Wednesday, November 16, 2016

Aung Aung Myint shared a post to your Timeline. · Sue Lay Suineg

Aung Aung Myint shared a post to your Timeline.

Sue Lay Suineg တိုင်းရင်းသားအရေးပြောတဲ့သူတွေအနေနဲ့
တိကျတဲ့ ခံယူချက်ရှိဖို့လိုပါတယ်
ရပ်တည်ချက်မှန်မှန်ကန်ကန်ရှိရမယ်
စစ်တပ်ကို ဝေဖန်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေကို အရင်ဝေဖန်ပြီးမှ စစ်တပ်ကို ဝေဖန်ရဲကြတယ်
ငြိမ်းချမ်းရေးယောင်ယောင် အမျိုးသားရေးယောင်ယောင် သာကူးလား ဘာလား ညာလား ??
သိစေချင်တာ တခုက တိုင်းရင်းသားလက်နက်ကိုင်တွေ ခုချိန်ထိ လက်နက်မချသေးတာဟာ ငြိမ်းချမ်းရေးကို မလိုလားလို့မဟုတ်ဘူး
အမျိုးသားရေး လုပ်နေတာဟာ မငြိမ်းချမ်းချင်လို့မဟုတ်ဘူး
မငြိမ်းချမ်းလို့ အမျိုးသားရေးလုပ်နေရတာ
သေနတ်သံရပ်သွားတာနဲ့ဘဲ ငြိမ်းချမ်းသွားတယ်လို့မဆိုနိုင်ဘူး အမှန်တကယ် တရားမျှတတဲ့ တရားဥပဒေစိုးမိုးမှုရှိမှ ငြိမ်းချမ်းတယ်လို့ခေါ်နိုင်မယ်
အဲ့ဒီတော့ ဘာမှမသိဘဲ တော်လှန်ရေးလုပ်နေသူတွေကို လာမဝေဖန်နဲ့
အမှန်တကယ် မငြိမ်းချမ်းချင်တာက ဗမာတပ်ဘဲ
တချို့ကလာပြောတယ် စစ်တပ်မကောင်းရင် စစ်တပ်ကိုပြောမယ် တိုင်းရင်းသားတွေမကောင်းရင်တိုင်းရင်းသားတွေကိုပြောမယ်တဲ့
တိုင်းရင်းသားလက်နက်ကိုင်တွေကို ဘာမှပြောစရာကိုမလိုတာ သူတို့သွားနေတဲ့မူဟာ ဘယ်ရှုထောင့်ကကြည့်ကြည့် မှန်ကန်နေပြီးသား
စစ်တပ်ကသာ မူအရရော လူအရရော ဘယ်ရှုထောင့်ကကြည့်ကြည့်မမှန်ကန်တာ နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ထားတာတွေ
တိုင်းရင်းသားဒေသ ကျေးရွာမီးရှို့ ဘုရားကျောင်းမီးရှို့
မုဒိန်းမှုတွေ ကျူးလွန် သယံဇာတတွေခိုး ပေါ်တာဆွဲ
အဲ့ဒီတော့ ဘယ်သူကမှန်ကန်တဲ့ လမ်းပေါ်လျှောက်နေလဲဆိုတာ ဆင်ခြင်ပြီးဝေဖန်နိုင်ကြပါစေ

Sue Lay

No comments: