Friday, July 5, 2019

NTERNET , Modern equivalent of Aladdin's magic lamp.

မှော်ဆရာဆေးကြိမ်လုံး၊
အာလာဒင်မီးအိမ် ၊
ဆင်ဒရဲလားဖိနပ် ၊

ဆေးကြိမ်လုံးဖြင့်မှော်ဆရာသည်သူ၏ဆန္ဒကိုပြည့်ဝစေသည်။
မှော်မီးအိမ်ဖြင့် အာလာဒင်သည်ရွှေမင်းသမီးချောလေးကိုအရယူနိုင်ခဲ့သည်။
ရွှေဖိနပ်ဖြင့်ဆင်းရဲသည့်သမီးပျိုသည်မင်းသားချောကလေးကိုအရယူနိုင်ခဲ့သည်။
အင်တာနက်သည်ခေတ်သစ်ကမ္ဘာအတွက် “မှော်မီးအိမ်”ဟုခေါ်နိုင်ပါမည်လား ၊

မှော်မီးအိမ်နှင့်အင်တာနက်ကွဲပြားခြားနားသည်မှာ မှော်ကိစ္စပြီးမြောက်ရန် အာလာဒင် သည် မှော်မီးအိမ်ကို ပိုးပုဝါလေးဖြင့်ပွတ်တိုက်ရပြီးအင်တာနက်တွင် mouse ကလေးကို
Right click Left click ဘယ်ကလစ်ညာကလစ်လုပ်ရခြင်းဖြစ်ပါသည်။
ရွှေမင်းသမီးချောလေးရရန်မှော်မီးအိမ်ကိုပွတ်တိုက်ရန်မလိုဘဲ mouse ကလေးကို ကလစ်လုပ်ရန်သာလိုပါသည်။

အင်တာနက်တွင် ချစ်သူရှာရာတွင် ဈေးနှုန်းချိုသာစွာ ဖြင့်ကူညီရှာဖွေပေးသော အကျိုးဆောင်ပွဲစား agents မြောက်များစွာ ရှိပါသည်။
ယခုအခါတွင် လူကြိုက်များ နေသော အောင်သွယ်တော်ပွဲစား
www.Love Happens.com and www.eHarmony.com
သာ ဖြစ်ပါသည်။

မိမိလိုချင်သောရွှေမင်းသမီးကလေးအကြောင်းကိုဖော်ပြရာတွင်တိကျရန်လိုပါသည်။
အသက်အရွယ်၊အရပ် အမောင်း၊ အသားအရောင်၊ မျက်လုံးအရောင်၊ အပိန်/အ၀၊ ဆေးလိပ်အရက်သောက်၊ မသောက်၊စိတ်ကောက်တတ်မ တတ်၊ ဘာသာရေးကိုင်းရှိုင်းခြင်းရှိ၊ မရှိစသည်ကို အချစ်ပွဲစားအား ပြောပြရန်လိုပါသည်။
အထူးသဖြင့် မိမိလိုချင်သော ရွှေမင်းသမီး^ရွှေမင်းသား၏ အသက်ဖော်ပြရန် မေ့ကျန်ခဲ့လျှင်“ပွဲစား”အတွက် အတော် ဒုက္ခရောက်နိုင်ပါသည်။
အသက်(၁၆)နှစ် မှအသက်(၈၀) အထိ ကမ္ဘာအရပ်ရပ် ရွှေမင်းသမီး^ရွှေမင်းသား အား ရှာရပါတော့မည်။
ဤကိစ္စနှင့်ပတ်သက်၍ စာရေးသုအတွေ့အကြုံတစ်ခုမှာ ပွဲစား မှ ရှာပေးသော ရွှေမင်းသမီးမှာ စာရေးသူစိတ် ကြိုက်ကွက်တိနီးပါး ဖြစ်နေပါသည်။
ရုပ်ရည်မှာ အတော်မွန်ရည်ပါသည်။
ကြင်နာသနားတတ်၍ ဘာသာရေးကိုင်း
ရှိုင်းပြီး ခင်ပွန်းသည်ကို မြတ်နိုးမည့် ဥပတိရုပ်ရှိသူတစ်ဦး ဖြစ်ပြီးဥစ္စာဓနပြည့်စုံသော အမေရိကန်မတစ်ဦး ဖြစ်ကြောင်း profile ဓာတ်ပုံနှင့် ဧည့်ခန်းပြင်ဆင်ပုံအရ သိရှိရပါသည်။
သို့ရာတွင် စာရေးသူ လက်မခံနိုင်မှာ သူမ၏အသက်ဖြစ်ပါသည်၊
သူမမှာ အသက်(၈၀)ကျော်နေပါပြီ။
စာရေးသူမျှော်မှန်းထားသည်မှာ အသက်၂၀-၂၅ ရွှေမင်းသမီးကလေး ဖြစ်ပါသည်။
စာရေးသူ၏ အပြစ်ဖြစ်ပါသည်။
စာရေးသူ၏ အသက်(၆၅)နှစ်ကို ဖော်ပြပြီး လိုချင်သောမင်းသမီး၏ အသက်ကို မဖော်ပြလိုက်သဖြင့် ပွဲစားကအခြားသော အချက်အလက်များသာ ကြည့်ပြိး အနီးစပ်ဆုံး “ဆင်ဒရဲလား” ကိုရှာပေး လို က် ခြင်း ဖြစ်ပါသည်။

ပြီးခဲ့သော စနေနေ့က စာရေးသူ၏ သမီးအကြီးဆုံး နှင့် ခင်ပွန်းသည် မင်္ဂလာဧည့်ခံပွဲ တစ်ခုကို တက်ခဲ့ကြ ပါသည်၊
သူတိုး သမီး ဆင်ဒရဲလားမှာ မန္တလေးမှ စီးပွားပြည့်စုံပြီး မွန်ရည်သူတစ်ဦးဖြစ်ပြီး သတို့သား (ရွှေမင်းသား) မှာ ပြင်ဦးလွင်မှ ယောက်ျားပီသ ခန့်ညားသော တပ်မတော်အရာရှိ တစ်ဦးဖြစ်ပါသည်။
သူတို့နှစ်ဦး၏ ဖူးစာရေးနတ် (အချစ်ပွဲးစား) agents မှာ www.Love Happens.com and www.eHarmony.com ဖြစ်ကြောင်း သိရှိရပါသည်။

mouse ကို ကလစ် တစ်ခါ လုပ်ရုံမျှဖြင့် ရာပေါင်းများစွာသော မိတ်ဆွေများ၊ အမျိုများ၊ တစိမ်းတရံစာများကို အလင်းအလျှင်တစ်စက္ကန့် ၁၈၆,၀၀၀ မိုင်နှုန်းဖြင့် စာများ၊ ဓာတ်ပုံများ၊ ဖိုင်များကို ပို့သနိုင်ပါသည်။

စာများ ရောက်၊ မရောက်ကိုလည်း ပူပန်ရန်မလိုပါ။ Internet Service Provider အင်တာနက်ဝန် ဆောင်မှုလုပ်ငန်းမှ လိပ်စာမှားခြင်း၊ လိုင်းကြပ်နေသဖြင့် စာနောက်ကျနေခြင်း စသည်တို့ကို အကြောင်း ကြားပေးပါသည်။
လိုင်းကြပ်နေသဖြင့် Traffic jam ဖြစ်နေလျှင်လည်းလိုင်းရှင်းသွားသောအခါထိုစာကိုပို့ပေးပါ သည်။

စီးပွားရေးလုပ်ငန်းရှင်များအတွက်လည်းထောင်ပေါင်းများစွာသောကော်ပိုရေးရှင်းကြီးများနှင့်အလင်းအ လျှင် ဖြင့်လုပ်ငန်းဆောင်ရွက်နိုင်သောအခွင့်အလမ်းများရှိပါသည်။
ကုန်ပစ္စည်းများကို On line ၀ယ်ယူနိုင် ပါသည်။
ကုန်ပစ္စည်းများ၏ ပုံရိပ်ကို ကွန်ပျူတာ ဖန်သားပြင်တွင် သေချာစွာ စစ်ဆေးပြီးမှာ ယူနိုင်ပါသည်။

စာရေးသူ၏တပည် . Moe metta alias moe wai yann (တပ်မတော်နည်း ပညာတက္ကသိုလ် အီလက်ထရွန်နစ်) ကျောင်းဆင်းတစ်ဦးသည် ရုရှားနိုင်ငံတွင် ပညာ သင်ကြားနေပါသည်။ သူကစာရေးသူကိုအင်တာ နက်မှစကားလှမ်းပြောပါသည်။
viva ကိုအသုံးပြုပါသည်။
စာဖတ်သူအသုံးပြုသော INTERNET CAFE (အင်တာနက် ကော်ဖီဆိုင်)နှင့် အခြားတစ်ဖက် အပြန်အလှန် အသံအပြင် ရုပ်ပုံလွှာများ မြင်ရပါမည်။
ငွေကုန်ကြေးကျမှာ အလွန် သက်သာပါသည်။

မန္တလေး အင်တာနက် ကော်ဖီဆိုင်များ တွင် တစ်နာရီ(၆၀၀)ကျပ်မျှ သာကျပါသည်။
ဆက်သွယ်ရေး ချောမောလျှင်တစ်နာရီ(၆၀၀) ကျပ်နှုန်းဖြင့် နိုင်ငံခြားကို စကား ပြောနိုင်ပါသည်။

ရူပဗေဒပညာရှင်(သို့မဟုတ်)အီလက်ထရွန်နစ်အင်ဂျင်နီယာတစ်ဦးအတွက် Integrated circuits /Chips ခေါ်စုပေါင်းပတ်လမ်းများ၊ ဒိုင်အုပ်များ၊ ယခု အလွန်ခေတ်စားနေသော Chips / Integrated Circuits ,microcontrollers, Hardwares(6) ,softwares(7), Firmwares(8) များနှင့် ပတ်သက်သော သတင်း အချက်အလက်များကို သက်ဆိုင်ရာ ကော်ပိုရေးရှင်းများ နှင့် ဆက်သွယ်ပြီး ရယူနိုင်ပါသည်။

Websites များ နှင်. ချိတ်ဆက်ရာတွင် mouse ကလစ်လုပ်ရမည့် အရေအတွက် အနည်းအများမှာ အင်တာနက်အသုံးပြုသူ၏ surfing experience အတွေ့အကြုံ ပေါ်တွင်မူတည်ပါသည်။

နိုင်ငံခြားတွင် ပညာသင်ကြား လိုသောကျောင်းသားများ အတွက်လည်း ကမ္ဘာအရပ်ရပ်မှ ထောင်ပေါင်းများစွာ သောတက္ကသိုလ်များနှင့် မိမိသိလိုသော သတင်း အချက်အလက်များကို mouse click အနည်းငယ်ဖြင့်ရယူနိုင် ပါသည်။
စာရေးသူ၏ ထက်မြင်ချက်မှာ “အင်တာနက်” သည်ခေတ်သစ်ကမ္ဘာအတွက် “အာလာဒင်၏ မှော်မီးအိမ်” ပင်ဖြစ်ပါသည်။

========== =========
Copies to

to u tin mg win of pakokku association/22dec08
to u nyein chan/NC Tech .
to shwe zin u+lay lay khaing+u ko gyi of ss-computer.

ဝေါဟာရ

(1) INTERNET= (အင်တာနက်) တစ်ကမ္ဘာလုံးရှိကွန်ပျူတာများချိတ်ဆက်ထားသော အလွန်လျှင်မြန် သောကွန်ယက်များ။ွှဃဏ။ှုဏ ဏမသအသခသျူ နည်းစနစ်ကို အသုံးပြုသည်။ ကော်ပိုရေးရှင်းများ၊ အစိုးရများ၊ တက္ကသိုလ်များရှိ ထောင်ပေါင်း များစွာသော ကွန်ပျူတာများ ကိုချိတ်ဆက်ထားသော အလွန်လျှင် မြန်သော ဆက်သွယ်ရေး လမ်းကြောင်းများသည် “အင်တာနက်” ၏ နှလုံးသားဖြစ်ပါသည်။
မည်သည့် ကွန်ပျူတာ တစ်လုံး ကွန်ယက်တစ်ခုတည်းက မှအင်တာနက် ထိန်းချုပ်ခြင်း မရှိနိုင်ပါ။
အင်တာနက်တွင် ဗဟိုကြိုးကိုင်မှု မရှိပါ။
၁၉၆၉ခုနှစ်တွင် ပင်တာဂွန် စစ်ဌာနချုပ် တွင် သုတေသနပြုပြီး အင်တာနက် မွေးဖွားလာခြင်း ဖြစ်ပါသည်။
နူးကလီးယား တိုက်ခိုက်မှု မတော်တဆ ဖြစ်ပေါ်လာလျှင် ဆက်သွယ် မှုများပြတ်တောက်သွား မည်ကို ကာကွယ်ရန် ဖြစ်ပါသည်။
သတင်းအချက်အလက် များပို့ရာတွင် အပိတ်အဆို့အတားအဆီးတွေ့လျှင် လမ်းကြောင်းအသစ်ရှာဖွေနိုင်သော “အရည်အချင်း” အင်တာနက်တွင် ဖန်တီးထားပါသည်။

(2) click=(ကလစ်လုပ်ခြင်း) ကိုနှိပ်ပေးခြင်း။

(3) Website=အင်တာနက်ဖြင်ချိတ်ဆက်ထားသောအဖွဲ့အစည်းများ။
(အခကြေးငွေဖြင့်ဖြစ်စေ။အခမဲ့ဖြစ် စေ ။ဝန်ဆောင်မှုများပေးပါသည်။ )

(4) ISP = (Internet Service Provider)အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း။

(5) TrafficJam = သတင်းအချက်အလက်များ ရွေ့လျှားမှု များပြားနေဖြင့်။ ဂျမ်း (jam) ဖြစ်နေခြင်း။ တင်စား၍ခေါ်ခြင်း။ ယဉ်သွားလာမှု လမ်းဆုံလမ်းခွတွင် ယာဉ်များပြားနေ သဖြင့် လမ်းပိတ်ဆို့ နေသကဲ့သို့ သတင်းအချက်အလက်များရွေ့လျှား၍မရခြင်းကိုတင်စားပြောဆိုခြင်းဖြစ်ပါသည်။

(6) Hardwares= ကွန်ပျူတာ အဖွဲ့အစည်းတွင် အသုံးပြုသော ရုပ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများ (Physical components ) ကိုခေါ်ဆိုပါသည်။
ကွန်ပျူတာနှင့် တွဲဖက် အသုံးပြုသော printers, modems, mouses, speakers, Keyboards များကိုရည်ညွှန်းပါသည်။

(7) Software =ကွန်ပျူတာအလုပ်လုပ်ရန်ညွှန်ကြားချက်များ
(computer programs )ကွန်ပျူတာပရိုဂရမ် များဖြစ်ပါသည်။

(8) Firmware = Read Only Memory ROM Memory အဖွဲ့အစည်း တွင် သိုလှောင်သိမ်းဆည်း ထားသော ထပ်တလဲလဲအလုပ်လုပ်ရသည့် ပရိုဂရမ်များ( Software routines ) ဖြစ်ပါသည်။

(9) Surfing=ပင်လယ်ပြင်တွင်ရွက်လှေဖြင့်ရေလှိုင်းစီးဆော့ကစားခြင်း၊ ရေခဲပြင်တွင်စကိတ်စီးဆော့ ကစားခြင်းကို တင်စားခေါ်ဆိုခြင်းဖြစ်ပါသည်။ အင်တာနက်တွင်ျွှနဘျငအန တစ်ခုမှတစ်ခုသို့ ပြောင်း၍ ကြည့်ရှုလေ့လာခြင်း ကိုခေါ်ဆိုပါသည်။

(၁) အင်တာနက် အသုံးပြုနိုင်ရန် အထူးကူညီပေးသော တပ်မတော်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ၊ ဗိုလ်မှူးချုပ် ၀င်းမြင့် ။

(၂) ဤဆောင်းပါးပြုစုရာတွင်ကွန်ပျူတာစာစီပေးသော အီလက်ထရွန်နစ်အင်ဂျင်နီယာဌာန တပ်ကြပ်ကြီး စာရေး ၀င်းဦး ။

(၃) စာမူကြမ်းကိုဖတ်ရှုတည်းဖြတ်ပေးသော အီလက်ထရွန်နစ်ဗိုလ်လောင်း နွေဦးမောင် နှင့် ဗိုလ်လောင်း ဇော်မင်းထွန်း တို့အားအထူးကျေးဇူးတင်ရှိပါသည်။

ကလောင်အမည်။ ။ဆရာငြိမ်း
အမည်ရင်း။ ။ဦးလှမြင့်
မှတ်ပုံတင်အမှတ်။ ။(AE-၁၁၉၆၈၆)
၉^မရမ(နိုင်)၀၅၀၂၈၅
၁၃၂ ။ (၇၂)လမ်း၊(၃၃-၃၄လမ်းကြား)
သရဖီလမ်းသွယ်၊
မန္တလေးမြို့
Click here to Reply

sayanyein
9/30/18

::Burmese Font Converter::

Translate message to English

INTERNET , Modern equivalent of Aladdin's magic lamp.

Convert Beta
Versions Info

No comments: