Wednesday, February 27, 2013

လက်ပန်တောင်းတောင်ဒေသ ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကော်မတီ သဘောထားထုတ်ပြန်ချက်

Khin Mgoo shared Nayt Thit's status.
41 minutes ago
လက်ပန်တောင်းတောင်ဒေသ ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကော်မတီ သဘောထားထုတ်ပြန်ချက်
ရက်စွဲ ( ၂၃ .၂ .၂၀၁၃ )

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါး လီ မီတက် (တရုတ်ကုမ္ပဏီ) တို့ အကျိုးတူလုပ်ကိုင်နေသော စီမံကိန်းဖြစ်သည်။ စီမံကိန်း အကောင်အထည် ဖော်နိုင်ရန်အ တွက် ကုမ္ပဏီနှစ်ခုသည် လယ်မြေဧက ၇၈၆၈.၇၈ဧက သိမ်းယူထားသည့်အပြင် ရွှေ့ပြောင်း ဖျက်သိမ်းရန် ကျေးရွာ လေးရွာ ပါဝင်လျက်ရှိသည်။ လက်ပန်တောင်းတောင်သည် တောင်(၃၃) လုံး ဖြင့် စုဖွဲ့ထားသော တောင်စု တောင်တန်း ဖြစ်သည်။ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်နေသော လက်ပန်တောင်းတောင်သည် လယ်တီဆရာ တော် သီတင်းသုံး ကျမ်းပြုစုခဲ့သော သာသနိက အဆောက်အဦများရှိသော နယ်မြေဖြစ်သည်။

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်နေသော မြန်မာဝမ်ပေါင်နှင့် စံပါယ်တောင်၊ ကြေးစင်တောင် ကြေးနီ စီမံကိန်း လုပ်ကိုင်နေသော မြန်မာ ယန်စီ ကုမ္ပဏီတို့သည် မိခင် ကုမ္ပဏီ တစ်ခုတည်း ဖြစ်ပြီး စစ်လက်နက်များ ထုတ် လုပ်နေသော နိုရီကို ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီများသာ ဖြစ်သည်။ စံပါယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံ ကိန်း ဧရိယာဝန်းကျင်တွင် မြေအောက်ရေဆုံးရှုံးမှု၊ လေထုတွင်း အက်စစ်ဓါတ် ပြန့်နှန့်မှုကြောင့် လေထုညစ်ညမ်းမှု၊ မြေပေါ်သယံဇာတ လယ်ယာမြေ ပျက်စီးမှုများမှာ တစ်ဆထက် တစ်ဆ ပိုမိုပျက်စီးလျှက်ရှိသည်။ စံပါယ်တောင် ဧရိယာ သည် ဧက(၄၀)မျှသာရှိပြီး လက်ပန်တောင်းတောင် ဧရိယာသည် ဧက(၁၅၀၀)ခန့် ရှိပြီး သဘာဝ သယံဇာတ ပျက်စီးမှု မှာ ပိုမိုပျက်စီးဆုံးရှုံးနိုင်သည်။ လက်ပန်တောင်းတောင်ဒေသတွင် လက်ပန်တောင်းတောင်နှင့် မြေပေါ် မြေအောက် သယံဇာတများ သာသနိက အဆောက်အဦများ ပျက်စီး ဆုံးရှုံး ပျောက်ကွယ်သွားမည့် အရေးကြောင့် ပြည်သူများက လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းရေးကို တောင်းဆိုရခြင်း ဖြစ်သည်။

အမျိုး ဘာသာ သာသနာကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက် လိုခြင်းသည် လက်ပန်တောင်းတောင်ဒေသ ပြည်သူ များနှင့် မြန်မာနိုင်ငံသားတို့၏ ပြင်းပြသော ဆန္ဒ သဘောထားဖြစ်သည်။ ကုန်ဆုံးနိုင်သည့် သဘာဝ အရင်းအမြစ် ကုန် ထုတ်လုပ်ရေး လုပ်ငန်းများကို တနပ်စား ကုန်ထုတ်လုပ်မှု ပေါ်လစီကို အခြေမပြုဘဲ သားစဉ်မြေဆက် အကျိုးကို ရှေးရှု သော အမျှော်အမြင်ရှိသည့် ရင်းနှီးမြှတ်နှံမှု ပေါ်လစီကိုသာ ကမ္ဘာနိုင်ငံများမှ ကျင့်သုံးနေချိန် ဖြစ်ပါသည်။ သို့သော်လည်း ယခု လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း တွင်မူ ကုမ္ပဏီတို့၏ အကျိုးစီးပွား သက်သက်ကိုသာ အခြေခံပြီး ပွင့်လင်း မြင်သာမှု မရှိသည့် သဘောတူ စာချုပ်များနှင့် တနပ်စားဉာဏ်ဖွံ့ဖြိုးရေး ပေါ်လစီအပေါ် အခြေခံထားသောကြောင့် စီမံ ကိန်း လုံးဝဖျက်သိမ်းရေးကို တောင်းဆိုရခြင်းဖြစ်သည်။ တရားမျှတမှု ကင်းမဲ့သော ကြီးပွားချမ်းသာရေး သက်သက် စီးပွားရေး ပေါ်လစီတို့သည် တည်ငြိမ်အေးချမ်းမှု၏ ရန်သူပင်ဖြစ်ပါသည်။ ကြေးနီစီမံကိန်း ထုတ်လုပ်မှုမှ ရရှိလာသော အကျိုးအမြတ်တို့သည် ဒေသခံ ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် မည်မျှ အကျိုးရှိပါသလဲ။ လက်ပန်တောင်းတောင် ဖြိုဖျက်လိုက်မှုကြောင့် ရရှိလာသောတန်ဖိုးသည် သဘာဝ ပတ်ဝန်းကျင် သဟဇာတ ကောင်းမွန်နေမှုကို မည်မျှ လဲလှယ် ရမည်လဲဆိုတာ အဓိက စဉ်းစားရမည့် အချက်ဖြစ်ပါသည်။ မြေလျော်ကြေး သက်သက် ပြဿနာ ရှုထောင့်မှ မကြည့်ဘဲ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အမျှော်အမြင်ရှိသည့် ရင်းနှီး မြှုပ်နှံမှု ဟုတ်မဟုတ၊် ယဉ်ကျေးမှုဆိုင်ရာ ဘာသာ သာသနာ အမွေအနှစ်များ ထိခိုက်မှု ရှိ မရှိ၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များ၏ အမျိုးသားအကျိုး စီးပွားပေါ် နစ်နာမှု ရှိ မရှိ တို့နှင့်ပါ သက်ဆိုင်နေသောကြောင့် ကြေးနီစီမံကိန်း ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်း ရန်လိုပါသည်။ ပွဲပြီး မီးသေ ကြားချ ဖြေရှင်းမှုများသည် အန္တရာယ်ကြီးသော ဖြေရှင်းမှု ဖြစ်သောကြောင့် တာဝန်ရှိသူများ အနေဖြင့် ပြည်သူ့ ဆန္ဒကို ဗဟိုပြု စဉ်းစား လက်ခံဖြေရှင်းမှုသာ အကောင်းဆုံး ဖြစ်ပေသည်။ ပြည်သူတို့၏ ဆန္ဒသည် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးကိုသာ လိုလားတောင်းဆိုနေကြသည်။

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးကို ဆန့်ကျင်ကန့်ကွက်နေသော ရဟန်းသံဃာတော်များ နှင့် ပြည်သူများရှိသော သပိတ်စခန်းများကို စစ်ခရိုနီကြီး ဦးပိုင်ဘက်မှ ကာကွယ်ပေးနေသော အစိုးရ အာဏာပိုင်များက ၂၉.၁၁.၂၀၁၂နေ့တွင် မီးလောင်ဗုံးသုံး အကြမ်းဖက် ဖြိုခွင်းနှိမ်နင်း ခဲ့သည်။ ပြည်သူတရပ်လုံး ဝိုင်းဝန်းတောင်းဆိုနေ သော လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးကို စုံစမ်းစစ်ဆေးခြင်း သက်သက်မဟုတ်ဘဲ ပြည်သူ့ဆန္ဒ ကို လေးစားအသိအမှန်ပြုရန်သာ လိုအပ်ပါသည်။ လက်ပန်တောင်းတောင်အရေးကြောင့် ဒေသအသီသီတွင် ဖမ်းဆီးခံရ သူများ ရှိနေသော်လည်း အာဏာပိုင်အစိုးရသည် မီးလောင်ဗုံးသုံး တရားခံကို ယနေ့အချိန်ထိ မဖော်ထုတ်သေးဘဲ ထိန် ချန်ထားလျက်ရှိသည်။ စုံစမ်းစစ်ဆေးရေး ကော်မတီတွင် အကြမ်းဖက်မှုနှင့်ပတ်သတ်ပြီး ဖော်ထုတ်ရန် တာဝန် မပါဝင်ခဲ့ သော်လည်း အကြမ်းဖက်မှု ကိစ္စကို မေ့လွယ် ပျောက်လွယ် သဘောထားရန် မဖြစ်ပေ။ နိုင်ငံတော်အဆင့် အကြမ်းဖက် မှုကို အစိုးရတရပ် အနေဖြင့် တာဝန်ယူမှု မရှိပါက အစိုးရ အကြမ်းဖက် စနစ်တစ်ရပ်ကို အသိမှတ်ပြုရာ ရောက်သော် ကြောင့် ပြင်းထန်စွာ ဖော်ထုတ်အရေးယူရန် လိုအပ်သည်။

အသွင်ကူးပြောင်း ယနေ့ ဒီမိုကရေစီကာလတွင် ပြည်သူများကို ကိုယ်စားမပြုသော မည်သည့်အစိုးရ မည်သည့်လွှတ် တော် ကိုယ်စားလှယ်ကိုမှ လက်ခံမည်မဟုတ်ဘဲ စစ်အုပ်ချုပ်ရေး စစ်စနစ်ဆိုး စစ်စရိုက် အကျွင်းအကျန်များကို အပြီး တိုင် ဆန့်ကျင်သွားမည် ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
၁၃၇၄ ခုနှစ်၊ ပြာသို လဆန်း (၁၃)ရက် ။ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက်။

Hard to implement in a transition period from dictatorship to democracy.

M Myoo Myint
14 hours ago near London, England
Only if the person has enough dignity to respect, he/ she will get the respect otherwise there is possibility of disgracefulness in the public places in the democratic countries. And it is depends on the person’s attitude and performance on the jobs taken and whether the steps are moving positively or not.
Cabinet members should not flatter or lie to the president on every single matter unless the president has enough wisdom to take it, otherwise it will drive him to become tyrant in the office.
As well as the president should not lie on the circumstances of public outcries and Myanmar Forces involvement in the current crisis to the public.
In the democratic countries, the president is not a saviour or super hero, just doing his/ her jobs. After their term in the president office, they will go back to their normal life and continue with their interests gracefully.
There are also some disgraceful presidents in the prison in today world because of committing crimes in their time in the president’s office.
If you have no more ability to take the jobs what you doing either you are old or no more strength, simply hand it over to another person and leave the job with dignity. — with Mandalay Voice and 3 others.
Unlike · · Share

You and Mie Han like this.

Hla Myint If you have no more ability to take the jobs what you doing either you are old or no more strength, simply hand it over to another person and leave the job with dignity.
This proposal is hard to implement in a transition period from dictatorship to democracy.


Write a comment...

Tuesday, February 26, 2013

Information on mandalay branch of NNER(national network for education reform).

23 feb. 2013 sat.

NNER(national network

for education reform).

(တောင်စ လင်း တိုက်)တက်

meet dr win myint(တော်ဝင်)

u chit htu, dr htay win,

u khin mg gyi,

u kyaw thein,

u khin mg swe,

u that naing u(zoo),

daw tin nwe yi(UFL),

Rangoon rep.u kyaw soe(RIT graduate- tuition teacher) is

main organzer.

dr win myint(တော်ဝင်)

is second speaker.

necessary to remove ex-army officers (ဘောင်းဘီချွ တ်များ) from educational organizations.

kskokokyawsoe1@gmail.com

u kyaw soe.

edubur@gmail.com

dr thein lwin.

kskokokyawsoe1@gmail.com

u kyaw soe.

edubur@gmail.com

dr thein lwin.

nld / daw win mya mya

09 201 3150

university teachers union

dr tin nwe yee

09 4319 3027

.

ဗကသ ko moe htet nay

09 2017 329

88 Generation ko mg khaing

09 4318 5940

u hla myint retired phy. prof.

09 910 497 28

Thursday, February 14, 2013

Where does Lady Daw Aung San Su Kyi stand ?

Where does Lady Daw Aung San Su Kyi stand ?
Ven Ravika shared a link.

ကချင်မြန်မာအပစ်ရပ်ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မည်သည့်ပုဂ္ဂိုလ်ကိုမှ သီးသန့်ဖိတ်ခေါ်မည်မဟုတ်ဟု ကေအိုင်အေက ထုတ်ဖော်ပြောဆိုလိုက်သည်။ မြန်မာအစိုးရက ကချင်ကို ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှ စ၍ ယနေ့အထိ မြန်မာ့တပ်မတော်ကို ရှုတ်ချဖို့ ဒေါ်အောင်ဆန်းစုကြည် ပျက်ကွက်ခဲ့သည်ကို ကချင်လူမျိုးများက ကျေနပ်ခြင်းမရှိကြပါ။

ကချင်ထိုးစစ်ကို ဆင်နွှဲခဲ့ပြီး နိုင်ငံရေးအရ သိက္ခာပြန်ဆယ်နေသည့် မြန်မာအစိုးရက ပြည်ထောင်စုနေ့ကို အသုံးချခဲ့သလို အတိုက်အခံများနှင့်တိုင်းရင်းသားလူမျိုးများ မနီးစပ်စေရေးအတွက်လည်း စွမ်းဆောင်နိုင်ခဲ့သည်ကို တွေ့ရသည်။

လက်ရှိအချိန်တွင် ခရိုနီများသည် ပုံစံအမျိုးမျိုးဖြင့် အသွင်ပြောင်းလျက်ရှိရာ သူတို့၏ ဓနအင်အားကို အသုံးချ၍ အသင်းအဖွဲ့များကို ဖွဲ့စည်းခြင်း၊ ထိပ်သီးခေါင်းဆောင်များကို ချဉ်းကပ်ခြင်း၊ မိမိမိသားစုနှင့်လုပ်ငန်းများကို ကာကွယ်နိုင်ဖို့ ကြိုးစားလာကြသည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏အနားတွင် ရစ်သီရစ်သီ ပြုံးဖြီးနေသော အထင်ကရပုဂ္ဂိုလ်များကို ကြည့်လျှင် မျက်နှာသစ်များသာ များကြောင်း တွေ့ရမည်ဖြစ်သည်။ ဣဿာ၊ မစ္ဆရိယ မနာလိုဝန်တိုစိတ်များ၍ ပြောခြင်းမဟုတ်ဘဲ သတိထားနိုင်ဖို့သာ ဖြစ်ပါကြောင်း၊ အစစ်နှင့်အတုကို ခွဲခြားတတ်ဖို့သာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။

16 people like this.
8 shares
Billy Kee agree 100%

Padang Htoi မြန်မာအစိုးရက ကချင်ကို ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှ စ၍ ယနေ့အထိ မြန်မာ့တပ်မတော်ကို ရှုတ်ချဖို့ ဒေါ်အောင်ဆန်းစုကြည် ပျက်ကွက်ခဲ့သည်ကို ကချင်လူမျိုးများက ကျေနပ်ခြင်းမရှိကြပါ။

John Tsaw Li သတိထားနိုင်ဖို့ သာ ဖြစ်တယ်..

Naakaa Man ခုလည်း ကာချုပ်က တကယ် ငြိမ်းချမ်းရေး( အမှန်အကန် Bullet) ရချင်ရင် နေပြည်တော်ကို လာခဲ့တဲ့  သွားကျွေးတာများသွားတော့ ထအော်ကြကုန်တယ် အဲဒီတော့ ငါ့နယ်မြေကို လာ ဘယ်နည်းနဲ့ ကျွေးရ ကျွေးရ နင်တို့ ခံရဖို့ ဘဲ

Hla Myint 1000% agree.
မြန်မာအစိုးရက ကချင်ကို ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှ စ၍ ယနေ့အထိ မြန်မာ့တပ်မတော်ကို ရှုတ်ချဖို့ ဒေါ်အောင်ဆန်းစုကြည် ပျက်ကွက်ခဲ့သည်ကို ကချင်လူမျိုးများက ကျေနပ်ခြင်းမရှိကြပါ။
ရှိသင်.တဲ. ရပ်တည်ချက်ပါ

a

cornered old lady./ သရဖီလမ်းသွယ်က အဖွား ရဲ.အရှုပ်

cornered old lady.
(An old lady in tha ra fi lane,
Her brood gone,
Her suffering continues).
အဖွားအရှုပ်
14 feb. 2013

ဘဲအုပ်ကတရာ ၂ ရာ
မဗေဒါကတပင်ထဲ

ဂွတတ လင်ကတယောက်
သားသမီးက ၆ ယောက်
မြေးက ၇ ယောက်
အတူနေ မြေးက ၂ ယောက်
ကလေးထိမ်း အာယား က ၃ ယောက်
အဝတ်ရှော် ကုလားမက ၁ ယောက်
အဝတ်ရှော်ခ က တထောင် ၂ထောင်
ကလေးထိမ်းရီးစားတွေကဆက်တဲ့
ဖုန်းသံက တညံ ညံ

ကြောင်က ၁၃ ကောင်
ကြောင်စာဖိုးက တနေ.တထောင်လောက်
ကြောင်တွေတော.သိတ်ချစ်ကြပါရဲ.
ကြောင်ချေးတော.သိတ်ကြောက်ကြ

ကလေး ဖိနတ် က ၁၀ ၇ံ
လူကြီးဖိ နတ် က ၁၅ ၇ံ

ဝင်ငွေမှန်မှန် က မရှိ
လက်ဖြန့်တောင်းစရာက ၄ယောက်
ကြောက်ရတာက
သား ၃ယောက် သမီး ၂ယောက်
ချွေးမ ၃ယောက် ရယ်
ဂွတတလင်ရယ်

ဂျစ်ကန်ကန် ဂွတတ လင်ကတဂျီဂျီ
မီးကမလာ ရေ ကမလာ
ဝင်ငွေကမှန် မှန်မရှိ
ခက်လှ ပါ ဘိ အမိရယ်

ဲဘဲအုပ်ကတရာ ၂ ရာ
မဗေဒါကတပင်ထဲ

(An old lady in tha ra fi lane,
Her brood gone,
Her suffering continues).





Wednesday, February 13, 2013

STORY of LADY DASSK turning a blind eye on escalation of armed conflicts .

STORY of LADY DASSK turning a blind eye on escalation of armed conflicts in Kachin state.

Hugo Swire Hugo Swire @HugoSwire
#askFCO @mattbjones. I discussed this with ASSK in December on my visit to #Burma. She stands ready to help if invited to by her government.

hlamyintzaw1967 hlamyintzaw1967 @hlamyintzaw1967
@HugoSwire
If not invited , what she will do ?
Make them invite.

Many options are open.
Non-coperation,Civil disobedience,--
active resistance, peace march to conflict areas----

Tuesday, February 12, 2013

Kachin internally displaced people on the run.

https://www.facebook.com/photo.php?fbid=10200494568870509&set=a.10200494568510500.197265.1346102681&type=1&ref=nf
shameful for the regime & very famous nobel winner for peace.
Photo
We will not forgive!
Kachin internally displace people on the run
Pray for the Kachin people.
THINK and DO whatever you think would be beneficial to free the Kachin and the oppressed( Muslims, Rohingyas, Burmese peasants, farmers, Shan, Karen, etc...) of Burma.
Having the spirit to fight any forms of injustice is the only condition to unite all of us regardless of where you live. Stop bullshitting about forgiveness and tolerance of "Burmese invasion" ( in the disguise of Peace, cease-fire). Given brutally violent human history , I don't think human being is designed to forgive each other.
That I can forgive you for your crimes is just a FAKE and a mere moral masturbation with no substance. Indeed, minimum level of wrongdoings could be forgiven.
But can you forgive the most radical crimes as happened/happening in North Korea, Germany under Hitler, Russia under Stalin? We the majority of Kachins , as Christians, grew up with this Christian teaching that "love your neighbour as yourself".
This imposes an impossible moral task on us to carry out among monstrous neighbour- Burma and China. Can Kachin love these monstrous neighbors as themselves? Asking kachin victims of atrocities committed by Burmese army to forgive their perpetrators is an insult to them without understanding their situation.
The Kachin resistance itself speaks volumes that we cannot and will never forgive any forms of injustice and crimes committed against us. I believe such resistance is the only way to advance our civilization and correct inherent violence of human mind. Forgiveness itself has its own limitations. We have to admit that.
We don't want to be dragged into the abyss of forgiveness and suffer another hundred years. As zizek rightly points out human memory cannot afford to keep unbearably painful experiences for a long time. We will try to forget but not forgive.
If you think my view is too extreme, ask yourself first how you would feel were you in our situation and go ask so-called civilized nations such as the US, UK, etc.. to forgive and love terrorists instead of crushing them for whatever (political, security or economic) reasons.
By: Khun Nawng

2 people like this.
Sai Pan Hseng The world is watching now. Please prepare for the worst and hope for the best. Freedom is not free, but with price.
6 hours ago · Like
Hla Myint Dear Khun Nawng & friends,
Thanks for very serious ,in depth , thought provoking discussions on unforgivable crimes & Kachin IDP's .
about a minute ago · Like

Memoirs of khin mg gyi/ slrd(ဇန်န၀ါရီလ ၂၇ ရက်နေ့မှအဆက်)-


Khinmggyi Slrd
ဇန်န၀ါရီလ ၂၇ ရက်နေ့မှအဆက်-

ကျွန်တော်လည်း နောက်ထပ်တိုင်းနှစ်တိုင်းကို ပြောင်းရွှေ့ရပြီး ၁၉၉၅ခုနှစ်မှာ ရန်ကုန်ရုံးချုပ်ကို ပြောင်းလာခဲ့ရတယ်။ ၁၉၉၈ခုနှစ်မေလ၊ နေ့တစ်နေ့မှာ ဟိုတုန်းက ဖုန်းဆက်မေးတဲ့ ညွှန်မှူး(အငြိမ်းစားဖြစ်နေပြီ) ကျွန်တော့ရုံးခန်းရောက်လာတယ်။ လမ်းကြုံလို့ ရုံးကိုအလည်လာတာဖြစ်ကြောင်း၊ အခြားဌာနခွဲတွေကို ၀င်ခဲ့ပြီးဖြစ်ကြောင်း၊ အပေါ်ဆုံး၊အစွန်ဆုံးက ကျွန်တော့ရုံးခန်းကို အခုနောက်ဆုံးရောက်လာတာဖြစ်ကြောင်း ပြောပါတယ်။
မာကြောင်းသာကြောင်း၊ မိသားစုအကြောင်း၊ အလုပ်အကြောင်းပြောပြီး ပြန်ဖို့ပြင်တယ်။ လိုက်ပို့တဲ့သားက ခုထိရုံးကိုရောက်မလာတာကြောင့်ဘတ်စ်ကားနဲ့ပဲပြန်မယ်ပြောလို့ကျွန်တော်ရုံးကားနဲ့ သူ့ကိုအိမ်အထိလိုက်ပို့ပေးပါတယ်။ သူ့အိမ်မှာ ကော်ဖီသောက်ရင်း ခဏစကားပြောဖြစ်တယ်။ သူက ဌာနနဲ့ဝေးနေတော့ မသိတာတွေမေးပါတယ်။
မေး- မင်းနဲ့မတိမ်းမယိမ်းတွေထဲမှာ ဘယ်သူတွေကျန်သေးလဲ။
ဖြေ- ကျွန်တော်တို့အသုတ်အပါအ၀င် ရာထူးဝန်အဖွဲ့က ခန့်တဲ့အသုတ်သုံးသုတ်မှာ ၁၁ယောက်ရှိတာ၊ ကျွန်တော်တစ်ယောက်ပဲ ကျန်ပါတော့တယ်။ ရှေ့က၇ယောက်နဲ့ နောက်က၃ယောက်က ဌာနထဲမရှိတော့ဘူး။ ထွက်တာ၊ အထုတ်ခံရတာ၊ ပင်စင်ပေးခံရတာ ခင်ဗျ။ တစ်ယောက်ကတော့ ဌာနထဲမှာရှိတုန်းဆုံးသွားတာ။ ဌာနထဲမှာမရှိတော့တဲ့ ၁၀ ယောက်ထဲမှာ ၆ယောက်ကနိုင်ငံခြားပညာတော်သင်သွားပြီးပြန်လာခဲ့သူတွေပါ။
မေး-မင်းကိုမကြည်တဲ့ VIP လက်ထက်မှာ ဘာဖြစ်လိုက်သေးတုန်း။
ဖြေ- သူရှိတုန်းတော့ ကျွန်တော်ရာထူးမတိုးဘူး။ သူအနားပေးခံရပြီးမှ အခုရာထူးတိုးတာပါ။
မေး- မင်းနောက်ထပ် ရာထူးတိုးအုံးမှာလား။
ဖြေ- ကျွန်တော့အထက်မှာ ကျွန်တော့ထက် အသက်ငယ်တဲ့သူတွေမို့ နောက်ထပ်တိုးစရာ မရှိတော့ပါဘူး။
နောက်တော့သူက- အေးပါ။ ဒါပေမယ့် အလုပ်ကို ရိုးရိုးသားသားနဲ့ ကြိုးစားလုပ်ကွာ။
အထူးအထွေစကားထပ်ပြောစရာမရှိတော့ သူ့ကို လက်ဗလာနဲ့ကန်တော့ပြီး ပြန်လာခဲ့တယ်။
သူရန်ကုန်မှာ ကွယ်လွန်တော့ ကျွန်တော်က အငြိမ်းစားယူပြီး ဇာတိမြို့ကို ပြောင်းနေပြီဖြစ်လို့ သူ့ဈာပနကို မပို့နိုင်ခဲ့ပါ။ လွန်ခဲ့တဲ့၂နှစ်လောက်က ဌာနထဲတုန်းက ရင်းနှီးခဲ့တဲ့ ဆရာတစ်ယောက်နဲ့တွေ့တော့ ကွယ်လွန်သူဆရာကြီးအကြောင်း စပ်မိလို့ ပြောဖြစ်တယ်။ ဆရာက “ ခင်ဗျားဆရာကြီးက ခင်ဗျားအပေါ် အတော် သံယောဇဉ်ကြီးတယ်ဗျ။ ခင်ဗျားတို့ ၅ ယောက် ပြည်နယ်/တိုင်း ဦးစီးမှူးရာထူးတိုး တုန်းက ကျွန်တော်က ရုံးချုပ်မှာ၊ ဒု-ညွှန်မှူးဘ၀နဲ့ သူ့အောက်မှာ။ ၀န်ထမ်းရေးရာ အစည်းအဝေးမှာ ခင်ဗျားကို ကချင်ပို့မယ်လုပ်တော့ သူက အပြီးကန့်ကွက်တာ။ ကျန်တဲ့၎ယောက်က ပြဿနာ မဟုတ်ဘူး။ ခင်ဗျားကို ကချင်ပို့လိုက်ရင် ခင်ဗျားအရက်သမား လုံးလုံးဖြစ်ပြီး အလုပ်ပါထိခိုက်လိမ့်မယ်လို့ပြောတယ်။ ခင်ဗျားက သဘောကောင်းတယ်၊ တပည့်တွေကိုလည်း လိုက်လျောတတ်တယ်။ အရက်အရသာမကြိုက်ပေမဲ့ အရက်သောက်ရတာကို ပျော်ပိုက်တယ်။ ဒါကြောင့်ကချင်နဲ့ မဖြစ်ဘူးတဲ့။ သူလည်း ကချင်ကိုရောက်ဖူးတယ်လေဗျာ။ ဒါပေမယ့် သူက အဲ့ဒီအချိန်မှာ လုံးဝ အရက်ပြတ်နေပြီ။ သူကန့်ကွက်လို့ ခင်ဗျား ကချင်ပြည်နယ်မရောက်ဘဲ တနင်္သာရီတိုင်း ရောက်သွားတာ။ ခင်ဗျား ကံကောင်းပါတယ်” လို့ ရှည်ရှည်ဝေးဝေး ရှင်းပြပါတယ်။
ဆရာ့ကို ဂါဝရပြုပြီးအိမ်ပြန်လာတော့ မှောင်စပြုနေပြီ။ စက်ဘီးကို မှန်မှန်နင်းရင်း ဆရာကြီးအကြောင်းကိုပဲ တွေးလာမိတယ်။ ဆရာကြီးဒီဌာနထဲဝင်ကာစ မန္တလေးခရိုင် လက်ထောက်လယ်ဝန်ဘ၀မှာ ကျွန်တော်က ၁၀တန်းကျောင်းသား ။ ညပိုင်းသူ့အိမ်မှာ ကျွန်တော့ကို အပိုသင်္ချာသင်ပေးခဲ့တာ။ ကျွန်တော်ဌာနထဲ ရောက်ပြီး မြို့နယ်ဦးစီးမှူး တာဝန်ကိုထမ်းဆောင်တော့ သူက ကျွန်တော့် တိုင်းဦးစီးမှူး။ တပည့်အရင်းဆိုပြီး မျက်နှာသာ မပေးတဲ့အပြင် အမှားနည်းနည်းလောက် လုပ်မိရင်တောင် အစည်းအဝေးမှာ အလားတူ ကိစ္စကို ပြောပြီး ကျွန်တော့်ကို ဂျူနီယာတွေရှေ့မှာ မပြီးနိုင်မစီးနိုင် သွယ်ဝိုက်ပြီး ဆုံးမတတ်ပါတယ်။ ကျွန်တော်တာဝန်ယူရတဲ့ သုံးမြို့နယ်က သူ လုပ်သက်ငယ်စဉ် အချိန် ခရိုင်လယ်ဝန်ဘ၀နဲ့ ၄-၅နှစ်လောက် နေခဲ့ဘူးသူမို့ အလုပ်အကြောင်း အကြံဥာဏ်ပေးပါတယ်။ သူ့အဖေက ကျွန်တော့ဘခင်ရဲ့ ဌာနတွင်းဆရာဖြစ်လို့ သူတို့မောင်နှမတွေနဲ့ ကျွန်တော်တို့မောင်နှမတွေ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ပါတယ်။ ကျွန်တော်တောင် သူ့ကို သူ့ညီတွေ၊ ညီမတွေခေါ်တဲ့အတိုင်း အိမ်နာမည်ကိုပဲ ခေါ်ခဲ့သူပါ။
သူကွယ်လွန်သွားပြီမို့ သူ့စေတနာတွေ၊ သူ့ကျေးဇူးတွေကို တမ်းတနေရုံက လွဲလို့ ဘာမှမတတ်နိုင်တော့ပါ။ နောက်ဆုံးတော့ သူ့ကိုခေါ်နေကျ အိမ်နာမည်တပ်ပြီး စိတ်ထဲကနေပဲ ရေရွတ်လိုက်မိပါတယ်။
“ကိုဂျွန့် ကျေးဇူးတွေ စေတနာတွေကို ကျွန်တော့်တစ်သက် မမေ့ပါခင်ဗျား”

ဦးခင်မောင်ကြီး(ကြေး/မြေ)
၁၂-၂-၂၀၁၃
ပြန်ထောင်စုနေ့

Memoirs of khin mg gyi slrd1/ January 27

Memoirs of khin mg gyi slrd1/ January 27
January 27
၁၉၉၀ ပြည့်နှစ် မေလအတွင်း ကျွန်တော် ပဲခူးတိုင်းရုံးမှာ တာဝန်ကျနေစဉ်ကာလ တစ်နေ့မှာ ရုံးချူပ်က ညွှန်ကြားရေးမှူး (တစ်ခါတစ်ရံ ဆရာကြီးလို့အခေါ်ခံရသူ) တစ်ယောက်က ဖုန်းဆက်ပါတယ်။အရင်တုန်းက ဒီလို ကိစ္စတွေမှာဖုန်းဆက်ရိုး ထုံးစံ မရှိခဲ့ဘူးပါ။
ညွှန်မှူး--ညွှန်ချူပ်ကဆက်ခိုင်းလို့ကွ။မင်းတို့အဖွဲ့ကိုရာထူးတိုးပေးတော့မှာ၊ မင်းအနေ နဲ့ ကရင် (ပြည်နယ်) ဆိုရင်ဘယ်လိုလဲ။
ဖြေ- - သွားပါ့မယ်ခင်ဗျ။ သိပ်မဝေးလှပါဘူး။ပဲခူးနဲ့ ဘားအံဆိုနေ့တ၀က် နဲ့ရောက်
ပါတယ်။
နောက် ၅ ရက်လောက်ကြာတော့ ဖုန်းဆက်ပြန်တယ်။
ညွှန်မှူး - - ကချင်ဆိုရင်ကောဘယ့်နှယ့်နေမလဲ။
ဖြေ - - ကောင်းပါတယ်ခင်ဗျ။ ရုံးချူပ် (ရန်ကုန်) အစည်းအဝေးတက်ရရင် စစ်ကိုင်းနဲ့
မန္တလေးကကျွန်တော့အမျိုး၊ ဇနီးသည်ရဲ့အမျိုးတွေနဲ့အသွားရော အပြန်ပါ တွေ့ရတာပေါ့ခင်ဗျာ။
၃- ၄ ရက်လောက်နေပြီးဖုန်းဆက်တာက
ညွှန်မှူး - - ခင်မောင်ကြီး၊ မင်းရခိုင်ကိုပြောင်းရရင်ဘယ်လိုလဲကွ။
ဖြေ - - ရခိုင်ကအစားအသာက်ပေါတော့အဆင်ပြေပါတယ်ခင်ဗျ။
၇ ရက်လောက်နေတော့ရာထူးတိုးတဲ့အမိန့်စာရပါတယ်။ ကျွန်တော့ကို တနင်္သာရီတိုင်း၊ တိုင်းဦးစီးမှူးအဖြစ် ရာထူးတိုးမြှင့်ခန့်ထားလိုက်တဲ့အကြောင်း။ အဲ့ဒီအမိန့်စာမှာရာထူးစဉ်အရအမှတ်စဉ် (၁) ရန်ကုန်သားကရခိုင်၊ အမှတ်စဉ် (၂) ရန်ကုန်သားက ကရင်၊ အမှတ်စဉ် (၃) မန္တလေးသားက ကျွန်တော်၊ အမှတ်စဉ် (၄) ပဲခူးသားကမွန်၊အမှတ်စဉ် (၅) မြင်းခြံသားက ကချင် ဆိုပြီး အသီးသီးပြောင်း
ကြရပါတယ်။
ကျွန်တော့်ကို ကချင်ပို့မယ်လို့ထင်ထားတာ။ မေးတုန်းကတစ်မျိုး၊ ပို့တော့မေးတောင်မမေးတဲ့နေရာ။ အမှတ်စဉ် (၁) ကမွန်ကိုမှန်းထားသူမို့ ရခိုင်ကိုပြောင်းရတာ သိပ်ဘ၀င်ကျဟန်မတူ။ ဒါပေမဲ့ ၅ယောက်လုံးက သူငယ်ချင်းတွေမို့  အချင်းချင်း ဘာမှမပြောကြပါဘူး။ အမိန့် အတိုင်း တာဝန်ကျရာ တိုင်း/ပြည်နယ်ကိုသွားအလုပ်လက်ခံပြီး တာဝန်ထမ်းဆောင်ကြပါတယ်။
တစ်နှစ်နီးပါး အကြာမှာ အမှတ်စဉ်(၁)က ရုံးချုပ်မှာကျင်းပတဲ့ သင်တန်းတစ်ခု က အမေးအဖြေကဏ္ဍ မှာ လူကြီးတွေကို ဂါရ၀ပြုတာနဲ့ လာဘ်ပေးလာဘ်ယူလုပ်တာ ခွဲခြားသိလိုပါတယ်လို့  မေးခွန်းထုတ်၊ နောက်ရက်မှာ တာဝန်အရှိဆုံးလူကြီးက မလာတော့ဘဲ သူ့ လက်ထောက်ကို ကိုယ်စားအဖြေခိုင်းတာမှာ လူကြီးရဲ့အဖြေကို မကျေနပ်လို့ နုတ်ထွက်စာ တင်ပြီး ဌာနကို စွန့် ခွာသွားပါတော့တယ်။
ဆက်ရန်-
2Share

Marlar Khin likes this.
Hla Myint u khin mg gyi is a MU graduate.
As a MU graduate , I am proud of him.
His memoirs are INTERESTING.
we expect to read more of memoirs of ukmg-slrd .
ကျေးဇူသိတတ်တာ လူကောင်းတယေက်ရဲ.အရေးကြီးတဲ.အရည်အသွေးတခုပါ။
We should count our blessings.
10 minutes ago · Edited

Sunday, February 10, 2013

Fools abound / လူမိုက်တွေပေါလှပါတကား

/http://www.facebook.com/notes/paukpauk-estateagent/fools-abound/134410523393816
by Paukpauk Estateagent on Saturday, February 9, 2013 at 4:09pm ·
fools abound./ first draft.


9feb.2013saturday


လူမိုက်တွေပေါလှပါတကား
ကျွ န်တော်လဲလူမိုက်
ကျွန်တော်ဇနီး လဲလူမိုက်
နွေခေါင်ခေါင်မှာ
ပူလွန်လွန်းလို.
မီးဖိုကို နေ့လယ(် ၁၂) နာရီကျော်တိုင်းပိတ်ပါပြောလို့
ယောက်ကျား
ရန်လုပ်တဲ့
ဇနီးလူမိုက်
ကျွ န်တော်လဲလူမိုက်ြကီးပါ်
ဤကဲ့သို့ခဏခဏဖြစ်နေ၏ကျွ န်တော်လဲလူမိုက်
ဘယ်သူပိုမိုက်သလဲ


လူမိုက်တွေပေါလှပါတကား

သေနတ်သံတွေ ဆူညံနေမှပျော်တဲ့
လူမိုက်
သွေးတွေ သံတွေမြင်နေရမှပျော်တဲ့
လူမိုက်
ရွာတွေအိမ်တွေမီးလောင်နေတာတွေ
မြင်နေရမှသေနတ်သံတွေ ဆူညံနေမှပျော်တဲ့
လူမိုက်
လူတွေနေစရာမရှိ စားစရာမရှိ ဒုက္ခရောက်နေမှ ပျော်တဲ့
လူမိုက်


သေနတ်ကြီးတွေ တကား တကား
gunship တဝီဝီ
နပန်းဗုံး တအုန်းအုန်းနဲ့
ပျော်နေတဲ့လူတွေကို
ဖေ့ဘွတ်ခ်မှာ စစ်တိုက်ရပ် ဘို့တိုက်တွန်း
တောင်းဆိုစာတွေ comment တွေ ရေးနေတဲ့
ကျွန်တော်လူမိုက်
ဘယ်သူပိုမိုက်သလဲစစ်ရပ်ဘို. တောင်းဆိုနေသူတွေလား
နပန်းဗုံး တအုန်းအုန်းနဲ့ကြဲနေတဲ.လူတွေလား
plz comment with sincerity.
make love, not war.
make peace, not war.

reference to 100,000 IDP’s in China-Kachin borders.