Tuesday, July 17, 2012

Straight talk from an honest ,sincere lawyer.


၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံပါ အမှန်တရားကို ဗြောင်လိမ်သည့် သမတ ဦးသိန်းစိန်

by Aung Htoo on Friday, July 13, 2012 at 8:21pm ·

ထပ်ခါထပ်ခါ ကြားသိ တွေ့ မြင်စေခြင်း၏ စွမ်းအား (Power of repetition) ကို ဂျာမနီတွင် အာဏာရှင် ဟစ်တလာက ကောင်းစွာနားလည်သဘောပေါက် အသုံးချခဲ့သည်။ နာဇီပါတီ၏ဆောင်ပုဒ်များ၊ ကြွေးကြော်သံများ၊ အလံများ၊ တံဆိပ် အမှတ်အသားများ စသည်တို့ ကို ဂျာမန်လူထုများ စက္ကန့် နှင့်အမျှအဆက်မမြတ် ကြားသိတွေ့ မြင်စေရန် တနိုင်ငံလုံး တွင် နည်းလမ်းမျိုးစုံဖြင့် ဖြန့် ချီခဲ့သည်။ အကျိုးဆက်အနေဖြင့် ဟစ်တလာက ဂျာမန်လူထုအများစုကြီးအား သူဖြစ်စေ ခြင်သည်များကို ကောင်းစွာ အယုံသွင်းနိုင်ခဲ့သည်။ အာဏာရှင် အုပ်ချုပ်မှုကို သက်ဆိုးရှည်စေခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ထပ်ခါထပ်ခါ ကြားသိ တွေ့ မြင်စေခြင်း၏ စွမ်းအားကို စစ်အာဏာရှင်အဆက်ဆက်က ကောင်း စွာ သဘောပေါက် အသုံးချခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြီးသည့် နောက်ပိုင်း စစ်အစိုးရက ပြည်တွင်းလူထုကို ရော နိုင်ငံတကာကိုပါ အယုံသွင်းဘို့ ကြိုးစားနေသောအချက်များအနက် အဓိက တရပ်မှာ ၄င်းတို့ သည် လူထုက ရွေးချယ် တင်မြှောက်ထားသော အရပ်သား အစိုးရဖြစ်ကြောင်းပင်။ ဤသည်ကို အခါအခွင့်သင့်လျှင် သင့်သလို တောက်လျှောက် ကြားသိစေခဲ့သည်။

ပြီးခဲ့သည့် နှစ်ရက်ကမှ စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာနှင့် တွေ့ ဆုံမေးမြန်းခန်းတွင် သမတ ဦးသိန်းစိန်က နိုင်ငံ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ် မပါဝင်တော့ကြောင်း ပြောကြားသည့် သတင်းထွက်လာ သည်။ ဤတွင် တိုင်းပြည်အကောင်းဘက်သို့ ပြောင်းလဲနိုင်ရေးအတွက် ဦးသိန်းစိန် အပေါ်တွင် ရေးရေးကလေးမျှ ထားရှိနိုင်သည့် မြှော်လင့်ချက် ကုန်ခန်းသွားပြီဟုပြောနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ ထပ်ခါထပ်ခါ ကြားသိ တွေ့ မြင်စေခြင်းစွမ်းအားကို ထပ်မံအသုံးချသည့် နည်းဖြင့် ဦးသိန်းစိန်ကိုယ်တိုင်က အမြင့်ဆုံးလွှင့်တင်လိုက် ခြင်းကြောင့်ဖြစ်သည်။ စစ်အာဏာရှင်စနစ် ဆင်တကောင်လုံးကို မြင်နေ၇ပါလျှက် ခြေရာကလေးသာ ရှိတာပါဗျာ ဟူ၍ ဗြောင်လိမ်လိုက်ခြင်း ကြောင့်ဖြစ်သည်။



တကမ္ဘာလုံး မည်သည့်နိုင်ငံမှာမျှ မကျင့်သုံးသော သမတ ရွေးချယ်တင်မြှောက်ပုံစနစ်ကို ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ဖေါ်ဆောင်ထားသည်။ ၄င်းအရ စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့ က အမည်စာရင်းတင်သွင်း သော ပုဂ္ဂိုလ်သည် သမတ သို့ မဟုတ် ဒုသမတ အနည်းဆုံးဖြစ်သည်။ ဤသည်မှာ စစ်တပ်က ပုဂ္ဂိုလ်သည်အုပ်ချုပ်ရေးကို တိုက်ရိုက်ကိုင်တာ မဟုတ်ဘူးလား။ ဦးသိန်းစိန် ဘာကြောင့် ဗြောင်လိမ်သလဲ။

တဖန်တိုင်းပြည်အာဏာကြီး သုံးရပ်၏ အထက်တွင် ရှိနေသော အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီဝင် အားလုံးနီးပါးမှာ လက်ရှိ ဗိုလ်ချုပ်များ၊ ဗိုလ်ချုပ်ဟောင်းများသာ ဖြစ်သည်။ ဦးသိန်းစိန် ဘာကြောင့် ဆင်သေကို ဆိတ်ရေ နှင့် ဖုံးသလဲ။

အစိုးရ အဖွဲ့ အတွင်းတွင် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး နှင့် နယ်စပ်ရေးရာ ၀န်ကြီးများသည် ကာကွယ်ရေး ဦးစီးချုပ်က ခန့် အပ်သည့် စစ်ဗိုလ်များဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်ရေးမှာ အရေးအပါဆုံးဌာနများကို စစ်ဗိုလ်ချုပ်များ က ကိုင်ထားဆဲဖြစ်သည်။ ဦးသိန်းစိန်ဘာကြောင့် မှင်သေသေနှင့် ပြောထွက်နိုင်သနည်း။

ပြည်ထောင်စု ဘဏ္ဍာရေး ကော်မရှင်တွင် စစ်ဗိုလ်ချုပ်ဟောင်းများသာ အဓိက နေရာယူထားသည်။ စစ်တပ်ကတိုင်းပြည် ဘဏ္ဍာငွေတွေ ဘယ် လောက်အထိ ဘယ်လိုသုံးနေသည်ကို စစ်ဆေးကြပ်မတ်သည့် အဖွဲ့ မရှိ။ ဦးသိန်းစိန်ဘာကြောင့် ဖုံးကွယ်ထားသနည်း။ ထို့ ပြင် တိုင်းပြည်လုံခြုံရေးတပ်ဖွဲ့ ၊ ထောက်လှန်းရေးတပ်ဖွဲ့ အမျိုးမျိုးအားလုံးအပေါ်တွင် လက်ရှိ စစ်ဗိုလ်နှင့် စစ်ဗိုလ် ဟောင်း များက ကြိုးကိုင်ထားဆဲ ဖြစ်သည်ကို ဦးသိန်းစိန် ဘာကြောင့် ထုတ်မပြောသနည်း။

စင်စစ်အားဖြင့်မူ စစ်အာဏာရှင်စနစ်တစုံလုံးကို ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းပြဌာန်းပြီး အုပ်ချုပ်နေခြင်း ဖြစ်သည်။ ဤသည်ကို ဝေဘန်ထောက် ပြမှုများ၊ သုံးသပ်ဆွေးနွေးမှုများ အားပျော့နေချိန်တွင် နိုင်ငံအုပ်ချုပ်ရေးမှာ စစ်တပ်မပါဝင်တော့ ကြောင်း ဗြောင်လိမ်သည့် ဦးသိန်းစိန်၏ ပြောကြားချက် ထွက်လာခြင်းမှာ တိုင်းပြည်အနာဂါတ် အတွက် ရင်လေးဘွယ် ဖြစ်သည်။ အမှန်တရားသည် တစတစဖြင့် ဖုံးကွယ်ခံရတော့မည်လော။

တောင်အာဖရိက သမိုင်းအတွေ့ အကြုံတွင် လူဖြူလူမဲ ခွဲခြားအုပ်ချုပ်သည့်စနစ်ဆိုးကို မီးမောင်းထိုး ဆန့် ကျင်ကာ ပြည်တွင်း ပြည်ပ လူထုလှုပ်ရှားမှုများကျယ်ကျယ်ပြန့် ပြန့် ဆင်နွှဲပြီး တိုက်ပွဲဝင်ခဲ့ရသည်။ အကျိုးဆက်အနေဖြင့် လူဖြူ လူမဲ ခွဲခြား အုပ်ချုပ်သည့် စနစ်ဆိုးကို အသက်သွင်းထားသော ၁၉၈၃ ခုနှစ် ဖွဲ့ စည်းပုံအခြေခံမှာ တရားမ၀င် ပျက်ပြယ် ကြောင်းဖြင့် ကုလ သမဂ္ဂလုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် အမှတ် ၅၅၄ ဖြင့် ၁၉၈၉ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့  တွင် အောက်ပါ အတိုင်းဆုံးဖြတ်ချက် ချခဲ့သည်။



1. Declares that the so-called "new constitution" is contrary to the principles of the Charter of the United Nations, that the results of the referendum of 2 November 1983 are of no validity whatsoever and that the enforcement of the "new constitution" will further aggravate the already explosive situation prevailing inside apartheid South Africa;

2. Strongly rejects and declares as null and void the so-called "new constitution" and the "elections" to be organized later in August 1984 for the "coloured" people and people of Asian origin as well as all insidious manoeuvres by the racist minority regime of South Africa to further entrench white minority rule and apartheid;

လူဖြူလူမဲ ခွဲခြားအုပ်ချုပ်သည့်စနစ်ဆိုးကို စွန့် လွှတ်ပါမည့် အကြောင်း လူဖြူအစိုးရခေါင်းဆောင် ဒီကလပ် ကိုယ်တိုင် သဘော တူခဲ့ရပြီး ၁၉၉၁ ခုနှစ်တွင် လူဖြူလူမဲခွဲခြားအုပ်ချုပ်သည့် စနစ်ကို ဖေါ်ဆောင်ထားသည့် ဥပဒေ အဆောက် အအုံတစုံလုံးကို ချုပ်ငြိမ်းစေခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အသစ်တရပ်ကို မွေးထုတ် အတည်ပြုကာ တိုင်းပြည်ကို ခေတ်ပြောင်းစေခဲ့သည်။



ယခု ဦးသိန်းစိန်သည် ဒီကလပ်လမ်းကြောင်းနှင့် ပြောင်းပြန်လျှောက်လှမ်းလျှက်ရှိနေပြီ။ ၁၉၆၂ ခုနှစ်မှ စတင်ကာ စစ်တပ်က ဦးဆောင်၍ စစ်အာဏာရှင် စနစ်ဆိုးကြီးကို ဖေါ်ဆောင်အုပ်ချုပ်လျှက် ရှိကြောင်း ရှင်းပါလျှက် အမှန်ကို ၀န်ခံသည့် အရိပ်အယောင် စိုးစဉ်းမျှ မပြ။ အမှန်ကို ၀န်မခံသည့်အပြင် မမှန်မှန်းအကြွင်းမဲ့ သိထားပါလျှက် မမှန်ကို အမှန်ဟူ၍ တကမ္ဘာလုံးကြားအောင် အော်လျှက်ရှိနေပြီ။ ရိုးသားမှုရှိပုံမပေါ်။ အသွင်သဏ္ဍာန်အားဖြင့် ပြုပြင်ပြောင်း လဲရေးကို လိုလား သယောင်ပြထားသော်လည်း စစ်အာဏာရှင် စနစ်ဆိုးကို ကတ္တီပါ ဖုံးထားသည့် သံလက်စွပ်ဖြင့် ကာကွယ်သွားမည့် သူသာ ဖြစ်နေသည်။ ဦးသိန်းစိန်ကို ဆက်ပြီး မြှောက်ပေး၊ ပင့်ပေး၊ တွန်းပေးလျှင် မြန်မာနိုင်ငံ ဒီမိုကရေစီရေး အပြောင်း အလဲ ဖြစ်သွားနိုင်သည်ဟူသော မြှော်လင့်ချက်မှာ ရေပေါ်တွင် အရုပ်ရေးသလိုသာ ရှိနေသည်။

တောင်အာဖရိက အတွေ့ အကြုံကို နမူနာယူလျှက် စစ်အာဏာ ရှင်စနစ်ဆိုးကို ဆန့် ကျင်သည့် လူထုလှုပ်ရှားမှုများ ပြည်တွင်း ပြည်ပတွင် အားကောင်းကောင်းပေါ်ပေါက်လာပြီး စစ် အာဏာရှင်စနစ်ဆိုးကို အသက်သွင်းထားသည့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း၊ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေ တရပ် ပေါ်ပေါက်လာမှသာ စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ်အခြေခံသည့် ပြည်တွင်း ငြိမ်းချမ်းရေး ရနိုင် ဘွယ် ရှိပေသည်။

အောင်ထူး (တရားရုံးချုပ်ရှေ့ နေ)

ဇူလိုင်လ (၁၂) ရက် ၂၀၁၂ ခုနှစ်



Thursday, July 12, 2012

RFA 7-11-12

Latest RFA

Post by : thithtoolwinmnn


Straight talk from an honest ,sincere lawyer.

1 comment:

sayanyein said...

Straight talking from an honest ,sincere lawyer.