Monday, November 19, 2012

လားရာလိုက်ပြီး လားစီးကြမည် (အောင်နိုင်ထွေး)

Khin Mgooposted toHla Myint
33 minutes ago
လားရာလိုက်ပြီး လားစီးကြမည်
အမေ၇ိကန်ပြည်ထောင်စု သမ္မတကြီး မြန်မာပြည်သို့ ကြွမြန်းလားသည်၊ လူ့အခွင့်ရေး ငတ်နေသော မြန်မာပြည်သူတို့ မျှော်လင့်ခြင်းများစွာဖြင့် ကြိုဆိုကြသည်။
သမ္မတကြီး အိုဘားမားက အားမနာပါးမနာ သူမြင်တာကို မြင်တဲ့အတိုင်းဒဲ့ရော တွတ်ရောပြောကြားသည်။
ဒဲ့က မြန်မာစစ်တပ်အကြောင်း တွတ်က တိုင်းရင်သားတွေနဲ့ ပတ်သက်သောငြိမ်းချမ်းရေး
မစားရ ၀ခမန်း ပီတိဖြစ်နေကြသူများက ပြည်တော်ပြန် ရှစ်ရှစ် များ၊ ကဲ စဉ်းစာ
းကြည့်အုံး။
သမ္မတကြီးက အရှင်းလုံးဝ ဥသုံ ပြောင်းလဲသွားပြီဟုမပြော ၊ ပြောင်းလဲမှုနောက်ပြန်မလှည့်အောင်သာပြောသည်။ ပြန်တော်ပြန်အချို့နဲ့ ဘောင်းဘီချွတ်ပြသူတို့က ပြောင်းလဲသွားပြီဟုပြောသည်။
သမ္မတကြီး အိုဘားမားအလာခင်က(၅)ရက်အလိုက မီဒီယာ နှင့်ပတ်သက်သည့် ဥပဒေကို အတည်ပြုရန်ထုတ်ပြန်သည်။
သမ္မတကြီး အိုဘားမားက သိပြီး လွတ်လပ်မှု (၃)မျိုးကို အဓိက ပြောချဟောချသည်။
အရေခွံချွတ်လိုက်သော်လည်း အဆိပ်မချွတ်တာဖြစ်သည်။
အရေခွံနှင့် အဆိပ်က နေရာရော တည်ရှိမှုရောကွာခြားသည်။ သို့သော် ပြန်တော်ပြန်အချို့က အတော်ပင် တတ်ကျွမ်းကြပြီး အတူတူဖြစ်သလိုလိုဝါဒဖြန့်သည်။
သမ္မတကြီး အိုဘားမားလာသော လမ်းတလျောက်ဝယ် ကြိုဆိုသော ပုံရိပ်ပြ လှုပ်ရှားမှုများကိုပြသပြီး ကြိုဆိုသည်။ ထိုအထဲတွင် ရုတ်တရက် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်ပေးရန် တောင်းဆိုထားသော စာတန်းပိုစတာကြီးကို ကိုင်ပြီး ဆန္ဒပြသူ တဖွဲ့သာရှိသည်။ သို့သော် သူတို့ အားလုံး အမြတ်ရသွားသည်။
သမ္မကြီး မိန့်ခွန်းတွင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရန်ထည့်ပြောသွားသည်။
ပိုစတာ နှင့် အလံကို အားတက်သရော မြောက်ပြနေသူတို့ အကြောင်း ထဲထဲဝင့်ဝင့် မပါဝင်ခဲ့ပေ။ သို့သော် သူအနေဖြင့် မြင်တွေ့ပြီး အားတက်သရောဖြစ်နေသူတို့အတွက် အိမ်မက်မဟုတ်သော လက်တွေ့ကျသည့် အကြာင်းရာများ ပြောဆိုခဲ့သည်။
ဝမ်းနည်းစရာ ကောင်းသော ဖြစ်စဉ်တခုကို မြန်မာ သတင်းတွင် ထိုည၌ပင် တင်ပြသွားသည်။
သမ္မတကြီး အိုဘားမား လာရောက်ကြောင်း တိုင်ပြည် ယခု ဒီမိုကရေစီသို့ပြုပြင်ပြောင်းလဲနေသောလုပ်ငန်းစဉ်ကို ထောက်ခံကြောင်းကိုသားထပ်တလဲလဲ တင်ပြပြီး သမ္မတကြီး အိုဘားမား၏ အနှစ်သာရရှိသော မိန့်ခွန်းကောက်နုတ်ချက်တော်တော်များများကို ချန်လှပ်ထားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော အကြောင်းရာအားလုံးကို ချန်လှပ်ထားခဲ့သည်။
ယခုဒေသအလိုက်တွင် နေထိုင်နေကြသော ပြည်တော်ပြန်များ ၀မ်းသာပြီး ပြည်တွင်းသို့ ၄င်းတို့ကဲ့သို့ ပြန်ကြရန် ယနေ့ အကြီးအကျယ်တိုက်တွန်းနေကြတော့သည်။
စာရေးသူ ကိုယ်တွေ့ကို ပြောပြချင်သည်
ရှမ်းပြည်မြောက်ပိုင်းသို့ ရောက်ဖူးသည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောနေရာဒေသများသို့ရောက်ဖူးသည်၊ ထိုနေရာဒေသများတွင် မိုင်ပေါင်းများစွာဝေးသော ကျေးရွာ သို့မဟုတ် တပတ်ဈေးနေ့များသို့သွားရောက်ကြသော ဒေသခံများသည် လား ဟုခေါ်သော မြင်းအသေးစားဟု ဆိုလို့၇လောက်သော တိရိစ္ဆာန်ငယ်ကို သုံးသည်၊ သူတို့က ထို လား ၏ ကျောပေါ်တွင် သူတို့တင်ဆောင်လိုသော ထုပ်ထည်များကိုတင်ပြီး ခရီးထွက်ကြသည်၊ သို့ဖြင့် တောင်ကုန်းတောင်းစောင်းများတွင် သူတို့ က ထိုလားပေါ်တွင် အပြည့်တင်ဆောင်လာသော အထုပ်အပိုးများအပြင် သူတို့ပါ တက်ပြီး စီးလိုက်ကြသည် အနည်းငယ် သွားဤကောင်းသော နေရာရောက်မှသာ လားပေါ်ကပြန်ဆင်းကြသည်။ သို့သော် လား ခများအသက်ထွက်လုမတ် ပါစပ်မှ အမြုပ်များတွဲလောင်းကျကာ ပင်ပန်းနေသည်ကို တွေ့သည်။ ယခု မြန်မာ့နိုင်ငံရေးတွင် လားသွာရာလိုက်ပြီး လာပေါ်သို့တက်စီးနေသည်ဟုမြင်သည်။ အပြစ်ကင်းသော ပြည်သူများအား လားအဖြစ် အသုံးပြုနေသာ နေပြည်တော်နှင့် နိုင်ငံရေးအရ ပြည်တော်ပြန်အချို့ ကို မြင်းမိသည်။
မှတ်ချက် တည့်တည့်ထိလျှင် သီးခံပြီး ခံစားပေးပါ
ရိုင်းစိုင်းယုတ်ညံ့ခြင်းမပါသော လွတ်လပ်စွာ ရေးသားပိုင်ခွင့်ကို နားလည်မည်ဟု ယူဆပါသည်။
(အောင်နိုင်ထွေး)

1 comment:

sayanyein said...

တောင်ကုန်းတောင်းစောင်းများတွင် သူတို့ က ထိုလားပေါ်တွင် အပြည့်တင်ဆောင်လာသော အထုပ်အပိုးများအပြင် သူတို့ပါ တက်ပြီး စီးလိုက်ကြသည် အနည်းငယ် သွားကောင်းသော နေရာရောက်မှသာ လားပေါ်ကပြန်ဆင်းကြသည်။ သို့သော် လား ခများအသက်ထွက်လုမတတ် ပါးစပ်မှ အမြုပ်များတွဲလောင်းကျကာ ပင်ပန်းနေသည်ကို တွေ့သည်။ ယခု မြန်မာ့နိုင်ငံရေးတွင် လားသွားရာလိုက်ပြီး လား ပေါ်သို့တက်စီးနေသည်ဟုမြင်သည်။ အပြစ်ကင်းသော ပြည်သူများအား လားအဖြစ် အသုံးပြုနေသာဘောင်းဘီဝတ်များ ဘောင်းဘီ ချွ တ်များ ဘိန်းဘုရင်များ နဲ.သူတို.မဟာမိတ် ခေတ်ပျက် သူဋ္ဌေးများ လှဲ.ဖျားခြင်းမခံရအောင် သတိရှိကြ။