Monday, March 4, 2019

ဗင်နီဇွဲလားပြည်သူတွေ တနင်္လာနေ့ ဆန္ဒပြဖို့ Guaido ပန်ကြား 04 မတ်၊ 2019



https://gdb.voanews.com/231A05B2-BA18-48F4-9A7C-A4A892CAFD25_w650_r1_s.jpg


ဗင်နီဇွဲလားပြည်သူတွေ တနင်္လာနေ့ ဆန္ဒပြဖို့ Guaido ပန်ကြား
04 မတ်၊ 2019

ဗွီအိုအေ (မြန်မာပိုင်း)

ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် Juan Guaido
ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် Juan Guaido
မျှဝေပါ

ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် Juan Guaido က လက်တင် အမေရိက မဟာမိတ် နိုင်ငံတွေကို သွားရောက်ပြီးနောက် နိုင်ငံကို ပြန်လာဖို့ စီစဉ်ထားချိန်နဲ့ တပြိုင်တည်း ဒီကနေ့ တနလာင်္နေ့မှာ ပြည်သူတွေ လမ်းမပေါ်ထွက်ကြဖို့ တိုက်တွန်းထားပါတယ်။ နိုင်ငံကို ပြန်လာမယ့် အကြောင်း အသိပေးကြောင်း၊ နောက် တနလာင်္နေ့ မနက် ၁၁ နာရီမှာ ဗင်နီဇွဲလား ပြည်သူတွေ နိုင်ငံတ၀န်းမှာ စုရုံးကြဖို့ တိုက်တွန်းတယ်လို့ Guaido က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားထားတာပါ။




နိုင်ငံပေါင်း ၅၀ နဲ့ အမေရိကန်တို့က ဗင်နီဇွဲလားရဲ့ ယာယီခေါင်းဆောင် အဖြစ် အသိအမှတ်ပြုထားတဲ့ Guaido ဟာ လွှတ်တော်ဥက္ကဌ ဖြစ်ပါတယ်။ အခြေခံ ဥပဒေကို ကျင့်သုံးနိုင်တဲ့ သူ့ရဲ့ အခွင့်အာဏာကို သုံးပြီး လွှတ်တော် အကြီးအကဲ Guaido က သမ္မတ Nicolas Maduro ခေါင်းဆောင်မှုကို ရွေးကောက်ပွဲ မသမာမှုတွေကြောင့် ဆိုပြီး တရားမ၀င်အဖြစ် ကြေညာပြီး သူ့ကိုယ်သူ ကြားဖြတ်သမ္မတ အဖြစ် ကြေညာခဲ့တာပါ။

Maduro နုတ်ထွက်ရေး ဖိအား တိုးပေးနိုင်ရေး အတွက် လက်တင် အမေရိကတိုက် နိုင်ငံတွေကို ခရီးသွားနေတဲ့ Guaido က ပြီးခဲ့တဲ့ စနေနေ့ တုန်းကတော့ အီကွေဒေါ နိုင်ငံမှာ ရောက်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ အမေရိကန် ဒုတိယ သမ္မတ Mike Pence ၊ နောက် ဒေသတွင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် အမေရိကန် အသိအမှတ်ပြုထားတဲ့ ဗင်နီဇွဲလား ကြားဖြတ် သမ္မတက ဘရာဇီလ်းနဲ့ Prague နိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။


No comments: