Wednesday, November 29, 2017

Hla Win Yesterday at 9:58pm · မောင်လှဝင်း(မြင်းခြံ) ၂၈-၁၁- ၂၀၁၇ အကန်းကြီးတယောက်

Hla Win
Yesterday at 9:58pm · မောင်လှဝင်း(မြင်းခြံ)
၂၈-၁၁- ၂၀၁၇

အကြီးဆုံးရာထူးနဲ့ အကန်းကြီးတယောက်
(ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်ခြင်းအတွက် ကြိုဆိုပါကြောင်း၊ ဘာသာတရားအားလုံးသည် ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်း၊ တရားမျှတခြင်းဆိုသည့် လောကပါလတရားကို လိုလားကြကြောင်း၊ မြန်မာနိုင်ငံ၌ ဘာသာရေးအရခွဲခြားဖိနှိပ်ဆက်ဆံမှုများလုံးဝမရှိဘဲ လွတ်လပ်စွာကိုးကွယ် ခွင့်ပေးထားပါကြောင်း၊ မိမိတို့တပ်မတော်ထဲတွင်လည်းအလားတူ ပင်ဖြစ်ကြောင်း၊ တပ်မတော်သည်ငြိမ်းချမ်းရေးကိုထိမ်းသိမ်းဆောင်ရွက်နေပြီး မိမိတို့တပ်မတော်သားတိုင်း ၏ဆန္ဒမှာတိုင်းပြည် တည်ငြိမ်အေးချမ်းရေးပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားအချင်းချင်းခွဲခြားဆက်ဆံမှုများ မရှိကြောင်းပြောကြားသည်။)
သူ့မှာ အသက်သာရှိ
အရှက်မရှိ
လိမ်ရဲ၏ ညာရဲ၏
ကလိန်စေ့က အဘခေါ်၏။
သူ့မှာ ဦးခေါင်းသာ ရှိ
ခေါင်းပေါ်မှာ စစ်ဦးထုပ်သာ
ခေါင်းထဲမှာ ဦနှောက်မရှိ
ရဟန်းတော်လည်း လိမ်၏
ပုပ်ရဟန်းမင်းကြီးလည်း လိမ်၏
ဘုရားကိုပင် လိမ်မည်ထင်၏။
သူ့မှာ မျက်လုံးသာ ရှိ
အမြင်ကန်း၏
တိုင်းရင်းသားချင်း ခွဲခြားမှုရှိ၏ သူမမြင်မသိ
လူမျိုးချင်း ခွဲခြားမှု ရှိ၏ သူ မမြင် မသိ
ဘာသာချင်း ခွဲခြားမှုရှိ၏ သူမမြင်မသိ။
သူ့မှာ နား ရှိ၏
မကြားမသိ ကန်းနေ၏
လောက ပါလ တရားကို သူရွတ်ဆို၏
သူ့လူတွေ လူသတ်သမား သူမကြားမိ ကန်းနေ၏
သူ့လူတွေ မုဒိမ်းသမား သူမကြားမိ ကန်းနေ၏
သူလက်ညှိုးညွှန်ရာ စစ်ပွဲတွေ တောက်လောင်၏
သူ မကြားမိ ကန်းနေ၏
ပြည်သူတွေ ငိုကြွေးနေ၏ သူမကြားသိ ကန်းနေ၏။
မျက်စိကန်း၏
နားကန်း၏
ဦးနှောက်ကန်း၏
တရားကန်း၏ ။
အို- လူအပေါင်းတို့
အို- စစ်သားအပေါင်းတို့
အကန်းခေါ်ဆောင်လမ်းပြတဲ့ခရီးအဆုံးမှာ
အသူတရာ နက်လှစွာသော ချောက်ကြီးသာ။
မောင်လှဝင်း(မြင်းခြံ)
၂၈-၁၁- ၂၀၁၇

Comment

No comments: