Thursday, May 25, 2017

(ဒီစာကို ၂၁ရာစုပင်လုံညီလာခံအမီ ကာချုပ် ဖတ်ရှုမိစေရန် မိတ်ဆွေများ လက်ဆင့်ကမ်း ကူညီကြပါ) credit >>> Chein Pan

26 may 2017.
U Kyaw Min Naing added 2 new photos.
Image may contain: 1 person, smiling, textတိုင်းပြည်ကို ဘယ်သူတွေကာကွယ်နေသလဲ
**************---**************
ဆရာဝန်တွေလည်း တိုင်းပြည်ကို ကာကွယ်နေတာပဲ။
အင်ဂျင်နီယာတွေလည်း တိုင်းပြည်ကို ကာကွယ်နေတာပဲ။
တရားသူကြီးတွေလည်း တိုင်းပြည်ကို ကာကွယ်နေတာပဲ။
စာရင်းကိုင်ကြီးတွေလည်း တိုင်းပြည်ကို ကာကွယ်နေတာပဲ။
ပညာရှင်တွေအားလုံး တိုင်းပြည်ကို ကာကွယ်နေတာဖြစ်ပါတယ်။

ကာကွယ်ဆိုတဲ့ စကားလုံးကို သေချာလေ့လာကြည့်ရင်
ကာကွယ်ဆိုတဲ့စကားလုံးဟာ ကိုယ့်တာဝန်ကိုယ်ယူပြီး တာဝန်ကျေအောင်ထမ်းဆောင်နေတာလို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။
ဒါဆို တာဝန်ကို ဘယ်သူတွေက သတ်မှတ်သလဲ အဲဒီတာဝန်ကို ဘယ်သူတွေအတွက် ထမ်းဆောင်နေရတာလဲ
တာဝန်အသီးသီးကို တိုင်းပြည်မှာရှိတဲ့ ပြည်သူတွေက သတ်မှတ်ပါတယ်။
ပြည်သူတွေက သတ်မှတ်ထားတဲ့ တာဝန်အသီးသီးကို
ဆရာဝန်တွေ အင်ဂျင်နီယာတွေ တရားသူကြီးတွေ စာရင်းကိုင်ကြီးတွေ ပညာရှင်ကြီးတွေက
ကိုယ့်နေရာနဲ့ကိုယ် ထမ်းဆောင်ရပါမယ်။
ပြည်သူတွေက အပ်နှင်းထားတဲ့ တာဝန်ကို ပြည်သူတွေအတွက် ထမ်းဆောင်ရပါတယ်။
ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင်ထမ်းဆောင်တာမှ ကာကွယ်ဆိုတဲ့ စကားလုံးနဲ့ထိုက်တန်ပါတယ်။
အခုတလော ကာကွယ် ကာကွယ် ကာကွယ် ဆိုပြီး ကာကွယ်ဆိုတဲ့ စကားလုံးကို မိုးမွှန်အောင်ပြောခဲ့တဲ့
ကာချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲကို သတိပြုမိပါတယ်။
ကာချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ဆိုတဲ့စကားလုံးက ပြည်သူဆိုတဲ့ စကားလုံးထက် အကြိမ်ရေပိုများနေပါတယ်။
တကယ်တော့ ကာချုပ်ကိုယ်တိုင် ပြည်သူ့ဝန်ထမ်းတဦးဖြစ်ပါတယ်
လောလောဆယ် ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအရ ကာချုပ်ဟာ စစ်တပ်ကို ဦးဆောင်ခွင့်ရနေတဲ့သူ
လုပ်ပိုင်ခွင့်အတော်များများကို ဖွဲ့စည်းပုံအရ စိတ်ကြိုက်သုံးနိုင်တဲ့သူတယောက်ဖြစ်ပေမယ့်
ပြည်သူထက်ခေါင်းတလုံးပိုမြင့်ချင်လို့ မရပါဘူး။
မည်သူမဆို ကာကွယ်ဆိုတဲ့ စကားလုံးကို လိုရာဆွဲအဓိပ္ပါယ်ဖွင့်ပြီး
ပြည်သူတွေဟာ ငါ့အမိန့်အောက်မှာ ရှိနေရမယ်ဆိုတဲ့ အချိုးမျိုး ချိုးလို့မရပါဘူး။
တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဟာ ပြည်သူတွေလက်ထဲမှာပဲရှိပါတယ်
တိုင်းပြည်ရဲ့ ကံကြမ္မာကို ပြည်သူတွေကပဲ ဆုံးဖြတ်ခွင့်ရှိပါတယ်။
ဘယ်သူကမှ ပြည်သူ့ထက် တလကြီးသလိုလို နေထိုင်ပြုမူပြောဆိုခွင့်မရှိပါဘူး။
ပြည်သူ့ညွှန်ကြားချက်ကို မလိုက်နာပဲ ပြည်သူ့ဆန္ဒကို ကန့်လန့်တိုက်နေရင် အဲဒါ သူပုန်ပါပဲ။
ကာချုပ်အနေနဲ့ ပြည်သူ့ဆန္ဒနဲ့ကင်းကွာခွင့်မရှိပါဘူး
ပြည်သူ့ဆန္ဒကို အမြဲအလေးထားပြီး ပြည်သူ့ညွှန်ကြားချက်ကို မျက်ခြေမပြတ်နာခံနေရမှာက ကာချုပ်ရဲ့တာဝန်ဖြစ်ပါတယ်။
ဆေးပညာမှာ ဆရာဝန်တွေက ပိုတော်ပါလိမ့်မယ်
ဒါပေမယ့် တိုင်းပြည်အတွက် ကျန်းမာရေးနဲ့ပတ်သတ်တဲ့ မဟာဗျူဟာကို ပြည်သူတွေကသာ ရေးဆွဲရမှာဖြစ်ပြီး
ပြည်သူတွေရေးဆွဲဆုံးဖြတ်ထားတဲ့ ကျန်းမာရေးမဟာဗျူဟာကို ဆရာဝန်တွေက ကျရာနေရာကနေ ထမ်းဆောင်အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။
ဆရာဝန်တွေလိုပဲ အင်ဂျင်နီယာတွေ တရားသူကြီးတွေ စာရင်းကိုင်ကြီးတွေ နဲ့ အခြားပညာရှင်တွေဟာလည်း ထို့အတူပါပဲ။
ကာချုပ်လည်း ထိုနည်းလည်းကောင်းဖြစ်ပါတယ်
စစ်ပညာမှာ ကာချုပ်က ပိုတော်ပါလိမ့်မယ်
ဒါပေမယ့် တိုင်းပြည်တွက် စစ်ရေးနဲ့ပတ်သတ်တဲ့ မဟာဗျူဟာကို ပြည်သူတွေကသာ ရေးဆွဲရမှာဖြစ်ပြီး
ပြည်သူတွေရေးဆွဲဆုံးဖြတ်ထားတဲ့ စစ်ရေးမဟာဗျူဟာကို ကာချုပ်အပါအဝင်
စစ်ဖက်ဆိုင်ရာ အရာရှိအရာခံအကြပ်စစ်သည်တွေက ကျရာနေရာကနေ အကောင်အထည်ဖော် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။
စစ်တပ်ဆိုတာ ပြည်သူတွေပိုင်ဆိုင်တဲ့ ပြည်သူ့ဝန်ထမ်းအဖွဲ့ဖြစ်ပါတယ်
စစ်တပ်ကို ငါပိုင်သလိုလိုပြောနေရင် အဲဒီလူကို ရူးသွားပြီလို့ပြောနိုင်ပါတယ်။
စစ်တပ်ဟာ ပြည်သူပိုင်အဖွဲ့ဖြစ်တာနဲ့အညီ စစ်တပ်ဖွဲ့စည်းပုံအဆင့်ဆင့် လုပ်ပိုင်ခွင့်အဆင့်ဆင့် ငွေးကြေးသုံးစွဲပုံအဆင့်ဆင့် နဲ့
စစ်တပ်လုံး(စစ်တပ်တခုလုံး)ဆိုင်ရာအရေးကိစ္စတွေကို ပြည်သူတွေကသာ စည်းဝေးတိုင်ပင် ဆုံးဖြတ်ခွင့်ရှိပါတယ်
ပြည်သူတွေ သဘောမတူတဲ့ မည်သည့်အရေးကိစ္စကိုမဆို ကာချုပ်အနေနဲ့ လုပ်ပိုင်ခွင့်မရှိပါဘူး ။
၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်တပ်လုံးဆိုင်ရာ စီမံခန့်ခွဲပိုင်ခွင့်တွေဟာ ပြည်သူတွေလက်ထဲမှာ ရှိမနေဘူးဆိုရင် အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံကို အမြန်ပြင်ဆင်ရပါမယ်။
ပြည်တွင်းငြိမ်းချမ်းရေး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွေမှာလည်း
လက်နက်ကိုင်တဲ့ လက်နက်မကိုင်တဲ့ ဘယ်အဖွဲ့အစည်းမဆို ပြည်သူကို ဦးထိပ်ထားပြီး ပြည်သူ့ဆန္ဒကို ဦးထိပ်ပန်ဆင်ကာ ပါဝင်ဆောင်ရွက်ရမှာဖြစ်ပါတယ် ။
လူ့သမိုင်းဖြစ်စဉ်တွေမှာ ပြည်သူ့ဆန္ဒနဲ့ သွေဖည်တဲ့ ဘယ်ငြိမ်းချမ်းရေးဆောင်ရွက်မှုမှ မတည်မြဲခဲ့ပါဘူး။
သတင်းစာရှင်းလင်းပွဲဖြေကြားချက်တွေအရ ကာချုပ်ကိုယ်တိုင်
စစ်တပ်ရေးနဲ့ကာကွယ်ရေး မကွဲပြားတာတွေ
ပြည်သူ့ဆန္ဒကိုနာခံခြင်းနဲ့ တာဝန်ထမ်းဆောင်ခြင်း ရောထွေးနေတာတွေတွေ့ရပါတယ်။
၂၁ရာစု တိုင်းပြည်တည်ဆောက်ခြင်း နှင့် ပြည်သူ၏ အခန်းကဏ္ဍ ဆိုတာကို ကာချုပ်အနေနဲ့ ရေရာအောင် လေ့လာရပါမယ် ပဒေသရာဇ်ခေတ်ဟောင်း အတွေးအေခေါ်တွေကို စွန့်လွှတ်ရပါမယ်။
ကာကွယ်ရေးဆိုတာ ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်သာဖြစ်ပြီး စစ်ရေးဆိုတာမှ ပြည်သူ့အဆုံးအဖြတ်အတိုင်း စစ်တပ်က အကောင်အထည်ဖော်ရမှာ ဖြစ်တယ်ဆိုတာ ရေရေရာရာ နားလည်ထားဖို့လိုပါတယ်
စစ်ရေးခေါင်းစဉ်နဲ့ မသက်ဆိုင်တဲ့ အခြားရေးရာတွေမှာ ပြည်သူတွေရဲ့ ညွှန်ကြားချက်မပါပဲ စစ်တပ်က ဝင်ရောက်စွက်ဖက်ခွင့် အလျဉ်းမရှိပါဘူး ။
အထူးသဖြင့် တိုင်းပြည်စီမံခန့်ခွဲရေး ပြည်တွင်းလုံခြုံရေး နဲ့ ပြည်သူ့စီးပွားရေးနေရာတွေဟာ စစ်တပ်နဲ့ သက်ဆိုင်တဲ့ နေရာတွေ တခုမှ မဟုတ်ပါဘူး။
၂၁ရာစု တိုင်းပြည်တည်ဆောက်ခြင်း နှင့် ပြည်သူ၏ အခန်းကဏ္ဍဆိုတာကို
ကာချုပ်အနေနဲ့ အချိန်မီလေ့လာရပါမယ် ၂၁ရာစု ပင်လုံညီလာခံအမှီလေ့လာရပါမယ်။
နောက်တခုက ပြည်သူ့ဆန္ဒအစစ်အမှန်ကို ကာချုပ်အနေနဲ့ ရေရာအောင် မသိသေးဘူးဆိုရင် ပြည်သူတွေအကြားဆင်းပြီးလေ့လာရပါမယ် ။
ရပ်ကွက်တွေထဲ ဈေးတွေထဲ ကားမှတ်တိုင်တွေကြားထဲ ဆင်းပြီးလေ့လာရပါမယ် လေ့လာတဲ့အခါမှာလည်း ပြည်သူ့ဝန်ထမ်းတယောက်ပီသစွာ လေ့လာရပါမယ်။
သတင်းစာရှင်းလင်းပွဲတုန်းက ထိုင်ခုံအခင်းအကျင်းမျိုးပုံစံနဲ့ ပြည်သူတွေကို မဆက်ဆံမိစေပါနဲ့
ပြည်သူ့ဆီကလစာယူ ပြည်သူကျွေးတာစားပြီး ပြည်သူထက်ခေါင်းတလုံးမြင့်ချင်နေတဲ့ လူတယောက်အဖြစ်
ပြည်သူတွေအကြားရယ်စရာမှတ်တမ်းတွေ ကာချုပ်နဲ့ပတ်သတ်ပြီး မကျန်ရှိစေချင်လို့ပါ။
ကာချုပ်ဟာ ဗုဒ္ဓဘာသာဝင်တယောက်လို့ သိထားပါတယ်
ရှင်တော်မြတ် ဗုဒ္ဓဟောကြားခဲ့တဲ့ ၃၈ဖြာ မင်္ဂလာတရားတော်ရဲ့ ဦးဆုံးအဆုံးအမဖြစ်တဲ့
လူမိုက်ဆိုလျှင်ရှောင်သွေလွှဲလို့ မမှီဝဲနဲ့ကင်းအောင်နေ
ပညာရှိကိုအရှည်တွဲလို့ မှီဝဲဆည်းကပ်နည်းယူစေ
ဆိုတဲ့ အဆုံးအမအတိုင်း ကာချုပ်တယောက် နေထိုင်ကျင့်ကြံနိုင်ပါစေ။
ပညာရှိဆိုတာ ပြည်သူတွေကို ဖော်ညွှန်းတာဖြစ်ပါတယ်
လူမိုက်ဆိုတာ ပြည်သူ့ဆန္ဒကို ကန့်လန့်တိုက်နေသူကို ခေါ်တာဖြစ်ပါတယ်။
သာဓုသာဓုသာဓု
(ဒီစာကို ၂၁ရာစုပင်လုံညီလာခံအမီ ကာချုပ် ဖတ်ရှုမိစေရန် မိတ်ဆွေများ လက်ဆင့်ကမ်း ကူညီကြပါ)
credit >>> Chein Pan

Image may contain: 1 person, smiling, text












No comments: