Tuesday, September 12, 2017

Mandalay-university-family-2006 added 4 new photos. September 12, 2016 · (heart breaking story of a boneTB inflicted 12 year school boy, who becomes a writer by the name of ThaRaWin / သရဝဏ် (ပြည်).

Yumay Kyi shared a memory — feeling thankful with Ko Win and 15 others.

ကျွန်​မတို့မိသားစုရဲ့ ​ကျေးဇူးရှင်​ ဦးကြီးဦးတင်​​မောင်​ဝင်းနဲ့ ​ဒေါ်ကြီး​ဒေါက်​တာ​ဒေါ်သန်း​ဌေးတို့၏
ကျေးဇူးတရားကိုအမြဲနှလုံး
သွင်းသတိရ​နေပါတယ်​ရှင်
စိတ်​ချမ်းသာကိုယ်​ကျန်းမာပြီး အသက်​ရာ​ကျော်​ရှည်​ရန်​ဆု​တောင်း​မေတ္တာပို့သပါတယ်ရှင်
(heart breaking story of a boneTB inflicted 12 year school boy, who becomes a writer by the name of ThaRaWin / သရဝဏ် (ပြည်).
The boy survives the malady because of the sympathetic treatment of a school health doctor dr. daw than htay in Prome, Pegu division).
dr. daw than htay is a graduate of
Mandalay Institute of Medicine.
Formerly it is Faculty of Medicine,
an affiliate of Mandalay University,
Mandalay , Burma.
she settles in Rangoon,
146 D, Prome road, 9 mile .
MayanKone township, Rangoon,
Burma.
ThanHtayDr.
12 sep. 2016.
အခက်ခဲဆုံးကာလများကိုဖြတ်သန်းခြင်း
သရ၀ဏ်(ပြည်)
ကျွန်တော်သည်ပန်းခင်းလမ်းကိုလျှောက်ခဲ.ရသူမဟုတ် ။ ကျွန်တော်.ဘ၀တွင်အခက်အခဲများစွာကိုဖြတ်ကျော်လာခဲ.ဖူးပါသည် ။ ကြုံခဲ.ဖူးသောအခက်အခဲများအနက် မေ.မရနိုင်လောက်အောင်ဆိုးရွားသောအဖြစ်မှာ ကျွန်တော်.အသက် ၁၂ နှစ်ခန်.တွင် သေလောက်သောရောဂါဆိုးကြီးတစ်ခုကပ်ငြိလာခြင်းဖြစ်ပေသည် ။ ကျွန်တော်၏ကလေးဘ၀အပျော်များအားလုံး နိဂုံးချုပ်ရသည်.နေ.တစ်နေ.သို.ရောက်လာ၏ ။ထိုစဉ်ကကျွန်တော်သည် အသက်(၁၂) နှစ် ။ခြောက်တန်းအောင်၍ ခုနစ်တန်းတက်ရမည်.အချိန်ဖြစ်သည် ။ ကျွန်တော်သည်ငယ်စဉ်ကပင် ဘောလုံးကန်တာအလွန်ဝါသနာပါပါသည် ။ ဘောလုံးလည်းအတော်ကျွမ်းကျင်စွာကန်တတ်ပါသည် ။ ဒီဇင်ဘာလသို.ရောက်တိုင်း ဘောလုံးအသင်းဖွဲ.ကာ ကလေး ဘောလုံးပြိုင်ပွဲများတွင်ဝင်ရောက်ယှဉ်မြိုင်ပါသည် ။ အားအားရှိလျင် ရပ်ကွက်ထဲတွင်ဘောလုံးကန်တိုင်းကစားနေကြပါသည် ။ ထိုနေ.တွင်ကျွန်တော်သည်ခါတိုင်းနေ.များလိုပင် သူငယ်ချင်းများနှင်.ဘောလုံးကန်နေပါသည် ။ သို.သော်နေလို.မကောင်းပါ ။ ကျွန်တော်. ခါးထဲကလိုလို ၊တင်ပါးထဲကလိုလို ၊အရိုးထဲကလိုလို အောင်.နေပါသည် ။ ကျွန်တော်သည်မခံရပ်နိုင်အောင် နာလာသဖြင်.ဘောလုံးဆက်မကစားတော.ပဲ အိမ်သို.ပြန်လာခဲ.ပါသည် ။ အိမ်တွင်တစ်နေကုန်အိပ်နေပါသည် ။ ထိုနေ.မှစကာကျွန်တော်သည်သက်သာလာသည်မရှိပဲ တင်ပါးထဲမှ အောင်.အောင်.နေပါသည် ။ ကျွန်တော်.အမေကိုလည်းဖွင်.ပြောသဖြင်.အမေသည် ဘာလုပ်ရမလဲဆိုတာ အိမ်နားနီးချင်းများနှင်.ဖွင်.ဟတိုင်ပင်ပါသည် ။ ထိုအခါ ကျွန်တော်တို.အိမ်နားမှာဂိတ်ထိုးသောဆိုက်ကားဆရာကိုတင်ထွန်းဆိုသူက သူသိသော အနှိပ်ဆရာတစ်ယောက်ရှိကြောင်း ၊ ကျွန်တော်ခံစားနေရသော ဝေဒနာကိုအနှိပ်ဆရာကောင်းကောင်းဖြင်. နှိပ်ချလိုက်လျင် သေချာပေါက်ပျောက်ကင်းသက်သာသွားမည်ဖြစ်ကြောင်းမစားရ၀ခမန်းပြောပါသည် ။ ကျွန်တော်.တစ်သက်တာတွင် မိခင်ဖြစ်သူကိုကျေးဇူးအတင်ဆုံးအချက်မှာ စာပေဗဟုသုတရှိသောအမေသည် ဆိုက်ကားဆရာကိုတင်ထွန်းပြောတာကိုလက်မံပဲ ကျွန်တော်.ကို အနှိပ်သည်နှင်.ကုသဖို.ခါးခါးသီးသီးငြင်းဆန်ခဲ.ခြင်းပင်ဖြစ်သည် ။ ထိုအစား အမေသည်ကျွန်တော်.ကိုဆရာဝန်နှင်.ပြဖို.ကြိုးစားသည် ။ ပိုက်ဆံမတတ်နိုင်သဖြင်. ကျောင်းသားများအတွက်အခမဲ.ဖွင်.လှစ်ထားသော ပြည်ဆေးရုံကြီး ရှေ.ရှိ ကျောင်းသားဆေးခန်း ကိုသွားရောက်ပြသပါသည် (ယခုခေတ်တွင်ကျောင်းဆေးခန်းစနစ်မရှိတော.တာဝမ်းနည်းစရာဖြစ်သည် ) ။
ကျွန်တော်သည် မွေးဇာတာမဟာဘုတ်အရ အင်္ဂါ မရဏဖွားဖြစ်သည် ။ မရဏဖွားဖြစ်သဖြင်. ငယ်ငယ်ရွယ်ရွယ်နှင်.သေလျင်သေမည် ။မသေလျင်အောင်မြင်ကျော်ကြားမည်ဟု ဗေဒင်ဆရာများကဟောလေ.ရှိသည် ။ ကျွန်တော်သည် အတိတ်ကံအရ ငယ်ငယ်ရွယ်ရွယ်နှင်.သေဖို.၊ ဒုက္ခိတဖြစ်ဖို.ကံပါမလာဘူးထင်သည် ။ ကျွန်တော်.မိခင်နှင်.အတူ ကျောင်းသားဆေးခန်းသို.ရောက်သွားသောအခါ အင်မတန်တော်ပြီး ၊အင်မတန်သဘောကောင်းသော ဆရာဝန်မတစ်ဦးနှင်.တွေ.ကြုံရ၏ ။ ထိုဆရာဝန်မှာဒေါက်တာဒေါ်သန်းဌေးဟုခေါ်သည် ( ယခု ရွှေမင်းသားအကျိုးဆောင်ကုမ္မဏီပိုင်ရှင် ကိုမြတ်သူဝင်း၏မိခင်ဖြစ်သည် ) ။ ဒေါက်တာဒေါ်သန်းဌေးသည် ထိုစဉ်ကမိသားစုနှင်.အတူ ပြည်မြို.မှာနေသည် ။ သူကကျွန်တော်.ရောဂါရာဇ၀င်ကိုသေသေချာချောမေးသည် ။ကျွန်တော်ကလမ်းလျှောက်လျင် တင်ပါးဆုံရိုးထဲမှမခံမရပ်နိုင်အောင် အောင်.ကြောင်း နာကျင်ကြောင်းပြောပြသည် ။ ဒေါက်တာဒေါ်သန်းဌေးသည် လက်တွေ.စမ်းသပ်ချင်သည်ဟုဆိုပြီး ကျွန်တော်.ကိုတစ်ကိုယ်လုံးအ၀တ်အစားများချွတ်စေပြီး သူ.ရှေ.တွင်လမ်းလျောက်ပြခိုင်းသည် ။ကျွန်တော်သည်ခြေလှမ်းတစ်လှမ်းလှမ်းတိုင်းမျက်၇ည်ပေါက်ပေါက်ကျကာ လမ်းလျှောက်ပြရသည် ။ သူစိတ်ကြေနပ်အောင်လျှောက်ပြပြီးသောအခါ ဒေါက်တာဒေါ်သန်းဌေးသည် ကျွန်တော်.အရိုးကို ပြည်ဆေးရုံဓါတ်မှန်ဌာနသို.သွားကာ အခမဲ.ဓါတ်မှန်ရိုက်ခိုင်းသည် ။ ဓါတ်မှန်ရလာသောအခါ ကျွန်တော်.ဓါတ်မှန်ကို ရန်ကုန်မြို. ၊ရွှေဘုံသာလမ်းရှိ ဓါတ်မှန်ဖတ်သောဌာနသို.ပို.၍ ဓါတ်မှန်ဖတ်ခိုင်းရမည် ။ထိုအတွက် ဓါတ်မှန်ဖတ်ခကုန်ကျငွေအနည်းငယ်ကိုတောင်းရာ မိခင်ကြီးက ပေးလိုက်သည် ။ကျွန်တော်.ကိုသွေးစစ်ရန်သွေးလည်းဖောက်ယူထားလိုက်ပြီးဓါတ်ခွဲခန်းသို.ပို.လိုက်သည် ။ ထို.နောက်ကျွန်တော်တို.အိမ်ပြန်လာခဲ.ကြ၏ ။ ချိန်းသောရက်တွင်ကျွန်တော်တို.သည်ကျောင်းသားဆေးခန်းသို.ပြန်သွား၏ ။ ဆရာဝန်ဒေါ်သန်းဌေးသည် ဓါတ်မှန်အဖြေစာရွက်ကိုလက်ထဲတွင်ကိုင်ထားသည် ။ ဓါတ်မှန်ဖတ်သောအဖြေစာရွက်ကလေးတွင် ကုန်းဘောင်ဓါတ်မှန် ၊ရွှေဘုံသာလမ်း၊ရန်ကုန်မြို. ဟုရေးထားတာကိုယခုထက်တိုင်မှတ်မိ၏ ။ထို.ကြောင်.ယခုအခါကျွန်တော်သည် ရန်ကုန် ရွှေဘုံသာလမ်းထဲသို.ဖြတ်သွားရင်း ကုန်းဘောင်ဆေးခန်း ဆိုတာတွေ.တိုင်းငယ်ဘ၀ကိုသတိရမိပါသည် ။ ဒေါက်တာဒေါ်သန်းဌေးကဤသို.ပြော၏ ။
“ ကလေးက ကံကောင်းတယ် ဆေးရုံလာပြတာ နည်းနည်းနောက်ကျသွားရင်ကုလို.မရတော.ဘူး ၊ ကုလို.ရခဲ.ရင်တောင် တစ်သက်လုံးခြေတစ်ဖက်နိမ်.ပြီး ဒုက္ခတိတဘ၀ရောက်သွားလိမ်.မယ် “
“ ဘာရောဂါလဲ ဒေါက်တာ “ ဟုကျွန်တော်. အမေကမေးသည် ။ ကလေးဘ၀မှတ်ဥာဏ်တွင်မေ.မရမည်.ဒေါက်တာဒေါ်သန်းဌေး၏အဖြေကထွက်လာသည် ။
“ တော်တော်ရှားရှားပါးပါးရောဂါပဲ ၊ Bone T.B လို.ခေါ်တယ် ။ အရိုးတီဘီပေါ. ။ တင်ပဆုံအရိုးထဲကိုတီဘီပိုးဝင်သွားတာ ။ အဆုတ်မှာဖြစ်တဲ.တီဘီမဟုတ်ဘူး ၊ အဆုတ်ကကောင်းတယ် ။ တော်တော်တော.စိတ်ရှည်ရှည်ကုရလိမ်.မယ် ။ လူနဲ.ရောဂါကမမျှဘူး ။ နေ.တိုင်းဆေးထိုးရမယ် ။ ခြောက်လလောက်နေ.တိုင်းဆေးထိုးရမယ် ။ ခြောက်လပြည်.ရင် တစ်ပါတ်နှစ်ရက် ဆေးထိုးပြီး တစ်နှစ် ၊တစ်နှစ်ခွဲလောက် ထပ်ကုရမယ် ။ သောက်ဆေးလဲ နေ.တိုင်းသောက်ရမယ် ။ မှန်မှန်လာနိုင်ပါ.မလား နှစ်နဲ.ချီပြီးကုရမှာ “
အမေသည်မိနစ်အနည်းငယ် ဘာမှပြန်မပြောနိုင်ပဲ တိတ်ဆိတ်ငေးငိုင်နေ၏ ။ ကျွန်တော်.အတွက်ယူရမည်.တာဝန်မှာအင်မတန်ကြီးမားလှသည် ။ ထိုအချိန်ကအမေသည် ခေါက်ဆွဲဆိုင်ကိုရပ်နားထားကာစဖြစ်ရာ ပြည်မြို.ဈေးကြီးတွင် အမေသည် ကုန်စိမ်းရောင်းပြီး မိသားစုဝမ်းရေးကိုဖြေရှင်းနေရပါသည် ။ ထိုသို.တစ်ဖက်မှစီးပွားရှာနေရင်းကျွန်တော်.ကိုနေ.စဉ်ဆေးခန်းသို. လိုက်ပို.ရမည်.တာဝန်ကမသေးလှမှန်းအမေသည် ချိန်ဆနေပုံရသည် ။ မိသားစုထဲတွင်အားလုံးမှာ ကျောင်းသားကျောင်းသူများဖြစ်သည် ။ အဖေသည်သတင်းထောက်တစ်ယောက်အဖြစ်အမြဲတန်းအပြင်သွားသတင်းလိုက်နေသည်ဖြစ်ရာကျွန်တော်.ကိုနေ.စဉ်ရက်ဆက် အချိန်မှန်မှန်ဆေးခန်းပို.ဖို.အရေးမှာ မဖြစ်နိုင်ဖို.များနေလေသည် ။
“ ကလေးက ကျောင်းဆက်တက်လို.မဖြစ်လောက်ဘူးထင်တယ် ဒေါက်တာ “
“ ဟုတ်တယ် ဒီနှစ်တစ်နှစ် ကျောင်းထွက်ရမယ် “
“ ကျွန်မတစ်ခုလောက်တောင်းဆိုပါရစေဒေါက်တာရယ် ၊ တောင်းပန်တာဆိုရင်ပိုပြီးမှန်ပါလိမ်.မယ် “
“ ဟုတ်ကဲ.ပြောပါ “
“ ကျွန်မတို.ကစီးပွားရေးအဆင်မပြေပါဘူး ၊ ဆေးခန်းကအခမဲ.ဆေးကုပေးတယ်ဆိုပေမယ်. နေ.တိုင်းဆေးခန်းကိုလာဖို.စားရိတ်ကရှိပါသေးတယ် ။ ဆိုက္ကားခလဲ နေ.တိုင်းဆိုတော. မတတ်နိုင်ပါဘူး ၊ အဲဒိတော. သားကိုကျွန်မ စက်ဘီးနဲ.ခေါ်လာခဲ.ပါ.မယ် ။ စက်ဘီးကလဲ ဆိုင်ကငှားစီးရမှာပါ ။ တစ်နာရီတစ်ကျပ်ဆိုတော. နေ.တိုင်းကုန်ကျစားရိတ်မတတ်နိုင်လို. ပိုက်ဆံသက်သာအောင် တစ်နေ.ကိုနာရီဝက် ငါးမူး ဖိုးငှားပြီးလာခဲ.ပါမယ် ။ အသွားအပြန်နာရီဝက်နဲ. အချိန်မီအောင် ဒေါက်တာတို.ဆေးခန်းမှာအဆင်အပြေဆုံးအချိန်ကိုပြောပါ ကျွန်မအဲဒိအချိန်ရောက်အောင်နေ.တိုင်းလာပါ.မယ် ၊ အဲဒါတစ်ခုတော.ကျွန်မကိုကူညီပါ “
ဒေါက်တာဒေါ်သန်းဌေးသည်ကျွန်တော်တို.ကိုသနားသွားသည်ထင်ပါသည် ။
“ ရပါတယ် ဒီလိုလုပ်ပါ ဆေးခန်းပိတ်ကာနီး နေ.လည် သုံးနာရီ ဆိုရင် လူတော်တော်ရှင်းပါတယ် အဲဒိအချိန်လာနိုင်ရင်ကျွန်မတို. အမြန်ဆုံးဆေးထိုးပေးပါမယ် ၊အဆင်ပြေအောင်လုပ်ပေးပါ.မယ် ၊ မှန်မှန်သာလာခဲ.ပါ ၊ဒီဆေးကပျက်လို.မရဘူး ၊ မှန်မှန်ထိုးရမယ် “
ယနေ.ခေတ်ကာလတွင် ပိုက်ဆံမပေးနိုင်သောလူနာကို ဆေးရုံဝန်ထမ်းများကမခြေမငံဆက်ဆံပြောဆိုသောကြောင်. လူနာမှာရှက်ကာ မိမိကိုယ်ကိုယ်သတ်သေသွားသောသတင်းကိုကြားရသောအခါ ကျွန်တော်ငယ်ငယ်ကကြုံတွေ.ခဲ.ရသောပြည်မြို.ကျောင်းသားသူငယ် ကျန်းမာရေးဌာနမှ ဆရာဝန် ၊သူနာပြု ၊ကွန်ပေါင်းဒါး စသောဆေးဝန်ထမ်းများ၏ သဘောထားပြည်.၀မှုကိုအံ.သြရလေသည် ။
ထိုနေ.မှစကာကျွန်တော်သည် နေစဉ်နေ.တိုင်း မိခင်ကြီးနင်းသောစက်ဘီးနောက်ခုံမှထိုင်လိုက်ကာ စထရက်တိုမိုင်ဇင်ဟုခေါ်သောဆေးကိုမှန်မှန်အထိုးခံရလေသည် ။ နေ.စဉ်ရက်ဆက်ဆေးထိုးခံရသဖြင်. ကျွန်တော်.တင်ပါးမှာ အပ်ရာတွင်နှင်.ပရပွဖြစ်နေလေသည် ။ ဆေးထိုးအပ်ကိုထိုစဉ်မှကျွန်တော်ကြောက်သွားသည်မှာ ယခုထက်တိုင် နေမကောင်းလျင် ဆေးခန်းသို.မသွားချင် ၊ဆေးထိုးအပ်ကို မကြည်.ချင် မမြင်ချင် မံစားနိုင်လောက်အောင်ဖြစ်သွားလေသည် ။ ဆေးထိုးခံရသည်ထက်နာကျင်ခံစားရသောဝေဒနာမှာအမေ.နောက်မှလိုက်၍ စက်ဘီးစီးရခြင်းဖြစ်သည် ။ အမေသည် ကျွန်တော်နာကျင်မှုဝေဒနာမခံစားရစေရန် ကယ်ရီယာတွင် ခေါင်းအုံးပါးပါးခု၍ ကျွန်တော်.ကိုတင်ဆောင်လာပါသည် ။သို.သော် ဝေဒနာပြင်းထန်နေဆဲကာလဖြစ်သဖြင်. စက်ဘီးသည် ချိုင်.ခွက်ကလေးတစ်ခုထဲသို.နည်းနည်းကျလိုက်သည်နှင်. နာကျင်လွန်းသဖြင်. အမလေး ၊အဘလေးတကာ လိုက်ပါလာရခြင်းဖြစ်သည် ။ အမေကလည်းတတ်နိုင်သမျှစက်ဘီးကိုဖြေးဖြေးနင်းကာကျွန်တော်သိပ်ပြီးမနာကျင်အောင် (တစ်ဖက်ကလည်းစက်ဘီးငှားခ နာရီဝက်အတွင်းဝင်အောင် )နေ.စဉ် စိတ်မပျက်လက်မပျက် ကျွန်တော်.ကို ဆေးခန်းသို. နှစ်ပေါက်အောင်ပို.ဆောင်ပေးခဲ.လေသည် ။
ကက်ဆက်ခွေဇာတ်လမ်းများနှင်.ကျွန်တော်
ထိုနေ.မှစကာ ကျွန်တော်သည်လူမမာကြီးလုံးလုံးဖြစ်သွားပေ၏ ။ မည်မျှတောင်ဆိုးသလဲဟူမူ ကျွန်တော်သည်ပက်လက်လှန်လဲလျောင်းနေရာမှ ညာဘက်သို.ဖြစ်စေ ဘယ်ဘက်သို.ဖြစ်စေကိုယ်.ဘာသာ တစ်ဖက်ဖက်သို.မစောင်းနိုင်ပေ ။ တင်ပါးဆုံးရိုးထဲမှနာကျင်လှသောကြောင်.ဖြစ်သည် ။ လူအကူအတွဲပါမှ ကျွန်တော်သည် တစ်ဖက်သို.စောင်းနိုင်၏ ။ အကူအတွဲဆိုသော်လည်းလူတိုင်းတွဲ၍ ထူ၍ရသည်မဟုတ် ၊ ကျွန်တော်. ရောဂါအထာကိုသိသူကျွန်တော်.မိခင်ကြီးတစ်ယောက်သာ ကျွန်တော်.ကိုထူ၍ရပါသည် ။ ထိုအခြေအနေမျိုးဖြင်.စက်ဘီးတစ်စီး၏နောက်မှ ထိုင်လိုက်ရသောကျွန်တော်.ဒုက္ခမှာ အလွန်ကြီးမားပါသည် ။ သို.သော် ကျွန်တော်နှင်.အမေသည် ဘာတွေပဲကြုံလာသည်ဖြစ်စေ ၊မိုးရွာရွာနေပူပူ နေ.စဉ်မှန်မှန်ဆေးခန်းသို.သွားကာ ဆေးထိုးခဲ.ပါသည် ။ ညစဉ်လည်း တီဘီဆေးများသောက်ရသေးသည်မှာ ပဲလှော်စားသလိုများပြားလှပါသည် ။ထိုခေတ်ထိုအချိန် ၁၉၈၀ ခန်.က ဆေးပညာသည်သိပ်ပြီးမထွန်းကားသေးသည်ဖြစ်ရာယခုခေတ်လို ဆေးအားလုံးကိုတစ်မျိုးတည်းပေါင်းထားသော DOTS တို.ဘာတို.လိုအစွမ်းထက် ဆေးများလည်းမပေါ်သေးပါ ။ စထရက်တိုမိုင်ဇင်ဆိုသောအလွန်ပြင်းထန်သည်.ထိုးဆေးကိုပင် နေ.စဉ်ထိုးရပါသည် ။ ဆေးခဲဖြူဖြူ ၆ ခဲခန်.ကိုညစဉ်သောက်ရပါသည် ။ ဆရာသိန်းဖေမြင်.လည်း ကျွန်တော်.လိုပင် အရိုးတီဘီရောဂါဖြစ်ပွားဖူးရာ သူတို.ခေတ်က ကျွန်တော်.ထက်ဆိုးပုံရသည် ။ခါးရိုးကိုပလာစတာကိုင် ကျောက်ပါတ်တီးစီးပြီးခြောက်လခန်.နေထိုင်ရသော ဒုက္ခကိုတော.ကျွန်တော်မခံခဲ.ရပါ ။ အသက်ငယ်တာရောပါမည်ထင်သည် ။ ကျွန်တော်ဖြစ်သောရောဂါမှာ အရိုးကို တီဘီပိုး လှိုက်စားခံရသည်.ရောဂါဆန်းဖြစ်ပြီး အခြားတီဘီရောဂါဝေဒနာရှင်များကဲ.သို.ချောင်းဆိုးခြင်း ၊ အဆုတ်မကောင်းခြင်းအလျဉ်းမရှိပါ ။ အဆုပ်မှာအလွန်ကောင်းပါသည် ။ ချောင်းလည်းမဆိုးပါ ။ တင်ပါးရိုးထဲမှနာသည်မှတပါးအခြား ရောဂါလက္ခဏာမရှိပါ ။ ကျွန်တော်သည်နေ.စဉ်ပင်အိပ်နေရသည်ကများပါသည် ။ တစ်ခါတစ်ရံတွင် ခေါင်းအုံးများ ခုကာ ပက်လက်ကုလားထိုင်တွင် ထိုင်ရပါသည် ။ ကျောင်းလဲမနေရတော.ပဲ တစ်နှစ်ဆေးခွင်.တင်ကာကျောင်းထွက်လိုက်ရပါသည် ။ ကျွန်တော်.စိတ်ကိုအထိခိုက်ဆုံးသောအချိန်မှာ နံနက်(၉) နာရီခန်. အဖြူအစိမ်းဝတ်ကျောင်းသားကျောင်းသူများ အိမ်ရှေ.မှဖြတ်သွားချိန်နှင်. ညနေကျောင်းဆင်း၍ ပြန်လာကြချိန်ဖြစ်သည် ။ ကျွန်တော်သည်အဖြူအစိမ်းများကိုမြင်သည်နှင်. ကိုယ်ကျောင်းမတက်နိုင်သောအဖြစ်ကို အလိုလိုဝမ်းနည်းလာမိသည် ။ ရသေ.စိတ်ဖြေအဖြစ် ကျွန်တော်နှင်.ခုနစ်တန်းအတူတက်နေသော အိမ်နီးနားချင်းဖြစ်သူ ကိုဇော်ဆိုသည်. ကျောင်းသားကို အိမ်ရှေ.မှစောင်.မျှော်ကြည်.နေကာသူလာသည်နှင်. ဇော်ဇော်ရေလာပါဦးကွ ၊ဒီနေ.ဘာသင်သလဲ ဟု မေးကာ သူ.စာအုပ်များကိုလှန်လှောကြည်.ရှုမိပါသည် ။သူ.စာအုပ်များထဲမှ ကျောင်းစာများအားလုံးသည် ကျွန်တော်.အတွက် ဖတ်ကြည်.တာနှင်.အားလုံးနားလည်နေသည် ။ အထွေအထူးရှင်းပြစရာပင်မလိုပေ ။ ကျွန်တော်ကျောင်းစာအုပ်များကိုထိုသို.ကြည်.နေသည်ကို အမေသည်စိတ်ကောင်းပုံမရ ။ပါးစပ်မှတော.ဖွင်.ဟ၍မတားမြစ် ။ကြာတော.ကျွန်တော်လည်းလက်လျှော.လိုက်ကာ ကိုဇော်ကိုလည်းခေါ်၍ စာအုပ်များကိုလှန်လှောမကြည်.တော.ပြီ ။ ရှေ.နှစ်ခါငါနေကောင်းလာမှ ပဲကျောင်းပြန်တက်တော.မည်ဟုအားခဲထားလိုက်ပါသည် ။ ထိုအခါတစ်နေကုန်ပျင်းရိလှသောကြောင်. ကိုယ်. ဖျော်ဖြေရေးကိုကိုယ်ရှာရသည် ။ ထိုစဉ်က ကက်ဆက်ခွေဇာတ်လမ်းများခေတ်စားသည် ။စီခြောက်ဆယ် (တစ်နာရီ ခန်.) စာ ကက်ဆက်တိပ်ခွေများအလွန်ခေတ်စားနေချိန်ဖြစ်ပြီး ထိုစဉ်က ကက်ဆက်ခွေဇာတ်လမ်းလောကတွင် ဘီအီးဒီအောင်သိုက် ၊ ကောလိပ်ဂျင်နေ၀င်း ၊ဂီတစာဆိုမောင်ကြေးမုံ ၊ နွဲ.နွဲ.မူ ၊ ခေတ္တရာတမာချို ၊ ဓနုဖြူကြည်ကြည်သိန်းတို.ခေတ်စားနေသည် ။ ပြသနာကကျွန်တော်တို.အိမ်တွင်ကက်ဆက်မရှိ ။ ထိုစဉ်ကကက်ဆက်တစ်လုံးသည် တန်ဘိုးရှိ၍ရှားပါးပစ္စည်းဖြစ်သည် ။ ကျွန်တော်တို. အိမ်မှ မျက်နှာချင်းဆိုင်ကားလမ်းတစ်ဖက်တွင် မကြည်အောင်ထမင်းဆိုင်ဆိုသော နာမည်ကျော်ထမင်းဆိုင်တစ်ဆိုင်ရှိသည် ။ ထိုဆိုင်သည် အလွန်လက်ရာကောင်းသောကြောင်. စားသုံးသူ ကားသမားများနှင်.မပြတ်စည်ကားလျက်ရှိသည် ။ကျွန်တော်.အဖေသည်မကြည်အောင်ထမင်းဆိုင်မှ အမဲနှပ်ကိုအလွန်ကြိုက်၍ မကြာခန၀ယ်ယူစားသုံးလေ.ရှိသည် ။ ထိုမကြည်အောင်ထမင်းဆိုင်သည် စားသုံးသူများကို ဖျော်ဖြေသည်.အနေနှင်. ကက်ဆက်ခွေဇာတ်လမ်းများကို ကျယ်လောင်စွာဖွင်.လေ.ရှိသည် ။ ကျွန်တော်မှတ်မိနေသောဇာတ်လမ်းများမှာ ဗိုလ်အောင်ဒင် ၊ဗိုလ်အောင်ဒင်ပြန်လာပြီ ၊သားဗိုလ်အောင်ဒင် ၊ မင်းအသက်ငါ.ပေးဆရာကြီးမြတ်ခိုင် ၊ မီးတောက်ရဲ.လား ၊ကျောက်စိမ်းတုံးကြီးခြာခြာလည် စသည်ဖြင်.ဖြစ်သည် ။ ကက်ဆက်ခွေလောကတွင်ကောလိပ်ဂျင်နေ၀င်းနှင်. ဓနုဖြူကြည်ကြည်သိန်းသည် အအောင်မြင်ဆုံးဖြစ်သည် ။ ကျွန်တော်သည်နေ.လည်ဘက်ထမင်းစားပြီးသည်နှင်. အမေ.ကို မကြည်အောင်ထမင်းဆိုင်သို.လိုက်ပို.ပါရန်တောင်းဆိုရ၏ ။ ထိုအခါအမေသည် မကြည်အောင်ထမင်းဆိုင်နှင်. မနီးမဝေးနေရာတွင် ကျွန်တော်.အတွက်ပက်လက်ကုလားထိုင်ကိုသွား၍ ခင်းရ၏ ။ ခါးမနာစေရန်ခေါင်းအုံးတွေဘာတွေ အကျအနခင်းရ၏ ။ နေရာထိုင်ခင်းအဆင်သင်.ဖြစ်လျင် အမေသည်ကျွန်တော်.ကိုပွေ.ချီကာ လမ်းဖြတ်ကူးပြီး ကုလားထိုင်ပေါ်တွင်ကျကျနနချထားခဲ.ပြီး မကြည်အောင်ထံအပ်နှံကာပြန်သွား၏ ။ ထိုအချိန်မှစကာ ဆိုင်မသိမ်းမချင်း ကျွန်တော်သည် ကက်ဆက်ခွေပြဇာတ်များကိုတစ်ခွေပြီးတစ်ခွေနားသောတဆင်တော.သည် ။ ကျွန်တော်ပြန်ချင်လျင်မကြည်အောင်ဆိုင်မှတစ်ယောက်ယောက်ကိုပြောလိုက်လျင် အမေ.ကိုသွားအကြောင်းကြားပေးကာအမေပြန်လာခေါ်ပါသည် ။ဤသို.နားထောင်သည်မှာ နေ.စဉ်နီးပါးတစ်နှစ်ခန်.ကြာပါသည် ။ထို.ကြောင်.ကျွန်တော်သည် ငယ်စဉ်ကပင်ပြဇာတ် သဘော ၊ခန်းကူးခန်းပြောင်း ဇာတ်ညွှန်းသဘော ၊ Tempo ခေါ်ဇာတ်ရှိန်မြှင်.သည်.သဘော ၊ ဒိုင်ယာလော. (ခေါ်) အချီအချစကားပြောကြသည်.သဘောများကို အပျော်သဘောနားထောင်ရင်းပညာရနေ၏ ။ နောင်အခါစာရေးသောအခါ အတော်အသုံးဝင်တာတွေ.ရလေသည် ။
ဤသို.ဖြင်.ခြောက်လကြာသွားသောအခါ ကျွန်တော်.အခြေအနေသည် အနည်းငယ်တိုးတက်လာ၏ ။ ဟိုနားသည်နား လမ်းလျှောက်နိုင်လာသည် ။ တင်ပါးဆုံအရိုးထဲမှလည်းသိပ်မနာတော. ။သို.သော် ရောဂါမှာအရှင်းမပျောက်သေးသဖြင်. တစ်ပါတ်လျင် နှစ်ရက်နှုန်းဖြင်.ဆေးဆက်ထိုးရသည် ။ သောက်ဆေးကတော.နေ.တိုင်းသောက်ရသည် ။ ကျွန်တော်သည် ငယ်ငယ်ရွယ်ရွယ် အသက် (၁၂) နှစ်အရွယ် တွင် သေလောက်သောရောဂါကြီးတစ်ခုနှင်.ရင်ဆိုင်လိုက်ရသောအခါ ရောဂါဒဏ် ၊ အလွန်ပြင်းထန်သောစထရက်တိုမိုင်ဇင်ထိုးဆေးများဒဏ်ကြောင်. ကိုယ်ခန္စာသည်ကြီးထွားမှုတုန်.နှေးသွား၏ ။ ငယ်စဉ်ကပြည်.ပြည်.၀၀ရှိခဲ.သောကိုယ်ခန္စာသည် ထိုစဉ်မှစကာ ကြုံလှီ သေးကွေးသွား၏ ။ ထိုသို.ခန္စာကိုယ်ဥပဓိရုပ်ပြောင်းလဲသွားသည်မှာ ယခုထက်တိုင်ဖြစ်သည် ။ထို.ကြောင်.ကျွန်ုပ်ငယ်စဉ်ကဓါတ်ပုံများကိုကြည်.လျင် အသက် (၁၂ ) နှစ်အထိသည် လူတစ်ယောက် ၊ အသက် (၁၂) နှစ်မှစကာယခုအထိသည်အခြား လူတစ်ယောက်၏ပုံဟု ဆိုရမတတ်ပြောင်းလဲသွားပါသည် ။ မတူညီသောလူနှစ်ယောက်ကိုကြည်.မြင်ရသလိုဖြစ်နေပေသည် ။
တဖြည်းဖြည်းနှင်.ကျွန်တော်သည်ကျန်းမာရေးအခြေအနေပြန်ကောင်းလာပါသည် ။နောက်တစ်နှစ်တွင်ကျောင်းပြန်တက်နိုင်သည် ။ ထိုစဉ်ကာလများက ကျွန်တော်သည် လူတောတိုးရမှာကြောက်နေသည် ။ အလိုလိုအားငယ်နေတတ်သည် ။ဆယ်တန်းမအောင်ခင်အထိ စိတ်ဓာတ်ကျသလိုလို သိမ်ငယ်သလိုလို ဖြစ်နေသည် ။ ကိုယ်.ကိုယ်ကိုသတ်သေချင်သောစိတ်ပင်တစ်ခါတစ်ရံဖြစ်မိလေသည် ။ သို.သော် ကျွန်တော်.မိခင်ကကျွန်တော်.ကို အားပေးခဲ.၏ ။ စာပေကကျွန်တော်.ဘ၀ကိုကယ်တင်ခဲ.သည် ။ ဆရာကြီးပီမိုးနင်းရေးသားသောစာအုပ်တစ်အုပ်ထဲမှ စာကြောင်းလေးတစ်ကြောင်းက ကျွန်တော်.ဘ၀ကိုပြောင်းလဲသွားစေခဲ.သည် ။ ထိုစာသားမှာအောက်ပါအတိုင်းရှင်းရှင်းလေးရေးထားသည် ။
“ ဒုက္ခငယ်ကလေးများကိုခံစားခြင်းဖြင်. ဒုက္ခကြီးများမှ လွတ်ကင်းနိုင်လေသည် ။ ဒုက္ခငယ်ကလေးများမှာစိတ်အလိုကိုလွန်စွာမလိုက်ခြင်းဖြစ်သည် “
ထို.နောက်ပိုင်းမှစကာကျွန်တော်သည် တော်ရုံတန်ရုံဒုက္ခများကိုခံနိုင်ရည်ရှိလာသည် ။ ဘ၀ရည်မှန်းချက်ပန်းတိုင်ကိုမြင်.မြင်.ထားသည် ။ သူတကာထက်ပို၍ကြိုးစားအားထုတ်သည် ။ ဆန္ဒနှင်. ၀ီရိယပြင်းထန်၍ ရည်မှန်းချက်ပန်းတိုင်ရှိသောလူတစ်ယောက်အတွက် ကြီးမားသော အခက်အခဲများကြုံလာရသည်.တိုင် ကြံ.ကြံ.ခံ၍ကျော်လွှားရှေ.ဆက်နိုင်စမြဲပင်ဖြစ်သည် ဟုကျွန်တော်ယုံကြည်ပါသည် ။
သရ၀ဏ်(ပြည်)
Eternal Light မဂ္ဂဇင်း ၂၀၁၆ ဖေဖော်ဝါရီ
...

No comments: