Monday, May 8, 2017

Hla Myint ဒီမိုးဒီလေဒီလူတွေ နဲ့ တော့ the future is still bleak. Honestly / i do not understand...See More

28 may 2017.

“ဘယ်အကြောင်း၊ အချက်အလက်၊ အလုပ်တွေက၊ လက်ရှိအာဏာရ ကြံ့ဖွံ့ပါတီ ဦးသိန်းစိန်အစိုးရကို ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကိုကင်းမဲ့စေခဲ့ပြီး၊ ဘယ်လိုအကြောင်းတွေက မြန်မာပြည် ဒီမိုကရေစီကို အစစ်အမှန်ပြောင်းလဲသွားစေနိုင်သလဲ"
ကျွန်တော်တို့ပထမနှစ်စတက်တဲ့ ၁၉၈၈ ဇန်န၀ါရီတုန်းက www (world wide web)ဆိုတာ ကမ္ဘာမှာ၊ မပေါ်သေးပါဘူး၊ ၁၉၈၉ မှာ "Conseil Européen pour la Recherche Nucléaire" CERN လို့လူသိများတဲ့ European Organization for Nuclear Research မှာ software engineer လုပ်နေတဲ့ ဗြိတိသျှလူမျိုးTim Berners-Lee proposal တင်ပြီး ၁၉၉၀ ဒီဇင်ဘာမှာမှ၊ ပထမဆုံး အင်တာနက်စာမျက်နှာကို၊ ရေးခဲ့တာပါ။ အဲဒီအချိန်မှာ မြန်မာပြည်ရဲ့ တက္ကသိုလ် ကောလိပ်တွေဟာ စစ်အာဏာရှင်တို့ သဘောနဲ့ ပိတ်ထားခဲ့ပြီး ပညာသင်ယူခွင့် သင်ကြားခွင့် အခွင်အရေးတွေကို ချိုးဖေါက်ခဲ့ကြပါတယ်၊ တကယ်တော့ဒါဟာ လူမဆန်တဲ့ ရာဇဝတ်မှုကြူးလွန်ခဲ့ကြတာဘဲ ဖြစ်တယ်။ မြန်မာနိုင်ငံသားတို့ရဲ့ ပညာရေးအရည်အသွေး အဆင့်အတန်း နိမ့်ကျနေမှုရဲ့ ဖြစ်လာခဲ့တဲ့ အကြောင်းအရင်းတစ်ခုဆိုရင်လည်းမမှားပါဘူး။
၈၈၈၈ အရေးတော်ပုံမှာ ကမ္ဘာကြီးကအခုလို၊ မကျဉ်းသေးတော့၊ မြန်မာစစ်တပ်က၊ အာဏာရှင်တွေဟာ၊ သူတို့လိုသလို၊ ပိတ်ဆို့၊ စစ်သားတွေခေါ်ပြီး၊ လမ်းတွေပေါ်မှာ၊ ထောင်ချီတဲ့ဆန္ဒပြသူတွေကို၊ အနီးကပ်ပစ်ခတ်၊ ထိုးနှက်၊ သတ်ဖြတ်၊ ဖမ်းဆီး၊ ထောင်ချ၊ ညှင်းဆဲနှိပ်စက်၊ အမှောင်ချပြီး၊ နေလို့ရခဲ့ပါတယ်။ ဒီမိုကရေစီ လိုလားတဲ့၊ နိုင်ငံခြားအသံလွှင့်ဌာနတွေက၊ သတင်းလောက်ဘဲ၊ အများပြည်သူအားကိုး ခဲ့ကြရတယ်။ (အဲဒီထဲက၊ ဆွီဒင်ဖွားသတင်းထောက် Bertil Litner ဟာ၊ ကျွန်တော်တို့တွေ၊ ကျေးဇူးတင်ထိုက်တဲ့သူတစ်ဦးပါ။)
သဘာဝတရားကတော့၊ အမြဲပြောင်းလဲနေတယ်၊ နည်းပညာတွေဟာလည်း၊ ၁၉၈၀ နောက်ပိုင်းမှာ တော်တော်ပြောင်းလဲတိုးတက်ခဲ့တယ်၊၂၀၀၀ခု နောက်ပိုင်းမှာတော့၊ တိုးတက်နှုံးမြန်လာခဲ့တာနဲ့အမျှ၊ ကမ္ဘာကြီးပါတဖြည်းဖြည်းနဲ့၊ ကျဉ်းလာခဲ့တယ်။ ဒါပေသိ မြန်မာပြည်တော့ပါမလာခဲ့ဘူး။ ဆက်လက်ပြီး ၂၀၀၇ မှာ၊ စစ်အာဏာရှင်တွေဟာ၊ ရာချီတဲ့သံဃာတွေ၊ ပြည်သူတွေကို ရိုက်နှက်၊ သတ်ဖြတ်၊ ဖမ်းဆီး၊ ထောင်ချ၊ ညှင်းဆဲ၊ နှိပ်စက်၊ တံခါးပိတ်နေခဲ့ကြတယ်။
နည်းပညာတွေသင်ယူ၊ အသုံးချတက်ဖို့တောင်၊ စစ်တပ်မှာထက်မြက်တဲ့၊ ထူးချွန်တဲ့သူမရှိခဲ့တော့၊ သဘာဝဘေးနာဂစ်မုန်တိုင်းကို၊ ကြိုတင်ကာကွယ်မှုမလုပ်ရုံမက၊ အစိုးရပိုင်သတင်းစာက၊ မိုးလေဝသသတင်းလိမ်ညာဖတ်ပေးတော့၊ ၁၈၀,၀၀၀ မကတဲ့၊ နိုင်ငံသားတွေမသေသင့်ဘဲ၊သေခဲ့ကြရတယ်။ လူ၂, ၅၀၀,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြတယ်။ ပိုပြီးဆိုးရွားတာက အခုသမ္မတဖြစ်နေတဲ့ ဦးသိန်းစိန်က စစ်အစိုးရဝန်ကြီးချုပ်၊ ဦးရွှေမန်းက ကာချုပ်ဖြစ်ခါနီးဆဲဆဲပါ၊ ဒါပေမဲ့ ဒုက္ခရောက်နေတဲ့ သန်းနဲ့ချီတဲ့ နိုင်ငံသားတွေကို လုံးဝစာနာသနားစိတ်မရှိခဲ့ကြဘူး၊ အချိန်မှီမကယ်ဆယ်နိုင်လို့ ထောင်ဂဏန်းမကနိုင်ငံသားတွေ မသေသင့်ဘဲ မုန်တိုင်းအပြီးမှာသေခဲ့ကြရပါတယ်။ နိုင်ငံခြားကယ်ဆယ်ရေးတွေကိုလည်း ဝင်ခွင့်မပေး၊ အချိန်မှီ ကိုယ်တိုင်လည်းအကူအညီမပေး၊ နိုင်ငံခြားအရေးပေါ်ကယ်ဆယ်ရေး အကူအညီတွေလည်း လက်မခံ၊ ပြည်တွင်းအကူညီပေးတဲ့ သူတွေလည်း ရန်ရှာဖမ်းဆီး ထောင်ချခဲ့တာတွေဟာ ကြီးမားတဲ့ လူမဆန်တဲ့ ရာဇဝတ်မှုကြူးလွန်ခဲ့ကြတာဘဲ ဖြစ်တယ်။
မြန်မာပြည်ကိုလို့ဆိုတာထက်၊ စစ်တပ်ကအာဏာရှင်တွေဟာ၊ စစ်တပ်အုပ်ချုပ်ရေးစနစ်ကနေ၊ မြန်မာ့တပ်မတော်ကို၊ ကမ္ဘာ့အဆင့်မှီစစ်တပ်ဖြစ်အောင်၊ နိုင်ငံကိုတိုးတက်အောင်၊ ပြည်သူလူထုဆင်းရဲမှု နည်းပါးပြီး၊ ချမ်းသာကြွယ်ဝအောင်၊ အုပ်ချုပ်နိုင်လောက်တဲ့ပညာမျိုးကို၊ ဆယ်စုနှစ်လေး၊ ငါးခုအတွင်းမှာတောင်၊ အရပ်သားကျောင်းတွေထက်၊ ပံ့ပိုးမှုအဆများစွာသာတဲ့ စစ်တပ်ကျောင်း၊ တက္ကသိုလ်တွေကနေ၊ တကယ့်ထူးချွန်ထက်မြတ်တဲ့သူတွေ၊ ပေါ်ထွက်မလာခဲ့သလို၊ ပြုစုပျိုးထောင်မှုလည်း၊ မလုပ်နိုင်ခဲ့ဘူး။
ဥာဏ်ပညာ၊ နည်းပညာတွေသုံး၊ တီထွင်ဖန်တီးမှုတွေပြုပြီး၊ တိုးတက်နှုံးမြန်နေတဲ့၊ ကမ္ဘာကြီးနဲ့အမှီမလိုက်ဘဲ၊ လူသုံးပစ္စည်းကို၊ ဇိမ်ခံပစ္စည်းပြုပြီး၊ နွားခြေရာခွက်ထဲကဖါးတွေလို၊ ကိုယ့်ကိုကိုယ်စစ်တပ်၊ အဆောင်အယောင်၊ တံဆိပ်တွေ၊ ရာထူးတွေနဲ့၊ ဂုဏ်မြင့်တယ်ထင်မှတ်ခဲ့ကြတယ်၊ (နိုင်ငံအပြင်စထွက်တဲ့အခါမှဘဲ၊ ရွက်ကြမ်းရေကြိုနိုင်ငံခြားသတင်းထောက်ရဲ့၊ အမေးကိုတောင်၊ ဖြေတက်တဲ့အရည်အချင်း မရှိဘူးဆိုတာ၊ သူတို့ကိုယ့်ကိုကိုယ်သိခဲ့ကြတယ်)
စစ်တပ်ကအာဏာရှင်တွေဟာ၊ ကိုယ်တိုင်ချမ်းသာကြွယ်ဝအောင်တော့၊ လုပ်နိုင်ခဲ့ကြတယ်၊ သူတို့အသင်းအပင်း၊ အဆွယ်အပါးများပါမက၊ အပေးအယူမျှတဲ့ နယ်စပ်ကမသာမာတဲ့၊ ငွေကြေးများစွာ ပိုင်ဆိုင်သူတွေကိုလည်း၊ နိုင်ငံတွင်းမှာတရားဝင်နေထိုင်စေပြီး၊ တရားဝင်ချမ်းသာခွင့်၊ ပေးခဲ့ကြတယ်၊ သူတို့ကိုယ်တိုင်လည်း၊ မသာမှုနည်းပေါင်းများစွာသုံးပြီးတော၊့ ပိုပိုပြီး ချမ်းသာအောင်၊ လုပ်တက်ခဲ့ကြတယ်၊တကယ့်အရည်အချင်းတွေကြောင့်တော့မဟုတ်ခဲ့ကြဘူး။
အခုချိန်ထိတိုင်အောင် စစ်ထွက်ဗိုလ်ချုပ်ကြီးတွေ အရာရှိကြီးငယ်တွေ သူတို့နဲ့ပတ်သတ်ပြီး အာဏာရခဲ့ ချမ်းသာခဲ့ကြတဲ့သူတွေဟာ ဒီမိုကရေစီခေတ်မှာတောင် မြန်မာပြည်ကို သူတို့လက်အောက်မှာဘဲ ထားချင်နေကြတုန်းပါ။ စစ်မှန် ပွင့်လင်းမြင်သာပြီး တကယ်တရားမျှတတဲ့ ရွေးကောက်ပွဲကိုသာ မြန်မာနိုင်ငံမှာပြုလုပ်နိုင်ခဲ့ရင် သမ္မတဖြစ်ဖို့အားထုတ်နေတဲ့ ဦးရွှေမန်းတောင် ရွေးကောက်ပွဲမှာ အမတ်အဖြစ်မဲအနိုင်ရဖို့ မရှိပါဘူး။
ကလိမ်ကကျစ်မပြုဘဲ ပဏာမ နိုင်ငံသား ၅သန်းကျော်တို့ရဲ့ဆန္ဒအရတောင်းဆိုခဲ့တဲ့ အခြေခံဥပဒေထဲက အရေးကြီးတဲ့ ပုဒ်မ ၄၃၆ ကို ပြည်သူ့ဆန္ဒပြန်လည် ခံယူပြီး ရွေးကောက်ပွဲအမှီ ပြင်ဆင်သွားမှသာ မျှတတဲ့ ရွေးကောက်ပွဲလို့ အသိအမှတ်ပြုနိုင်မှာပါ၊ အဲဒီလိုရွေးကောက်ပွဲဖြစ်ပေါ်လာဖို့ လက်ရှိအာဏာပိုင်တွေနဲ့ မြန်မာစစ်တပ်ဟာ မှန်မှန်ကန်ကန်နဲ့ ရိုးရိုးသားသား ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။
အဲဒီလိုမဟုတ်ခဲ့ရင်တော့ မြန်မာနိုင်ငံသားတွေရော စစ်တပ်ရော နိုင်ငံရဲ့အနာဂတ်ရော အားလုံးဟာ မရေရာနိုင်တော့ပါဘူး။ လက်ရှိဖြစ်ပေါ် ဖန်တီးထားတဲ့ စစ်ပွဲတွေကို နိုင်ငံသားတွေက မတုန်လှုပ်တော့သလို အဲဒီစစ်ပွဲတွေကနေလည်း မြန်မာတပ်မတော်ကို အားကိုးတဲ့စိတ် ချစ်ခင်တဲ့စိတ်တွေလည်း ဖြစ်မလာနိုင်တော့ပါဘူး။ ၂၁ရာစု နည်းပညာတွေကြားမှာ မြန်မာ့တပ်မတော်ဟာ ပါမလာခဲ့သလို တကယ်ဒိတ်ဒိတ်ကျဲထူးချွန်ထက်မြက်တဲ့ စစ်သားတွေလည်း မွေးထုတ်ဖို့ အချိန်နှောင်းခဲ့ပါပြီ၊ ယခုလက်ရှိအားကိုးထားတဲ့ အကြံညဏ်ပေးတွေမှာလည်း အားကိုးထိုက် ထက်မြက်ပြောင်မြောက်တဲ့ ဥာဏ်ရည်မျိုး မရှိနေတာလည်း ကျဆုံးခန်းရောက်ဖို့တွေကို တွန်းပို့စေခဲ့ပါတယ်။
မတူညီတဲ့ အခွင့်အရေးတွေဖန်တီးပြီး ဘီလျံချီချမ်းသာတဲ့ လုပ်ငန်းရှင်တွေဟာလည်း ဘီလ်ဂိတ်တို့ ဝါရမ်ဘူဖတ်တို့ ဇူးကဘတ်တို့လို တကယ်စင်စစ်အောင်မြင်ခဲ့တာ မဟုတ်လို့ နိုင်ငံတကာစီးပွားရေးဇုံထဲက ကြွယ်ဝမှုတွေကို မှန်မှန်ကန်ကန်နဲ့ ကိုယ့်ကြွယ်ဝမှုဖြစ်အောင် မလုပ်နိုင်ခဲ့ပါဘူး။ ယုတ်စွအဆုံး ကိုယ်နိုင်ငံရဲ့ ငွေကြေးပြဿနာတွေမှာဘဲဖြစ်ဖြစ် နိုင်ငံသားတွေရဲ့ဝင်ငွေတွေတိုးပွားအောင်ဘဲဖြစ်ဖြစ် ထိရောက်တဲ့ အကြံဥာဏ် အပြုအမူတွေ မလုပ်နိုင်ခဲ့ကြပါဘူး။ ခရိုနီတွေကြောင့် နိုင်ငံသားတွေဟာ စစ်ထွက်ဗိုလ်ချုပ်တွေရဲ့ အာဏာရပါတီကိုရော စစ်တပ်ကိုရော ပိုပြီးနှစ်သက်မှုဖြစ်မလာသလို သူတို့အပေါ် အယုံအကြည်လည်း ပိုပြီးကင်းမဲ့ခဲ့ကြတယ်။
တိုင်းရင်းသား ကျောင်းသား သံဃာ လယ်သမား ယာသမား စက်ရုံအလုပ်ရုံ အလုပ်သမား နေ့စား ပြည်သူ့ ဝန်ထမ်းတွေလည်း သူတို့ကို အယုံအကြည်ကင်းမဲ့ခဲ့ကြပြီဖြစ်တယ်။
ဒါတွေကြောင့် အစိုးရ၊ စစ်တပ်၊ ကြံ့ဖွံ့ နှင့်အဆွယ်အပွားပါတီများကို၊ ဘယ်အကြောင်း၊ အချက်အလက်၊ အလုပ်တွေကမှ၊ နိုင်ငံသား၊ တိုင်းရင်းသား၊ ပြည်ပနဲ့ စစ်မှန်တဲ့ဒီမိုကရေစီ လိုလားသူတွေကို၊ မယုံကြည်စေခဲ့ပြီး ပြိုပီးတော့တောင် ယုံကြည်မှုကင်းမဲ့လာစေခဲ့တာပါ။
အခုအချိန်ထိတိုင်လည်း ဘယ်အကြောင်း၊ အချက်အလက်၊ အလုပ်တွေကမှ၊ မယုံကြည်စေခဲ့ပါဘူး၊ လာမယ့်ခြောက်ပွင့်ဆိုင်မှာလည်း၊ မက်လောက်စရာ၊ ကတိက၀တ်များ၊ ရှေ့ အစီအစဉ်များစွာ၊ ကြားရနိုင်သော်လည်း၊ ယုံကြည်စရာမရှိသေးပါဘူး။
အန်တီစုပြောတဲ့၊ မမြင်နိုင်တဲ့၊ သဘာဝအကြောင်းတရားတွေကြောင့်တော့၊ မြန်မာနိင်ငံရဲ့ ဒီမိုကရေစီ အစစ်အမှန်ပြောင်းလဲသွားနိုင်ပါတယ်။သဘာဝအကြောင်း တရားတွေကြောင့်ပြောင်းလဲသွားတာ၊ not particularly organised by an individual လို့ အန်တီစုပြောသွားတာကိုတော့ အထူးသတိပြုမိလိုက်ပါတယ်၊
Nature's unforeseen circumstances တွေကို စိတ်ဝင်စားမိလို့၊ အခုအချိန်မှာပြန်မြင်နိုင်တဲ့၊ တချိန်ကမမြင်နိုင်ခဲ့၊ မရှိသေးခဲ့တဲ့၊ သဘာဝအကြောင်းတရားတွေ၊ အခုလိုလှပတဲ့ လန်ဒန်နွေဦးရဲ့ မေလဘဏ်ပိတ်ရက်မှာ ပြန်ပြောင်းတွေးကြည့်လိုက်တာပါ...
Bo Sitt နိုင်ငံသားတိုင်း(တပ်မတော်သားများအပါအ၀င်)ဖတ်သင့်တယ်တကယ်ကောင်းတဲ့ဆောင်းပါးဖြစ်တယ်။
Swan Thu Aung
Image may contain: 1 person
Shwe Man Aung
Shwe Man Aung မှန်ပါတယ် လူတိုင်းသိသင့်ပါတယ်
Hla Myint
Hla Myint ဒီမိုးဒီလေဒီလူတွေ နဲ့ တော့
the future is still bleak.
Honestly / i do not understand...See More
Orchid Canmyint Thanatpin
Orchid Canmyint Thanatpin Let me share this post.

No comments: