Friday, June 30, 2017

30june2017 Tin Moe's work.

#သမိုင်းစာမျက်နှာကဒဏ်ရာများ
[ ၈၈ တုန်းက ဆရာ တင်မိုးရေးခဲ့တဲ့ နာမည်ကျော် ကဗျာတစ်ပုဒ်ပါ....]
credit ဪခေတ် သနပ်ပင်(၁)
သမိုင်း မျက်နှာစာမှာ
ရှက်စရာ အထုပ်အပိုးတွေနဲ့
ကုပ်ကျိုးအောင် ထမ်းခဲ့ရ။ 

ဘယ်လမ်းက လျှောက်
ဘယ် တံခါးပေါက်ကို ဝင်ပြီး
ဘယ်ပလ္လင် ဘယ်လိုဆောက်ရပါ့
စိတ် ချောက်ချားနေခဲ့ပြီ။

(၂)
အမှန်တရား အမှန်တရားနဲ့
အသံသာ ကြားနေရ
ဘယ်နားကမှန်း ငါမသိ။ 

တုံးပိတဲ့ ဖား
မြှူံးမိတဲ့ ငါးပမာ
ရုန်းကြည့်တဲ့ အားလည်း
နုံးချိလို့ သွားရော့ထင့်
တရားတွေ ပျောက်
အမှားတွေ ဖောက်သနဲ့
ကျားကြောက်လို့ ရှင်ကြီးကိုး
ရှင်ကြီး ကျားထက်ဆိုးသည့်နှယ်
အမျိုးမျိုး ကြုံ
အဆိုးမျိုး စုံခဲ့ပြီ။ 

မနုဿဘုံပေမို့
ဒုက္ခ စုံလေရော့သလားကွယ်ရို့။

(၃)
တစ်ယောက်နဲ့ အများ
တစ်ယောက်က ဓားနဲ့မို့
အများက အရာမဝင်တာ
အာဏာရှင် စံနစ်ပဲ။
ဒီအာဏာရှင် စံနစ်ဆိုးကို
ငါတို့ မရှိခိုးနိုင်။

လက်နက် တကားကား
ရက်စက်သလားမမေးနဲ့
တို့သွေးများ ချောင်းစီးလို့
မြောင်းကြီး မြောင်းငယ်ဖောက်ကြတယ်။

ကောက်ကျစ်ယုတ်မာတဲ့ နှလုံးယုတ်ကို
ထုံးသုတ်လို့ ဖြူမတဲ့လား။

(၄)
လိမ်လုံး ညာလုံးတွေကို
ငါ အင်မတန် မုန်းမိတယ်
ငါ အရှုံးမပေးနိုင်။

စစ်အာဏာရှင် သေနတ်ကို ကြောက်လို့
ငါ တို့ လက်မြှောက်ရရင်
ဖောက်ပြန်သူတွေ ရာသက်ရှည်ပြီး
တို့နိုင်ငံ အသက်သေလိမ့်မယ်။

ကမ္ဘာမြေပေါ်က ကွယ်ပျောက်ပြီး
တို့တတွေ ငရဲရောက်လိမ့်မယ်။ 

အရူး ငပေါက်တွေကို
ဒူး မထောက်ကြနဲ့ဟေ့။
ခွပ်ဒေါင်းအလံ ကိုင်စွဲပြီး
ရဲရဲကြီး ရှေ့တက်ရင်
သင်တို့တတွေ သွေးပျက်မယ်
တစ်လက်မမျှ နောက်မဆုတ်ကြနှင့်
အဓမ္မသမား လူရမ်းကားတွေကို
လားလားမျှ လက်မမြှောက်နဲ့။

(၅)
လက်နက်နဲ့ လူသား
လူသားက လက်နက်ကို အရှုံးပွဲနဲ့
ဗုန်းဗုန်းလဲရရင်
သမိုင်း စာမျက်နှာမှာ
အရိုင်းဒဏ်ရာတွေ ပါရော့မယ်။

အမှန်ဟာ အင်အား
အချိုဟာ ဘယ်တော့မှမခါး
အမှန်ဟာ ဘယ်တော့မှမမှား
တရားသည်သာ ဓား
ကိုယ့်အားကို ကိုယ်ယုံကြည်
ဒီမိုကရေစီ တံခါးကိုဖွင့်ရင်း
တရားနှင့် စောင့်နေမယ်။

                          တင်မိုး
                     ၂၆ - ၁၂ - ၁၉၈၈ 

ကျနော် ပြန်ရှာနေတဲ့ကဗျာလေး တွေ့ပါပြီဗျာ....
လေးစားစွာ ထပ်ဆင့် ဖြန့်ဝေပါသည်။
ဪခေတ် သနပ်ပင်

Saturday, June 24, 2017

24 june2017. Learning physics basics. photoelectric effect.

24 june2017.
Learning physics basics.
photoelectric effect



Einstein's explanation of the photoelectric effect
Edit

The photoelectric effect. Incoming photons on the left strike a metal plate (bottom), and eject electrons, depicted as flying off to the right.
In 1905, Albert Einstein provided an explanation of the photoelectric effect, a hitherto troubling experiment that the wave theory of light seemed incapable of explaining. He did so by postulating the existence of photons, quanta of light energy with particulate qualities.
In the photoelectric effect, it was observed that shining a light on certain metals would lead to an electric current in a circuit. Presumably, the light was knocking electrons out of the metal, causing current to flow. However, using the case of potassium as an example, it was also observed that while a dim blue light was enough to cause a current, even the strongest, brightest red light available with the technology of the time caused no current at all. According to the classical theory of light and matter, the strength or amplitude of a light wave was in proportion to its brightness: a bright light should have been easily strong enough to create a large current.
Yet, oddly, this was not so.

Einstein explained this enigma by postulating that the electrons can receive energy from electromagnetic field only in discrete portions (quanta that were called photons): an amount of energy E that was related to the frequency f of the light by
E=hf\,
where h is Planck's constant (6.626 × 10−34 J seconds).
Only photons of a high enough frequency (above a certain threshold value) could knock an electron free.
For example, photons of blue light had sufficient energy to free an electron from the metal, but photons of red light did not.
One photon of light above the threshold frequency could release only one electron; the higher the frequency of a photon, the higher the kinetic energy of the emitted electron, but no amount of light (using technology available at the time) below the threshold frequency could release an electron.
To "violate" this law would require extremely high-intensity lasers which had not yet been invented.
Intensity-dependent phenomena have now been studied in detail with such lasers.[14]

Einstein was awarded the Nobel Prize in Physics in 1921 for his discovery of the law of the photoelectric effect.

Wednesday, June 21, 2017

22 june 2017. Our world class Peace lady's problems. Is she trying to change "ruthless meat eater Tiger" to saintly Vegetarian ?

22 june 2017.
Our world class Peace lady's problems.
Is she trying to change "ruthless meat eater Tiger"  to saintly Vegetarian ?

Aung Khin with U Thein Swe Nld and 14 others.
အမေစုဖြေရှင်းရမဲ့ ပြသ၁နာတွေက မနဲဘူး။
••••••••••••••••••••••••••••••••••
လျှပ်စစ်တွေ ထုတ်တယ်
ပြည်သူအများစု မသုံးခဲ့ရဘူး
.
ဆံစပါးအများကြီး ထွက်တယ်
ပြည်သူတွေ ဝဝလင်လင်မစားခဲ့ရဘူး
.
တိုင်းတစ်ပါးသားတွေ ကျူးကျော်နေတာကြာပြီ
ခြံစည်းရိုးမရှိခဲ့ဘူး
.
ဆင်းရဲလို့ မိန်းမငယ်လေးတွေ သူများနိုင်ငံမှာ
ပြည့်တံဆာအလုပ် အစေခံအလုပ်တွေ သွားလုပ်နေရတယ်
ပြည်တွင်းမှာ အလုပ်အကိုင်ရှိအောင် မလုပ်ခဲ့ဘူး
.
စစ်သည်သုံးသိန်းရှိတယ်
သောင်းကျန်းသူတွေကို မနှိမ်နင်းနိုင်ခဲ့ဘူး
.
ပညာတတ်တွေ အများကြီးထွက်တယ်
ပြည်တွင်းမှာ အသုံးမချတတ်ခဲ့ဘူး
.
ကျောက်တွေ ကတ္တရာတွေ အများကြီးရှိတယ်
လမ်းတွေ မကောင်းခဲ့ဘူး
.
သံတွေထွက်တယ်
အပ်တစ်ချောင်းတောင် မလုပ်တပ်ခဲ့ဘူး
.
ရာဘာတောကြီး ရှိတယ်
တာယာကို နိုင်ငံခြားက ဝယ်ခဲ့ရတယ်
.
သယံဇာတတွေ အများကြီးထွက်တယ်
ကုန်ချော မလုပ်တတ်ခဲ့ဘူး
.
ရတနာတွေ အများကြီးထွက်တယ်
ပြည်သူတွေ အလှမဆင်နိုင်ခဲ့ဘူး
.
ပညာရေးနိမ့်ကျနေတယ်
ကောင်းကောင်း သင်ဖို့ စိတ်မကူးခဲ့ဘူး
.
ပင်လယ်ပြင်ကြီးရှိတယ်
ပင်လယ်စာကောင်းကောင်း မစားခဲ့ရဘူး
.
အုပ်ချုပ်ရေး ကစဥ့်ကလျားဖြစ်နေတယ်
တရားဥပဒေ စိုးမိုးအောင် မလုပ်ခဲ့ကြဘူး
.
အကျင့်ပျက်ချစားမှုတွေ များနေတယ်
ပိုင်ဆိုင်မှု ပြအောင်မလုပ်နိုင်ခဲ့ဘူး
.
ကမ္ဘာမှာ အကောင်းဆုံး ဘာသာတရားရှိတယ်
မငြိမ်းချမ်းခဲ့ဘူး
.
အမှန်တရားရှိပေမဲ့
အမုန်းတရားနဲ့ အုပ်ချုပ်ခဲ့တယ်
.
မကျန်းမာတဲ့သူတွေ ရှိတယ်
ဆေးမကုနိုင်ခဲ့ဘူး
.
ရာသီဥတု ကောင်းတယ်
စိုက်ပျိုးရေးမှာ အောက်ဆုံးက ဖြစ်ခဲ့တယ်
.
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အောက်ဆုံးရောက်နေတယ်
ပြည်သူတွေ အုပ်ချုပ်ရေး အတတ်ပညာကို သင်ခွင့်မရခဲ့ဘူး
.
ဝန်ကြီးဌာနအများစု အလွဲသုံးစားလုပ်နေတယ်
အရေးမယူခဲ့ဘူး
.
ကျွန်းသစ်တွေ အများကြီးထွက်တယ်
ပြည်သူအများစု တဲနဲ့နေခဲ့ရတယ်
.
ကမ္ဘာမှာ လူဦးရေအများဆုံးနိုင်ငံ နှစ်နိုင်ငံနဲ့ကပ်နေတယ်
ကုန်ချောပစ္စည်း ရောင်းမစားတတ်ခဲ့ဘူး
.
လက်ပဒေါင်းမှာ စီးပွားရေးလုပ်တယ်
ဒေါ်ခင်ဝင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်
မဆီမဆိုင် ဦးနှောက်ပွင့်သွားအောင်
အသတ်ခံရတယ်။ ပြည်သူအသက်ကို
အကာအကွယ် မပေးနိုင်ခဲ့ဘူး
.
အေးအေးဆေးဆေး စာသင်တဲ့ ကျောင်းဆရာမလေးတွေ
ယုတ်ယုတ်မာမာ မုဒိန်းကျင့်ခံရတယ်
ရက်ရက်စက်စက် အသတ်ခံရတယ်
ကာကွယ်မှု မပေးနိုင်ခဲ့ဘူး
.
ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်ရှိတယ်
ပြည်သူတွေ သူ့အကြောင်း သင်ခွင့်မရခဲ့ဘူး
.
အမှားတွေ ထောက်အပြခံရတယ်
ပြင်ဆင်သွားတာ တခုမှမရှိခဲ့ကြဘူး
.
ဒီမိုကရေစီနိုင်ငံထူထောင်ခဲ့တယ်
အာဏာရှင် စိတ်ဓါတ်နဲ့လူတွေကို
နေရာတွေ များစွာမှာ ခန့်ထားခဲ့တယ်။
.
ကမ္ဘာကျာ် ခေါင်းဆောင်ကို လူထုက တင်မြှောက်ထားတယ်
စိတ်ဖြောင့် လက်ဖြောင့် အုပ်ချုပ်ခွင့် မရဘူး
___________________
ဒေါက်တာ အောင်ခင်
၁၉ -၀၆-၂၀၁၃ (rewritten on 21-06-2016)
မည်သူမဆို လွတ်လပ်စွာ ရှယ်နိုင်ပါသည်


Prodigy son of Burma. Prof. Yan Lwin works in Illinois. A friend of late dr. soe myint win. dr. soe myint win taught in MU physics around 1965s.

22 june 2017.
Yan Lwin shared a memory.
When Johnny visited us 4 years ago!
Comments
Hla Myint
Hla Myint Prodigy son of Burma.
Prof. Yan Lwin works in Illinois.
A friend of late dr. soe myint win.
dr. soe myint win taught in MU physics around 1965s.
Edit

22 JUNE 2017. ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ ဆုံးမစာ။ ၁။ ရေကန်၌ မှော်ကိုဖယ်၍ သောက်ရေခပ်ရသည်။ ၂။ မသူတော်၌ အပြစ်ဖယ်၍ ဂုဏ်ကောင်းရှာရသည်။ ၃။ တုံးတံတား ရှောက်စဉ် အရပ်တပါး မကြည့်နှင့် ချောက်သို့ ကျလိမ့်မည်။

22 JUNE 2017.
ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ ဆုံးမစာ။
၁။ ရေကန်၌ မှော်ကိုဖယ်၍
သောက်ရေခပ်ရသည်။
၂။ မသူတော်၌ အပြစ်ဖယ်၍
ဂုဏ်ကောင်းရှာရသည်။
၃။ တုံးတံတား ရှောက်စဉ်
အရပ်တပါး မကြည့်နှင့်
ချောက်သို့ ကျလိမ့်မည်။


သခင် သိအောင်လုပ်'s photo.
Teachings of Ven. ShweKyin Sayadaw.
ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ ဆုံးမစာ။
၁။ ရေကန်၌ မှော်ကိုဖယ်၍
သောက်ရေခပ်ရသည်။
၂။ မသူတော်၌ အပြစ်ဖယ်၍
ဂုဏ်ကောင်းရှာရသည်။
၃။ တုံးတံတား ရှောက်စဉ်
အရပ်တပါး မကြည့်နှင့်
ချောက်သို့ ကျလိမ့်မည်။
၎။ သံသရာတံတား လျှောက်စဉ်
သူတစ်ပါးအပြစ်မကြည့်နှင့်
သံသရာချောက်သို့ ကျလိမ့်မည်။
၅။ ရိုသေစွာခစားလျှင် မင်းခစားပင်
မင်းကိုနိုင်သည်။
၆။ ကျင့်ဝတ်ကချွတ်လျှင် တပည့်ပင်
ဆရာကိုနိုင်သည်။
၇။ မြင်းနိုင်လို ဇက်ဆွဲ
လှေနိုင်လို တက်စွဲ။
ဆရာနိုင်လို ကျင့်ဝတ်ရိုသေမြဲ။
၈။ ပန်းပဲဆရာ အထုမခံရသော သံတုံး လက်နက်မဖြစ်။

၉။ ကျောက်ဆစ်ဆရာ အဖြတ်မခံရသော ကျောက်တုံး အရုပ်မဖြစ်။
၁ဝ။ ဆရာကောင်း အဆုံးအမ မခံရသောတပည့် သူကောင်းမဖြစ်။
၁၁။ သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလဲမခြင်း အရိပ်ဖြင့်အေးစေ၏။
၁၂။ နံ့သာတုံးသည် မီးရှို့သူကို မကျွမ်းမချမ်း အနံ့ဖြင့်မွှေးစေ၏။
၁၃။ သူတော်ကောင်းသည် ညှဉ်းဆဲသူကိုသော်လည်း
မသေမချင်း အကျိုးဆောင်၏။
၁၄။ တုတ်ဓားကိုင်လျှင် ခွေးဟောင်သည်
အစြာေ<ွကးလျှင် အမြီးနှံ့သည်
ထို့ကြောင့် တုတ်ဓားအားမကိုးကြနှင့်။
၁၅။ တရားဟောတတ်လျှက် အကျင့်တန်လျှင်
မျောက်အုန်းသီး ရသည်နှင့်တူ၏။
၁၆။ ဗဟုသုတရှိလျှက် သီလမရှိလျှင်
ရေမတည်သော ကန်နှင့်တူ၏။
၁၇။ ပညာရှိလျှက် သီလမရှိလျှင်
အသီးမချိုသော သစ်ပင်နှင့်တူ၏။
၁၈။ ကျမ်းဂန်တတ်လျှက် သီလမရှိလျှင်
အဆိပ်သီးပင်နှင့် တူ၏။
၁၉။ မသူတော်ကား လာဘ်ရဖို့ ကြံသည်
သူတော်ကောင်းကား တရားရဖို့ ကြံသည်။
၂ဝ။ ပညာမှီ၍မာန်တက်လျှက် ထိုပညာသည်ရွံဖွယ်တည်း။
၂၁။ စာတတ်လျှက် မိမိကိုယ်ကို မဆုံးမလျှင်
ထိုစာ ငရဲရိက္ခာတည်း။
၂၂။ သရက်ပင်ငယ် အသီြး<ွကယ်လျှင်
ကျိုးပဲ့တတ်သည် ကြိုးဆွဲ၍ ဂွထောက်ရမည်။
၂၃။ ရဟန်းငယ်ငယ် ဂုဏ်ထူြး<ွကယ်လျှင်ကျိုးပဲ့တတ်သည်။
သီလကြိုးဆွဲ၍ သမာဓိ ဂွထောက်ရမည်။
LikeShow more reactions
Comment


Tuesday, June 20, 2017

21 june 2017. ဆင်ဖြူတော်မှီပြီး ကြံစုတ် Enjoying sugarcane juice VIA white elephant.

21 june 2017.

ဆင်ဖြူတော်မှီပြီး ကြံစုတ်
Enjoying sugarcane juice VIA white elephant.
Plz remember !
As leader of AFPFL party, Gen. Aung Sun is responsible for inviting Japanese Fascists to rule Burma.
... See More
The inauguration of and the largest Bogyoke Aung San and square was held in Mandalay over the weekend in commemoration of ...
mizzima.com
Comments
Hla Myint's photo.
Cancel

Monday, June 19, 2017

Twitter · Old American values become more popular because many Americans have not high enough IQ to appreciate Trump's unconventional genius & wisdom.

20 JUNE 2017.Hla Myint
Twitter


Sayanyein.
·
Old American values become more popular because many Americans have not high enough IQ to appreciate Trump's unconventional genius & wisdom.
“Poll: Bush, Obama are becoming more popular under Trump https://t.co/bpQqwLGhit
twitter.com/thehill/status…
Comments
Hla Myint
Hla Myint

Old American values become more popular because many Americans have not high enough IQ to appreciate Trump's unconventional genius & wisdom
· Reply ·

British soldiers get more & longer pensions but they have no hope to become Billionaires & Cronys like their Burmese counterparts.

20 june 2017
အခု ပုံရဲ့ သမိုင်းဟာ ဗမာ လူမျိုး​တွေ ဖြစ်​ခဲ့ရင်​ ​ကျောင်းစာ​တွေမှာ ယ​နေ့ အထိ ​ကျောင်းသား / သူ​တွေ သင်​ကြားခြင်း ခံ​​နေရမှာ ဖြစ်​တယ်​ ။ လူမျိုးခြား တိုင်းရင်းသား ဖြစ်​​နေ​တော့ ယ​နေ့ အထိ လူမျိုးခြား တိုင်းရင်းသား​တွေရဲ့ သမိုင်းမှန်​​တွေဟာ ဖုံးကွယ်​ ခံထား ​နေရဆဲ ဖြစ်​တယ်​ ။
မသိလို့မေးပါရစေ၊
မခွဲထွက်ရဘူးလို့................
လက်မှတ်ထိုးခိုင်းတဲ့အထဲမှာ
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊
စတဲ့တိုင်းခုနှစ်တိုင်းကကိုယ်စားလှယ်တွေရော
မပါဘူးလားဟင်၊

သူတို့ရောခွဲထွက်သွားမှာမကြောက်ဘူးလား၊
တိုင်းရင်းသားလူနည်းစုတွေနေထိုင်ကြတဲ့
ပြည်နယ်တွေကိုပဲပစ်မှတ်ထားပြီး
မယုံသင်္ကာစိတ်နဲ့ဖက်ဒရယ်ကိုတည်ဆောက်မယ်ဆိုရင်
ပြည်ထောင်စုစိတ်ဓါတ်အစစ်ကိုမရနိုင်ဘူး၊
သတ္တိရှိရှိတည်ဆောက်မှပြည်ထောင်စု
စိတ်ဓါတ်အစစ်ကိုရနီုင်မယ်၊

မြန်မာတွေကအများစုမို့ မြန်မာတွေကို
လူနည်းစုဖြစ်တဲ့တိုင်းရင်းသားတွေက
အာမခံချက်ပေးရမယ်ဆိုတာ
အင်မတန်မှရှက်စရာကောင်းတဲ့တောင်းဆိုချက်တွေပါ၊
အစိုးရကသာတောင်းနေတာပါ၊
ပြည်သူတွေကတောင်းတယ်လို့တစ်ခါမျှမကြားဘူးသေးလို့ပါ၊

အမှန်တကယ်ဆို တိုးတက်မှုအလျှင်းမရှိသေးတဲ့
အတတ်ပညာရှင်ချို့တဲ့ဆဲဖြစ်နေတဲ့ပြည်နယ်တွေက
စိုးရိမ်ရမဲ့အစား လူများစုနေထိုင်တဲ့တိုင်းဒေသကြီး
တိုးတက်မှုရှိနေပြီးတိုင်းဒေသကြီးတွေဘက်က
စိုးရိမ်စိတ်ရှိတယ်ဆိုတာ သဘာဝမကျတဲ့
စိုးရိမ်ကြောက်ကျမှုပဲဖြစ်တယ်၊

ဒါဆိုရင် တပ်မတော်နဲ့လက်ရှိအစိုးရဟာ
ပြည်ထောင်စုကိုကိုယ်စားပြုတဲ့အစိုးရလား
လူများစုမြန်မာတွေကို ကိုယ်စားပြုတဲ့အစိုးရလား
ပြန်လည်ဆန်းစစ်မှရတော့မယ်၊

ဟုတ်ပြီလေ..တိုင်းရင်းသားပြည်နယ်ခုနှစ်ခုက
သူတို့ကိုယ်စားလှယ်တွေရှိလို့ မခွဲထွက်ပါဘူးလို့
လက်မှတ်ထိုးကြပါပြီထားလိုက်ဦး ခင်ဗျားတို့
တိုင်းခုနှစ်တိုင်းကိုဘယ်သူကတာဝန်ခံပြီး
လက်မှတ်ရေးထိုးကြမှာလဲ၊ ဘယ်သူတွေက
တိုင်းဒေသကိုယ်စားပြုသူကိုယ်စားလှယ်ဖြစ်မှာလဲ၊
ပြန်ပြီးကိုယ်ဘာသာကိုယ်ပြန်ဆွေးနွေးကြပါဦး၊

ခွဲထွက်ရေးကိုအကြောင်းပြ နိုင်ငံရေးတချပ်မှောက်
ကစားနေသလိုမျိုး..မျက်စိလှည့်ပြီးလိမ်စားတဲ့ခေတ်ကို
ပြန်ပြီးမသွားသင့်တော့ပါ၊

အမှန်တကယ်ဆို နိုင်ငံရေးရှူ့ဒေါင့်ကြည့်မယ်ဆိုရင်
ခွဲထွက်နိုင်ခွင့်ဆိုတာ တန်းတူရေးကိုအာမခံချက်
ပေးထားတဲ့ အပြန်အလှန်ထိန်းကျောင်းမှု
Balance of power ပါ၊

ဖက်ဒရယ်မှမဟုတ်ပါဘူး၊ယူနီယမ်နိုင်ငံရေးတွေမှာလည်း
balance of power စံတွေအများကြီးရှိပါတယ်၊

သတ္တိရှိရှိလုပ်ကြပါ၊ ဖက်ဒရယ်ပီပီခွဲထွက်ခွင့်မူကို
ကမ္ဘာ့ဖက်ဒရယ်နိုင်ငံတွေအတိုင်းထားပေးကြပါ၊
လက်တွေ့မှာ တန်းတူညီမျှမှုရှိနေသမျှ
ခွဲထွက်သွားမှာစိုးရိမ်စရာမရှိပါဘူးဆိုတာ
လူထုကိုအသိပညာပေးရမဲ့အချိန်ကိုရောက်နေပါပြီ
အဘတို့အမေတို့ အမတ်မင်းတို့ရေ...

မြန်မာစာသည်တို့စာ
မြန်မာစကားသည်တို့စကား
အမျိုးသားကျောင်းများပေါ်ထွက်လာတဲ့ကာလ
ဘိုလိုပြောမိရင် ဒဏ်ငွေငါးကျပ်ပေးရတယ်၊
မြန်မာစာပေယဉ်ကျေးမှုကိုထိန်းသိမ်းခဲ့ကြတဲ့
သမိုင်းတွေသင်ခဲ့ရဘူးပါ၏၊
ဒိုမီနီယမ်မလိုဘူး လုံးဝလွတ်လပ်ရေးပဲလိုတယ်၊
ဒါကအမျိုးသားရေးလှုပ်ရှားမှုသမိုင်းဆိုပါတော့၊

ကဲဗျာ..ဒီနေ့တိုင်းရင်းသားလူနည်းစုတွေက
သူတို့လူမျိုးတွေတဖြေးဖြေးလျှော့ကျလာမှု
ဘာသာစာပေယဉ်ကျေးမှုတိမ်ကော်လာမှု
ကို ရေရှည်မှာ တားဆီးနိုင်စွမ်းရှိဖို့

သူတို့................................
လုံးဝလွတ်လပ်ရေးကိုမတောင်း
ဖက်ဒရယ်ကိုသာတောင်းကြပါ၏၊

သူတို့.................................
တိုင်းရင်းသားစာပေကိုရုံးသုံးလုပ်ဖို့မတောင်းဆို၊
မူလတန်းအဆင့်ထိကျောင်းတွေမှာသင်ဖို့တောင်းကြပါ၏၊

ဒီလိုတောင်းဆိုတာ အမြင်ကျဉ်းတယ်လို့
ဆိုသူတွေကိုမြင်ခဲ့ရကြားခဲ့ရဘူးပါ၏၊

ကျနော်မြန်မာတွေ ကိုယ်ချင်းစာနာစိတ်
ရှိကြတယ်ဆိုရင် အမျိုးသားကျောင်းတွေခေတ်တုန်းက
ဘိုလိုပြောရင် ဒဏ်ငွေ(၅)ကျပ်ခေတ်ကို
ပြန်ပြီးသတိရကြပါစေ၊

ကနော်တို့ အဓိကရင်ဝယ်သားရမည်မှာ
အမျိုးသားရေးစိတ်ထက် စစ်မှန်တဲ့
ပြည်ထောင်စုစိတ်ဓါတ်သာလျှင်ဖြစ်တယ်၊

အမျိုးသားရေးစိတ်ဆိုတာ တစ်ခါတစ်လေ
လူမျိုးတစ်မျိုး ဘာသာတစ်ဘာသာထဲအတွက်
ဖြစ်ဖြစ်သွားတာတွေ့ရတာများလွန်းနေပြီလေ၊

ဒါကြောင့်.......
ပြည်ထောင်စုစိတ်ဓါတ်သာလျှင်ညီညွတ်ရေးကို
ရှေ့ဆောင်မဲ့စိတ်ဓါတ်ဖြစ်လိမ့်မယ်လို့ယုံကြည်တယ်၊

ဒီအတွက်ကြောင့်..ကျနော်တို့လူများစုမြန်မာတွေကနေပြီး
တိုင်းရင်းသားလူမျိုးတွေအရေးကို တပ်ဦးကနေလက်တွဲ
ပါဝင်ကြရမဲ့ခေတ်ဖြစ်တယ်၊

ပြည်နယ်တွေအားလုံးတန်းတူအခွင့်အရေးရမှသာ
ပြည်နယ်တွေမှာနေကြတဲ့ တို့မြန်မာတွေလည်း
တန်းတူအခွင့်အရေးရမယ်ဆိုတာ မြင်ကြရမယ်၊

ဖက်ဒရယ်ဆိုတာ တိုင်းရင်းသားပြည်သူတွေအတွက်
ချည်းပဲမဟုတ် ပြည်နယ်အသီးသီးတွင်နေထိုင်ကြသော
မြန်မာအားလုံးအတွက်လည်း သက်ဆိုင်တယ်ဆိုတာ
ကျနော်တို့အားလုံးနားလည်ကြရတော့မဲ့ခေတ်ကိုရောက်နေပြီ၊

နိုးလော့..ထလော့..အိုမြန်မာပြည်
ကိုကိုဦး
LoveShow more reactions
Comment
4 Comments
Comments
Aung Naing Soe
Aung Naing Soe My wife is Myitung......
LikeShow more reactions
· Reply ·
1
· 2 hrs
Kotun Kotun
LikeShow more reactions
· Reply ·
1
· 2 hrs
Zau Aung Lamawng
Zau Aung Lamawng ပြည်ထောင်စု ကိုနား လည် မှ တိုင်းပြည်ငြိမ်းချမ်း မည်
LikeShow more reactions
· Reply ·
1
· 1 hr
Hla Myint
Hla Myint British soldiers get more & longer pensions but they have no hope to become
Billionaires & Cronys like their Burmese counterparts.

@ the present speed of change , we are still @ the starting point. I feel our aspiration to overthrow dictatorship is derailed or rather betrayed . I am very sad to say so.

Hla Myint shared a link.

Under military rule since1962, Burmans become neo Slaves in neighboring countries.
“Donors donated over 10 million kyat to the grandparents of a Myanmar maid who committed suicide by jumping from... https://t.co/hkJPqupG2i
twitter.com/hlamyint1940/s…
LikeShow more reactions
Comment
Comments
Hla Myint
 I am afraid @ the present speed of change , we are still @ the starting point.
I feel our aspiration to overthrow dictatorship is derailed or rather betrayed .
I am very sad to say so.
LikeShow more reactions
· Reply · 
Edit