Sunday, June 17, 2012

in depth analysis of current situations.


Hla Myint shared Aungmyo Tun's status.

congratulations!
in depth analysis of current situations.
အသားထဲကလောက်ထွက် အမျိုးသား သစ္စာဖောက်တွေရဲ့ သွေးထိုးလှူ့ဆော်မှူ၊
ကွန်ပြူတာရှေ့ရောက်မှ အရူးချေးပန်း မျိုးချစ်ပြသူတွေရဲ့ ဥာဏ်နည်းမှူတွေကြောင့်...

၁။ မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲတလျှောက် တိုက်ပွဲဝင်ခဲ့တဲ့ ပြည်ပအခြေစိုက်မီဒီယာတွေ အမုန်းခံရတယ် (အစိုးရအလိုရှိမှူ)

၂။ ဒေါ်အောင်ဆန်းစုကြည်ကို အထင်အမြင်လွဲမှားစေတယ် (အစိုးရအလိုရှိမှူ)

၃။ တည်ငြိမ်ရေးအကြောင်းပြချက်နဲ့ စစ်တပ် အခန်းကဏ္ဍကို အများတောင့်တအောင်
ပြုလုပ်ခဲ့တယ် (အစိုးရအလိုရှိမှူ)

၎။ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျဆင်းသွားတဲ့နိုင်ငံရေး သိက္ခာကို သမ္မတက တီဗီမှာ မိန့်ခွန်းပြောပြီး ပြန်လည် မြင့်တင်ခဲ့တယ် (အစိုးရရဲ့ နည်းဗျူဟာ)

၅။ ပြည်တွင်းမီဒီယာ နဲ့ လူမူကွန်ယက်တွေက လှူ့ဆော်မှူတွေကို အကြောင်းပြီး
မြန်မာလူမျိုးတွေ မီဒီယာ လွတ်လပ်မှူ နဲ့ မတန်သေးဘူးဆိုတာ နမူနာပေးစရာ ဖြစ်ခဲ့တယ်
(အစိုးရအလိုရှိမှူ)

၆။ လျှပ်စစ်တာဝါတိုင်ဗုန်းကွဲခံရမှူကြောင့် ပြည်သူ့ လိုအပ်ချက် ထိခိုက်ခံရခြင်းကြောင့် ကချင်ဒေသအေးချမ်းရေး အကြောင်းပြချက် နဲ့ ရခိုင်ဒေသတည်ငြိမ်ရေးအကြောင်းပြချက်
တွေနဲ့ ယင်းဒေသနှစ်ခုမှာ စစ်တပ်က အလုံးအရင်းအခြေချခွင့်ရမှူ (အစိုးရနဲ့ စစ်တပ် အလိုရှိမှူ)

၇ ။ ခိုင်မာစွာ စစ်တပ်အခြေချမှူကြောင့် တရုတ်အကျိုးစီးပွားတွေဖြစ်တဲ့ ရွှေဂတ်စ် စီမံကိန်းနဲ့ ကချင်မှ တရုတ်လုပ်ငန်းများ အကာအကွယ်ကောင်းစွာရရှိ ( တရုတ်အလိုရှိမှူ )

၈ ။ ကချင်ပြည်နယ်က စစ်ပွဲတွေ နဲ့ပြည်သူတွေအပေါ် အာရုံပြောင်းသွားမှူ (အစိုးရအလိုရှိမှူ)

၉။ အနာဂတ် ကုလား- ဗမာ အဓိကရုဏ်းဖြစ်အောင် ပြသာနာ အစပျိုးပြီး ယင်းပြသာနာများအတွက် ပြည်သူမှ စစ်တပ်ကို တောင်းတအောင် ဖန်တီးထားမှူ
(အစိုးရနဲ့ စစ်တပ် အလိုရှိမှူ)

၁၀ ။ ဒေါ်အောင်ဆန်းစုကြည် မဖြေရှင်းဘဲ စစ်တပ်သာဖြေရှင်းလို့ရတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်ဆိုတာ နိုင်ငံတကာနဲ့ ပြည်သူကို ချပြမှူ (အစိုးရနဲ့ စစ်တပ်ရဲ့ အစီအစဉ်)

၁၁ ။ အမှားမခံတဲ့ လူမျိုးရေး ဘာသာရေး ပြသာနာတွေမှာ နိုင်ငံရေးသမားတွေက
စကားလုံးတွေ ဂရုစိုက်နေချိန်မှာ စစ်တပ်သာအနစ်နာခံပြီး ပြသာနာကို ဖြေရှင်းတယ်ဆိုတာ
ပြသမှု (အစိုးရနဲ့ စစ်တပ်ရဲ့ အစီအစဉ်)

အထက်ပါ အကြောင်းအရာတွေဖြစ်ခဲ့တဲ့အတွက် ဒီပြသာနာမှာ ဘယ်သူ အကျိုးဖြစ်ခဲ့လည်း
ဆိုတာ သိနိုင်ပါတယ်။ တိုင်းတပါးသားအတွက် မိမိတိုင်းရင်းသားတွေကို နှစ်ပေါင်းများစွာ
သတ်။ ၂၀၀၇ မှာ သံဃာကို သတ်ခဲ့တဲ့ စစ်တပ်ကို ပြန်လည်ဂုဏ်ဖော်ခဲ့တဲ့ နောက်ပြန်ဆွဲလို
သူတွေရဲ့ အစီအစဉ် အောင်မြင်ခဲ့သလို အတိုက်အခံနဲ့ လွတ်လပ်မှူတွေကို သံသယဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ တရုတ်က ကြားထဲက အမြတ်ထွက်ပါတယ်။ နောက်ဆုံး အတူ ယှဉ်တွဲ
နေထိုင်လာခဲ့တဲ့ ကိုယ့်ပြည်သူတွေ အချင်းချင်း သတ်ဖြတ်ခံရတယ်။ ရခိုင်ပြည်နယ် စစ်မြေပြင်အဖြစ် ကျန်ရှိခဲ့တယ်။ ဘာသာနှစ်ခုကြား အငြှိးအတေးဖြစ်ခဲ့တယ်။ ပြည်သူတွေ ဒီထက်မက နစ်နာမှူတွေ ရှိခဲ့ပြီး ပြဇတ်ဆရာတွေ အများကြီးအကျိုးအမြတ်ရခဲ့တယ်။

တကယ်မျိုးချစ်သူတွေ ကိုယ်ဘာသာမေးပါ “ငါ့ကြောင့် ဒီလိုတွေဖြစ်စေသလား” ဟုတ်တယ်ဆိုရင်တော့ သင်ဟာ အမျိုးသား သစ္စာဖောက်ပါဘဲ။ သွေးထိုးရုံသက်သက်
Facebook အကောင့်တွေ အခု မတွေ့ရတော့သလို သွေးထိုးမှးတွေမှာပါခဲ့တဲ့ အသိဥဏ်နည်းပါးသူတွေကတော့ အော်စလိုက ဒေါ်အောင်ဆန်းစုကြည်ပူံတွေတင်ပြီး သူတို့မဟုတ်သလိုပါဘဲ ။ ရခိုင်မှာတော့ ကိုယ်ပြည်သူတွေ ဒုက္ခရောက်ရတယ်။
သင် ဘာကူညီမလဲ??????

Watchdog Zor
6 minutes ago via Mobile

(Thu Zar Htun ဖေ့ဘွတ်မှ ကူးယူဖော်ပြပါတယ်)

Hla Myint
congratulations!
in depth analysis of current situations.
ကြားဖြတ်ရွေးကောက်ပွဲမှာ ကျဆင်းသွားတဲ့နိုင်ငံရေး သိက္ခာကို သမ္မတက တီဗီမှာ မိန့်ခွန်းပြောပြီး ပြန်လည် မြင့်တင်ခဲ့တယ်၊
နိုင်ငံရေး သိက္ခာကျတယ်ဆိုတာ သိက္ခာရှိနေမှပါ၊
သိက္ခာမရှိတဲ.လူတွေမှာသိက္ခာ...See More

Hla Myint I doubt USDP has honor .

No comments: