Tuesday, November 21, 2017

sadhu sadhu sadhu မဖြူခေတ် donates 200 lakhs 22 nov. 2017.

သမိုင်းတခေတ်ဆန်းသစ်ပြန်ပြီ
**********************
-၂၀၁၆/၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင်(၆) ဘာသာဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ဒုတိယဆု ရရှိခဲ့သည့် ဦးအောင်ဖေ+ဒေါ်မြနှင်းစောတို့၏သမီးချစ် နှလုံးသားအလှပိုင်ရှင်မလေး တူမချောလေး "မဖြူးခေတ်"မှ  သူ့ရဲ့ဂုဏ်ပြုရရှိသည့်ငွေများ ဖြင့် (KG)တန်း စာသင်ကျောင်းဆောင်သစ် 25ပေ 60ပေရှိ(အာစီ) ပညာရေးကျောင်းဆောင်သစ် တစ်ဆောင်ကို လှူဒါန်းပြီး  18.11.17 စနေနေ့ နံနက် မင်္ဂလာရှိသောအချိန် တွင် ပန္နက်တင်မင်္ဂလာပြုလုပ် ခဲ့သည့် ပါရမီထူး ကုသိုလ် ပုံရိပ်လွှာများကို ဝမ်းမြောက် ပျော်ရွှင် ကုသိုလ်ဝင်နိုင်ဖို့ တင်ပေးလိုက်ပါပြီ- - -

-ပရဟိတ စိတ်အလှဖြင့် မဖြူးခေတ်ရဲ့ အကယ်ဒမီ သမိုင်းမှတ်တိုင် တစ်ခု စိုက်ထူသော နေ့တစ်နေ့ လို့ဆိုရင် လွဲမည်မထင်ပါ- - 
"ပါရမီရှင်မဖြူးခေတ်"ရဲ့ နှလုံးသားအလှကို ဖေါ်ကြူး ပြရမယ်ဆိုရင်တော့ - -
-မဖြူးခေတ် ၄ တန်း၅တန်းမှ  စပြီး ၁၀ တန်းထိတိုင်အောင်ပဲ ပထမ ဒုတိယ ဆုတွေ အလီလီ ရရှိခဲ့ပါတယ် ။ ရရှိခဲ့တဲ့ ဂုဏ်ပြု ဆုငွေတွေကို သူ မသုံးခဲ့ဘူး ရဟန်းသံဃာတော်တွေကိုလှူ ဒါန်းခဲ့တယ် အဖိုးအဖွားတွေကို ကန်တော့ ခဲ့ပါတယ်-ဒါ ငယ်စဉ်ကထဲက မဖြူးခေတ်ရဲ့ နှလုံးသားအလှ ထူးခြားချက်ပါပဲ- - -

- ခု (၁၀)တန်းမှာ (၆)ဘာသာ ဂုဏ်ထူးနဲ့ တစ်နိုင်ငံလုံးဒုတိယ - ပထမရရှိသူနဲ့ တစ်မှတ်ပဲ ကွာပါတယ်- မန္တလေး"ဆု" ကိုယ်ပိုင်အထက်တန်းကျောင်း က ဂုဏ်ပြုငွေ သိန်း(၁၀၀) ရရှိပါတယ်-ရွှေဘိုမြို့ ရွှေနဂါးရှော့ပင်းစင်တာ-ဖွားဖွား သုဓမ္မသိင်္ဂီဒေါ်နွဲ့နွဲ့က ငွေကျပ်သိန်း(၅၀) သမီးဖြစ်တဲ့ ဒေါ်လေးသုဓမ္မသိင်္ဂီ မလတ်မျိုးစောနှင့် အခြား ပုဂ္ဂိုလ်များ ဆုချီးမြင့်ငွေကလည်း သိန်း(၅၀)ကျော်  အားလုံးရ ရှိတဲ့ ငွေကျပ်သိန်း(၂၀၀)ကျော်ကို သူ့အတွက်မသုံးစွဲပဲ  လူးသား အကျိုးပြု ပရဟိတ ကျောင်းမှာ လှူဒါန်းလိုက်ခြင်းပဲဖြစ်ပါတယ်။

 ယခုလှူဒါန်းသည့်နေရာကတော့ မန္တလေးတိုင်း စဥ့်ကိုင်မြို့ နယ် - ရဲရွာသစ်ရွာ (Y.G.W ) ပရဟိတ မိဘမဲ့ကျောင်းဖြစ်ပါတယ်။ 

- ဒါကြောင့်လူသားတိုင်း ပရဟိတ စိတ်အလှဖြင့် လောကကို အလှဆင်နိုင်ကြပါ စေလို့- - -မဖြူးခေတ်ရဲ့ ပါရမီကုသိုလ်ထူးကို ဝမ်းမြေက်စွာ သာဓုခေါ်နိုင် ကြစေဖို့ တင်ပြလိုက်ပါတယ်
-သတ္တဝါများစွာ ဘေးရန်ကွာ ချမ်းသာ သက်ရှည်ကြပါစေ-
Ashinvanni Ssara

No comments: