Saturday, August 10, 2013

No doubt, Nobel Lady is noble hearted. But we need to understand satanic hearts in REAL life.



No doubt, Nobel Lady is noble hearted.
But we need to understand satanic hearts in REAL life.


https://www.facebook.com/photo.php?fbid=697272550286981&set=a.626297084051195.1073741826.100000127263276&type=1&relevant_count=68
shared
Maha Mingyi's photo.


ကောက်ကြောင်း ကို ဓါတ်မှန်၇ိုက်ကြည့်ခြင်း

၂၃ နှစ်အကြာတိုင်းပြည်ကို အမှောင်ချပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူပြည်သူတရပ်လုံးကို တုပ်နှောင်ကာ ဘုံးဘောလအော ခိုးခဲ့သမျှ ဘယ်သူကမှ တိတိကျကျ စာရင်းအင်း မရှိပဲ ခန့်မှန်းချေအနေနဲ့ ယခု သူတောင်းစားတွေရဲ့ ပိုင်ဆိုင်မှုကိုသာကြည့်ပြီး နိုင်ငံတကာနဲ့ အတိုက်ခံတွေက သုံးသပ်နေခဲ့ကြရပါတယ်။

ပွင့်လင်းမြင်သာမှုဆိုတာ စကားအရ၊ စာအရတော့ အတော်ပင် နားထောင်ကောင်း ဖတ်လို့ ကောင်းကြပေမယ့် လက်တွေ့မှာ ကောက်ရိုးပုံထဲကျသွားတဲ့ အပ်ငယ်ကလေးတချောင်းကို ရှာနေကြရတဲ့ အခြေနေထက် ပိုမလာသေးဘူးလို့တော့ မြင်မိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ပြည်သူတရပ်လုံးက တိုင်းပြည်ရဲ့ သရဖူထိပ်က တန်ဘိုးကြီးလွန်းတဲ့ ပတ္တမြားလို့ မြင်ချင်ကြတာမို့ စစ်အုပ်စုနဲ့ သူတို့ ထားခဲ့တဲ့ လက်ရှိနေပြည်တော် သူတောင်းစားတွေက သူတို့ တိုင်းပြည်ကို ချေချုပ်ချထားသလို နိုင်ငံတကာက သူတို့ကို ပိတ်ဆို့မှုတွေနဲ့ ပြန်တုပ်နှေင်ပြီး တန်ပြန်ချုပ်နှောင်လိုက်တာမို့ အားလုံးကို သူတို့ အတွက် ပြေလျော့ဖို့ ဒေါ်စုကို သူတို့ ကိုယ်ပေါ်က ကြိုးတွေကို ဖြတ်ဖို့ ကတ်ကြေးလေးလို သဘောထားပြီး အသုံးပြုလာတာကိုမကြေနပ်မှုဖြစ်လာခဲ့ကြပါတယ်။

ဒေါ်စုက ဘယ်သူ့ကိုမှ မမုန်းသလို့ စစ်အုပ်စုနဲ့ လက်ရှိ ဦးပိုင်ကလွဲရင် တပြည်လုံး တကမ္ဘာလုံးက ဒေါ်စုကိုမမုန်းကြပါဘူး။ အမုန်းတ၇ားဆိုတာ မပြေလည်မှု ပေါင်းစုံက ပေါက်ဖွားလာကြတယ်ဆိုတာ လူတိုင်းလက်ခံနိုင်မယ် ထင်ပါတယ်။
တိုင်းပြည်ကို ပွင့်လင်းတိုးတက်အောင်လုပ်လိုလျှင် အာဏာသိမ်းထားလင့်ကစား လုပ်နိုင်ရဲ့သားနဲ့ မိမိကိုယ်ကျိုးစီးပွါးတွေကိုသာ တနင့်တပိုး သိမ်းကျုံးထုတ်ယူ ၀ါးမျို ကြွယ်ဝသွားတဲ့ စစ်တပ်အရာရှိတွေက ဆယ်စုနှစ် ၂ဆက်ကျော်ကြာကြာ လူထုအတွက် လူထုအကျိုးစီပွားဆိုတာကို ယောင်လို့တောင် လေချဉ်မတက်ခဲ့ကြပါဘူး။

လူထုအတွက်၊ လူထုအကျိုးစီးပွားကို နှံလုံးသားထဲမှာ ထာဝရ ဌာပနာတိုက်လိုတည်ဆောက်ပြီး ဌာပနာသွင်းမိသူ ဒေါ်စုနဲ့ လူ့အခွင့်ရေးတောင်းဆိုသူ၊ ထောက်ခံသူတွေကိုတော့ မသေခင် တခနမှာပဲ ဘ၀အစုံစုံနဲ့ ဒုက္ခ အဖုံဖုံကို ဖန်တီးပြီး ၂၀၀၈ နဲ့ တုပ်နှောင်ထားခဲ့တာကို ဒေါ်စုက ဖြေလျောပေးဖို့ ၀င်ရောက်အရဲစွန့်လုပ်ကိုင်ခဲ့ရပါတယ်၊ ဒေါ်စုကို ဘုရင်မကြီးတပါးလို မြင်ချင်နေကြပြီး အားကိုးယုံကြည်တဲ့ လူထုက ခံထားရပြီး အနာဗျက်ပြဲကြီးနဲ့ပိုက်ထွေးထားရသူတွေက စစ်ဘီလူးသဘက်တွေကို မယုံကြည်ကြလို့ သဘောမကျဖြစ်နေကြတာ အပြစ်မရှိဘူးလို့ မြင်ပါတယ်။

သူတို့က ယခု ညူစူနေကြတာ ဒေါ်စုကိုမုန်းလို့မဟုတ်ပဲ ဒေါ်စုကို သူတို့ထားချင်မြင်ချင်တဲ့ အဖိုဂဃ မတ္တာမြားကြီးကို အပြောင်းလဲကာလမှာ အကောင်းဆုံးနေရာ မရောက်ခဲ့ရလို့ ပြောဆိုကြတာဖြစ်ပါတယ်။

အပြောင်းလဲလုပ်တယ်ဆိုပြီး ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုအားလုံးနီးပါးကို သိမ်းကျုံးယူထားပြီး လူထုဘ၀ ကျေးကျွန်ထာဝရ ဖြစ်အောင်လုပ်ထားတဲ့ စနစ်ကို လူထုတွေက တိတိကျကျသိနေပြီး ငါးပွက်သလို တပွက်ပွက် ထနေတာဖြစ်တယ်။

ခေတ်အဆက်ဆက် ချေလွန်လက်လွန်ခိုးခဲ့တာ လုယူခဲ့တာတွေကို ယခုလူထုတွေအတွက် တခုလေးများ ပြန်ပြီး လုပ်ပေးခဲ့ရင် လူထုအဖို့ စိတ်ဖြေရာရပြီး ခွင့်လွတ်ပေးကြမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို လူထုက မတွေ့ရပဲ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ လမ်းပေါက်အောင် တံတားထိုးခင်ပြီး ယခင်သခိုးတွေဖြစ်ခဲ့ကြတဲ့ ယခု အစိုးရက လူထုကိုဘန်းပြပြီး နိုင်ငံတကာက ချေဆန့်ကာ သူတောင်းစားတွေ သွားလုပ်နေကြတာ တိုင်းပြည်ရဲ့ သိက္ခာ ဘုန်းဘောလအောကျနေတာ အားလုံးအသိဖြစ်မယ်ထင်ပါတယ်။

၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဘာတွေများထူးထူးခြားခြား နည်းနိသယတွေ အသစ်ထွက်လာလို့လဲ။ နိုင်ငံရေးကစားကွက်က ဘာမှမပြောင်းဘူး၊ ဗိုလ်နေ၀င်းက ကျောင်းများစွာ သတ်ပြည်သူတွေများစွာ ငတ်အောင်လုပ်ပြီး ငြိမ်းချမ်းရေးခေါ်တယ်။ ဒီဘက်က တိုင်းရင်းသားတွေကရော ဘယ်လောက် နိုင်ငံရေးအတွေးခေါ် ရှိကြသလ? ဗိုလ်နေ၀င်း က အဲဒီလူတွေဝမ်းသာအောင် လေလည်ပြလိုက်တော့ ပြည်တွင်းထဲကို ပြေးဝင်လာကြပြီး ထူထောင်ရေး တိုးတက်ရေး ငြိမ်းချမ်းရေးဆိုပြီး သံပြိုင်အော်လိုက်ကြတာ ဗိုလ်နေ၀င်းက အမြတ်အကြီးကြီးရသွားတယ်။ နိုင်ငံတကာက ဗိုလ်နေ၀င်းကို ဖိတ်ခေါ်ပြီး ပိုက်ဆံတွေဝိုင်းပေးကြတယ် ချီးကြတယ်။

ဗိုလ်နေ၀င်းက သူ့ဘာသာသူဆိုဘာမှရစရာမရှိဘူး၊ သူက အပါးသားလေး၊ သွားလေရာမှာ ဗိုလ်ချုပ်အောင်ဆန်း လမ်းစဉ် ဗိုလ်ချုပ်အောင်ဆန်းမှာသွားတယ်( ဆိုပြီး) သေသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို တနိုင်ငံလုံးအလှပြချိတ်ဆွဲခိုင်းပြီး တကမ္ဘာလုံးကို ပတ်ရိုက် တပြည်လုံးကို ပတ်နိုက်တာ ရတနာနတ်မယ်တောင် အနိုက်ခံလိုက်ရတယ်။

ကဲ…ခုတော ဗိုလ်သန်းရွှေရဲ ရှေ့ထွက် စိန်ပြောင်တို့ ရွှေမန်းတို့ လဲ ဘာများကွာသလဲ ဒီအတိုင်းပဲ …ငြိမ်းချမ်းရေး ထူထောင်ရေး တိုးတက်ရေးတဲ့… ဒါပေမယ့် တခုပဲပြောင်းသွားတယ်..ဗိုလ်နေ၀င်းတုံန်းက ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံနဲ့ အကြီးကျယ် လုပ်စားလိုက်တယ် ..ခုတော့ စိန်ပြောင်နဲ့ ရွှေမန်းက ယခင် နည်းနိသယအတိုင်းပဲ …အဖေ့ပုံပြပြီး လုပ်စားရတာ နိုင်ငံတကာက ရိပ်မိသွားပြီးသားမို့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ထပ်ပြ ပွဲထုတ်ပြီး လုပ်စားနေတယ်။။
ဘာမှ ..ဖြစ်လာမှာမဟုတ်ပါ..ဘယ်ခရီးမှ မရောက်ပါ။
ယခင်က နေပြည်တော် သူခိုး၊ ယခုသူတောင်းစားတွေက အရှေ့ အနောက် နိုင်ငံပေါင်းစုံကို ယခင်က ခိုးကြောင်ခိုးဝှက် သွားနေကြရပေမယ့် ယခု သက်တောက်သက်သာလေး ကောင်းကင်ခရီးဖြင့် ဈာန်ပေါင်းစုံ ၀င်စားပြီး ကြွမြန်းသွားလာခွင့်ရခဲ့တာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူ့အခွင့်ရေးကို ဘုရားသခင်တပါးလို ကိုးကွယ်ကြတဲ့ နိုင်ငံတကာ သံတမန်တွေရဲ့ ကျေးဇူးကြောင့်ဆိုတာကို ဘယ်သူမှငြင်းနိုင်မယ်မထင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အလျော့ပေးမှုပေါင်းစုံနဲ့ ချောမြူနေခဲ့တာ ယခု ဈာန်သမာပတ် ၀င်စားနေသူ သူတောင်းစားများကို ဂျောက်ချဖို့ မြူတမှုံန်လေးမျှတောင် မရှိပါဘူးဆိုတာ ရှင်းပါတယ်။ ဒီထက်ရှင်းတာက အားလုံး အန္တယ်ကင်းရှင်းတဲ့ အနာဂတ်တခုအတွက်ဆိုတာ သေခြာပါတယ်။
ဒါပေမယ့် အခု သူတောင်းစာတွေ လှည့်လည် တောင်းရမ်းမှုတွေက သူတို့ ဘဘကြီးတွေ ခိုးခဲ့တဲ့ အကြွေးတွေကိုသာ လိုက်ပြီး ဖြေလျော့ခိုင်းနေတာကတော့ သူတောင်းစားတွေရဲ့ အတွင်းစိတ်က ဘာလဲဆိုတာ ထီးထီးမားမားကြီး ပေါ်လွင်လွန်းနေပါတယ်။

သူတောင်းစားတွေ နိုင်ငံခြားက နေပြန်လာတိုင်း တိုင်းပြည်အတွက် လက်ဆုပ်လက်ကိုင် သိက္ခာရှိရှိဘာများယူလာဘူးလို့လဲ ဆိုတာ မေးခွန်းထုတ်ရတော့မယ်။
နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ ရပ်တည်မှုတွေဟာ လောလောဆယ် ပြည်သူတွေအတွက် အကျိုးဘယ်လောက်ရှိတယ်ဆိုတာ ကြိမ်းသေကာမ စံနုံန်း အထင်ရှား ပေါ်ထက်လာတာ မသိရသေးပေမယ့် နိုင်ငံတကာကို ဈာန်နဲ့ကြွနေတဲ့ သူတောင်းစာတွေရဲ့ ကိုးကွယ်ရာ ဦးပိုင်ကုမ္မဏီကြီးကတော့ ခေတ်မပြောင်းခင် ကာလကပင် တရုတ်ကုလားနဲ့ စာချုပ်ပေါင်းစုံ ချုပ်ပြီး ပြည်သူတရပ်လုံး ၀မ်းမီးတောက်လာတဲ့ ဘ၀နဲ့ တရုတ် ကုလားခြေဖ၀ါးများရဲ့အောက်မှာ ကျွန်သဘောက် ဖြစ်လာမှကိုတော့ ဒေါ်စုဆိုတဲ့ မြင့်မြတ်တဲ့ ခေါင်းဆောင်ကို အကာကွယ်ယူပြီး သရဲဘောကြောင်စွာ မလုပ်ကြပါနဲ့လို့ စေတနာအရင်းခံနဲ့ သတိပေးရလိမ့်မယ်။
နိဂုံးချုပ်ပြောရရင် နေပြည်တော် သူတောင်းစားတွေ ဈာန်ရကုန်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကောင်းမှုတော်ကြောင့် ဆိုတာ သိသင့်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား နေရာတိုင်းအတွက် ဓားစားခံအဖြစ် ဗိုက်ဌားခေါ်သွင်းတာမျိုး မလုပ်ကြဖို့ ပြောလိုပါတယ်။

လက်ပံတောင်းက ပြသနာတခုထဲမဟုတ်ပဲ အရှုပ်ထွေးပေါင်းများစွာကို ယနေ့ ဖန်တီးပြီး ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ပါတီကို လူထုက တလုံးတ၀ မဲမထည့်ကြရအောင် ဖန်တီးလုပ်ဆောင်နေတဲ့ မင်းတို့ နေပြည်တော်သူတောင်းစားတွေနဲ့ မင်းတို့ အနောက်က မဟာအသားစား စစ်ဘီလူးကြီးများက လူထုကို စေတနာမရှိရင်တောင် တိုင်းပြည်ကို ဖုံးဆိုးမြေ တလောင်းလောင်းနဲ့ လင်းတပေါင်းများစွာတို့ ပျော်စံရာ ပြည်မြန်မာအဖြစ် မလုပ်ကြဖို့ ပြောရပါလိမ့်မယ်

ကျေးဇူးတင်ပါသည်

ဂိုရှယ်လေး

No comments: