Friday, November 22, 2013

KyaPyayKoDawGyi’s thoughts. ကျပ်ပြေးကိုယ်တော်ကြီးအတွေးအခေါ်များ


KyaPyayKoDawGyi’s thoughts.
ကျပ်ပြေးကိုယ်တော်ကြီးအတွေးအခေါ်များ


ဘာဖြစ်လို့ကိုယ်တိုင်လူမိုက်လုပ်နေမှာလဲ တရုပ် နဲ့ ကုလားကို ရန်တိုက်ပေးလိုက်ရအောင်

Ko Zaw Maymyo, Nyein Chan, Kyitha Lwin and 17 others like this.

Kyaw Thiha Aung သူတို.တောင်မှ တို.ကိုအချင်းချင်းရန်တိုက်ပေးသွားသေးတာပဲ။ တို.က ဘာလို. သူနည်းကိုပြန်မသုံးနိုင်ရမှာလဲ။

Mg Mg Y

Hla Myint ဗမာဗိုလ် ချုပ်တွေ နဲ. တပဲ.တွေ က ဘာမှ မလုပ် တတ် ဘူး ဗျ
အဂတိလိုက်စားတာ နဲ. ရန်တိုက် တာဘဲ ဧတဒင်္ဂ ရထားတာ သူငယ် ချင်း တို.
( First class in corruptions & "driving wedges".)
Zaw Htet သိပ်ကောင်းတဲ့အတွေးလေးပဲကျွန်တော်တစ်ခါမှမတွေးမိဘူးဗျာ


Wednesday, November 20, 2013

We are with you Letpadaungtaung villagers, ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးကွန်ရက်မှနော်အုံးလှ(ခ)မနော်နှင့်ဒေါ်ရှမ်းမတို့ဒေသခံများ


We are with you Letpadaungtaung villagers,
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးကွန်ရက်မှနော်အုံးလှ(ခ)မနော်နှင့်ဒေါ်ရှမ်းမတို့ဒေသခံများ
We are against cut throat Chinese.
We are against bandit-sham , land looter-Generals & their allies.
Jesus, Buddha, Mohamed , honest soldiers , farmers, peasants & workers support you .
We shall overcome

We are with you Letpadaungtaung villagers,
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးကွန်ရက်မှနော်အုံးလှ(ခ)မနော်နှင့်ဒေါ်ရှမ်းမတို့ဒေသခံများ
We are against cut throat Chinese.
We are against bandit-sham , land looter-Generals & their allies.
Jesus, Buddha, Mohamed , honest soldiers , farmers, peasants & workers support you .
We shall overcome.

Monday, November 18, 2013

Is KyatPyayKoDawGyi becoming just a paper tiger ? or rather paper dragon ? People are no more afraid of paper tiger(rather paper dragon/ paper dragon can give just Veto umbrella & no more).


Khin Mgoo shared Sa Maung's photo.

Is KyatPyayKoDawGyi becoming just a paper tiger ? or rather paper dragon ?
People are no more afraid of paper tiger(rather paper dragon/ paper dragon can give just Veto umbrella & no more).

တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းကပြောခဲ့တဲ့ နယ်ချဲ့သမား စက္ကူကျားဆိုတဲ့ စကားကို သတိရကြရမှာပေါ့။ ဒီနေ့ လူထုကဇာတ်ဓါးလဲ မတုန်ကြွေး စက္ကူကျားလည်း မဖြုံကျေးပါဗျာ။ ဟား…ဟား

ဘာနဂါးမှ မကြောက်ဖူးမှတ်၊ ဇာတ်ဓါးကို မတုန် စက္ကူကျားကို မဖြုံ (U Win Tin
)

ဟံသာဝတီ ဦးဝင်းတင်၊ နိုဝင်ဘာ ၆၊ ၂၀၁၃
ဘာနဂါးမှ မကြောက်ဖူးမှတ်၊ ဇာတ်ဓါးကို မတုန် စက္ကူကျားကို မဖြုံ (U Win Tin)

ဟံသာဝတီ ဦးဝင်းတင်၊ နိုဝင်ဘာ ၆၊ ၂၀၁၃

တစ်တိုင်းတစ်ပြည်လုံး ဖိန့်ဖိန့်တုန်ကြောက်ချေးပါအောင် ဟိန်းဟောက် မာန်မဲလိုက်တဲ့ ခြိမ်းခြောက်သံ ကွဲကြီး နားနဲ့ ဆတ်ဆတ်ကြားလိုက်ကြရဲ့နော်။ မကြားသနော်ရယ်လို့ မရှိရအောင် ကျုပ်က ပြည်သူတွေကို နားကလော်လို့ ဖော်ထုတ်ပေးပါရစေဗျား။

တစ်ဝါကျွတ်တွင်းမှာ ဘယာညွတ်ကွင်းက ငါလွတ်ကင်းအောင်ဟဲ့ဆိုတဲ့ သဘောလေးလား။ ၀ါကျွတ်မှာ ဆရာဖွတ်ကြီး အဲလေယောင်လို့ ဆရာကြံ့ကြီးကို တောပြောတောင်ပြော လုပ်အောင်ဆိုတဲ့ သဘောလေလား တော့မသိ။ စစ်အာဏာရှင်ဟောင်းဆီကို သူ့တပည့်ရင်းတွေက ယောဝစန အသံကြားရအောင် သြ၀ါဒခံသွားကြသတဲ့။ သခွပ်ပင်ရင်းမှာ အလွတ်သဘင်ကျင်းနေတဲ့ အသူရာ မင်းတရားကြီးဆီကို အသူရာပေါက်စနတွေရော၊ အသူရာမြောက်ကြွကြွတွေပါ ကန်တော့ပွဲ ၀င်ကြသတဲ့။

အဲဒီသက်ကြီးပူဇော်ပွဲမှာ စစ်အာဏာရှင်ဟောင်းကြီးက ကောင်းသောသြ၀ါဒစကားတွေကို စေတနာဗလ၀နဲ့ ခြွေချတော် မူလိုက်သတဲ့။ လက်ရှိမြန်မာ့ နိုင်ငံက ဖြစ်ပျက်ပြောင်းလဲနေတာတွေကို သူစိတ်ဝင်စားတယ်တဲ့။ မဖြစ်သင့်မဖြစ်ထိုက်တာတွေ မဖြစ်ရအောင်လို့တော့ သူစိုးရိမ်နေသတဲ့။ သူ့ရဲ့စကားက ဒါလောက်ပါပဲ။

သူ့စကားကို ပြန်သယ်လာ၊ တဆင့်စကားတဆင့် နားကြားကြရလေအောင် ဖောက်သည်ချသူကတော့ ပြည်ထောင်စုလွှတ်တော်နာယကကြီး သူရဦးရွှေမန်း ဖြစ်သဗျ။

ဦးရွှေမန်းက သူ့ရဲ့ဝါကျွတ်ကန်တော့ပွဲ ဇာတ်ကြောင်းပြန်တယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့စကားဖောက်သည်ချတယ်။ သူပြောတဲ့ နေရာက လွှတ်တော်ခန်းမဆောင်မှာ။ ဒီစကား ပြည်သူကြားအောင် နားဖွင့်သူက မီဒီယာတွေ။ ကြားကြားသမျှ ပြည်သူတွေကတော့ မျက်လုံးပြူး မျက်ဆန်ပြူး။ ဗိုလ်ချုပ်မှူးကြီးဟောင်းလုပ်တဲ့သူက စိုးရိမ်တယ်ဆိုတော့ ရပ်ထဲရွာထဲကလူတွေ ရင်တုန်ပန်းတုန် ဖြစ်ကုန်ကြတော့တာပေါ့။

ဟား…ဟား ဒို့ကိုရွှေဗမာတို့က စစ်ဖိနပ်အောက်မှာ ရာစုနှစ်တစ်ဝက်လောက် ၀မ်းလျားမှောက် နေလာခဲ့ရဘူးတာ မဟုတ်လား…။ မျက်လုံးပြူးလွယ်၊ ဒူးတုန်လွယ်တာ မဆန်းဘူးပေါ့။

ကိုင်း ကိုယ့်လူတို့၊ ဒီလိုခြိမ်းခြောက်သံမျိုးတွေက ရိုးဖို့ကောင်းပြီပေါ့ဗျာ။ ဒီလို ခြိမ်းခြောက်သံမျိုးတွေ ဒီလိုအချိန်မှာ ပလုံစီလာတာ ဘာဆန်းမှတ်လို့ကွယ်။ တပ်ချုပ်ဟောင်းကြီး ဦးသန်းရွှေက အိုမင်းတွင်းဆုံး ဘ၀ ရောက်နေတဲ့သူ။ ဘာများစိုးရိမ်နေရသေးသလဲဗျာ။ စိုးရိမ်စားစိုးရိမ်ရင် သူ့ဘ၀ ဇာတ်သိမ်းခန်း အတွက်ပဲ စိုးရိမ်စရာရှိတော့မှာပေါ့။ သူ့စိန်စီတဲ့ မိသားစုနဲ့ သူမြေးအလိမ္မာတုံး ကလေးအတွက်ပဲ စိုးရိမ်စရာရှိတော့မှာပေါ့။ သူရဲ့ဗောင်းလန်တဲ့ ဘဏ္ဍာသိုက်အတွက်ပဲ စိုးရိမ်စရာ ရှိတော့မှာပေါ့။ သူ့အတွက် နှမ်းတစေ့မှ မစိုးရိမ်တဲ့ တိုင်းပြည်အတွက် သူက ပြန်စိုးရိမ်ရတယ်လို့ဗျာ။

ဆုံးမတယ်လဲ မထင်ပါနဲ့။ လေးစားပါတယ် ဗိုလ်ချုပ်မှူးကြီးခင်ဗျား။ ကျုပ်ပြောချင်တာကတော့ အခုလို သေခါနီးအရွယ်မှာ နေသာသလို အသာနေပါတော့လား ဦးသန်းရွှေကြီးရေ။ ခြိမ်းခြောက်လဲမနေနဲ့၊ ဟိန်းဟောက်လဲ မနေနဲ့။

ဒီနေ့ခေတ်မှာ အကျယ်လောင်ဆုံး ကြားနေရတဲ့ စကားက ဘာသာရေး၊ လူမျိုးရေး၊ ပဋိက္ခအကြမ်းဖက်ပွဲ တွေထဲက အာဏာသိမ်းသူရဲကြီး အစွယ်ဖြဲထွက်လာတော့မလိုလို။ ၂၀၀၈ အခြေခံ ဥပဒေကို ဒလကြမ်းပြင်ရင် ပြောင်းရင် စစ်တပ်ကပဲ ဘာလုပ်တော့မလိုလို။ ဟိုပြောဒီပြော တောရောက်တောင်ရောက် ခြောက်လုံးလှန့်လုံးတွေ ညံညံစီနေတော့သကိုး။

တကယ်တော့ဗျာ။ ဒီလိုခြောက်လုံးတွေ ကျုပ်တို့ကြောက်တဲ့ခေတ်ကုန်ပြီဗျ။ ဒီနေ့ကမ္ဘာကို မျှော်ကြည့်ဗျာ။ စစ်အာဏာ သိမ်းခေတ်ကုန်ပြီးဗျ။ စစ်ဘုရင်ကိုးကွယ်တဲ့ ခေတ်လဲခမ်းပြီးဗျ။ ဒီခေတ်က ဒီမိုကရေစီခေတ်လေဗျာ။ လူထုက ရှစ်ဆယ့်ရှစ်အကြို မဆလ ကျွန်လူထုမဟုတ်တော့ဘူး။ ရှစ်ဆယ့်ရှစ်အရေးတော်ပုံလွန် သခင်လူထုကြီးဖြစ်နေပြီ။ ဒီနေ့လူထုက စစ်အာဏာကို အံတုရဲယုံမကဘူး။ ခံထုရဲတဲ့ လူထုဖြစ်နေပြီးဗျ။

တပ်မတော်သည်ပင်လျှင် ဒီမိုကရေစီရေချိန်ညှိနေပြီ။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံရောက်ခိုက် ထိုင်းဝန်ကြီးချုပ် ရှေ့မှောက်မှာ ကမ္ဘာသိပြောခဲ့တဲ့စကားတွေကို မှတ်မိကြမှာပေါ့။

မြန်မာ့တပ်မတော်က ဒီိမိုကရေစီအပြောင်းအလဲကို လက်ခံတယ်တဲ့။

နိုင်ငံရေးတည်ငြိမ်မှုကို အာမခံတယ်တဲ့။

နောက်ကြောင်းပြန်ကိစ္စမျိုးမရှိတော့ဘူးတဲ့။

ဒီစကားကိုပဲ တရုတ်ပြည်မှာ တရုတ်သမ္မတနဲ့တွေ့လည်း ကာချုပ်ကြီးက ထပ်မနားပြောခဲ့တာဗျ။ တပ်မတော်ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ကမ္ဘာသိပြောခဲ့တာဗျ။

ထားပါတော့ဗျာ။ တပ်ချုပ်ဟောင်းကြီးရဲ့ စိုးရိမ်စကားဆိုတာက သူ့ကိုယ်ရေးကိုယ်တာနဲ့ သူ့ဘဏ္ဍာဥစ္စာ တို့အတွက် စိုးရိမ်ချက်သက်သက် ဖြစ်လေသဗျ။

ကျုပ်တို့ကတော့ တပ်ချုပ်ဟောင်းကြီးရဲ့ စကားဆိုတိုင်း အရမ်းမကြောက်ချင်ဘူးဗျို့။

နာယကကြီး ဦးရွှေမန်းကတော့ ငယ်သေးတော့ ကြားဖူးပါ့မလား မသိဘူးပေါ့ဗျာ။ တစ်ခေတ်တစ်ခါက တပ်မတော်မှာ ကာချုပ်ကြီး တစ်ပါးရှိခဲ့ဖူးသဗျ။ သူလဲစိုးရိမ်ကြီးသူပဲ။ သူလဲ ဓါးတ၀င်းဝင်း ဗိုလ်ချုပ်ကြီးပဲ။ တပ်တလွှားမှာ `ဇာတ်ဓါး´လို့ ကျော်ကြားသူတဲ့။ ဇာတ်ဓါးဆိုတာ ဇာတ်ထဲမှာ ဇာတ်လူပြက်တွေကိုင်တဲ့ ဓါးကိုပြောတာ။ ဓါးကွက်လက်ပေမဲ့ ဒါးသွားမထက်ဘူး။ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းကပြောခဲ့တဲ့ နယ်ချဲ့သမား စက္ကူကျားဆိုတဲ့ စကားကို သတိရကြရမှာပေါ့။ ဒီနေ့ လူထုကဇာတ်ဓါးလဲ မတုန်ကြွေး စက္ကူကျားလည်း မဖြုံကျေးပါဗျာ။ ဟား…ဟား။

ကျပ်ကတော့ဗျာ။ သူငယ်ပြန်ချင်သလိုလိုများ ဖြစ်လာလေသလားမသိ။ ဆရာမင်းသုဝဏ်ရဲ့ ၀ါဆိုဝါခေါင် ရေတွေကြီးလို့ ကလေးကဗျာထဲက `မျှော့နက်ဆိုတာ ဂျိုနဲ့လားကွဲ့၊ မြွေနဂါးတောင် မကြောက်ဖူးကွယ်။ ဒို့လဲ ကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားကလေးထားခဲ့မယ်´ ဆိုတဲ့ ကဗျာကိုပဲ အခုတလော တဖွဖွ ရွတ်နေမိတယ်။

ကဲကဲ…နှစ်ဆယ့်တစ်ရာစု ဒီချုပ်နောက်က ဒေါ်စုနဲ့ အတူချီကြမယ့် ကျုပ်မြေးရဲတင်းမောင်သစ်ဆင်း၊ မယ်သစ်ဆင်းတို့ရေ။ မောင်မယ်တို့နဲ့အတူ ကျုပ်လဲလိုက်မယ်ဟေ့။ အတူတူသွားကြစို့ကွယ်။ အုန်းလက်ကျားကြီးတော့ ဆွဲခဲ့ပါရစေဗျာ။ ကျပ်က ဘယ်သူ့ကိုများသွားလို့အတုမြင် အတတ်သင်နေမိမှန်း မသိပါဘူးဗျာ။ သေခါးနီးလေ စိုးရိမ်တတ်လေ၊ ကြောက်တတ်လေ ဖြစ်နေသဗျ။ ဒါပေမဲ့ ခေတ်သစ်ဇာတ်ဓါးတွေ၊ ခေတ်သစ် စက္ကူကျားတွေကိုတော့ ကျုပ်ရဲ့စီးတော် ထန်းလက်ကျားကြီးနဲ့ စီးချင်းထိုးခံချချင်သေးသကွယ်။

အရှင်နဂါးလဲ မကြောက်ဘူးကွဟေ့။ အရုပ်နဂါးလည်း မကြောက်ဘူးကွဟေ့၊ တရုတ်နက် နဂါးလဲ မကြောက်ဘူးကွဟေ့။ ကုလားဖြူနဂါးလဲ မကြောက်ဘူးကွဟေ့။ ဟား…ဟား။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၂) အမှတ် (၄၃)
- See more at: http://moemaka.com/archives/39153#sthash.rqPZuDsu.dpuf


Tuesday, November 12, 2013

Chinese copper mines, Letpadaungtaung.


nyeinchansarpay.blogspot.com shared Ko Dore's status.
4 minutes ago
တရုပ်တပဲ.များ သာသနာ.ရန်သူများ သောင်း ကျန်းနေပြီ
၁၂-၁၁-၂၀၁၃
လက်ပန်တောင်းတောင်ဒေလယ်သမားဦးသန်းမြင့်ကိုဖမ်းဆီးလိုက်ပြီ

လက်ပန်တောင်းတောင်ဒေသအင်ကြင်းတောင်သပိတ်စခန်းကိုအကြမ်းဖက်ဖြိုခွဲရန် မနက်(၈း၃ဝ)မိနစ်ကလိပ်ခွံတောင်တွင်တပ်စွဲထားသောရဲများချီတက်လာသည်ကို မိုးကြိုးပြင်(တောင်)ရွာနေဦးသန်းမြင့်မှရွာသားများကိုဟစ်အော်သတိပေးသဖြင့်အရပ် ဝတ်ထောက်လှမ်းရေးများဖမ်းဆီးသွားသည်၊၊(၉း၃၀)မိနစ်တွင်ဆည်တည်းရွာထိပ်တွင် တပ်စွဲထားသောလုံထိန်းရဲတပ်ဖွဲ့ကိုမြို့နယ်ရဲတပ်ဖွဲ့မှုးအောင်ကျော်မှဦးစီး၍ဇီးတော ရွာနှင့်ကျောက်ဖြူတိုင်ရွာကိုစတင်ချီတက်သည်၊၊စစ်ကိုင်းတိုင်းနယ်လုံဝန်ကြီးဗိုလ်မှုး ကြီးကြည်နိုင်သည်(၉း၂၀)မိနစ်တွင်တုံရွာရှေ့ဇရပ်မှအထိကရုန်းဖြိုခွဲရေးစွမ်းအားရှင်အမည်ခံအကြမ်းဖက်သမားများနေရာချစီမံခန့်ခွဲနေပြီး၊(၉း၃၀)မိနစ်တွင်ကျောက်ဖြူတိုင် ရွာဘက်ကိုထွက်ခွာသွားသည်၊၊ဆည်တည်း၊ဇီးတော၊ကျောက်ဖြူတိုင်၊သုံးရွာသည် ကပ်လျှက်တည်ရှိနေသောရွာစုဖြစ်သည်၊၊(၉း၄၀)မိနစ်တွင်အင်းကြင်းတောင်အနီးကိုဝန်းပတ်၍လုံထိန်းရဲများနေရာယူထားကြပြီး အင်အား(၁၅၀)နီးပါးပါဝင်သည်၊၊ဆည်းတည်းရွာနှင့်ပတ်ဝန်းကျင်ရွာမှလယ်သမားများ အင်ကြင်းတောင်ကိုကာကွယ်ရန်သွားနေကြပြီ၊တုံရွာအုပ်စုတွင်ရွာလုံခြုံရေးကိုတင်း ကြပ်စွာချထားလိုက်သည်၊၊ အင်ကြင်းတောင်သပိတ်စခန်းသည်လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေးအစီရင်ခံစာဖော်ပြချက်များအတိုင်းလယ်တီသိမ်နှင့်သာသနာရေးအဆောက်အဦးများကိုကာကွယ်ထိန်းသိမ်းပေးရန်တောင်းဆိုနေခြင်းဖြစ်သည်၊၊

၁၂-၁၁-၂၀၁၃ မနက်(၉း၄၀)ဆက်သွယ်ရန်ဖုန်း
ဦးစန္ဒာသီရိ(၀၉၃၃၀၉၈၂၀၄)
ဥူးအာလောက(၀၉၄၀၀၄၁၅၇၃၁)
ဥူးဝိမလ(၀၉၄၂၀၇၆၈၄၇၄)
ကိုမင်း. (၀၉၄၂၁၀၇၀၅၉၁)
ကိုဝင်းကျော်(၀၉၃၁၃၄၄၇၅၄)
ပုလဲ(NLD)အမတ်ဒေါ်ခင်စန်းလှိုင်(၀၉၈၆၃၂၉၆၆

Sunday, November 10, 2013

Glimpse @ u thein sein,


Blue Peace

၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက်မှာ မွေးခဲ့တဲ့ ဟိုင်းကြီးကျွန်းနားက ကျုံဘူးရွာသား ဦးမောင်ဖြိုးရဲ့သား မောင်သိန်းစိန်ဟာ စစ်တက္ကသိုလ် အမှတ်စဉ်(၉) တက်ခွင့်ရပြီး ၁၉၆၈ ခုနှစ်မှာ ၀ိဇ္ဖာဘွဲ့  ရကာ စစ်ဗိုလ် စဖြစ်လာတယ်။

တိုက်ခိုက်ရေးတပ်မှာ တာဝန် ထမ်းခဲ့တဲ့ မောင်သိန်းစိန်ဟာ ၁၉၈၈ အရေးတော်ပုံကြီး ဖြစ်ခဲ့စဉ်တုန်းက စစ်ကိုင်းတိုင်း အတွင်း မှာ ကလေးမြို့ မှာ ရှိတဲ့ အမှတ် ၅၅ တပ်မ လက်အောက်ခံ ခြေလျင် တပ်ရင်း(၈၉) မှာ ဗိုလ်မှူး အဆင့်နဲ့ တာဝန် ထမ်းဆောင်ဆဲ အချိန်ဖြစ်တယ်။

၁၉၉၁ ခုနှစ်ရောက်တော့ ကလောမှာရှိတဲ့ Command and General Staff College တက်ပြီး ဗိုလ်မှူးချုပ်ဘ၀နဲ့ ရန်ကုန် မှာရှိတဲ့ စစ်ရုံးချုပ်ကို ရောက်လာတယ်။ ၁၉၉၅ မှာ စစ်ဒေသ ၄ မှော်ဘီ မှာတာဝန် အချခံရပြီနောက် ၁၉၉၆ မှာ ရှမ်းပြည်နယ်-ကျိုင်းတုံမှာရှိတဲ့ တြိဂံတိုင်းမှူး (၁၉၉၉၆- ၂၀၀၁)အထိ ဖြစ်ခဲ့တယ်။

၂၀၀၃ ခုနှစ်အရောက်မှာတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ဖြစ်လာပြီး နအဖ (နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ ဖြိုးကောင်စီ)အဖွဲ့မှာ အတွင်းရေးမှူး (၁) ဖြစ်လာတယ်။

၂၀၀၄ ခုနှစ်မှာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် ကိုဖြုတ်ထုတ် ထောင်ချ ဖယ်ရှားတော့ ဦးခင်ညွန့် ပိုင် ၀န်ကြီးချုပ် ရာထူးနဲ့ အတွင်ေးရးမှူ(၁) ရာထူးတွေကို ဝေငှကြရာမှာ ဗိုလ်ချုပ်ကြီး စိုးဝင်းက ၀န်ကြီးချုပ် ရာထူးရပြီး ဦးသိန်းစိန်က အတွင်းရေးမှူး (၁) ရာထူး ရလိုက်တယ်။

၂၀၀၇ ခုနှစ်မှာ ၀န်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးစိုးဝင်း 12 October 2007 သွေးကင်ဆာ ရောဂါနဲ့ ရုတ်တရက်သေတော့ သူ ၀န်ကြီးချုပ် ရာထူး 24 October 2007 မှာ အစားထိုး အမွေ ဆက်ခံ ရလိုက်တယ်။ ၂၀၀၈ နာဂစ်မုန်တိုင်းဖြစ်လို့ လူပေါင်း ၁ သိန်းကျော် သေဆုံးပြီး ရက်ပိုင်း လက်ရှိ သုံးနေတဲ့ အခြေံ ဥပဒေကို ဆန္ဒခံယူပြီး လုပ်ပြီး အတည်ပြုစဉ်မှာ ၀န်ကြီးချုပ် ဖြစ်လာခဲ့တယ်။

29 April 2010, မှာတော့ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်တပ်က အနားယူတယ်။ နောက်တော့ ဦးသန်းရွှေ ဥက္ကဌလုပ် ထူထောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေး အသင်း အမည်ခံထားတဲ့ လူမှုရေး သက်သက် ဆောင်ရွက်ဖို့အတွက် ထူတောင်ပါတယ် ဆိုတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေး ပါတီမှာ မျက်နှာပြောင်တိုက်ပြီး ဥက္ကဌ လုပ်ပါတော့တယ်.

၂၀၁၀ ရွေးကောက်ပွဲမှာတော့ နေပြည်တ်ာတိုင်း ဇဗ္မူသီရိ မြို့ နယ်ကနေ ရွေးကောက်ခံခဲ့ရာ ထောက်ခံမဲပေးသူ ခြောက်သောင်းခွဲခန့့်(စာရင်းအားဖြင့်-၆၅ ၆၂၀)မဲရပြီး ရာနှုန်းအားဖြင့် ၉၁့  ၂ နဲ့ မဲနိုင်ပြီး လက်ရှိ ၀န်ကြီးချုပ် ဖြစ်ခဲ့သူပါ။

ဦးသိန်းစိန် ဟာ နိုဗယ်ဆုရနိုင်တယ်၊ လာဘ်စားမှုကင်းတယ်။ သမ္မတ ရာထူး မက်လို့ မဟုတ်ဖုး စသည်ဖြင့် ကပ်ဖားရပ်စား မီဒီယာသမားတွေက "ချေးတုံး-ရွှေချ " အကျိုးမဲ့ စကားတွေနဲ့ အမွှန်းတင် ရေးသား ပြောဆို ဖော်ပြနေပေမယ့် သူ့ ရဲ့ ပြည်ပ ခရီးစဉ်တွေမှ ပြည်ပရောက် မြန်မာ နိုင်ငံသားတွေကတော့ အမှန်အတိုင်း အရှိအတိုင်း ဆန္ဒပြ ထုတ်ဖော်ကြလို့ အရှက်တော် ကွဲပြီး တည်းခိုတဲ့ ဟိုတယ်ကနေ ပြေးရ ပြောင်းရ ရှောင်တိမ်းရတွေ ရှိခဲ့တာ မနည်းလှပါဘူး။ အောက်မှာ ပြည်ပ ဆန္ဒပြ ကန့် ကွက်မှု တချို့ကိ ဖော်ပြ ပေးလိုက်ပါတယ်။

- စစ်တပ်ထဲမှာကြီးပြင်ခဲ့ပြီး စစ်မိန့်နဲ့ လှုပ်ရှား ရှင်သန် ရပ်တည် လာခဲ့တဲ့ အသက် ၆၉ နှစ်ထဲ ရောက်နေတဲ့ ဦးသိန်းစိန်ဟာ ရှစ်လေးလုံး အရေးတော်ပုံကာလမှာ သမ္မ လုပ်ခဲ့သူ ဒေါက်တာ မောင်မောင်က" တချိန်မှာ ကျွန်တော့ စေတနာတွေ နားလည်ပြီး တမ်းတ ကျေးဇူးတင်ကြလိ့်မယ် "လို့  ပြောခဲ့သလို အခုအချိန်မှာ ထူးဆန်းတဲ့ "ထမင်းရေပူလာမှ လျှာလွှဲ" တဲ့ "စေတနာ ဗလပွ ယောင်ယောင်"စကားတွေ ထုတ်ပြော လာနေပါပြီ။

ဦးနေ၀င်းက ပြည်ထောင်စု ပြုကွဲမှာကို ဘန်းပြပြီး အချိန်ဆွဲ အာဏာ ရူးခဲ့တယ်။
ဦးသန်းရွှေ။ ခင်ညွန့် ။ မောင်အေး တို့က ကျေးဇူးရှင် အဖေကြီး နေ၀င်း ကာကွယ်ဖို့ ဥစ္စာရူး၊ အာဏာရူးပြီး ၂၃ နှစ်ကြာ အချိန်ဆွဲ အုပ်ချုပ်ခဲ့တယ်။

ဦးရွှေမန်း-ဦးသိန်းစိန် နဲ့ မင်းအောင်လှိုင်တို့က ၂၀၀၈-အခြေခံဥပဒေ ပျက်ရင် တိုင်းပြည်ပျက်မယ် လို့ ပြောချင်နေပြန်ပါပြီ။

လောလောလတ်လတ်မှာတော့ ဦးရွှေမန်း။ မင်းအောင်လှိုင်နဲ့  ကြံ့ခိုင်ရေး အုပ်စုတွေ သီတင်းကျွတ်မှာ ဦးသန်းရွှေကြီးကို သွားကန်တော့ ကြရမှာ " လက်ရှိအခြေအနေ မြင်ရတာ ရှေ့ ရေးအတွက် စိတ်ပူကြောင်း" အိမ်တော်ကြီးက အတွင်းတော်စကား ဖွင့်ပြောတဲ့ စကား ပြင်ပအထိ ပေါက် ထွက်လာလို့ လူကြီးတွေ အမည်ခံထားတဲ့ ဦးရွှေမန်းတို့ -သမ္မတ ပြောခွင့်ရ ရဲထွတ်တို့- ဌေးဦးတို့ တွေ ဖာဖာထေးထေး သတင်းထုတ်ပြန် ရှင်းလင်းတာတွေ အင်တာနက်မှာ ရှုပ်ရှုပ်ပွေပွေတွေ ဖတ်နေရတယ်။

အာဏာရူးခဲ့ပြီးမှ သူ့ နိုင်ငံရေး မြောင်းထဲရောက် စုတ်ပြတ်နေတဲ့ ၀န်ကြီးချုပ်ပြုတ် ခင်ညွန့်တောင် - တိုင်းပြည်ဒီလောက် ပြောင်းလဲ တိုးတက်နေတာ သူက ဘာကို ရည်ရွယ်ပြီး စိတ်ပူနေတာလဲလို့- ဂွင်တည့်တုန်း အဆင်း ဘီးတပ်တဲ့ ခနဲ့ တဲ့တဲ့ မှတ်ချက်စကား ပေးကြောင်း ဖေ့စ်ဘုတ်တွေမှာ ပလူပျံတက်နေတယ်။


နှလုံးရောဂါ ခံစားရလို့ စက်အကူတပ်ပြီး အသက်ရှင်ရင်း တိုင်းပြည် တာဝန် ထမ်းဆောင် နေတဲ့ ဦးသိန်းစိန် ကရော ကြောင်းချေးလို ပျော့ပျော့ လေးနဲ့ နံတယ် ဆိုသလို ၀ါးဖော်စားဖက် စစ်ဗိုလ်ပြုတ်- စစ်ဗိုလ်ခုတ် တွေအတွက် အမှားကို အမှားသိရက်နဲ့ အကုသိုလ်အမှု မုသာဝါဒတွေ ကျူးလွန်နေလေ သလား။

အမေရိကန်က ပေးခဲ့တဲ့ " ငြိမ်းချမ်းရေးဆုကြီး " မှ အားမနာ ၊ မသူတော်တော်ဘက် ဖိပြီးလှေနံနင်းတော့ လေမလား။

စစ်အာဏာရှင် သက်တမ်းရည်နိုင်ဖို့ ဗီတိုအာဏာ သုံးပေးခဲ့တဲ့ ပေါက်ဖော်ကြီးတွေအလိုကျ အချိန်မရွေး မသက်ရှူ ရပ်တန့် ဘ၀ပြောင်းသွားနိုင်တာကို မျက်ကွယ်ပြုပြီး အယုတ်တမာတွေဘက် ငရဲပြည် ရောက်တဲ့အထိ တိုင်းပြည်ဖျက် ၂၀၀၈ အခြေံဥပဒေ ဆိုတာကြီးကို အကာအကွယ်ပေးသွားလေမလား။

အော် ။- သေမင်း တိုင်းပြည် အချိန်မရွေး ရောက်သွားနိုင်တာတောင်မှ တိုင်ပြည်ကောင်းကျိုး။ လူမျိုး ဘာသာ ကောင်းကျိုး စကားမပြောနိုင်တာကတော့ ဦးသိန်းစိန်အတွက် အံ့သြ ကုန်နိုင်ဖွယ်ပင်--


မာတလိ (မဲဆောက်)



Saturday, November 9, 2013

မျှော်လင့်ခြင်း(ခင်မော်မော်-မန္တလေး)


မျှော်လင့်ခြင်း(ခင်မော်မော်-မန္တလေး)
January 20, 2013 at 12:10pm
မျှော်လင့်ခြင်း(ခင်မော်မော်-မန္တလေး)
အရပ်ထဲကကျွန်မကို ကွယ်ရာမှာ ပြောကြတာကတော့ လင်ပစ်မလေးတဲ့ရှင့် သူတို့ပြောကြတာလည်း မလွန်ပါဘူးလေ သူက ကျွန်မတို့ သားအမိကို ထားခဲ့ပြီး တိတ်တိတ်ကလေး ထွက်သွားတာ (၂)နှစ်တောင် ပြည့်သွားပြီဆိုတော့လည်း ပြောကြပေမပေါ့။ သူတိုတာက ကျွန်မရဲ့ ယောကျာ်း ကိုလှအေးပေါ့ရှင်၊ အေး လည်းအေးပါရဲ့လှလည်းလှပါရဲ့ ကျွန်မကတော့ သူကျွန်မတို့သားအမိကို ပစ်သွားတယ်လို့ လုံးဝကိုမထင်ပါ ဘူး။ သူငွေရှာသွားတာဘဲလေ အဆင်ပြေရင် ပြန်လာမှာပေါ့ ဒီလိုဘဲ ကျွန်မ တွက်ထားပါတယ်။ သူက လည်း သူပါဘဲ ခုချိန်ထိအောင် စာလေးတစ်စောင်တောင်မှ ရေးဖေါ်မရဘူး။ သာကြောင်းမာကြောင်းလေး တောင် လူကြုံနဲ့ မပြော အသဲမာလိုက်ပုံကတော့ ကျောက်ခဲအဖေခေါ်လောက်ပါရဲ့ရှင်သူထွက်သွားစကတော့ ကျွန်မမှာ အရူးတစ်ပိုင်းပါပဲ ဘာလုပ်လို့ ဘာလုပ်ရမှန်းလည်း မသိ၊ စားချိန်မမှန်၊ အိပ်ချိန်မမှန်နဲ့ သနပ်ခါး လိမ်းချယ်ဖို့ဆိုတာကတော့ ဝေလာဝေးပေါ့ရှင် နောက်ပြီး လူးတွေကျွန်မကို ကြည့်ကြပုံကလည်း သနား သလိုလို၊ ဘာလိုလိုနဲ့ အဓိပ္ပါယ်မျိုးစုံပါတဲ့၊ မျက်လုံးတွေကိုလည်း သတ္တိရှိရှိနဲ့ ရင်ဆိုင်ရပါသေးတယ်။
သူနဲ့ကျွန်မ စပြီးကြိုက်ကြတော့ အမေ့ကို ဖွင့်ပြောပြီး တိုင်ပင်ပါသေးတယ်။ အမေက သိပ်သဘော မတူပါဘူး သူက တရွာသားလည်းဖြစ်ပြန်၊ အလုပ်ကလည်း ဘာတစ်ခုမှ မယ်မယ်ရရ မတက်။ ပန်းရံဆရာ လေး၊ လက်သမားဆရာလေးဆိုလည်း တော်သေးရဲ့တဲ့။ အမေတို့ကတော့ နောင်ရေးကို အရှည်တွေးတာပေါ့ ဒါပေမဲ့လည်း မရပါဘူး၊ အချစ်မှာ မျက်စေ့မရှိဘဲ တားတဲ့ကြားက ဇွတ်ယူလိုက်ကြတာပေါ့ရှင်။ စကတည်း ရင်သကိုဆိုသလိုပါဘဲ ကျွန်မတို့နှစ်ယောက်အတွက် နေစရာအိမ်ကမရှိ၊ ချက်စားဘို့အိုးခွက်၊ ပန်းကန် ကလည်း မရှိသေး၊ မိဘဆိုတော့ သားသမီးကို မပစ်ရက်တော့ ပြန်ကြည့်ရှု့ကြပါတယ်။ ကျွန်မတို့ နှစ်ယောက်အတွက် ကျောချစရာနေရာကတော့ အမေတို့အိမ်ကလေးရဲ့ရှေ့မှာ ချထားတဲ့ ကုတင်လေးတစ်လုံး ပါဘဲ ဒါနဲ့ ပြောရအုံးမယ်ရှင် အမေတို့အိမ်ဆိုတာလည်း (၁ဝပေပတ်လည်) အခန်းကျင်းကျင်းလေး၊ အိပ်စရာ ကုတင်တစ်လုံးနဲ့ ကြောင်အိမ်ကလေး တစ်လုံးချထားပြီး ဒီအိမ်ထဲမှာပဲအိပ်၊ ဒီအထည်းမှာပဲချက်နဲ့ ဖြစ်သလို နေရစားရတာလေ။
အခုလိုကျွန်မတို့အတွက် နေစရာလေးပေးပြီး ထမင်းကျွေးထားတာလဲ ကျေးဇူးကြီးလှပါပိ၊ သူက လည်း အလုပ်မရှာရသေး ဒီလိုနေရင်းနဲ့ ကျွန်မမှာ ကိုယ်ဝန်ရှိလာပါလေရော ငွေကလိုလာပြီလေ အမေတို့ကို လည်းအားနာလာပြီ ဟောအခုဆို ကလေးမီးဖွားဘို့ စားစရိတ်တို့ အစစအရာရာပေါ့လိုလာပြီလေကျွန်မတို့ တခုခုတော့ လုပ်ကြရတော့မယ်၊ ဒီအတိုင်း နေလို့မဖြစ်ကြတော့ဘူး ကျွန်မလည်း စဉ်းစားမိတာနဲ့ ငွေရင်း လေးနဲနဲပါးပါးရှာပြီး ကြာဇံကြောဆိုင်လေး ဖွင့်လိုက်ပါတယ်။ ဆိုင်ဆိုတာကတော့ စားပွဲလေးတစ်လုံးနဲ့ ထိုင်ခုံလေး ငါးလုံးပါဘဲ။ ပန်းကန်ခွက်ရောက်ကတော့ အမေ့ဆီကပေါ့။ မဆိုးပါဘူးလေ ဟင်းရေလေးနဲ့ အချဉ်ကလေးနဲ့ဆိုတော့ သူ့အရပ်နဲ့ သူ့ဇာတ်ဆိုသလို ရောင်းကောင်းပါတယ်။ သူကလည်း အလုပ်မရှိသေး တော့ မနက်စောစောထပြီး ကြောချက်လုပ်ကိုင်ပေးပါတယ်။ပျော်စရာကြီးပါဘဲရှင်။ ညနေပိုင်းဆို သူ့မှာ ပါလာတဲ့ စက်ဘီးဟောင်းလေးတစ်စီးနဲ့ ဟိုးနားဒီနားလျှောက်လည်ကြ၊ ညရောက်တော့ အရပ်ထဲကဗွီဒီယိုရုံ မှာ ကြည့်လိုက်ကြနဲ့ ရှေ့ရေးလည်း သိပ်မတွေးမိပါဘူးလေ
ဒီလိုနဲ့ သားဦးလေးကို မွေးဖွားခဲ့ပါတယ်။ ကျွန်မသားလေးက ချောလိုက်တာ မပြောနဲ့တော့ အသား လေးကလည်းဖြူ၊ နှာတံကလည်း ပေါ်ပေါ်သူ့အဖေနဲ့လည်း တော်တော်လေး တူပါတယ်။ သားဦးအရှူးဆိုတဲ့ အတိုင်း သူရောကျွန်မပါ ချစ်လိုက်ရတာတော့ တုန်လို့ပါဘဲ။
ကျွန်မအနားယူနေတုန်း အမေကကူပေးလို့ သူ့ဆိုင်လေးကို ဆက်ထွက်ပါတယ်။ တစ်လလောက်နားပြီး ကျွန်မအလုပ်ပြန်လုပ်ပါတယ်။ အဲဒီအချန်လောက်ကစပြီး သူ့အမူအရာတွေ ပြောင်းလာတာပါဘဲရှင်၊ မှိုင်တိုင် ငိုင်တိုင်နဲ့ပေါ့ ကြာလာတော့လည်း အိုးမရှိ အိမ်မရှိတော့ ဘဝလေးကိုသူ တွေးမိပြီး စိတ်ဓာတ်ကျလာပြီပေါ့ လေ။ တစ်နေ့တော့ သူကျွန်မကို ဖွင့်ပြောတယ် သူအဝေးမှာ သွားပြီး အလုပ်လုပ်ချင်တဲ့အကြောင်း ကျွန်မက လည်း ကလေးတဖက်နဲ့မို့ ဒီမှာဘဲ အလုပ်တစ်ခုရှာပြီး လုပ်ကိုင်စားဖို့ ဖြောင့်ဖျပါတယ်။ မှတ်မှတ်သားသား သားလေး (၂)လပြည့်ပြီး ရက်ပိုင်းလောက်မှာပေါ့ အဲဒီညကလည်း အိပ်မက်ဆိုးတွေကလည်း မက်လိုက်တာ မပြောပါနဲ့တော့ မိုးလည်းလင်းရော သူမရှိတော့ဘူးလေ။ သေချာတာက သူ့ဘီးဟောင်းလေးနဲ့ မှတ်ပုံတင် သွားပြီပေါ့။ ရက်စက်လိုက်ပါဘိ ကိုလှအေးရယ်လို့သာ အော်ဟစ်ငိုလိုက်ချင်ပါတော့သည်။ ကျွန်မမှာတော့ ဝမ်းနည်းကြေကွဲရ လွမ်းဆွတ်တမ်းတရနဲ့ဘဲ နေ့ရက်တွေ ကုန်ဆုံးခဲ့ရပါတော့တယ်။ ကံဆိုးတဲ့ထဲက ကံကောင်းတာလေးတစ်ခုကတော့ သူကျွန်မအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ကလေးတစ်ခု ပေးထား ခဲ့တယ်လေ။ အဲဒါလေးကတော့ သားလေးမောင်းချမ်းအေးလေးပါပဲ။ ဒီသားလေးအတွက် ကျွန်မ ရုန်းကန် လှုပ်ရှားရဦးမှာပေါ့ရှင်။ သူထွက်သွားပြီး လေးငါးလကာတော့ ကျွန်မလိုက်ပြီးစုံစမ်းပါတယ် သူ့အမေကလည်း ရောက်လည်းရောက်မလာဘူးတဲ့။ သူ့သူငယ်ချင်းတစ်ယောက်ဆီ သွားစုံစမ်းတော့ ဖားကန့်ကို ဖော်တစ်စုနှင့် လိုက်သွားကြောင်း သိရပါတော့တယ်။
သားလေးအသက်က (၂)နှစ်နဲ့ (၂)လပြည့်သွားပြီဆိုတော့ သူထွက်သွားတာ နှစ်နှစ်တင်းတင်း ပြည့် သွားပြီပေါ့ ကြာတော့လည်း ကြာခဲ့ပါပြီလေ။ ဒါကြောင့်လည်း ကျွန်မကို လင်ပစ်မလေးလို့ ပြောကြတာပေါ့ ဘယ်သူတွေ ဘာပဲပြောကြပြောကြ ကျွန်မကတော့ မမှုပါဘူး သူကျွန်မတို့ သားအမိကို ပစ်သွားတယ်ဆိုတာ လုံးဝမယုံကြည်ပါဘူး။ သူ့သား ဒီလောကကြီးထဲမှာ အသက်မသေဘဲ ရှိနေအုံးမယ်ဆိုရင် သူ ကျွန်မအပေါ် မှာ မချစ်တော့လို့ သံယောဇဉ်မရှိတော့လို့ဘဲထားပါအုံး သူ့သွေးသားလေး ဖြစ်တဲ့ သားလေးမောင်ချမ်းအေး လေးစီကိုတော့ တနေ့နေ့ တချိန်ချိန်မှာ မုချရောက်လာမှာဘဲလို့ မျှော်လင့်ရင်းနဲ့ ကျွန်မဘဝလေးကို ဆက်လက်ရှင်သန်ရအုံးတော့မှာပေါ့ရှင်။

(ခင်မော်မော်-မန္တလေး)

Wednesday, November 6, 2013

Burmese military is the the root cause of all our problems.


https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn1/p480x480/994972_566063653447709_1742638658_n.jpg

Duwa Kachin
(“ကျုပ်တို့လိုအပ်နေတာ ဆန်လဲ မဟုတ်.. ဆားလဲ မဟုတ်.. နေစရာ အိမ်လဲ မဟုတ်ဘူး... ကျုပ်တို့ကို ဘာမှ ပေး စရာ မလိုဘူး... ဗမာ စစ်တပ်ပြန်ရုတ်သိမ်းသွားဖို့ ကမ္ဘာကို ပြောပေးပါ... ဗမာ စစ်တပ် ပဲ ရှိနေသမျှ ဘယ်တော့မှ မငြိမ်းချမ်းဘူး.. သူတို့ မဖျက်ဆီး ပေးရင် ကျုပ်တို့ ဘာသာ ဘာမဆို ရှိလာအောင် ပြန်လုပ်ယူလို့ ရတယ်...” လို့ ဆိုသတဲ့။
ဒီအဆိုပြုက ကချင် တွေအတွက်တင်မဟုပ်ပါ ဗမာပြေတပြေလုံးအတွက်ပါ မှန်ပါတယ်
Burmese military is the the root cause of all our problems.



)
မြစ်ကြီးနားမြို့မှ ကချင်လူငယ်များ ၀တ်ပြုအစည်းအဝေး

နှလုံးသားမှာ ဆာငတ်နေတဲ့ လွတ်လပ်ခြင်း အတွက် ၀ိုင်းဝန်းဆုတောင်းကြတယ် လို့ ဆိုပါတယ်။
အဲဒီ ဆုတောင်းအစည်းအဝေး ကတော့ နှစ်ခြင်းလူငယ်များနေ့ အတွက် အထူးနေ့ ဆုတောင်းအစည်းအဝေး အစီအစဉ်ပါ။ ဒါပေမယ့် ခံစားနေရတဲ့ ဝေဒနာ တွေ အောက်မှာ သူတို့ မတိုင်ပင်ပဲ ဆုတောင်းဖြစ်တာက “လွတ်မြောက်ရေး” အတွက် ပါ။
ဒီနေ့ ကချင်ပြည်နယ်ဟာ တိုးတက်သင့်လျှက် မတိုးတက်တဲ့မြေ၊ မဆင်းရဲသင့်ပဲလျှက် ဆင်းရဲနေရတဲ့နယ် ပါ။
စစ်ပြေးဒုက္ခသည်များ ကို ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ၀န်ထမ်းများ မေးခွန်းများ မေးခဲ့ပါ သတဲ့။
“သိပ်မကြာခင်မှာ အပစ်အခတ်ရပ် လက်မှတ်တွေ ထိုးတော့မယ်။ ငြိမ်းချမ်းသွားပြီ ဆိုရင် အိမ်ပြန်ရမယ်။ ဒီတော့ အိမ်ပြန်ရင် ဘာတွေ ကူညီ ပေးရမလဲ လို့ မေး တယ်။”
သူတို့ ဖြေပုံ က ရှင်း တယ်။
“ကျုပ်တို့လိုအပ်နေတာ ဆန်လဲ မဟုတ်.. ဆားလဲ မဟုတ်.. နေစရာ အိမ်လဲ မဟုတ်ဘူး... ကျုပ်တို့ကို ဘာမှ ပေး စရာ မလိုဘူး... ဗမာ စစ်တပ်ပြန်ရုတ်သိမ်းသွားဖို့ ကမ္ဘာကို ပြောပေးပါ... ဗမာ စစ်တပ် ပဲ ရှိနေသမျှ ဘယ်တော့မှ မငြိမ်းချမ်းဘူး.. သူတို့ မဖျက်ဆီး ပေးရင် ကျုပ်တို့ ဘာသာ ဘာမဆို ရှိလာအောင် ပြန်လုပ်ယူလို့ ရတယ်...” လို့ ဆိုသတဲ့။
ဒီ လူငယ် တွေက မြို့ပေါ်မှာ နေတယ် ဆိုပေမယ့် သူတို့ ဆွေးမျိုးသားချင်းတွေရဲ့ ရင်ဖွင့်သံတွေကို နေ့စဉ် ကြားနေရတာပါ။ သူတို့ မမေ့ပါဘူး။
— with Ar Thwaye Ar Chor and Naw Naw.

Saturday, November 2, 2013

Haunted Kyaukse graveyard. MORE CORRECTLY "HAUNTED Burma"


https://www.facebook.com/photo.php?fbid=746112635402972&set=a.626297084051195.1073741826.100000127263276&type=1&relevant_count=114
Khin Mgoo shared Maha Mingyi's photo.

ကျောက်ဆည် သင်္ချိုင်းမှာ သရဲတွေ ဆန္ဒပြနေတယ်……
၂၀၀၇ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ည ၁၀ နာရီမှာ နအဖရဲ့ လက်မရွံ့ဗိုလ်ချုပ် စိုးဝင်း မင်္ဂလာဒုံစစ်ဆေးရုံမှာ သွေးတွေ အဆက်မပြတ်အန်ပြီး သေပါတယ်။ အစိုးရက ၁၂ ရက် အောက်တိုဘာ ၂၀၀ရ မှာ သေကြောင်း ကြေငြာချက်ထုတ်ခဲ့ပါတယ်. စိုးဝင်းရဲ့အလောင်းကို တပ်မတော် စစ်သင်္ချိုင်းမှာ မမြုပ်ခင် ဗိုလ်သန်းရွှေက “ ဒီကောင်လေးက ငါ့လက်ရုံးလေး…မင်းတို့ မင်္ဂလာဒုံစစ်သင်္ချိုင်းကို မပို့ပဲ၊ ငါသေလဲ ကျောက်ဆည်မှာပဲ ပြန်မြုပ်ဖို့ စဉ်းစားထားလို့ သူ့ကို ကျောက်ဆည်ကို ပို့ရင်ကောင်းမယ်နဲ့တူပါတယ်” လို့ ပြောဘူးတယ်၊ ဗိုလ်ချုပ်စိုးဝင်း သားသမီးများက တောင်းပန်ကြလို့ ကျောက်ဆည်မရောက်ခဲ့ပဲ ရန်ကုန်မှာ အလောင်းချခွင့်ရခဲ့ကြတယ်။
ကျနော်ရေးတဲ့ဆောင်းပါးတပုဒ်မှာ ကွန့်မန့်ဝင်ပေးဘူးတဲ့ သူတယောက်က ကျနော့ဆောင်းပါး( ပါးစပ်ဘုရား လက်ကားယား)မှာ ၂၀၀၇ သံဃာတွေ ဆုတောင်းမှုလုပ်တဲ့အချိန်မှာ ဗိုလ်ချုပ်စိုးဝင်းက ၀န်ကြီးချုပ်ပါတဲ့….ယခု သမ္မတ ဦးသိန်းစိန် မဟုတ်ဘူး မှားနေတယ်ဆိုပြီး စာဖတ်သူများမျက်စေ့လည်အောင် ၀င်ထောက်ပြီး ရေးသားဘူးတယ်….ကျနော် ဘာမှ ပြန်မရေးပါ ..သူလွတ်သွားသော သတင်းအချက်လက်က သူ့အတွက် ဟာနေတာ သူမသိလို့ပဲ ယူဆပါတယ်..အမှန်တော့ …ဒုတိယဗိုလ်ချုပ်အဆင့်သာရှိသေးတဲ့ ယခုဦးသိန်းစိန် ကို ဗိုလ်ချုပ်စိုးဝင်းရဲ့ နိုင်ငံတော် စစ်ဝန်ကြီးချုပ်ရာထူးနေရာက အနားပေးပြီး ၂၀၀၇ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ ခန့်ထားခဲ့ပါတယ် ..အကြောင်းက ဗိုလ်ချုပ်စိုးဝင်းရဲ့ သွေးကင်ဆာက မသက်သာလို့ စင်္ကာပူကို လူးလားခေါက်တုတ် သွားနေရပြီး ဗိုလ်သန်းရွှေတို့ ခိုင်းတာတွေကို ဆက်လုပ်ဖို့ မဖြစ်နိုင်တော့လို့ပါ…ဒါကြောင့် စာရေးသူက ဗိုလ်သိန်းစိန်ဟာ ၂၀၀၇ ရွှေ့ဝါရောင် ကိုအကြမ်းဖက် ဖြေရှင်းခဲ့တဲ့ တာဝန်ရှိသူဖြစ်ကြောင်းတင်ပြနေရခြင်း ဖြစ်ပါတယ် … ပြောချင်တာက ဗိုလ်သန်းရွှေက သူသေရင် ကျောက်ဆည်မှာပဲ ခေါင်းချဖို့ ဆုံးဖြတ်ထားပါတယ်တဲ့….သူ့အိမ်မှာ ၀ိုင်းကူဖို့ခေါ်ထားတဲ့ ကျောက်ဆည်က ..ဒေါ်ကြီး ခင်သန်း (၆၆)နှစ်က မသေခင်လေး ကျောက်ဆည်ပြန်ပြီး ၂၀၁၁ ခုနှစ်မေလမှာ အိမ်နားက မသဲလေးကို ပြောပြလို့ စာရေးသူ သိခဲ့တယ်၊ မိသဲလေးလဲ စာရေးသူနဲ့မသိပါ မိသဲလေးကပြန် ပြောပြတာ စာရေးသူက ဗိုလ်သန်းရွှေကို ခြေရာခံနေတဲ့ အချိန်မှာ သိခွင့်ရခဲ့ပါတယ်။ ဗိုလ်သန်းရွှေရဲ့ အိမ်ကူဖေါ် ဒေါ်ကြီး ခင်သန်းက ၂၀၁၁ ခုနှစ် မေလ ၂၁ ရက်နေ့မှာ ဆုံးပြီး ကျောက်ဆယ်က နာမည်ကြီး သင်္ချိုင်း (မင်းမွေး တောင်ခြေ) မှာ ဗိုလ်သန်းရွှေ အမိန့်နဲ့ ချခဲ့ပါတယ်။တန်ဆောင်မုန်းလပြည့် မတိုင်ခင်လေးမှာ ယခု လွှတ်တော် ဥက္ကဌကြီးက သွားပြီး ဂါရ၀ပြုကြောင်း အတိလင်း သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောခဲ့ပါတယ် …ဗိုလ်သန်းရွှေက လက်ရှိ နိုင်ငံရေးအခြေနေကို စိုးရိမ်ကြောင်း ပြောတာကို ဦးရွှေမန်းက ပြန်ပြောတာ စာဖတ်သူများ အားလုံး သိပြီးသလောက်ဖြစ်ပါတယ်…ဒါပေမယ့် ဦးရွှေမန်းက သူ့ရဲ့ ဘကြီးတော် သန်းရွှေစကားလုံးတွေကို သူကြိုက်တဲ့ အပိုင်းကလေးကိုပဲယူပြီး ကျန်တာတွေကို အက်ဒစ် လုပ်ခဲ့တာပါ..
“ တရားမှတ်ကြည့်လဲ မှတ်လို့မရဘူးကွာ…စိတ်တွေက .. တော်တော် မတည်ငြိမ်ဖြစ်နေတယ်…ညညဆို အိပ်မပျော်လို့ ထပြီး ငြီးရတာ ညပေါင်း အတော်များပြီ…လူက အရင်လိုမဟုတ်ဘူး..အသပ်ရှူရတာကိုက ပင်ပမ်းတယ်လို့ ထင်လာတယ်…လောလောဆယ်တော့ ဆေးအရှိန်နဲ့ ထိန်းနေရသလိုဖြစ်နေတယ်..မောင်ရင်တို့ အခုသွားနေတဲ့ နိုင်ငံရေး ခရီးကိုလဲ သတင်းတွေကနေ ကြည့်မိတယ်…တနေ့က လာသွားတဲ့ မင်းအောင်လှိုင်ကိုလဲ ငါပြောလိုက်သေးတယ်… မင်းတို့လက်ရှိ နိုင်ငံရေးအခြေနေကို ငါစိုးရိမ်တယ်” လို့သာ ဖြစ်ပါတယ်။ ဦးရွှေမန်း ငြင်းမလား? အဲဒါ သန်းရွှေစကားလုံး အတိကျပဲ….
ခုတော့ ဦးသန်းရွှေ ကိစ္စ ချောတော့မလားပဲ.. အောက်တိုဘာ ၂၉ ရက်က စာစောင်တခုမှာ ပါလာတဲ့သတင်းလေးက ထူးဆန်းနေတယ် ..ကျောက်ဆယ်မြို့ သုသာန်မှာ ထူးခြားနေ..ဆိုတဲ့သတင်းပါ။ စာရေးသူက ကျောက်ဆည် မင်းမွေးတောင်ခြေသုသာန်မှာ ပ၇ိတ်ရွတ်ဖို့ ကြွသွားတဲ့ ဆရာတော်တပါးကို အမြန်လျောက်တင် တော့ …ဆရာတော်က “ ဟုတ်တယ် ...အဲဒီသုသာန်က တခြားသုသာန်တွေနဲ့ မတူပဲ နာနာဘ၀တွေ အသက်ဝင်နေကြသလို သူ့စိတ်ထဲမှာ ဖြစ်မိနေတယ်…ဘုန်းကြီးတို့ကလည်း မေတ္တာတွေ ပို့ပြီး အမျှဝေပေးခဲ့ပါတယ်…ကြည့်ရတာ အဲဒီသုန်သာန်မှာ ရှိနေတယ်လို့ ယူဆရတဲ့ နာနာဘာဝတွေက….တခုခုကို အလိုမကျလို့ …ခုလိုဆန္ဒပြနေကြသလားပဲ” လို့ ဆရာတော်ကြီးက မိန့်ချွေပါတယ်…
စာရေးသူ အာလုံးကိုဆက်စပ်ကြည့်တော့ ဦးသန်းရွှေကြီး မကြာခင် ကိစ္စချောပြီး ..ကျောက်ဆည်က မင်းမွေတောင်ြေ
— with Khin Mgoo and 49 others.
Photo: ကျောက်ဆည် သင်္ချိုင်းမှာ သရဲတွေ ဆန္ဒပြနေတယ်…… ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ည ၁၀ နာရီမှာ နအဖရဲ့ လက်မရွံ့ဗိုလ်ချုပ် စိုးဝင်း မင်္ဂလာဒုံစစ်ဆေးရုံမှာ သွေးတွေ အဆက်မပြတ်အန်ပြီး သေပါတယ်။ အစိုးရက ၁၂ ရက် အောက်တိုဘာ ၂၀၀ရ မှာ သေကြောင်း ကြေငြာချက်ထုတ်ခဲ့ပါတယ်. စိုးဝင်းရဲ့အလောင်းကို တပ်မတော် စစ်သင်္ချိုင်းမှာ မမြုပ်ခင် ဗိုလ်သန်းရွှေက “ ဒီကောင်လေးက ငါ့လက်ရုံးလေး…မင်းတို့ မင်္ဂလာဒုံစစ်သင်္ချိုင်းကို မပို့ပဲ၊ ငါသေလဲ ကျောက်ဆည်မှာပဲ ပြန်မြုပ်ဖို့ စဉ်းစားထားလို့ သူ့ကို ကျောက်ဆည်ကို ပို့ရင်ကောင်းမယ်နဲ့တူပါတယ်” လို့ ပြောဘူးတယ်၊ ဗိုလ်ချုပ်စိုးဝင်း သားသမီးများက တောင်းပန်ကြလို့ ကျောက်ဆည်မရောက်ခဲ့ပဲ ရန်ကုန်မှာ အလောင်းချခွင့်ရခဲ့ကြတယ်။ ကျနော်ရေးတဲ့ဆောင်းပါးတပုဒ်မှာ ကွန့်မန့်ဝင်ပေးဘူးတဲ့ သူတယောက်က ကျနော့ဆောင်းပါး( ပါးစပ်ဘုရား လက်ကားယား)မှာ ၂၀၀၇ သံဃာတွေ ဆုတောင်းမှုလုပ်တဲ့အချိန်မှာ ဗိုလ်ချုပ်စိုးဝင်းက ၀န်ကြီးချုပ်ပါတဲ့….ယခု သမ္မတ ဦးသိန်းစိန် မဟုတ်ဘူး မှားနေတယ်ဆိုပြီး စာဖတ်သူများမျက်စေ့လည်အောင် ၀င်ထောက်ပြီး ရေးသားဘူးတယ်….ကျနော် ဘာမှ ပြန်မရေးပါ ..သူလွတ်သွားသော သတင်းအချက်လက်က သူ့အတွက် ဟာနေတာ သူမသိလို့ပဲ ယူဆပါတယ်..အမှန်တော့ …ဒုတိယဗိုလ်ချုပ်အဆင့်သာရှိသေးတဲ့ ယခုဦးသိန်းစိန် ကို ဗိုလ်ချုပ်စိုးဝင်းရဲ့ နိုင်ငံတော် စစ်ဝန်ကြီးချုပ်ရာထူးနေရာက အနားပေးပြီး ၂၀၀၇ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ ခန့်ထားခဲ့ပါတယ် ..အကြောင်းက ဗိုလ်ချုပ်စိုးဝင်းရဲ့ သွေးကင်ဆာက မသက်သာလို့ စင်္ကာပူကို လူးလားခေါက်တုတ် သွားနေရပြီး ဗိုလ်သန်းရွှေတို့ ခိုင်းတာတွေကို ဆက်လုပ်ဖို့ မဖြစ်နိုင်တော့လို့ပါ…ဒါကြောင့် စာရေးသူက ဗိုလ်သိန်းစိန်ဟာ ၂၀၀၇ ရွှေ့ဝါရောင် ကိုအကြမ်းဖက် ဖြေရှင်းခဲ့တဲ့ တာဝန်ရှိသူဖြစ်ကြောင်းတင်ပြနေရခြင်း ဖြစ်ပါတယ် … ပြောချင်တာက ဗိုလ်သန်းရွှေက သူသေရင် ကျောက်ဆည်မှာပဲ ခေါင်းချဖို့ ဆုံးဖြတ်ထားပါတယ်တဲ့….သူ့အိမ်မှာ ၀ိုင်းကူဖို့ခေါ်ထားတဲ့ ကျောက်ဆည်က ..ဒေါ်ကြီး ခင်သန်း (၆၆)နှစ်က မသေခင်လေး ကျောက်ဆည်ပြန်ပြီး ၂၀၁၁ ခုနှစ်မေလမှာ အိမ်နားက မသဲလေးကို ပြောပြလို့ စာရေးသူ သိခဲ့တယ်၊ မိသဲလေးလဲ စာရေးသူနဲ့မသိပါ မိသဲလေးကပြန် ပြောပြတာ စာရေးသူက ဗိုလ်သန်းရွှေကို ခြေရာခံနေတဲ့ အချိန်မှာ သိခွင့်ရခဲ့ပါတယ်။ ဗိုလ်သန်းရွှေရဲ့ အိမ်ကူဖေါ် ဒေါ်ကြီး ခင်သန်းက ၂၀၁၁ ခုနှစ် မေလ ၂၁ ရက်နေ့မှာ ဆုံးပြီး ကျောက်ဆယ်က နာမည်ကြီး သင်္ချိုင်း (မင်းမွေး တောင်ခြေ) မှာ ဗိုလ်သန်းရွှေ အမိန့်နဲ့ ချခဲ့ပါတယ်။တန်ဆောင်မုန်းလပြည့် မတိုင်ခင်လေးမှာ ယခု လွှတ်တော် ဥက္ကဌကြီးက သွားပြီး ဂါရ၀ပြုကြောင်း အတိလင်း သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောခဲ့ပါတယ် …ဗိုလ်သန်းရွှေက လက်ရှိ နိုင်ငံရေးအခြေနေကို စိုးရိမ်ကြောင်း ပြောတာကို ဦးရွှေမန်းက ပြန်ပြောတာ စာဖတ်သူများ အားလုံး သိပြီးသလောက်ဖြစ်ပါတယ်…ဒါပေမယ့် ဦးရွှေမန်းက သူ့ရဲ့ ဘကြီးတော် သန်းရွှေစကားလုံးတွေကို သူကြိုက်တဲ့ အပိုင်းကလေးကိုပဲယူပြီး ကျန်တာတွေကို အက်ဒစ် လုပ်ခဲ့တာပါ.. “ တရားမှတ်ကြည့်လဲ မှတ်လို့မရဘူးကွာ…စိတ်တွေက .. တော်တော် မတည်ငြိမ်ဖြစ်နေတယ်…ညညဆို အိပ်မပျော်လို့ ထပြီး ငြီးရတာ ညပေါင်း အတော်များပြီ…လူက အရင်လိုမဟုတ်ဘူး..အသပ်ရှူရတာကိုက ပင်ပမ်းတယ်လို့ ထင်လာတယ်…လောလောဆယ်တော့ ဆေးအရှိန်နဲ့ ထိန်းနေရသလိုဖြစ်နေတယ်..မောင်ရင်တို့ အခုသွားနေတဲ့ နိုင်ငံရေး ခရီးကိုလဲ သတင်းတွေကနေ ကြည့်မိတယ်…တနေ့က လာသွားတဲ့ မင်းအောင်လှိုင်ကိုလဲ ငါပြောလိုက်သေးတယ်… မင်းတို့လက်ရှိ နိုင်ငံရေးအခြေနေကို ငါစိုးရိမ်တယ်” လို့သာ ဖြစ်ပါတယ်။ ဦးရွှေမန်း ငြင်းမလား? အဲဒါ သန်းရွှေစကားလုံး အတိကျပဲ…. ခုတော့ ဦးသန်းရွှေ ကိစ္စ ချောတော့မလားပဲ.. အောက်တိုဘာ ၂၉ ရက်က စာစောင်တခုမှာ ပါလာတဲ့သတင်းလေးက ထူးဆန်းနေတယ် ..ကျောက်ဆယ်မြို့ သုသာန်မှာ ထူးခြားနေ..ဆိုတဲ့သတင်းပါ။ စာရေးသူက ကျောက်ဆည် မင်းမွေးတောင်ခြေသုသာန်မှာ ပ၇ိတ်ရွတ်ဖို့ ကြွသွားတဲ့ ဆရာတော်တပါးကို အမြန်လျောက်တင် တော့ …ဆရာတော်က “ ဟုတ်တယ် ...အဲဒီသုသာန်က တခြားသုသာန်တွေနဲ့ မတူပဲ နာနာဘ၀တွေ အသက်ဝင်နေကြသလို သူ့စိတ်ထဲမှာ ဖြစ်မိနေတယ်…ဘုန်းကြီးတို့ကလည်း မေတ္တာတွေ ပို့ပြီး အမျှဝေပေးခဲ့ပါတယ်…ကြည့်ရတာ အဲဒီသုန်သာန်မှာ ရှိနေတယ်လို့ ယူဆရတဲ့ နာနာဘာဝတွေက….တခုခုကို အလိုမကျလို့ …ခုလိုဆန္ဒပြနေကြသလားပဲ” လို့ ဆရာတော်ကြီးက မိန့်ချွေပါတယ်… စာရေးသူ အာလုံးကိုဆက်စပ်ကြည့်တော့ ဦးသန်းရွှေကြီး မကြာခင် ကိစ္စချောပြီး ..ကျောက်ဆည်က မင်းမွေတောင်ြေ



Hla Myint
Haunted Kyaukse graveyard.
MORE CORRECTLY "HAUNTED Burma".
ဆရာတော်က “ ဟုတ်တယ် ...အဲဒီသုသာန်က တခြားသုသာန်တွေနဲ့ မတူပဲ နာနာဘ၀တွေ အသက်ဝင်နေကြသလို သူ့စိတ်ထဲမှာ ဖြစ်မိနေတယ်…ဘုန်းကြီးတို့ကလည်း မေတ္တာတွေ ပို့ပြီး အမျှဝေပေးခဲ့ပါတယ်…ကြည့်ရတာ အဲဒီသုန်သာန်မှာ ရှိနေတယ်လို့ ယူဆရတဲ့ နာနာဘာဝတွေက….တခုခုကို အလိုမကျလို့ …ခုလိုဆန္ဒပြနေကြသလားပဲ” လို့ ဆရာတော်ကြီးက မိန့်ချွေပါတယ်…
စာရေးသူ အာလုံးကိုဆက်စပ်ကြည့်တော့ ဦးသန်းရွှေကြီး မကြာခင် ကိစ္စချောပြီး ..ကျောက်ဆည်က မင်းမွေတောင်-------.