Friday, March 8, 2019

aung naing moe/ satire about tuitions/ 9 march 2019


Aung Naing Moe
32 mins ·

ဆယ်​တန်း​ကျောင်းသား​တွေ စာ​မေးပွဲ​ဖြေချိန်​ဆို​တော့ ကံချွန်​ရဲ့​"​ခေတ်​​ကျောင်းသား"ဆိုတဲ့ လုံးချင်း​ဝတ္ထု​တပုဒ်​ကို သတိရမိတယ်​။ ဆယ်​တန်းကို တဘုံးဘုံးကျပြီး ကျူရှင်​တက်​ရင်း အပြင်​က​နေ ​ဖြေဆို​နေကြတဲ့ ​ကျောင်း​သား​တွေ ဘဝကို ​ရေးဖွဲ့ထားတာ။ ကျူရှင်​ဆရာ​တွေရဲ့ သဘာဝ၊ ​ကျောင်းသား​တွေရဲ့ဓ​လေ့စရိုက်​ ပီပြင်​တယ်​။

ဇာတ်ဝင်ခန်းတခုမှာ ​​​ဇာတ်​​ကောင်​ဆယ်​တန်း​ကျောင်းသားက လက်​ဖက်​ရည်​ဆိုင်​သွားဖို့ သူ့သူငယ်​ချင်းအိမ်​ဆီ ထွက်​လာတယ်​။ အိမ်​နားနီးလာ​တော့ အိမ်​အ​ပေါ်ထပ်​မှာ ဟို​ကောင်​ ​ရေနံ​မြေသပိတ်​အ​ကြောင်း ​အော်​ကျက်​​နေသံ ကြားရတယ်​။ ​အော်​ကျက်​ရင်း တ​နေရာ​ရောက်​​တော့ "သခင်​... သခင်​... သခင်​... သခင်​..." ဆိုပြီး ထစ်​​နေတယ်​။ အဲ့ဒီမှာ အိမ်​​အောက်​ထပ်​မှာ စက်​ဘီးပြင်​​နေတဲ့ သူ့အ​ဖေ ဦးတိုးက "ဘိုးလှကြီး" ဆိုပြီး ကြုံး​အော်​လိုက်​သတဲ့။

ပြီး​တော့​ပြော​သေးသတဲ့။ "မင်းသူငယ်​ချင်း အဲ့ဒီ​ရေနံ​မြေသပိတ်​ကို ကျက်​လာတာ ​လေးနှစ်​​လောက်​ ရှိပြီ။ အခုထိအလွတ်​မရ​သေးဘူး။ ​ဘေးပတ်​လည်​အိမ်​​တွေက က​လေး​တွေ​တောင်​ သူ့စာကျက်​သံနား​ထောင်​ပြီး ဆယ်​တန်းကို တ​ယောက်​ပြီးတ​ယောက်​ ​အောင်​ကုန်​ကြပြီ" တဲ့။

ကံချွန်​ဝတ္ထုကို ကျ​နော်​မှတ်​မိသ​လောက်​ ပြန်​​ရေးပြတာပါ။ ကျ​နော်​ ဆယ်​တန်းတုန်းက အင်းစိန်​၊ မင်းကြီးလမ်းက ဆရာဦးတင့်​စိန်​ဖူးကျူရှင်​နဲ့ ဆရာဦးစံသိန်းကျူရှင်​​တွေ တက်​ခဲ့တာ ပြန်​​ပြောင်းသတိရမိပါတယ်​။ ဆရာ​တွေ ​တော်​ကြပါတယ်​။ အထူးသဖြင့်​ ဆရာဦးတင့်​စိန်​ဖူးဟာ အသင်​အပြလည်း​ကောင်း၊ ​စေတနာလည်း​ကောင်း၊ ​ရယ်​စရာလည်း​ပြောတတ်​တဲ့ ဆရာတ​ယောက်​ပါ။ အဲ့သည်​တုန်းက ညဦးပိုင်းကျူရှင်​ချိန်​​တွေဟာ ​ပျော်​စရာကာလများပါ။
9You, Nyan Gyi, Soe Nilar Aung and 6 others
Like
Comment
Share
Aung Naing Moe
2 hrs ·

ရွှေချထား​သင့်​​သော
===========

- ​အ​မွေစုဟာ အဘ​တွေ​ ချမှတ်​ခဲ့တဲ့ လမ်းပြ​မြေပုံ ၇ ချက်​ကို ပြီး​မြောက်​​အောင်​ အိမ်​ဝင်​ဖြည့်​​ပေးခဲ့တယ်​။

- အ​မွေစုဟာ အဘ​တွေ​ ​ရေးဆွဲအတည်​ပြုခဲ့တဲ့ ၂၀၀၈ ​ခြေဥကို ကာကွယ်​​စောင့်​​ရှောက်​ပါမည်​လို့လည်း ကျမ်းသစ္စာကျိန်​ဆိုခဲ့တယ်​။

- အ​မွေစုဟာ အဘ​တွေနဲ့ ရင်​ကြား​စေ့ဖို့ကိုလည်း အချိန်​ရှိသမျှ လူသိရှင်​ကြား တွင်​တွင်​​ပြောကြားတယ်​။

- အ​မွေစုဟာ အဘ​တွေကို သူမရဲ့အစိုးရအဖွဲ့ထဲမှာ ​နေရာ​တွေ​ပေးတယ်​။

- အ​မွေစုဟာ အဘ​တွေနဲ့ အကြိမ်​ကြိမ်​​တွေ့ဆုံပြီး ဘာ​ပြောခဲ့ကြသလဲဆိုတာကို မြုံထားတယ်​။

- ​အ​မွေစုဟာ အဘ​တွေနဲ့ခရိုနီ​တွေအကျိုးစီးပွားကို ကာကွယ်​​စောင့်​​ရှောက်​တယ်​။

အဲ့သလို​ လုပ်ရပ်ေ​​တွအတွက် ​အ​မွေစုကို ​ဝေဖန်​တဲ့အခါ အ​မွေစု​ထောက်​ခံသူ​တွေက ​ဝေဖန်​သူကို အဘ​ဘောမလို့ တံဆိပ်​ကပ်​ကြတယ်​။ အနှီ အ​မွေစု​ထောက်​ခံသူ​တွေဟာ ​ရွှေချထားရမယ့်​ ဦး​နှောက်​ပိုင်​ရှင်​​တွေဖြစ်​တယ်​။

No comments: