Sunday, February 9, 2014

ဝန်ကြီး ဦးအုံးမြင့် ရဲ့ ပြောဆိုခဲ့မှုများကို တချက်စီ ခွဲခြမ်းလေ့လာပြီး၊ သူတို့ရဲ့ Mindset နှင့် Mentality စမ်းစစ် ( Tin Win Akbar).


Nothing but Bully mindset !
No wonder our country becomes LDC( LEAST Developed Country),such a person with this
mentality becomes a MINISTER !
ဝန်ကြီး ဦးအုံးမြင့် ရဲ့ ပြောဆိုခဲ့မှုများကို တချက်စီ ခွဲခြမ်းလေ့လာပြီး၊ သူတို့ရဲ့ Mindset နှင့် Mentality
စမ်းစစ် ကြည့်တဲ့ အခါအခုလိုတွေ့ရပါတယ်။
၂၀၁၄ ခုနှစ် ဇန်န၀ါရီလနှောင်းပိုင်း တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ ပြည်သူလူထုနှင့် တွေ့ဆုံစဉ်ကလည်းကောင်း၊ မကွေး တိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံ စဉ်က မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က အခုလို ပြောခဲ့ပါတယ်။
1. “ နိုင်ငံရေး စကားဆိုတာ တက်နေတဲ့ အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ၊ ပါးစပ်နဲ့တွယ်လို့ မရရင် အချုပ်ထဲထည့်မှာပဲ၊ နိုင်ငံတကာမှာ ဒီလိုဘဲကျင့်သုံးနေတယ်၊ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် မင်းအချုပ် ထဲသွားနေ၊ ငါတို့အစိုးရ ထွက်ရင် မင်းထွက် ဒါပဲ၊ အဲဒါ မင်းတို့ တရားဝင်ဘောင်ထဲက ပြောနိုင်တဲ့ ကောင်တွေ ပြော၊ ပြောခွင့်ရှိတဲ့အတွက် ကျနော် ပြောတယ်။
ဒီပြောဆိုချက်က ၀န်ကြီး ဦးအုံးမြင့်ဟာ သူရဲ့ ကမ္ဘာကျဉ်းကျဉ်းလေး၊ ဘောင်ကန့်ထားတဲ့ Mindset အတွင်းကနေ ကမ္ဘာကြီးကို ကြည့်နေတာ သိသာလှပါတယ်။ နိုင်ငံတကာ အခြအနေကို သေသေချာချာ နားမလည်ပဲ၊ သူ့ရဲ့ သေးသေးငယ်ငယ် မိုးကုတ် စက်ဝန်းက နေကြည့်ပြီး၊ သူတို့ရဲ့ စစ်ပဒေသာရာဇ် ၀ါဒနှင့် သူတို့ကို ဝေဖန်သူတွေ၊ ထောက်ပြပြောဆိုသူတွေကို ရန်မူချင်တဲ့ စိတ်၊ ဥပဒေမဲ့ စိတ်ထင်တိုင်း ဖမ်းဆီး ချင်တဲ့စိတ် ကိုတွေ့နိုင်သလို၊ နိုင်ငံတကာ ကလည်း သူတို့လိုလုပ်နေတာပဲလို့ ထင်မှတ်မှား နေတာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။
2. ဘယ်နိုင်ငံရေးသမားကိုမှ ဂရုမစိုက်ကြောင်း၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ။
ဒီပြောဆိုချက်က အတိုက်အခံများကို၎င်း၊ သူတို့လုပ်ရပ်ကို သဘောမတူ၊ မနှစ်သက်သော ပြည်သူများကို ဂရုစိုက်ဖို့ မလိုဘူးလို့ သူကခိုင်ခိုင်မာမာ ယုံကြည်နေပုံရပါတယ်။ ပြည်သူလူထုကို တရားမဲ့ လက်ရောက်စော်ကားတာကို မှားယွင်းတယ်လို့ မမြင်တဲ့ အပြင် ဂုဏ်ယူစရာ လုပ်ရပ် အဖြစ် အသားယူ ပြောဆိုခဲ့တာကလည်း ပြည်သူလူထုကို အစေအပါး လောက်သဘောထားပြီး၊ သူတို့ပြုသမျှ တရားနည်းလမ်းကျတယ်လို့ မှတ်ယူတာတွေ့ရပါတယ်။ ဒါက သူတို့ စစ်ပဒေသာရာဇ် ၀ါဒရဲ့ Mindset ဖြစ်တဲ့ တပ်မတော်သည်သာအမိ၊ "တပ်မတော်သာအဖ။ ဘေးပြော (ပြည်သူလူထုပြော)တာမယုံနှင့် သွေးပြော(တပ်မတော်သားအချင်းချင်ပြော) တာကိုယုံ" ဆိုတဲ့ ဆောင်ပုဒ် အတိုင်းပါပဲ။
3. ကျနော်တို့ ခါးကြားမှာ သေနတ်ထိုးပြီးတော၊့ ပုခုံးပေါ်မှာသေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာပဲဟာ၊ ဘာမှ မတိုးတက်ဘူးပြော၊ သောက်ရူးတွေပြောနေတာ၊ သောက်ရူးတွေပြောနေတာ မယုံနဲ့”
လက်နက်နှင့် ဖိနှိပ်အုပ်ချုပ်ခဲ့တာကို သာယာပြီး၊ ဝေဖန်သူတွေကို အရူးလို့တောင် စွပ်စွဲတာတွေ့ ရပါတယ်။ ၁၉၆ဝ ပြည့်နှစ်များ ဝန်းကျင်က အရှေ့တောင်အာရှ၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာ အကောင်းဆုံး နိုင်ငံတစ်နိုင်ငံကို လက်ရှိတွင် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများစာရင်းထဲသို့ ရောက်ရှိသွားအောင် ပြုလုပ်ခဲ့တာ ကို ဝေဖန်လို့ စိတ်ဆိုးပုံကလည်း စစ်ပဒေသာရာဇ် ၀ါဒရဲ့ Mindset ပါပဲ။
4. လက်ရှိ အစိုးရအပေါ် စေတနာပျက်အောင် မလုပ်ဖို့နဲ့ ဘုဂလန့် မလုပ်ဖို့နဲ့ ဘုဂလန့်လုပ်မယ်ဆိုရင်တော့ ငွေကြေး အထောက်အပံ့ လုံးဝပေးမှာ မဟုတ်ဘူးလို့
ဒါကသူတို့ စစ်ပဒေသာရာဇ် ၀ါဒရဲ့ အဆိုးဆုံး Mindset ကိုပြသလိုက်တာဖြစ်ပါတယ်။ အစိုးရ ဆိုတာ ပြည်သူရဲ့ အရှင်သခင်၊ နိုင်ငံတော်နှင့် နိုင်ငံတော် ဘဏ္ဍာတွေက သူတို့ရဲ့ ကိုယ်ပိုင် ပစ္စည်း။ သူတို့ကို စိတ်ဆိုးအောင် လုပ်ရင် သူတို့က သူတို့ ကိုယ်ပိုင်လို့ မှတ်ယူထားတဲ့ နိုင်ငံတော် ဘဏ္ဍာကို မပေးဘူးပေါ့။
ဒီ Mindset မျိုး ကိုဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စိတ်အား အထက်သန်ဆုံးနှင့် ရှေ့ဆုံးက လုပ်နေပါတယ် ဆိုတဲ့ ၀န်ကြီး ဦးအောင်မင်းရဲ့ အပြောအဆိုတွေမှာလည်း တွေ့ရပါတယ်။ စောပိုင်းက (၈၈)မျိုးဆက် ခေါင်းဆောင်များနှင့် တွေ့တုန်းက ကျွန်တော်တို့က ပြည်သူကို သားသမီးလို သဘောထားပါတယ်လို့ ပြောခဲ့ဘူးပါတယ်။ ပြည်သူက မိဘ မဟုတ်ဘူး သူတို့ကမိဘပေါ့။ နောက်တခါ တရုပ်ကို ကျေးဇူးရှင်လို့ ပြောခဲ့တာကလည်း နိုင်ငံတော်ဆိုတာက သူတို့ပဲ။ ပြည်သူတွေရဲ့ လိုးလားချက်နှင့် ဆန့်ကျင်ပြီး သူတို့ကို ကူညီတာဟာ နိုင်ငံတောကို ကူညီတာ။ ဒါကြောင့် တရုတ်ကို မြန်မာနိုင်ငံရဲ့ ကျေးဇူးရှင်လို့ ပြောာတာပေါ့။ ဒီ Mindset က ဘာကို ပြသလဲ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် တခါ ပြောဘူးတဲ့၊ ဒီမိုကရေစီ စနစ်မှာ “ To rule is to serve people, not to lord over” "အုပ်ချုပ်ခြင်းသည် ပြည်သူကို အလုပ်အကျွေးပြုဖို့ဖြစ်တယ်၊ စိုးမိုးချယ်လှယ်ဖို့ မဟုတ်ဘူး" ဆိုတဲ့ ဒီမိုကရေစီ ကကြီး၊ခခွေး ကိုတော်နားမလည်ကြောင်းပြတာပါပဲ။
တခါ ဒီကိစ္စကို ၀န်ကြီး ဦးအောင်ကြည်ရဲ့ ကြည့်မြင်၊ သုံးသပ်တာကို ကြည့်ပါ။
5. ဝေဖန်မှုတွေထွက်ပေါ်နေတာ ကျနော်တို့အားလုံး သိပါတယ်။ မပြောသင့်စာလုံးတွေ လွန်လွန်ကျုးကျုးပါတာ မှန်ပါတယ်။ ဒါပေမယ့်လည်း သူရဲ့ရည်ရွယ်ချက် ကျေးရွာလူထု လိုအပ်ချက်အတွက် အကူညီပေးဖို့ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။
“ဖြစ်စဉ်နှစ်ရပ်စလုံးမှာ ဦးအုန်းမြင့်ဟာ သဘောရိုးနဲ့ပြောခဲ့တာလား ဒါမှမဟုတ် ကောက်ကျစ်သော အကြံနဲ့ စေတနာမသန့်ဘဲနဲ့ ပြောတယ်ဆိုတဲ့အချက်ဟာ ဒီကိစ္စမှာ အရေးတကြီးထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။

ဒါက ရည်ရွယ်ချက်က အဓိက ဆိုတဲ့ သူတို့ရဲ့ Mindset ပါပဲ။ ရာစုနှစ် ထက်ဝက်ကျော် သူတို့ အုပ်ချုပ်ခဲ့ လို့ တိုင်းပြည် စုတ်ပြတ် သွားတာကိုလည်း သူတို့က ဒီလိုပဲမြင်တယ်။ စေတနာမှန်တဲ့ အတွက် ဘယ်လိုရလာဒ်မျိုးပဲ ထွက်ထွက် အဲဒီလုပ်ရပ်က မမှားဘူး။ လုပ်နည်းလုပ်ဟန် ဘယ့်လောက်ပဲ မှားမှား၊ မတန်တဆ ဆုံးရှုံးမှုကြီးမားတဲ့ ရလာဒ် ထွက်ရင်လည်း အပြစ်မရှိဘူး။ မျိုးချစ်စိတ်နှင့် လုပ်ရင် ဘာဘဲလုပ်လုပ်မှန်တယ် ဆိုတဲ့ Mindset ပါပဲ။
ဆက်ရန်။
Comments
dear Archaeologist u mg,computer service provider u kyi tha, u hein latt & fb friends,
I wonder how HIS EXCELLENCY u ohn myint ၀န်ကြီး ဦးအုံးမြင် .becomes a MINISTER ?
Plz explain me kindly.
thanks in advance.
Plz write a computer program to answer this REQUEST.
His Excellency is surely educated in DSA,DSTA or probably in one of 146 Universities( with a Ph.D ?) & OTS ( Officer Training School).
Chestful of medals (probably he never goes to the friont?).
His Excellency might have ordered to shoot ruthlessly @ unarmed children, women or praying monks.
His Excellency might be a BILLIONAIRE.
His Excellency has slapped subordinates in the face( HE himself confessed in public).
HIS EXCELLENCY might have turned a blind eye on rapists in the ethnic areas or may have encouraged to commit rapes to intimidate .
HIS EXCELLENCY might be a relative of members of ruling military junta.
etc, etc,

Plz explain me kindly.
thanks in advance.
an old teacher in DSTA ONCE UPON A TIME.
i am ashamed of HIM.


1 comment:

sayanyein said...


Nothing but Bully mindset !
No wonder our country becomes LDC( LEAST Developed Country);
such a person with this
mentality becomes a MINISTER !