Wednesday, September 21, 2011

Beyond a shadow of doubt ,we are becoming de facto chinese colony.

Chinese influence in Burma (ဟာဂျူလီ ကသာ)
ဟာဂျူလီ ကသာ မနေ့က(၂၀.၉.၂၀၁၁ရက်နေ့) ကြားလိုက်ရတဲ့ သတင်းတစ်ပုဒ်ကြောင့် စိတ်လည်းမကောင်း၊ခံလည်း ခံပြင်းတာကြောင့်ဒီ ပို့စ်ကိုတင်လိုက်ပါတယ်၊ဖြစ်ပုံကဒီလိုပါ၊မနေ့က ဗန်းမော်က ထွက်လာတဲ့ ခရီးသည်တင်ရှပ်ပြေးရေယာဉ်ဟာ ရွှေကူ၊ကသာ၊ထီးချိုင့်တွေ ကျော်လာပြီး မောင်းကုန်းဆိုတဲ့ ရွာ ကိုရောက်ပါတယ်၊အဲဒီမှာ ရှပ်ပြေးရေယာဉ်ပန်ကာပြုတ်ပြီးဧရာဝတီမြစ် ထဲက ရေစုတ်တင်နေတဲ့ရေပိုက်ခေါင်းတစ်ခုကို ၀င်တိုက်မိပါတယ်၊ရေပိုက်ခေါင်းကြီးဟာ ဘာမှ အပျက်အဆီး မရှိပေမယ် ရှပ်ပြေးရေယာဉ်ရဲ့ နံရံတွေကတော့ ပိန့်ရှုံ့သွားပါတယ်၊အဲဒီအချိန်မှာ မောင်းကုန်းရွာထဲမှာရှိနေတဲ့ တရုတ်လူမျိုးတွေအများကြီး ထွက်လာပြီး ရှပ်ပြေးရေယာဉ်ကိုပြသနာရှာပါတယ်၊အံ့သြစရာက ပြသနာလာရှာတဲ့တရုတ်တွေထဲမှာ တရုတ်ရဲ ယူနီဖေါင်းဝတ်ထားတဲ့သူတွေလည်း ပါတယ်လို့ဆိုပါတယ်၊နောက်ဆုံး ရှပ်ပြေးယာဉ်ပေါ် ခရီးသည်အဖြစ်ပါလာတဲ့ ခရိုင်အဆင့် ဌာနဆိုင်ရာအရာရှိတွေက တရုတ်ခေါင်းဆောင်တွေကို သွားတောင်းပန်မှ ရှပ်ပြေးရေယာဉ်ကိုဆက်လက် ထွက်ခွာခွင့်ပြုပါသတဲ့၊ဒါနဲ့ ဒီတရုတ်တွေ မြန်မာနိုင်ငံအလယ်ပိုင်းလောက်အထိ ထုနဲ့ထည်နဲ့ ဘာကြောင့်ရောက်ရှိနေတာလဲလို့စုံစမ်းတော့ ဒီလိုပါတဲ့၊ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်းရွာမှာ တရုတ်တွေက သတ္တုရှာဖွေရေးအမည်ခံပြီး ကုမ္မဏီလာဖွင့်ပါသတဲ့၊တရုတ်ပေါင်းများစွာလည်းပါလာပြီး စက်ရုံဝင်းကြီး တစ်ဝင်းတည်ဆောက်ပါတယ်တဲ့၊စက်ရုံဝင်းကြီး ဘယ်လောက်ကျယ်သလဲဆိုတော့ ရွာခံတွေရဲ့လယ်မြေတွေကို အကုန်သိမ်းလိုက်တဲ့အထိ ကျယ်ပါသတဲ့၊ဒေသခံမြန်မာလယ်သမားတွေကို လျှော်ကြေးတစ်ဧက ၅သောင်းပဲပေးပြီး သိမ်းယူပါသတဲ့၊လယ်သမားတွေက မကျေနပ်လို့ တရုတ်လူကြီးတွေကို သွားတောင်းပန်တော့(မြန်မာနိုင်ငံရောက်တဲ့ တရုတ်တွေကို မြန်မာစစ်စစ်တွေက အသနားခံတာနော်.ရင်နာစရာဘယ်လောက်ကောင်းသလဲ)ခင်ဗျားတိုကလယ်မြေတွေကို ၅သောင်းပေးတာတောင်ကျေးဇူးတင်ပါ၊အစိုးရက လယ်မြေတွေကိုပိုင်တာ ခင်ဗျားတို့လယ်ကို ခင်ဗျားတို့မပိုင်ဘူး၊အလကား မသိမ်းတာတောင်ကျေးဇူးတင် လို့ပြန်ပြောတယ်လို့ ရှပ်ပြေးပေါ်ပါလာတဲ့ မောင်းကုန်းရွာက ဒေသခံ လယ်သမားတစ်ဦးကပြောပါတယ်၊ပိုပြီး ရင်နာစရာကောင်းတာက အဲဒီ တရုတ်စက်ရုံဝင်းအတွင်းမှာ မြန်မာနိုင်ငံအရပ်ရပ်က မြန်မာမိန်းကလေး ငယ်ငယ်နုနုလှလှရွရွတွေအများကြီးအလုပ်လုပ်နေကြတယ်တဲ့၊ဘာအလုပ်မှန်း မသိပေမယ့်တစ်လကို ၅သိန်းကနေ ၁၀သိန်းအထိပေးလို့.မန္တလေးကာရာအိုကေက ကလေးမလေးတွေတောင် စက်ရုံဝင်းထဲရောက်ရှိ အလုပ်လုပ်ကိုင်နေကြတယ်တဲ့၊ရွာခံတွေအနေနဲ့ တရုတ်တွေရဲ့ အနိုင်ကျင့်မှုတွေလည်း ခံရတယ်တဲ့၊ဒီတော့ နိုင်ငံနဲ့ လူမျိုးကို အသက်ပေးချစ်တယ်ဆိုတဲ့လူကြီးမင်းများကို အသနားခံတောင်းပန်ပါရစေ၊မြန်မာလူထုရဲ့ဒီဒုက္ခတွေကို ကယ်တင်ပေးကြပါဦးလို့... ဟာဂျူလီ(ကသာ)

Comments (hla myint)
dear Hercule(ကသာ) , aungkyaw aung aung & friends,
very very bad; we are becoming de facto chinese colony;
we must liberate ourselves from these NEO chinese colonialists & their puppets.
similar events happened in Tibet around 1950s;at that time Dalai lama and monks are treated in such brutal ways; they fled to India;
Beyond a shadow of doubt ,we are becoming de facto chinese colony.

1 comment:

sayanyein said...

similar events happened in Tibet around 1950s;
at that time Dalai lama and monks were treated in such brutal ways;
they fled to India;
Beyond a shadow of doubt ,we are becoming de facto chinese colony.