Friday, February 7, 2014

ဝဋ်ဆိုတာ ရှောင်ကွင်းလို့ ရတဲ့အရာ မဟုတ်ပေ (Royal Soe Moe)


ဝဋ်ဆိုတာ ရှောင်ကွင်းလို့ ရတဲ့အရာ မဟုတ်ပေ
Royal Soe Moe

မကြာခင်
မကောင်းတာလုပ်တဲ့သူတွေ
ကိုယ်ရှုး ကိုယ်ပတ်တော့မည်

ဇာတ်သိမ်း မကောင်းတဲ့ လူမိုက်ကြီးတွေ
မင်းတို့လုပ်ခဲ့တဲ့ ယုတ်မာမှုတွေ အတွက်
ပြန်လည်အစားခံယူ ရမယ့် အချိန်
တဖြည်းဖြည်း နီးကပ်လာတာနဲ့ အမျှ
သွေးရှုး သွေးတန်း ဂယောင်ချောက်ချားတွေနဲ့
ဟိုဟာဖုံး ဒီဟာပေါ် ဒီဟာဖုံး ဟိုဟာပေါ် ဆိုသလို
ဘယ်အရာ မှ မဖုံးနိုင်မဖိနိုင်ဘဲ
အပူလုံးကျွ လူလုံးမလှ တဲ့ အဖြစ်တွေနဲ့
ယူကြုံးမရ ဖြစ်ရပေတော့မည်

ပုတ်လို့ ပေါ်ပြီ ယုတ်လို့ ဆော်ပြီ
နဂိုကတည်းက
မပေါ်ချင်ယင် မပုတ်စေနဲ့
မဆော်စေချင် မယုတ်ကြနဲ့

ဝဋ်ဆိုတာ ရှောင်ကွင်းလို့ ရတဲ့အရာ မဟုတ်ပေ

dear Royal Soe Moe & friends,
ur thinking is 100 % RIGHT in the long term.
But in the short term, ur thesis is doubtful.
God sees the truth , but wait a long time( probably longer than half a century).
hla myint, retired professor of physics.

royal

No comments: