Friday, December 27, 2013

စုစည်းကြ သွေးစည်းကြ အောင်ဇင်မင်း (Get up, Stand up ,Don't give up the fight).


https://www.facebook.com/photo.php?fbid=10200517241888295&set=a.1077666436631.10969.1675360905&type=1&relevant_count=332

Get up, Stand up ,Don't give up the fight.


စုစည်းကြ သွေးစည်းကြ အောင်ဇင်မင်း

BY - Ka Yin Lay
— with Khin Mgoo and 49 others.
~~~~~~~~~~~~~~

လူသားများစွာ
မွေးဖွားလာသည်၊ လက်မှာကျစ်ကျစ်ဆုပ်လျက်တည်း ။

ငါ့ တို့ တတွေ
ဆင်းရဲလေ၏ ၊ငွေကြေးလည်းကင်း
ဆန်ထမင်းနှင့် ၊ ဟင်းတခွက် ပင်
နေ့ စဉ်နပ်မှန် ၊ စားရန်မရှိ
ငတ်နေဘိသည် ၊ ကြည့်စမ်း ငါ တို့ ငရဲခန်း ။

ကျစ်ကျစ်ဆုပ်ထား
လက်ဖ၀ါးကို ၊ ဖြန့် ထားလိုက်ပြီး
ဇနီးနှင့်သား ၊ ၀မ်းခါးလှအောင်
ဘ၀အတွက် ၊ ကိုယ်ကျိုးဖက်ခါ
ဒူးထောက်ပါလျှင် ၊ ငါပင်လွတ်မြောက်နိုင်သော်လည်း ။

ဟိုမှာကြည့်ပါ
လူများစွာ ၊ ၀မ်းစာချို့ တဲ့ ငတ်နေ၏ ။

ဆင်းရဲသားထု
လွတ်မြောက်မှု ၊ တခုထဲသာရှိပါ၏ ။

မွေးဖွား၍လာ
လက်များစွာကို ၊ ထပ်ခါဆုပ်ထားလိုက်ပြီးနောက် ။

အုံကြွလှုပ်ရှား
လက်သီးများကို ၊ ဆန့် ထားကျစ်လစ်
အားမာန်သစ်လျက် ၊ ရှေ့ သို့ တက်ပြီး

" ဓနလက်များ ၊ ရုပ်သိမ်းသွား
အခွင့်အရေး ၊ ချက်ခြင်းပေး
သွေးနီလှိုင်းထ ၊ တောင်းဆိုကြ '' ဟေ့ 

လုံးဝတိုက်ပွဲ ၀င်ရမည်
လုံးဝ အောင်ပွဲခံရမည်။ ။

အောင်ဇင်မင်း

BY - Ka Yin Lay
— with Khin Mgoo and 49 others.

No comments: