Friday, April 1, 2016

posts from Freedom Of All Burma/ https://web.facebook.com/groups/260627164087789/620566931427142/?notif_t=like¬if_id=1459546599327772


The Voice Weekly added a new video: သပိတ်မှောက် ကျောင်းသားများနှင့် လေးပွင့်ဆိုင်တွေ့ဆုံပွဲ from February 1, 2015 to their timeline.
February 1, 2015 ·

ဖေဖော်ဝါရီလ ၁ ရက်နေ့ - ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ပြုလုပ်နေတဲ့ သပိတ်မှောက် ကျောင်းသားများနှင့် လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ လက်ရှိကျောင်းသားနဲ့ ဆရာသမဂ္ဂကို အသိအမှတ်ပြုပေးရန်၊ သပိတ်မှောက် ကျောင်းသားတွေကို သပိတ်မှောက်နေစဉ် အချိန်နဲ့ သပိတ်ပြီးသည့် အချိန်မှာပါ မဖမ်းဆီးကြရန်၊ ဆွေးနွေးပွဲမှာ သဘောတူထားတဲ့ အချက်တွေကို ဥပဒေထဲ ထည့်သွင်းပြီး ပြည်သူကို ချပြရန် ဆိုတဲ့အချက်တွေ အပါအဝင် မူဘောင်ကိုးချက်ကို ကျောင်းသားတွေဘက်က ချပြထားပြီး သဘောတူညီမှုသည် ကျောင်းသား ကိုယ်စားလှယ်များ၏ သဘောတူညီမှုကို အခြေခံရမည် နဲ့ လက်ရှိ ဖွဲ့စည်းထားသည့် ကျောင်းသား ဆရာသမဂ္ဂများ၏ တရားဝင်မှုကို လေးစားစွာ အသိအမှတ် ပြုရမည် ဆိုတဲ့ အချက်တွေကို အချေအတင် ဆွေးနွေးနေကြပါတယ်။
(မှတ်ချက်။ ။ ဗီဒီယိုဖိုင်တွင် “ဖေဖော်ဝါရီလ ၁ ရက်နေ့ - ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်နေသည့် သပိတ်မှောက် ကျောင်းသားများနှင့် လေးပွင့်ဆိုင်တွေ့ဆုံပွဲဟု” ပြင်ဆင်ဖတ်ရှုပေးပါရန်)


Khin Maungoo shared The Voice Weekly's video.
March 10 at 9:41am

ဘကြီးအောင် .... ညာလေသောအခါ/ နိုင်ငံရဲ့ နိမ့်ကျနေတဲ့ ပညာရေးကို မြှင့်တင်ဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူလေးများရဲ့ စိတ်ခံစားချက်များကတော့ “ဟာ.. ဟာ..အစိုးရ တာဝန်ရှိ လူကြီးမင်းများ၊ ခင်ဗျားတို့ ပြောတော့ ကျွန်တော်တို့ တောင်းဆိုချက်တွေ လိုက်လျောမယ်ဆို၊ သပိတ်နဲ့ ပတ်သက်ပြီး အရေးမယူဘူးဆို၊ အခုတော့ ကျွန်တော်တို့ တောင်းဆိုတာတွေ မပေးတဲ့အပြင် ဘာလို့ ဒီလိုပုဒ်မတွေ အများကြီးတပ်ပြီး ဖမ်းထားတာလဲဗျာ....၊ ဟာဗျာ ...ကျွန်တော်တို့ တောင်းဆိုတာတွေက ကျွန်တော်တို့ ကိုယ်ကျိုးအတွက် မဟုတ်ပါဘူးဗျာ၊ ခင်ဗျားတို့ ကတိမတည်ဘူး၊ ခင်ဗျားတို့ ညာတယ်၊ ခင်ဗျားတို့...ညာတယ်၊ လူကြီးတွေ ညာတယ်၊ လူကြီးတွေ... ၀ိုင်းပြီး ညာကြတယ်...”။

No comments: