Wednesday, May 9, 2012

obeying orders is no excuse for shooting unarmed persons.


Nyein Chan Aye

ခု လွှတ်တော် ရောက်လာတဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ ရန်ကုန်က ပစ်ခတ်မှုတွေကို အောက်ခြေကွပ်ကဲရတဲ့ ဗိုလ်ကို လူတွေက မြင်ကြတယ်..။ သူက အထက်က ပေးတဲ့ အမိန့်ကို မလွန်ဆန်နိုင်ပဲ လုပ်ရတာပဲရှိတယ်..။ လုံးလုံးသူ့အပေါ်အပြစ်တင်လို့မရဘူး..။ သူ့ထက် ရာထူးကြီးတဲ့ သူတွေ.. ဒီလူသတ်ပွဲတွေအတွက် တာဝန်ပိုရှိတဲ့ လူတွေ ခုလွှတ်တော်နဲ့ အစိုးရ အဖွဲ့မှာ ရှိနေတာပဲ....။

ခု အောက်လွှတ်တော် ဥက္ကဌ ဗိုလ်ရွှေမန်း (DSA အပတ်စဉ် ၁၁ ထင်တယ်) က ၂၀၀၃ နောက်ပိုင်းကတည်းက ဗိုလ်ချုပ်ကြီးရာထူးရတယ်..။ ၂၀၀၇ ဖြစ်တဲ့ အချိန်မှာလည်း ကြည်၊ ရေ၊ လေ ညှိနှိုင်းကွက်ကဲရေးမှုး (Joint Chief of Staff) နဲ့ စစ်တပ်မှာ နံပါတ် (၃)၊ စစ်ကောင်စီမှာလည်း နံပါတ် (၃) နေရာမှာ ရှိတယ်..။

ခု သမ္မတ ဗိုလ်သိန်းစိန် (DSA အပတ်စဉ် ၉ ထင်တယ်)က စစ်တိုက်တာထက် အုပ်ချုပ်ရေးပိုင်း လုပ်တာများတော့ ရာထူးတက်တာ နှေးတယ်...။ ၂၀၀၇ ဗိုလ်စိုးဝင်းသေတော့မှ ဗိုလ်ချုပ်ကြီးရာထူးနဲ့ အတူ စစ်ကောင်စီ အတွင်းရေးမှုး (၁) နဲ့ ဝန်ကြီးချုပ်ရာထူး ရတယ်..။ အဲ့တော့ ၂၀၀၇ ဖြစ်တော့ ဗိုလ်သိန်းစိန်က စစ်တပ်မှာ နံပါတ် (၄)၊ စစ်ကောင်စီမှာ နံပါတ် (၄) နဲ့ အုပ်ချုပ်ရေးပိုင်းမှာ ဝန်ကြီးချုပ်အနေနဲ့ တာဝန်အရှိဆုံးနေရာမှာ ရှိတယ်..။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်သန်းရွှေ၊ နဲ့ ဒု-ချုပ် ဗိုလ်မောင်အေး (ကက-ကြည်း) က လာတဲ့ ပစ်မိန့်ဟာ စစ်တပ် အမိန့်ပေးမှု အဆင့်အဆင့် ကွင်းဆက်အရ (Chain of Command) အရ ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန်ကို မဖြတ်ဘဲ ကို မနေဘူး..။

စစ်သားဆိုတော့ အမိန့်ပေး ခိုင်းခံရရင် လုပ်ရပါတယ် လို့ ဆိုချင်ရင်တောင် အောက်ခြေက ဗိုလ်ထက် ဘယ်သူ့မှ တာဝန်ပိုရှိတယ်..။ ဘယ်သူ့ကို အပြစ်ပိုတင်သင့်တယ်ဆိုတာ ရှင်းမယ် ထင်ပါတယ်..
ငြိမ်းချမ်းအေး
၀၄၊ မေလ၊ ၂၀၁၂Like · · near Brisbane, Queensland ·
Khaing Soelynn and 33 others like this.

Htet Hninse အော် ဟုတ်ကဲ့ ရှင်းပါတယ်. မရှင်းတာက ဒေါက်တာ ဘမော်နဲ့ ဂဠုန်ဦးစောကို ချီးမွှမ်းခန်းဖွင့်နေတာ ဘာရည်ရွယ်ချက် ရှိလဲ သိချင်ပါတယ်.. ဖြေနိုင်ရင် ဖြေစေချင်ပါတယ်.. (သိချင်ရုံသက်သက်ပါ)

Nyein Chan Aye ဖြည့်စွက်ချက် - ဗိုလ် သိန်းစိန် အဲ့ရာထူးတွေရတာ ဗိုလ်စိုးဝင်း မသေခင် ဆေးကုနေစဉ်ကတည်းက ဖြစ်တယ်..။ (၂၀၀၇ အစောပိုင်းဖြစ်မယ် ထင်တယ်။) နောက် တကယ် သေတော့မှ ယာယီကနေ အမြဲ ဆိုပြီး ပြောင်းတယ်...

Nyein Chan Aye နောက်တစ်ခုက ခု လွှတ်တော်တက်တဲ့ ဗိုလ် အဲ့တုန်းက ဓာတ်ပုံထဲမှာ စကားပြောစက်နဲ့ ဆက်သွယ်နေတာ သူအထက်က ကပ်လျက် အရာရှိပဲဖြစ်မယ်..။ အလွန်ဆုံးဖြစ်ရင်တောင် အဲ့တုန်းက ရန်ကုန်တိုင်း စစ်တိုင်းမှုး ဗိုလ်လှဌေးဝင်းပဲဖြစ်မယ်..။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးက ဘယ်လှမ်းပြီး အောက်ခြေအဆင့်က အရာရှိကို လှမ်းအမိန့်ပေးမလဲ..။ အထက်မှာ ထောက်ပြသလို ပစ်မိန့်က အဆင့်ဆင့် လာကို လာရတယ်..။
Ko Ba ကျနော် မိတ်ဆွေ တယောက် စကားကိုထပ်ဝေမျှ ရရင် ... ဘာလို့  ဒုတ်ကို ပြဿနာရှာ နေတာလဲ ...တကယ် က အဲဒီဒုတ်ကို ကိုင်ပြီးရိုက်တဲ့ သူ ကအဓိကမဟုတ်ဘူးလား ...
သူတို့ မှာ ဒုတ်တွေ ကအများကြီး ဒီတချောင်းမဟုတ် နောက်တချောင်း လဲဖို့ အဆင့်သင့်ရှိနေတာ
အဲဒီ ဒုတ်ကိုင်ပြီး ရိုက်တဲ့သူတွေ ကို တော့ သမ္မတကြီး ဥက္ကဌ ကြီး နဲ့ သူတော်ကောင်းတွေ ပမာ ချီးမွမ်း နေပြီး ... ဒုတ် ကို ကြမှ ပြဿနာ လုပ်နေတာ တော်တော်ကြီး ကို ကမောက်ကမ နိုင်တဲ့ တွေးခေါ်မှု ပဲ ...

Zaw Htet Han ဟုတ်တယ်ဗျ။ အခုဆိုရင် လူဝတ်လဲ ၀န်ကြီးတွေက အရင်တုန်းက မှားခဲ့တာကို ပြုပြင်နေပါတယ်ဆိုတဲ့ သဘောမျိုးတွေ အမြဲပြောနေကြတယ်။ ဒါပေမယ့် သန်းရွှေတို့ အုပ်စုကျတော့ လွတ်နေတာလား။ ကြိုးကိုင်နေတာလား မသိဘူး။

Aungmyo Tun “ဦးလေးရာ.. သားတို့ လည်း မပစ်ချင်ပါဘူး၊ သားက ရန်ကုန်ပေါက် ရန်ကုန်သားစစ်စစ်ပါ။ ဒီ ဘုန်းကြီး အရေးအခင်းဖြစ်မှ နယ်ကနေ ပြန်ခေါ်လို့  ရန်ကုန် အမြန် ပြန်ရောက်လာတာ။ ဒါပေမယ့် သား အထက် အရာရှိက အမိန့် ပေးနေပြီလေ။ အောက်က ငယ်သားတွေကို “ပစ်” ဆိုတဲ့ စကားက လွဲပြီး ဘာပြောနိုင်မှာလဲဗျာ။ သား စိတ် မကောင်းပါဘူး။ ဒါပေမယ့်.. စစ်တပ်ဆိုတာ အမိန့် နဲ့  လုပ်ကြရတာလေ...။ နားလည်ပေးကြပေါ့” (စကားချပ်.. ဤ စကားများကို လွန်ခဲ့သော ၁ နှစ်ခန့် က စစ်အရာရှိတစ်ယောက်က ကျွန်တော့်အား အသုဘပို့  နာရေးတစ်ခုတွင် ကြုံတုန်းဆုံခိုက် ပြောကြားသွားခြင်း ဖြစ်ပါသည်)


che gue va ra. he was killed by dog- like-person.
In Nuremberg trials of nazi generals, they plead not guilty, because they are obeying "orders".
They do not get away from punishments.

1 comment:

sayanyein said...

che gue va ra. he was killed by dog- like-person.
In Nuremberg trials of nazi generals, they plead not guilty, because they are obeying "orders".
They do not get away from punishments.