Saturday, April 1, 2017

2 april 2017. ORGANIZED crimes become rampant in mandalay.

2 april 2017.

Wint Td with Win Win and 3 others.
7 hrs ·
ကျမတို့ဆရာမတွေဆယ်တန်းစာစစ် လုပ်ငန်း ယနေ့စတင်ပါတယ်
မနက် ၇နာရီမှညနေ ၆နာရီထိပါ
ကျမရဲ့အဖွဲ့ထဲက ရတနာပုံတက္ကသိုလ် ရူပဗေဒဌာနမှ ကထိက ဆရာမ တယောက် ညနေစာစစ်ပြီးလို့ အိမ်အပြန်လမ်းမှာ ပိုက်ဆံအိတ်လုတဲ့သူတွေနဲ့ကြုံခဲ့ရပါတယ်
ဆရာမက အိုးဘို GTC ၀င်းထဲမှာနေပါတယ် အမျိုးသားဖြစ်သူက GTC မှ နယ်မြေအင်ဂျင်နီယာပါ
ဖြစ်တဲ့အချိန်က စာစစ်အပြန်ညနေ ၆:၃၀ ပါနေရာက မန်းတလေးတောင်အကျော် စစ်တပ်နားမှာပါ
ဆရာမက ဆိုင်ကယ်ကိုဖြေးဖြေးစီးလို့ လဲကျသွားတဲ့အချိန် လက်နဲ့ခြေထောက်မှာဘဲထိခိုက်မိပါတယ် ခေါင်းမထိလို့ အများကြီး ကံကောင်းပါတယ်
လူအသွားအလာလဲရှိနေပါသေးတယ်
လုတဲ့သူတွေက အမြဲဘဲ ၃ယောက်လောက်ပါတယ်လို့အနီးက ကွမ်းယာဆိုင်ကပြောပါတယ်
လွန်ခဲ့တဲ့ ၃နာရီ (နေ့လည် ၃ ခွဲလောက်က) အဲဒီနားမှာတခါဖြစ်သေးတယ်ပြောပါတယ်
လဲကျသွားချိန်မှာ နောက်၂ယောက်ထပ်ရောက်လာပြီး အိတ်ကိုလာလုပါတယ်တဲ့
အဲဒီမှာ နောက်က ကားတွေဆိုင်ကယ်တွေရောက်လာလို့ထွက်ပြေးသွားပါတယ်
ဆရာမလဲ အရမ်းကြောက်နေတော့ နာတာလဲသတိမထားနိုင်ဘဲ ဘေးက လိုက်ပို့ကြလို့ အိမ်ကိုပြန်လာခဲ့ပါတယ်
အိမ်ရောက်တော့မှ အိမ်သားတွေကိုလဲပြောပြ
ကျမကိုလဲ PH ဆက်လို့သိရပါတယ်
ခုတလော လုတဲ့သတင်းတွေက ဆက်တိုက်ကြားရတယ် ဒါး နဲ့ထိုးတာတွေရော အရမ်းကြောက်စရာကောင်းပါတယ်
သက်ဆိုင်ရာ တာဝန်ရှိသူများ အလေးအနက် ဆောင်ရွက်ပေးစေချင်ပါတယ်
ကျမတို့ဆရာမတွေလဲ နောက်ရက်တွေဆို စာစစ်အချိန်မှီပြီးဖို့ ညတွေထိပါလုပ်ရတာပါ လုံခြုံမှုမရှိ တခုခုဖြစ်ရင် ကိုယ့်မိသားစု ကိုယ့်သားသမီးတွေ ဒုက္ခရောက်ကြရမှာပါ
ပြည်သူအပေါင်းစိတ်အေးချမ်းသာလုံခြုံအန္တရာယ်ကင်းစွာသွားနိုင်အောင် ဆောင်ရွက်ပေးဖို့တောင်းဆိုပါတယ်
  • မန္တလေးမြို့ကြီးလုယက်မှုတော်တော်ဆိုးဝါးနေပြီ
  • Comments

  • 1 comment:

    sayanyein said...



    ORGANIZED crimes become rampant in mandalay.
    မန္တလေးမြို့ကြီးလုယက်မှုတော်တော်ဆိုးဝါးနေပြီ