Friday, November 20, 2020

မဲရွေးပွဲ ညစ်နည်း ၁ ၁၉၆၂ အာဏာသိမ်းပြီး၁၂နှစ်ဝှေ့လည် ခြောင်ပါတ်လုပ်ပြီး ၁၉၇၄ ဖွဲ့စည်းပုံ ပြည်သူ့ဆန္ဒ ခံယူပွဲ

Kyaw Thein Mcc NuomnvtnlniimaSmempbeohnnsfor 1n2 at g2r:2fi3ei dlPgreM · မဲရွေးပွဲ ညစ်နည်း ၁ ၁၉၆၂ အာဏာသိမ်းပြီး၁၂နှစ်ဝှေ့လည် ခြောင်ပါတ်လုပ်ပြီး ၁၉၇၄ ဖွဲ့စည်းပုံ ပြည်သူ့ဆန္ဒ ခံယူပွဲ မဲပေးကြတဲ့နေရာမှာ မိမိဆန္ဒအစစ်အမှန်ဖေါ်ထုတ်ခွင့်ရကြဖို့လိုပါတယ် သေနတ်ခါးချိတ်ထားမှတော့ ဘယ်သူမကြောက်နေမှာလဲ ကြောက်ခဲ့ပါတယ် ကြောက်ပါတယ် နောင်လဲ‌ေကြာက်နေမှာပါ မကြောက်မရွံ့မဲပေးမှအမှန်အတိုင်းရမှာပေါ့ ဖဆပလခေတ်က အနဲဆုံးရပ်ကွက်၄ခု၅ခုမှာမဲရုံတရုံပါ အခုတော့အိမ်ထောင်၁၀ခုမှာမဲတပုံး ကျွန်တော်တို့မန္တလေးပြောပြောရရင်တပြထဲမှာမဲရုံ၂ရုံပါ ထောက်ခံရင်အဖြူပုံး ကန့်ကွက်ရင်အမဲပုံး မဲပြားကကဒ်ပြား ညစ်နည်း၁ကလို့ခေါ်ခြင်ခေါ်ပါ ညစ်နည်း၁ခ ကမဲထည့်ရတဲ့အခန်းအလယ်မှာအဖြူပုံးအမဲပုံးကအဝေးဆုံးမှာ အပြင်ကနေခြေသံနားထောင်ပါတယ် ညစ်နည်း၁ဂ အမဲပုံးထဲကိုမဲပြားထည့်ရင်မဝင်နိုင်အောင်ဆို့ထားပါတယ် ဘာလို့သိတာလဲဆိုတော့အမဲပုံးထဲကိုကိုယ်တိုင်ထည့်ခဲ့လို့သိတာပါ ဇွတိထိုးထည့်မှဝင်သွားပါတယ် ညစ်နည်း၁ဃ အမဲပုန်းထဲမှမဲပြားများကိုမဲရုံပိတ်သည့်အခါအဖြူပုံးထဲ ကိုလက်ပါးစေများကပြောင်းထည့်ပါတယ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတခုသာရှိသဖြင့်အတိုက်အခံပြောရဲသူမရှိပါ Security and administrative council SAC ဖွဲ့အုပ်ချုပ်ခဲ့တဲ့စနစ်မှာ ရလက ရပ်ကွက်လုံခြုံရေးနဲ့အုပ်ချုပ်မှုကော်မတီရုံးမှာခိုကပ်စားကြတဲ့လက်ကိုင်ဒုတ်များလက်ပါးစေများကသာမဲရုံကိုဦးစီးတာပါ ဆရာကြီးဒေါက်တာသန်းထွန်းမိန့်ခဲ့သလိုသမိုင်းဆိုတာမအ အောင်သင်တာ ဆိုတဲ့အတိုင်းသမိုင်းကိုတင်ပြတာပါ အဲဒီခေတ်က DSA ကဗိုလ်လောင်းများအမဲပုံးထဲထည့်ခဲ့ကြပါတယ် လေးစားပါတယ်

No comments: