Wednesday, September 27, 2017

Fakland war Wai Hmuu Thwin ထံမှကူးယူပါသည်​ 28 sep.2017.

Wai Hmuu Thwin ထံမှကူးယူပါသည်

တပ်မတော်နဲ့ အတူတူ လက်တွဲပြီး ရိုတွေကို တိုက်မယ် ဆိုတဲ့ ငပေါဒေ အာဂျင်တီးနား ဂျင်းအကြောင်း ဖတ်ကြည့်ကြဖို့ပါ။ :)

ဒီနေ့တော့ အာဂျင်တီးနား ဂျင်းလေးအကြောင်းနည်း
နည်းမျှဝေပါရစေဦး။
=======================
ဒီနေ့တစ်နေ့လုံး အာဂျင်တီးနားနိုင်ငံရေးအသွင်ကူး
ပြောင်းမှုကာလက အာဂျင်တီးနားကာကွယ်ရေးဝန်
ကြီးဌာနမှာ  တာဝန်ထမ်းဆောင်ခဲ့ပြီး   အသွင်ကူး
ပြောင်းမှုမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ခဲ့တဲ့ဘွား
တော်ကြီးနဲ့ထိုင်ပြီး စကားပြောဖြစ်တယ်။ မနက်က
နေညနေအထိပဲ။

ထိုင်ပြောကြရင်း ဖောက်ကလန်စစ်ပွဲအကြောင်းကို
ပြောဖြစ်ကြပါလေရော။ ဖောက်ကလန်စစ်ပွဲဆိုတာ
သိတယ်မဟုတ်လား။ ဖောက်ကလန်ကျွန်းမှာ နယ်
မြေပိုင်ဆိုင်မှု ပြသနာနဲ့ပတ်သက်ပြီး အာဂျင်တီးနား
နဲ့ ဗြိတိန်တို့တိုက်တဲ့စစ်ပွဲ။ ဒီစစ်ပွဲမှာ အာဂျင်တီးနား
တို့ ရှုံးတယ်။ သာမန်ရှုံးရင်  တင်မကဘူး။ အတော်
လေးအထိနာခဲ့တယ်။

ဘယ်လောက်တောင်အထိနာလဲဆိုရင် ၁၉၇၆ ကစ
တင်ခဲ့တဲ့ အာဂျင်တီးနား စစ်အာဏာရှင်စနစ်ဟာ ဒီ
စစ်ပွဲအရှုံးကြောင့်  ပြိုလဲသွားခဲ့ရတဲ့ အထိပဲ။ အာဂျင်
တီးနားတွေဆို စိတ်နာလွန်းလို့ - ဖောက်ကလန်ဆို
တဲ့နာမည်ကို ကြားတောင်မကြားချင်ကြဘူး။ ဒီကျွန်း
ကိုလဲ ခုထိ ဖောက်ကလန်လို့ခေါ်ရင်မကြိုက်ကြဘူး။
Malvinasလို့ပဲ စပိန်နာမည်ခေါ်ကြတယ်။

ပြောချင်တာက ၁၉၇၆ ခုနှစ်က စတင်အာဏာသိမ်း
ခဲ့ပြီး ပြည်သူတွေကို ရက်ရက်စက်စက်ဖိနှိပ်ခဲ့တဲ့ အာ
ဂျင်တီးနားစစ်အာဏာရှင်တွေဟာ သူတို့ဂုဏ်သိက္ခာ၊
ကြီးမြတ်မှုနဲ့ပါဝါကို ပြသနိုင်ဖို့အတွက် ဒီစစ်ပွဲကိုတိုက်
ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီစစ်ပွဲတိုက်ဖို့ဆုံးဖြတ်ခဲ့ပေ
မယ့် အာဂျင်တီးနားစစ်တပ်ဟာ စစ်အာဏာရှင်တွေ
ရဲ့ စီမံခန့်ခွဲမှုအမှားတွေ၊ ဆိုးရွားလှတဲ့အကျင့်ပျက်ခြ
စားမှုတွေကြောင့် လက်နက်အင်အား၊ လူအင်အား၊
စိတ်ဓါတ်ခွန်အား အစစအရာရာမှာ အခြေအနေအ
တော်လေးဆိုးနေပါတယ်။

ဒါပေမဲ့ အရှိတရားကို မျက်မှောက်မပြုနိုင်တဲ့ စစ်အာ
ဏာရှင်ကြီးတွေဟာ သူတို့ရဲ့တန်ခိုးထွားမှုကို ကမ္ဘာ
သိပြသနိုင်ဖို့ ဒီစစ်ပွဲကိုတိုက်တာပေါ့။ ဒီစစ်ပွဲကိုတိုက်
ခဲ့အခါမှာထူးခြားတာတစ်ခုက"အာဂျင်တီးနားပြည်သူ
တွေဟာ သူတို့တွေအပေါ်မှာရက်ရက်စက်စက်ဖိနှိပ်
မှုတွေပြုလုပ်နေတဲ့ အာဏာရှင်စစ်တပ်ရဲ့ ဆိုးကွက်
တွေကိုမေ့ပြီး အူလှိုက်သည်းလှိုက်ထောက်ခံကြတော့
တာပါပဲ"။

ဘွားတော်ရဲ့အဆိုအရ "စစ်သည်တွေ စစ်တိုက်ထွက်
ပြီဆိုတာနဲ့ ပြည်သူတွေဟာ လမ်းပေါ်မှာအပြည့်ထွက်
ပြီး အားပေးကြ၊ ချီးမြှောက်ဂုဏ်ပြုကြတာပဲ။ စစ်ဗိုလ်
ချုပ်ကြီးတွေကလည်း အကြိုက်ပေါ့။ သူတို့ဘယ်လိုပဲ
ဖိနှိပ်၊ နှိပ်စက်၊ အုပ်ချုပ်အုပ်ချုပ် ခုလို စစ်ပွဲတိုက်မယ်
ဆိုတော့ ပြည်သူတွေက သူတို့ကို အပြည့်အ၀ထောက်
ခံကြတာကိုး။ တကယ်လို့ ဒီစစ်ပွဲသာနိုင်ရင်တော့ သူ
တို့ရဲ့ စစ်အာဏာရှင်စနစ်ကို ထာဝရတည်မြဲအောင်
ကြိုးစားနိုင်တော့မယ်လေ"။

ဒီမှာ ကျွန်တော်ရေးချင်တာလေးစပါပြီ။ အဲ့ဒီတော့ဘာ
လုပ်သလဲဆိုတော့ စစ်အာဏာရှင်တွေဟာ စစ်ပွဲနဲ့ပတ်
သက်ပြီး အာဂျင်တီးနားပြည်သူတွေကြားထဲမှာ အကြီး
အကျယ်ကို ၀ါဒဖြန့်ပါတော့တယ်။ ဒီစစ်ပွဲဟာ အာဂျင်တီး
နားနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအတွက်ဘယ်လောက်
အရေးကြီးပြီး စစ်တပ်က ဒါကို ကာကွယ်ပေးမယ်ဘာညာ
ဆိုတာမျိုးတွေပေါ့။ အမျိုးသားလုံခြုံရေးတို့၊ အမျိုးသားအ
ကျိုးစီးပွားတို့ဆိုတာကလည်း လူတွေသည်းခြေကြိုက်နှ
လုံးခိုက်တဲ့အစာတွေမဟုတ်လေလား။ ဒီတော့ စွတ်စပ်
ကို ၀ါဒတွေဖြန့်တာပဲ။

အဲ့ဒီအခါ သတင်းစာတွေကလည်း(အဲ့ဒီအချိန်တုန်းက
သတင်းစာတွေကလည်း အစိုးရနဲ့နီးစပ်တဲ့သတင်းစာနဲ့
အစိုးရသတင်းစာတွေပေါ့) "ငါတို့နိုင်တော့မည်/စပိန်လို
ဆိုရင် Eastamos Ganando"ဆိုတာမျိုးတွေ၊ "အင်္ဂလိပ်
တွေတော့ လက်နက်ချကုန်ကြီပြီ/Vimos Rendirse A 
Los Ingleses"ဆိုတာတွေကို ပုံတွေနဲ့ ဝေေ၀ဆာဆာ
ဖော်ပြကြတာပေါ့။(အောက်က ပုံနှစ်ပုံမှာကြည့်ပါ။) မ
နက်ဖန်၊ သန်ဘက်ခါပဲ စစ်နိုင်တော့မလို။ အင်္ဂလိပ်တွေ
ပဲလက်နက်ချကုန်သလိုလိုနဲ့ သတင်းတွေ၊ ဓါတ်ပုံတွေ
ဝေေ၀ဆာဆာနဲ့ ၀ှဲချီးကိုဖော်ပြကြတာ။ လူတွေကလည်း
ပျော်ကြမော်ကြပေါ့။ 

ဓါတ်ပုံအတုတွေတောင်သုံးလိုက်ကြသေး။ အာဂျင်တီး
နားသတင်းစာတွေထဲမှာ အင်္ဂလိပ်သင်္ဘောတွေနစ်ကြ
တာဆိုတာကလည်း မြင်လို့တောင်မကောင်းဘူး။ HMS
Invincible ဆိုလည်း အာဂျင်တီးနားသတင်းစာတွေက
ခနခနကို မြှုပ်ပစ်နေတာပဲ။ အဲ့လိုသတင်းတွေနဲ့လူတွေ
ကလည်း အကြီးအကျယ်ကိုထောက်ခံနေကြတာ။ သာ
မန်လူတွေတင်မကဘူး။ စစ်အာဏာရှင်စနစ်ကို ဆန့်
ကျင်ကြတဲ့သူတွေပါ တခဲနက်ကိုထောက်ခံကြတာပဲ။

နာမည်ကြီး စာရေးဆရာ၊ ပန်းချီဆရားအားနက်စတို
ဆာဘာတိုပြောတာလေးကိုပဲကြည့်ကြည့်။ "ဥရောပ
ရေ။ အမြင်မမှားနဲ့ရော့။ Malvinas ဖောက်ကလန်ကျွန်း
အတွက် တိုက်နေတာ စစ်အာဏာရှင်စနစ်မဟုတ်ဘူး။
တစ်နိုင်ငံလုံးကတိုက်နေတာ။ ငါ့လို စစ်အာဏာရှင်စနစ်
ကိုဆန့်ကျင်တဲ့သူတွေတောင် ညီညွတ်ကြလို့ ကိုလိုနီစ
နစ်ရဲ့နောက်ဆုံးအစအနတွေကိုဖောက်ဖျက်ပစ်ကြတော့
မယ်ကွ"ဆိုပြီး ထကြွေးကြော်တာ။ ညီညွတ်ကြလော့တို့
ဘာတို့ဆိုတာလည်း အဲ့ဒီတုန်းက မမြင်ချင်မကြားချင်မှ
အဆုံး။

စစ်အာဏာရှင်တွေအတွက် မဟန်ဘူးလား။ ဘယ်
လောက်အထိ ဟန်ကျလဲဆိုတော့ မနေ့က မောင်ရဲရေး
ခဲ့တဲ့ လူ့အခွင့်အရေးအတွက် စစ်အာဏာရှင်စနစ်ကိုဆန့်
ကျင်နေတဲ့ မိခင်များအဖွဲ့လိုအဖွဲ့တွေတောင် ပြည်သူတွေ
က တကယ့်နိုင်ငံကယ်တင်ရှင်စစ်သားကြီးတွေကို ဆန့်
ကျင်ရပါ့မလားဆိုပြီး အသက်အန္တရာယ်ခြိမ်းခြောက်တာ
တွေဘာတွေလုပ်လာတဲ့အထိကိုဖြစ်ကုန်တာ။ ကျွန်တော်
နဲ့ ကျွန်တော့်မိတ်ဆွေဘွားတော်ကြီးကတော့ ပြည်သူတွေ
ဟာ သူတို့ကို မတရားဖိနှိပ်နေတဲ့ စစ်အာဏာရှင်တွေကို
တောင် ခုလို စစ်ပွဲမျိုးမှာ တခဲနက်ထောက်ခံကြတဲ့ အ
ကြောင်းရင်းကို ဆွေးနွေးဖြစ်သေးတယ်။ စိတ်ဝင်စားဖို့
ကောင်းတယ်မထင်ဘူးလား။ ထားပါလေ။ ဇာတ်လမ်း
လေးဆက်တာပေါ့။

အကြီးအကျယ်ဝါဒတွေဖြန့်၊ လူထုက တိမ်းမူးနေကြချိန်
မှာ သောက်ကျိုးကနည်းချင်တော့ စစ်ပွဲမှာ အာဂျင်တီးနား
တို့ရှုံးပါလေရော။ ရှုံးတာမှ မရှုမလှကိုရှုံးတာ။ လက်နက်
ချရတာ။ ဒီတော့အာဂျင်တီးနားတစ်နိုင်ငံလုံးကြေကွဲကြရ
တာပေါ့။ ဒီနေ့နိုင်တော့မလို၊ မနက်ဖန်နိုင်တော့မလိုမျှော်
လင့်ချက်တွေနဲ့ ပျော်နေချိန်မှာ ခုလို မရှုမလှရှုံးသွားတော့
မကြေကွဲဘဲရှိပါ့မလား။ ပိုဆိုးတာက တချိန်လုံး အကြီးအ
ကျယ်ဂျင်းထည့်ခံနေရတာကို စစ်ပွဲရှုံးတော့မှပဲသိလိုက်ရ
တာပဲ။ 

နောက်ဆုံးတော့ အဲ့ဒီဖောက်ကလန်စစ်ပွဲအရှုံးကြောင့်ပဲ
အာဂျင်တီးနား စစ်အာဏာရှင်စနစ်လည်း နိဂုံးကမ္ပတ်အ ဆုံးသတ်သွားပါရလေရော....

ကိုရဲ

1 comment:

sayanyein said...



Wednesday, September 27, 2017

Fakland war Wai Hmuu Thwin ထံမှကူးယူပါသည်​ 28 sep.2017.

Wai Hmuu Thwin ထံမှကူးယူပါသည်

တပ်မတော်နဲ့ အတူတူ လက်တွဲပြီး ရိုတွေကို တိုက်မယ် ဆိုတဲ့ ငပေါဒေ အာဂျင်တီးနား ဂျင်းအကြောင်း ဖတ်ကြည့်ကြဖို့ပါ။ :)