Friday, December 27, 2013

Lady has REAL GUTS. SHE is ready to die for peace, justice, equality & democracy.



Naw Khine shared Helen Ayekyaw's photo.
ငြိမ်းချမ်းရေးမိခင်

Lady has REAL GUTS.
SHE is ready to die for peace, justice, equality & democracy.



ကျည်ဆံတွေက
ကျွန်မခန္ခာကိုယ်အနှံ့ အပေါက်တွေဖေါက်ထွက်ခဲ့မယ်ဆိုရင်
အဲ့ဒီအပေါက်တွေကထွက်ကျလာမယ့် အလင်းတန်းတွေဟာ
အမှောင်တိုက်ထဲမှာ ပျောက်ဆုံးနေတဲ့
ရှင်တို့ရဲ့လမ်းတွေကို လင်းထင်းမြင်သာပါစေသား။

ရှေ့မှာချောက်ရှိလည်း
ရမယ်ဆို ဆင်းမယ်
ကျမဘာလိုချင်လဲ ရှင်တို့သိပါတယ်။

မျက်ကန်းတစ္ဆေမကြောက်သတဲ့လား
ဘယ်ဟုတ်ပါ့မလဲ
တစ္ဆေကမှ ကျွန်မကို ကြောက်အောင်မခြောက်နိုင်တာ။


ငြိမ်းချမ်းရေးအတွက်
ဘီလူးစည်း လူ့စည်းမရှိဘူး
ငြိမ်းချမ်းရေးအတွက်
နှလုံးသားမှာ စည်းနီ စည်းဝါ စည်းမထားဘူး။
နတ်ဒေ၀တာတွေက
ကျွန်မအကြောင်းကောင်းကောင်းသိကြတယ်
ပြီးတော့ ကျည်ဆံတွေကလည်းပဲပေါ့။

မပြစ်မှားနဲ့ ပစ်ရင်မှားမယ်။

ကျမဟာ ကျမအတွက်ရောက်လာတာမဟုတ်ဘူး
သန်း ၆၀ အတွက်
ခုဆို သန်း ၇၀၀၀ အတွက်ပါ ကျမ
ကမ္ဘာနဲ့စာချုပ် ချုပ်
အဲ့ဒီအထဲမှာ ရှင်နဲ့ ရှင့်မိသားစုတွေ အကုန်လုံးပါတယ်ဆိုတာကိုလည်း ကျမကပြောချင်တာ။ ။

ခရမ်းပြာထက်လူ

ဒီကဗျာကိုရေးပြီးကိုင်ထားတုန်းရှိနေဆဲမှာပဲ
CNN ရုပ်သံလွှင့်ဌာနနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမေးမြန်းခန်းတစ်ခုကိုပြန်လည်ဖေါ်ပြထားသည့်
HOT NEWS ဂျာနယ်မှာပါတဲ့ဆောင်းပါး ရှင် အောင်မြင်သူ ရဲ့ဆောင်းပါတစ်ပုဒ်မှ
တစ်ချို့ကိုပြန်လည်လက်ဆင့်ကမ်းလိုက်ပါသည်။

CNN ဟိုအရင်တစ်ချိန်ကအဖြစ်အပျက်တစ်ချို့သတိရသေးလားမသိဘူး။
စစ်သားတွေက သူတိုဘက်ကိုလျှောက်လာတဲ့ဒေါ်စုကို သေနတ်နဲ့ချိန်ထားဘူးတယ်နော်။
အဲ့ဒီအဖြစ်ကိုမှတ်မိသေးလား။
ဒေါ်စု အဲ့ဒီအဖြစ်ကကြာလှပါပြီ။
CNN မှတ်မိသေးလား။ သိပါရစေ။
ဒေါ်စု မှတ်မိပါတယ်။
CNN တခြားလူတွေကနောက်မှာကျန်ရစ်ပြီး ဒေါ်စုတစ်ယောက်တည်းရှေ့ကိုဆက်သွားတာနော်။
သူတို့ဆီကိုတည့်တည့်လျှောက်သွားတော့တာပဲ။အဲ့ဒီတုန်းက စိတ်ထဲမှာဘယ်လိုခံစားရလဲ။
ဒေါ်စု ပြောရရင် ကျွန်မမှာရွေးချယ်ခွင့်သိပ်ရှိခဲ့တာမဟုတ်ပါဘူး။ဘာကြောင့်လည်းဆိုတော့
အစကသူတို့ပြောတာက အားလုံးလမ်းဘေးကိုကပ်ပါတဲ့။ အဲ့ဒါနဲ့ကျွန်မက လမ်းဘေးကပ်နေဖို့
ကျွန်မတို့လူတွေကိုပြောပါတယ်။ပြီးလည်းပြီးရော အဲ့ဒီစစ်ဗိုလ်က လမ်းဘေးကပ်ကပ် လမ်းဘေးလျှောက်လျှောက် ပစ်မယ်ဆိုတဲ့ပုံစံမျိုးပြောတယ်။ ဒီတော့ ကျွန်မလည်း ဒီလိုဆိုရင်တော့
လမ်းပေါ်တက်တာကမှကောင်းဦးမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ။ (ရယ်လျှက်)
CNN တကယ်လည်းကျရော သူတို့မပစ်ခဲ့ဘူးနော်။ အဲ့ဒါကိုရော ဘယ်လို ဘာကိုပြသလဲ။
ဒေါ်စု မပစ်ဘူးဆိုတာကဒီလိုပါ အဲ့ဒီအချိန်မှာ ဗိုလ်မှူး Major တစ်ယောက်ကပြေးလာတယ်။
အစက သူက ကျွန်မတို့နောက်ကလျှောက်နေတာ ။ ပြီးမှပြေးလာပြီး တာဝန်ကျတဲ့စစ်ဗိုလ်
Captain လေးထင်ပါရဲ့။ သူ့ကို မပစ်ဖို့အမိန့်ပေးတာပါ။
ဒါစစ်မြေပြင်မဟုတ်ဘူး နိုင်ငံရေး ဟုအော်ဟစ်ဝင်ရောက်တားဆီးအမိန့်ပေးသူမှာ ဗိုလ်သင်တန်းအပတ်စဉ်(၃၁)မှ ဗိုလ်မှူး တင်ဖေအေး ဖြစ်သည်။ နောက်တော့ သူ အဲ့ဒီ Captain ထံရောက်သွားသည်။ Captain ကို ဂဠုန်ဦးစောလိုမဖြစ်စေချင်လို့ပါ ဟုပြောပြသည်။
ကျွန်တော့်နောင်တော်ကြီး မည်သည့်ရွယ်ချက်ဖြင့် ပစ်မိန့်ကိုတားဆီးခဲ့သည်ကို ၁၉၉၆ခုနှစ်တွင် ကျွန်တော်မှတ်မှတ်ရရမေးမိပါသည်။

သူက တို့ဗိုလ်ချုပ်ရဲ့သမီးလေ တဲ့။

ခရမ်းပြာထက်လူ
ငြိမ်းချမ်းရေးမိခင် ကျည်ဆံတွေက ကျွန်မခန္ခာကိုယ်အနှံ့ အပေါက်တွေဖေါက်ထွက်ခဲ့မယ်ဆိုရင် အဲ့ဒီအပေါက်တွေကထွက်ကျလာမယ့် အလင်းတန်းတွေဟာ အမှောင်တိုက်ထဲမှာ ပျောက်ဆုံးနေတဲ့ ရှင်တို့ရဲ့လမ်းတွေကို လင်းထင်းမြင်သာပါစေသား။ ရှေ့မှာချောက်ရှိလည်း ရမယ်ဆို ဆင်းမယ် ကျမဘာလိုချင်လဲ ရှင်တို့သိပါတယ်။ မျက်ကန်းတစ္ဆေမကြောက်သတဲ့လား ဘယ်ဟုတ်ပါ့မလဲ တစ္ဆေကမှ ကျွန်မကို ကြောက်အောင်မခြောက်နိုင်တာ။ ငြိမ်းချမ်းရေးအတွက် ဘီလူးစည်း လူ့စည်းမရှိဘူး ငြိမ်းချမ်းရေးအတွက် နှလုံးသားမှာ စည်းနီ စည်းဝါ စည်းမထားဘူး။ နတ်ဒေ၀တာတွေက ကျွန်မအကြောင်းကောင်းကောင်းသိကြတယ် ပြီးတော့ ကျည်ဆံတွေကလည်းပဲပေါ့။ မပြစ်မှားနဲ့ ပစ်ရင်မှားမယ်။ ကျမဟာ ကျမအတွက်ရောက်လာတာမဟုတ်ဘူး သန်း ၆၀ အတွက် ခုဆို သန်း ၇၀၀၀ အတွက်ပါ ကျမ ကမ္ဘာနဲ့စာချုပ် ချုပ် အဲ့ဒီအထဲမှာ ရှင်နဲ့ ရှင့်မိသားစုတွေ အကုန်လုံးပါတယ်ဆိုတာကိုလည်း ကျမကပြောချင်တာ။ ။ ခရမ်းပြာထက်လူ ဒီကဗျာကိုရေးပြီးကိုင်ထားတုန်းရှိနေဆဲမှာပဲ CNN ရုပ်သံလွှင့်ဌာနနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမေးမြန်းခန်းတစ်ခုကိုပြန်လည်ဖေါ်ပြထားသည့် HOT NEWS ဂျာနယ်မှာပါတဲ့ဆောင်းပါး ရှင် အောင်မြင်သူ ရဲ့ဆောင်းပါတစ်ပုဒ်မှ တစ်ချို့ကိုပြန်လည်လက်ဆင့်ကမ်းလိုက်ပါသည်။ CNN ဟိုအရင်တစ်ချိန်ကအဖြစ်အပျက်တစ်ချို့သတိရသေးလားမသိဘူး။ စစ်သားတွေက သူတိုဘက်ကိုလျှောက်လာတဲ့ဒေါ်စုကို သေနတ်နဲ့ချိန်ထားဘူးတယ်နော်။ အဲ့ဒီအဖြစ်ကိုမှတ်မိသေးလား။ ဒေါ်စု အဲ့ဒီအဖြစ်ကကြာလှပါပြီ။ CNN မှတ်မိသေးလား။ သိပါရစေ။ ဒေါ်စု မှတ်မိပါတယ်။ CNN တခြားလူတွေကနောက်မှာကျန်ရစ်ပြီး ဒေါ်စုတစ်ယောက်တည်းရှေ့ကိုဆက်သွားတာနော်။ သူတို့ဆီကိုတည့်တည့်လျှောက်သွားတော့တာပဲ။အဲ့ဒီတုန်းက စိတ်ထဲမှာဘယ်လိုခံစားရလဲ။ ဒေါ်စု ပြောရရင် ကျွန်မမှာရွေးချယ်ခွင့်သိပ်ရှိခဲ့တာမဟုတ်ပါဘူး။ဘာကြောင့်လည်းဆိုတော့ အစကသူတို့ပြောတာက အားလုံးလမ်းဘေးကိုကပ်ပါတဲ့။ အဲ့ဒါနဲ့ကျွန်မက လမ်းဘေးကပ်နေဖို့ ကျွန်မတို့လူတွေကိုပြောပါတယ်။ပြီးလည်းပြီးရော အဲ့ဒီစစ်ဗိုလ်က လမ်းဘေးကပ်ကပ် လမ်းဘေးလျှောက်လျှောက် ပစ်မယ်ဆိုတဲ့ပုံစံမျိုးပြောတယ်။ ဒီတော့ ကျွန်မလည်း ဒီလိုဆိုရင်တော့ လမ်းပေါ်တက်တာကမှကောင်းဦးမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ။ (ရယ်လျှက်) CNN တကယ်လည်းကျရော သူတို့မပစ်ခဲ့ဘူးနော်။ အဲ့ဒါကိုရော ဘယ်လို ဘာကိုပြသလဲ။ ဒေါ်စု မပစ်ဘူးဆိုတာကဒီလိုပါ အဲ့ဒီအချိန်မှာ ဗိုလ်မှူး Major တစ်ယောက်ကပြေးလာတယ်။ အစက သူက ကျွန်မတို့နောက်ကလျှောက်နေတာ ။ ပြီးမှပြေးလာပြီး တာဝန်ကျတဲ့စစ်ဗိုလ် Captain လေးထင်ပါရဲ့။ သူ့ကို မပစ်ဖို့အမိန့်ပေးတာပါ။ ဒါစစ်မြေပြင်မဟုတ်ဘူး နိုင်ငံရေး ဟုအော်ဟစ်ဝင်ရောက်တားဆီးအမိန့်ပေးသူမှာ ဗိုလ်သင်တန်းအပတ်စဉ်(၃၁)မှ ဗိုလ်မှူး တင်ဖေအေး ဖြစ်သည်။ နောက်တော့ သူ အဲ့ဒီ Captain ထံရောက်သွားသည်။ Captain ကို ဂဠုန်ဦးစောလိုမဖြစ်စေချင်လို့ပါ ဟုပြောပြသည်။ ကျွန်တော့်နောင်တော်ကြီး မည်သည့်ရွယ်ချက်ဖြင့် ပစ်မိန့်ကိုတားဆီးခဲ့သည်ကို ၁၉၉၆ခုနှစ်တွင် ကျွန်တော်မှတ်မှတ်ရရမေးမိပါသည်။ သူက တို့ဗိုလ်ချုပ်ရဲ့သမီးလေ တဲ့။ ခရမ်းပြာထက်လူ
19 hours ago
CommentShare

Seesein Shin and 3 others like this.
Paukpauk Estateagentobel Lady has REAL GUTS.
SHE is ready to die for peace, justice, equality & democracy.
Naw Khine shared Helen Ayekyaw's photo.
Options for this story
Helen Ayekyaw with Kyaw Min Kyi and Nga Tu
19 hours ago · Mandalay

1 comment:

sayanyein said...

l Lady has REAL GUTS. SHE is ready to die for peace, justice, equality & democracy.