီလ (၂၄) ရက်နေ့၌ ပြောကြား ခဲ့ပါသည်။

“ဖားကန့်မြို့နယ်မှာ KIA တွေက ရှောင်ပေးထားတယ်။ အစိုးရ စစ်တပ်တွေက နေရာယူထားတယ်။ သော့ခတ်ထားတဲ့ အိမ်တွေကို ဖောက်ပြီး ပစ္စည်းတွေ ယူတယ်။ ရွှေတွေ ယူတယ်။ ဖားကန့် တမြို့လုံး လိုလို လုပ်နေတယ်။ တချို့အိမ် ဆိုရင် မီးရှို့ခဲ့တယ်။ ကုမ္ပဏီ တချို့မှာ ဆိုရင်လည်း ကျောက်စိမ်းတွေ သူတို့ လိုချင်တာတွေ ယူပြီး မီးရှို့ထားတာတွေ ရှိတယ်။ အဲဒါက စစ်တပ်က လုပ်တာပါ။ အဲဒါက KIA က ရှို့ပါတယ် ဆိုပြီး သတင်းစာတွေမှာ ပါတာ တွေ့ရလို့” ဟု ပြောပါသည်။

စကခ(၇) လှုပ်ရှားခဲ့သည့် ဇန္နာဝါရီလယ်မှ စပြီး ကံစီ၊ လုံခင်းရှိ ဒေသခံများသည် ကျောက်သိမ်း မှော်တွင်းမှ မောင်းထုတ် ခံရခြင်း၊ ကျောက်စိမ်း အပါဝင် အခြား ပစ္စည်းများ၊ အသိမ်းခံရခြင်း၊ မသင်ကာမှုကြောင့် အသတ်ခံရခြင်း၊ ကျေးရွာ တွင်းသို့ လက်နက်ကြီးများ ပစ်သွင်းပြီး မောင်းထုတ် ခံရခြင်း၊ ရှောင်တိမ်း နေရခြင်းကြောင့် ရိက္ခာ ပြတ်လတ်ခြင်း၊ ကယ်ဆယ်ရေးများ ၀င်ခွင့် ပိတ်ပင်ခြင်းများ ခံခဲ့ပါသည်။

အစိုးရ တပ်ဖွဲ့များသည် KIA နှင့် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၄) ရက်နေ့တွင် တရုတ် အစိုးရ၏ ကြီးကြပ်မှုဖြင့် တရုတ်နိုင်ငံ ရွှေ လီမြို့တွင် စစ်ပွဲပြေငြိမ်းရေး သဘော တူခဲ့ပါသည်။ သို့သော် အစိုးရ တပ်များသည် သဘောတူ ထားသည့် အတိုင်း မဟုတ်ဘဲ KIA အား ယခု အချိန်ထိ စစ်ဆင်နေဆဲဖြစ်ကြောင်း KIA ဖက်မှ ဆိုနေပါသည်။

Sunday, March 3, 2013

ဖေါက်ပြန်နေတဲ.ဗမာစစ်တပ်က ဗမာပြည်သူတွေနဲ.တိုင်းရင်းသားတွေ ကိုစစ်ခင်းနေတာ ရာစုနှစ်တ၀က်ကျော်ကြာပါပြီကော။ တရုတ်ဖြူ တိုက်တာ ဗိုလ်ချုပ်ကျော်ဇောနဲ.ရိုးသားတဲ.စစ်သားတွေပါ။ လက်ရှိ ဗိုလ်ချုပ်တွေမပါ ပါ။

တရုတ်ဖြူ တိုက်တာ ဗိုလ်ချုပ်ကျော်ဇောနဲ.ရိုးသားတဲ.စစ်သားတွေပါ။ လက်ရှိ ဗိုလ်ချုပ်တွေမပါ ပါ။
by Hla Myint on Sunday, March 3, 2013 at 6:07pm ·

Khaing Soelynn


ရွဲ့ ကြောက်ပြတဲ့ အကြောက်တု နောက်ကွယ်က အတွင်းသား
သမိုင်းစာအုပ်တွေထဲ တရုတ်တွေ မြန်မာအပေါ်ဖောင်းတာ ကြာလှပါပြီ ။
မင်းတုန်းမင်းအထိ ပဏာပုံမှန် ဆက်ရတဲ့ တရုတ်သြဇာခံ စာရင်းဝင်ပါ ။
Dorothy Woodman ရေး making of Burma ဦးတင်မောင်ရင်(မဟာဝိဇာ) ဘာသာပြန်ထားထဲမှာ ဖတ်ရတယ်* ။ ကိုလိုနီခောတ်က အင်္ဂလိပ်တွေကို
ကျေးဇူးတင်ရမှာပဲ ။ သူတို့ကြောင့် ဧရာဝတီမြစ်ဦးပိုင်းရေဝေနဲ့ရှမ်းပြည် နယ်စပ်အပိုင်းတွေ မြန်မာထဲ ကျန်နေတာမို့ပါ။လွတ်လပ်ရေးခောတ်မလည်း ကချင်တစ်ဝက် ရှမ်းတစ်ဝက်လောက်ကို ချိုင် ချင်ခဲ့ကြတာမှာ ဦးနု ဦးဗဆွေ ဦးကျော်ငြိမ်းနဲ့ ဗိုလ်ချုပ်နေဝင်းတို့ လည်ဝယ်တာရယ် ၊ တရုတ်က အထိုင်
မငြိမ်သေး ပုံရိပ်မကောင်းသေး သြဇာတိကမ္မ မရှိသေးချိန်မှာ မြန်မာက ဘန်ဒေါင်းမူ ဘက်မလိုက်မူတွေနဲ့ ကမ္ဘာ့စင်မြင့်ပေါ်မှာ ဝင့်နိုင်ကြခဲ့လို့သာ
ရယ် ။ (နေရူးကပါ ဦးနု ပူဆာလို့ ချူအင်လိုင်းတို့ကို ဝင်ပြောပေးတယ် ။
တရုတ် အိန္ဒိယလို နိုင်ငံကြီးနှစ်ခုကြားက နိုင်ငံငယ်အဖို့ စိုးရိမ်ရှာမယ် ။
ကျူပ်တို့က သဘောထားကြီးမှ Burma ခမျာ နေသာမယ် ဆိုပဲ ) ။
ခုခောတ်ကတော့ ဂွမ်းပါတယ် ။ စစ်အစိုးရရဲ့ ပုံရိပ်ကလည်း ဆိုးထားတာ
တာတေလန်ရတဲ့အထဲ တရုတ်ဗီတိုအာဏာထီးရိပ်ခိုဖို့ ပေးဆပ်ရတာက
တတိုင်းပြည်လုံး ကုန်တောင်ကုန်တော့မယ် ။
ဒီကြားထဲမှာ အများ သတိ
မပြုမိတာက စစ်တပ်ကိုယ်တိုင် တရုတ်ကို မလိုလားပါဘူး ။ မြန်မာစစ်တပ်
ဟာ လွတ်လပ်ရေးရကတည်းက ပြည်တွင်းသူပုန်မှာ ဗကပ ကွန်မြူနစ်ကို
တိုက်ရသလို တရုတ်ဖြူရော တရုတ်နီပါ တိုက်ရသေးတာပါ ။ နောက်
အရှေ့မြောက် ဗကပကို နောက်ကထောက်တဲ့ သမိုင်းလည်း ရှိသေးတယ် ။
နဝတ နအဖ လက်ထက်မှာလည်း ဗိတိုထီးရိပ်ခိုချင်လို့သာကိုး
စိတ်ထဲက
တော့ ဘယ်ခံချင်ကြပါ့မလဲ ။ တစ်ဘက်က ဒီမိုကရက်တိုင်ဇေးရှင်းအတွက်
ကလည်း Big Power Neighbour ဆိုတာက အခုအခံ မှာ သူကထိပ်စီးက ။ ဒါပေမယ့် လက်တွေ့ အလုပ်ဖြစ်ရေး ဖြူဖြူမည်းမည်း ခုတ်မိဖို့အဓိက တရုတ်တွေက စစ်အစိုးရရဲ့ နယ်စပ်ဒေသ ရုတ်ရုတ် ရုတ်ရုတ် လုပ်တာ မကြိုက်ပါဘူး။ ခုကို စစ်ရေး လေ့ကျင့်ပြနေတယ်ဆိုပဲ ။ NLD တက်လည်း
ပေါ်လစီမပြောင်းဘူး အသံလည်းလွှင့်လာပါပြီ ။ တရုတ်က သူ့နောက်ကျော
လုံခြုံရေးအတွက် ဒီလို ရှပ်ပြာပြာ အစိုးရ မတည်မငြိမ် လုပ်ရပ်တွေကို
ကြိုက်ပုံ မပေါ်ပါဘူး ။ ဒါနဲ့များ စစ်အစိုးရက သိသိနဲ့ အသင်းလေးက အသင်းကြီးကို ကစားချင်တာ အံ့သြစရာပါပဲ ။
ပြောရရင် မြစ်ဆုံရပ်တာ
မြန်မာလူထုမျက်နှာထောက်လို့ လို့ တယ်မထင်ပါဘူး ။ တရုတ်ကို signal
ပြတယ်ပဲ မြင်မိပါတယ် ။ ( မြန်မာလူထုမျက်နှာကတော့ ဘယ်တုန်းကမှ
သူတို့အကျိုးစီးပွားပျက်ခံ ထောက်လေ့မရှိပါ) ။ ခုလည်း ကန်နဲ့ တရုတ်ကြား
ကစားနေတာမှာ ဦးအောင်မင်း ကြောက်တယ်ဆိုတာ မြန်မာလူထုက
စစ်အာဏာရှင်တွေ ကြောက်သလိုမျိုး ရွံကြောက်ကြီးပါ ..။ အားမတန်လို့

မာန်လျှော့ရပေမယ့် စိတ်ထဲကတော့ ပြန် တွယ်ချင်နေကြတာပါ ။
နောက်ပြီး မြန်မာတွေဟာ တရုတ်တွေနဲ့ ဒီလောက်နီးစပ်နေတာတောင်
စိတ်အာရုံ အတွေးအခေါ်တွေက အမေရိကန်တို့ အနောက်တို့ဘက်
feel ပိုလာတာမှာ စစ်ဗိုလ်တွေပဲမေးကြည့် အမေရိကန် အထင်ကြီးသလား
တရုတ်အထင်ကြီးသလားလို့ ။ မြန်မာလူထုကရော အမေရိကန် ပစ္စည်း အထင်ကြီးသလား တရုတ်ပစ္စည်း အထင်ကြီးသလားလို့ ။ မြန်မာစစ်တပ်
ဟာ တရုတ်နီ အမုန်းအခံကလည်း လွတ်လပ်ရေးခောတ်ကတည်းက
ဗကပ တောက်လျှောက်တိုက်လာတာမှာ တရုတ်နီနောက်ကထောက်တော့
(အမေရိကန်ထောက်တဲ့ ကူမင်တန်ကလည်း တိုက်လိုက်ရသေးတာ )
တိုင်းတပါးနယ်ချဲ့ရန်တွန်းလှန်ပြီးပေါက်ဖွားလာခဲ့ရတဲ့ မြန်မာတပ်မတော်ရဲ့
zenophobia အမုန်းက ဘားဆုံးသွားတာပါ ။ ခုလည်း ရွံကြောက်ကြီးကို
ကြောက်ကန် ကန် ရတဲ့ အဖြစ်ပါပဲ ။ ဘယ်လိုပဲဖြစ်ပါစေ နောက်နောင် စစ်တပ်နဲ့ လူထုနဲ့ မညီညွတ်ရင်လည်း ကြားထဲက ခွစားမယ့်နိုင်ငံကြီးတွေ
ချည့်ပါပဲ ။ အလုံးစုံ ပျက်သုဉ်းတယ်ဆိုတာ အဲဒါပါပဲ ။ စစ်တပ်က ဒါတွေကို ကြိုမြင် တာတွေလည်း သေချာပေါက် ပါမှာပါ ။(လူထု ဆင်းရဲ
မွဲတေ စုတ်ပြတ်နေရင်ကို မမှုပါဘူး ။ )
ကမ္ဘာ့မိသားစုထဲ မဝင်ရင်
ဘယ်လိုမှ မစားသာတော့တဲ့ အခြေ စိုက်လာကာမှ ။ ပိုက်လိုင်းနဲ့ ရေနက်
ဆိပ်ခံတွေ ၊ ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ တော်တော် စီး မိနေပါပြီ ။
တချို့က စစ်အာဏာရှင်တွေဟာ တရုတ်တွေနဲ့ ပလဲနံပသင့် အလျှော့ချည်းပဲ
ပေးနေတယ်ထင်နေကြတယ် ။ အမှန်မှာက မြန်မာအပေါ် တရုတ်အရိပ်ထိုး
တာ နှစ် ရာချီနေပါပြီ ။ အင်္ဂလိပ်လို နိုင်ငံမျိုးတောင်မှပဲ သီပေါဖြုတ်ချပြီး
အထက် မြန်မာပြည်သိမ်းတုန်းကကို တရုတ် နဲ့ ဒိပလိုမေစီတွေ အတော်ညှိ ခဲ့ရတာ ဖတ်ရပါတယ် ။ ဒီ အိမ်နီးချင်း ပေါက်ဖော်ကြီးက ဘယ်တော့မှ
ရွှေ့လို့ မရတဲ့အဆုံး အင်္ဂလိပ်ကိုလိုနီခောတ် ၊ ဦးနုတို့ ပါလီမန်ဒီမိုကရေစီ
ကမ္ဘာ့နိုင်ငံရေးစင်မြင့်မှာ ဝင့်ထည်နေတုန်းကလောက် ဘယ်လိုမှ
သက်သာရာ အကြောင်းမရှိတာမှာ ကပစတီ capacity လန် ထွက်နေတဲ့ အာဏာရူး
တွေနဲ့ကတော့ တွက်သာကြည့်ပေတော့
..။ ၁၉၄၈ ကနေ ၁၉၅၈ ထိ
ဝန်ကြီးချုပ်အကြံပေးလုပ်သွားတဲ့ ဆြာကြီး ဖာနီဗယ် က အလကားသတိပေးသွားတာတော့ ဟုတ်ဟန်မတူပါဘူး ။ သူက ပြောခဲ့ပါတယ် ။
"နောင်အခါ မြန်မာပြည်ကြီးသည် တရုတ်နဲ့ လုံးလားထွေးလားဖြစ်လျက်
ကျန် အာရှနိုင်ငံတွေကို စိတ်အနှောက်အယှက် ကြီးစွာဖြစ်စေလတ္တံ့တဲ့ ။"
ဘကြီးတော်တို့ သီပေါတို့လို အပိန်းတွေနဲ့ကတော့ ကုန်မှာပါပဲ ။
ဘိုးတော်လောက် ပါးရင်တောင်မှ အချိန်ဆွဲနိုင်ရုံသာ ရှိမလားဆိုရင်
အဆိုးမြင်လွန်းတယ် ဖြစ်သွားမလားပဲ ။ အင်္ဂလိပ် နဲ့ ဂျပန် ကို လှန် လာတဲ့
(ဗိုလ်ချုပ်)အောင်ဆန်းတို့ တသိုက်လောက်မှ ခံသာမှာပါ ..။
တကယ်ပါ သမ္မတ ဒေါ်အောင်ဆန်းစုကြည်နဲ့ Government of all Talents ဆိုတာ ဒီနေ့ တိုင်းပြည်က တကယ် လိုအပ်နေတာပါ ။
ကြံ့ဖွံ့ရယ်NLD ရယ် ဆိုတာရယ်ထက် တိုင်းပြည်အရေး နိုင်ငံ့အရေး ဦးစားကို ပေး
သင့်ကြတဲ့ အချိန်ပါပဲ ။ သားရွှေအိုးထမ်းလာမှကို ရမှာခင်ဗျ..။
*ခောတ်မြန်မာတည်ဟန် စာအုပ်ဖတ်ပြီး တွေးမိတာ ချရေးလိုက်တာပါ။

Khaing Soelynn နော်ခမ်း ကိစ္စ ကလည်း ဒါပါပဲ ။ ထိပ် ပုတ် ပြတာပါပဲ ။ တရုတ်တွေဟာ မြန်မာတွေ မထင်မှတ်ပဲ ပြောင်းလဲသွားတာမှာ အံ့အားသင့်သွားတာနဲ့ ရပ်နေမှာ မဟုတ်ပါဘူး ။ သူ့လို အင်အားကြီး နိုင်ငံအနေနဲ့ အမေရိကနည်းတူ ဖက်တာအများကြီးနဲ့ Foreign Policy စဉ်းစားပုံအတိုင်း " မြန်မာကို မ...See More


Saturday, March 2, 2013

Kachin activist to testify before US congress / probing Burma army abuses.

Khin Mgoo
20 hours ago ·

Lachid Kachin

Kachin activist to testify before US congress
===========================
probing Burma army abuses
=================
A representative from the Kachin Women's Association of Thailand will appear before a US congressional hearing later today to testify about the Kachin conflict and its impact on civilians caught up in an increasingly bloody war.

Hkawng Seng Pan, KWAT's deputy coordinator will appear before a Congressional committee tasked with investigating international human rights abuses, the committee officially known as the Tom Lantos Human Rights Commission (TLHRC) is holding the hearing to examine recent events in Burma.

Hkawng Seng Pan's appearance before Congress coincides with her organization's release of a report detailing widespread civilian casualties caused by the Burma army's offensive in Kachin areas in the north of the country. The report entitled “State Terror in the Kachin Hills” documents the army's killing of women and children during the last 5 months of heavy offensives against the Kachin Independence Organization (KIO).

According to the report, Burma army troops have repeatedly targeted civilian areas with heavy shelling and gunfire causing numerous deaths and great suffering amongst displaced civilians. The army abuses also include the torching of refugee camps sheltering more than 300 people on the Shan-China border near Kyukok (Pangsai) last November.

KWAT says that the humanitarian situation in Kachin and parts of north eastern Shan state remains extremely dire with 364 villages partially or completely abandoned and over 100,000 people internally displaced. Due to government restrictions little humanitarian aid has reached the more than 66,000 refugees languishing in territory controlled by the KIO.

KWAT wants the international community to respond to what it is says are crimes against humanity by putting more pressure on Burma's government and the army. These calls come as most western nations have completely lifted financial and political sanctions against Burma's central government following a series of political reforms that have yet to materialize in Kachin state.

“Without international pressure, Burma’s government will continue using force to crush ethnic dissent,” says KWAT coordinator Moon Nay Li in statement that accompanies the report. “Even while the government is talking peace, they are launching war.”

Also appearing at the hearing in Washington will be several other Burma experts including Tom Malinowski, Washington Director, Human Rights Watch, Jennifer Quigley, Executive Director, U.S. Campaign for Burma and Tom Andrews, President of United to End Genocide. Two US government officials will also testify before the committee, Michael Posner, Assistant Secretary for the Bureau of Democracy, Human Rights and Labor and Patrick Murphy, Acting Special Representative and Policy Coordinator for Burma.

The hearing which is open to the public is scheduled for 1 PM on Thursday at Room 334 of the Cannon House Office Building.
(KNG)
.

Friday, March 1, 2013

မြန်မာ့တပ်မတော်ဟာ ပြည်သူ့သစ္စာကို ဖောက်ပြီး လူတစ်စုအမိန့်ကို နာထောင်ခဲ့တာ နှစ်ပေါင်း(၅၀)ကျော် ကြာခဲ့ပြီ။(Khin Mgoo)

မြန်မာ့တပ်မတော်ဟာ ပြည်သူ့သစ္စာကို ဖောက်ပြီး လူတစ်စုအမိန့်ကို နာထောင်ခဲ့တာ နှစ်ပေါင်း(၅၀)ကျော် ကြာခဲ့ပြီ။
Khin Mgoo

တော်သင့်ပြီ
တိုင်းရင်းသားတွေက သူပုန်လို့သာ ခေါ်ရတာပါ။ သူတို့ကို နည်းနည်းအခွင့်အရေးပေးကြည့်ပါ။
အစိုးရတပ်က မနှောင့်ယှက်ဘဲ နှစ်အနည်းငယ်ပဲ လွှတ်ထားကြည့်ပါ။
သူတို့ဒေသဟာ တိုးတက်ကြီးပွားလာကြတာကို တွေ့ရမှာပါ။
အဲ...အစိုးရတပ်က ထိုးစစ်ဆင်ပြီး တိုင်းရင်းသားဒေသကို ရလိုက်တာနဲ့ ရှိသမျှ လူမှုရေးတွေ ပြောင်းပြန်ဖြစ်ရတယ်။
လူတစ်စုချမ်းသာတဲ့စနစ်ကို ကျင့်သုံးလာတယ်။ အစိုးရတပ်ကို ဖားတဲ့လူတွေ နေရာရလာကြတယ်။ တရားမျှတမှုတွေ အကုန်ပျက်စီးရတယ်။
ဦးနုခေတ်က ရောင်စုံသူပုန်ခေတ်လို့ နာမည်ကြီးခဲ့တယ်။
ဒါပေမဲ့ မြန်မာ့စီးပွားရေးဟာ အရှေ့တောင်အာရှမှာ ထိပ်ဆုံးကပါ။ တိုင်းရင်းသားများက အဖျက်သမားမဟုတ်ခဲ့လို့ပေါ့။
အစိုးရတပ်များကလည်း စည်းနည်းနည်းစောင့်ပြီး အစိုးရအမိန့်ကို နာခံလိုပေါ့။
မြန်မာ့တပ်မတော်ဟာ ပြည်သူ့သစ္စာကို ဖောက်ပြီး လူတစ်စုအမိန့်ကို နာထောင်ခဲ့တာ နှစ်ပေါင်း(၅၀)ကျော် ကြာခဲ့ပြီ။ အခုလည်း အဲဒီအကျင့်ကို မဖျောက်သေးဘူး။ အစိုးရတပ်ဟာ တိုင်းပြည်ကို မထူထောင်တတ်ပါ။ ပျက်စီးအောင်ပဲ လုပ်တတ်ကြတယ်။ တောင်သင့်ပြီ။


Crd.t..Ven RavikaLike · · Share · 19 hours ago ·



တကျော့ ပြန်ဟစ် တလာ and 13 others like this.

3 shares



တကျော့ ပြန်ဟစ် တလာ အားလုံးတညီတညွတ်ထဲပူးပေါင်းပြီးတိုက်ယူကွာ ဒီနည်းဘဲရှိတယ်